Channel Myanmar

Pau Benitez

Fruitcake (2024) 6.9
Fruitcake (2024) Fruitcake 2024 (သီးစုံကိတ်) Genre – Comedy, Romanceပေါ့ပေါ့ပါးပါးနဲ့ စိတ်ကြည်နူးဖွယ် မနီလာမြို့က လူငယ်လေးတွေရဲ့ ရယ်စရာမောစရာလေးများ အချစ်အကြောင်းလေးများကို ရိုက်ကူးထားတဲ့ ဖိလစ်ပိုင်ရုပ်ရှင်လေး ဖြစ်ပါတယ်။ကျောင်းမတက်ပဲ ဂိမ်းပဲ အမြဲတမ်းဆော့နေပြီး ဆိုးသွမ်းတဲ့ ညီငယ်နဲ့ နာမကျန်းဖြစ်နေတဲ့ ဖခင်ကို ရရာအလုပ်လုပ်ပြီး ဦးဆောင်နေတဲ့ အစ်ကိုကြီးတစ်ယောက်ရဲ့ ဖြတ်သန်းရပုံ။ဆွေမျိုးရှိတဲ့ မြို့ကိုလာပြီး ရည်းစားဟောင်းဖြစ်သူနဲ့ ပြန်ပေါင်းထုပ်ချင်နေတဲ့ ရွာသားကောင်လေးရဲ့ အလွဲအချော်များ ။ ရေကူးအဖွဲ့ထဲမှ သူငယ်ချင်းနှစ်ယောက်ရဲ့ ဘော်ဒါမကျ ဘာမကျကနေ ဘယ်လိုဆက်ဖြစ်လာမလဲ မသိရတဲ့ ဇာတ်လမ်းလေး။မားမားဘွိုင်းလေးတစ်ယောက် ကျောင်းမှာ အနိုင်ကျင့်ခံရပြီး ဘယ်လို ပြဿနာတက်မလဲ မသိရတဲ့ ဇာတ်လမ်းလေး စသဖြင့် တခြားဇာတ်ကောင် ဇာတ်လမ်းလေး စုံလင်စွာနဲ့ မနီလာမြို့ အခြေပြု ပုံဖော်ထားတဲ့အတွက် ကြည့်ရှုအားပေးဖို့ ဖိတ်ခေါ်လိုက်ပါရစေ။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Team ဖြစ်ပါတယ်) File size…1.8 GB / 860 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 37m Subtitle….Myanmar Subtitle (Hard ...
movie

Fruitcake (2024)

[18+] A Girl and A Guy (2021) 5.7
[18+] A Girl and A Guy (2021) ရက်ဖ် ဆိုတဲ့ကောင်လေးဟာ မာကတ်တင်းအေဂျင်စီတစ်ခုမှာ အလုပ်လုပ်ပေမယ့် ရေရာတဲ့ ဦးတည်ချက်မရှိ၊ဘယ်အရာကိုမှ အလေးထားဂရုစိုက်လေ့ မရှိတဲ့ပေါ့ပျက်ပျက်ကောင်လေးတစ်ယောက်ပါ။ ဖီယိုနာ ကတော့တစ်ချိန်ကျရင် နာမည်ကျော် ဒါရိုက်တာတစ်ယောက်ဖြစ်ချင်တဲ့ အိမ်မက်ကြီးကြီးမားမားကိုပွေ့ဖက်ရင်း လောလောဆည်မှာတော့ထုတ်လုပ်ရေးပိုင်းလက်ထောက်အဖြစ်နဲ့တာဝန်ယူထားပါတယ်။သူတို့နှစ်ယောက်ဟာ ပတ်ဝန်းကျင်အသိုင်းအဝိုင်း အနေအထားတွေ အစစအရာရာဝေးကွာတဲ့အပြင်တစ်ယောက်နဲ့တစ်ယောက်လဲမသိကြပါဘူး။ သူတို့နှစ်ယောက်ကြားမှာတူတာဘာရှိလဲဆိုတော့ လတ်တလောမှာမှ သူတို့တစ်သက်စာရည်ရွယ်တဲ့ချစ်သူတွေက ရက်ရက်စက်စက်လမ်းခွဲခြင်းကိုခံလိုက်ရတဲ့ စော်ပစ်ကောင်နဲ့ဘဲပစ်မလေးဖြစ်နေကြရှာတာပါပဲ။အဲ့ဒီကနေ ဘဝပျက်မတတ် အနာဂတ်ပျောက်မတတ်ခံစားမိကြရင်း အခြေအနေတွေကို နိုင်သလိုကောင်းမယ်ထင်သလိုပြန်လည်ထိန်းသိမ်းကြရင်းနဲ့ Tinder မှာ တစ်ယောက်နဲ့တစ်ယောက်ဆုံဖြစ်ကြပါတယ်၊ သူတို့နှစ်ယောက်အပြင်မှာဆုံမိကြမယ့်ဆဲဆဲမှာ Covid ဖြစ်ပွားမှုနဲ့ လော့ဒေါင်းကာလရှည် ချတဲ့အချိန်မှာ တစ်ယောက်နဲ့တစ်ယောက်အွန်လိုင်းပေါ်ကနေ ပိုမိုရင်းနှီးသံယောဇဉ်တွေတွယ်လာရင်းနဲ့မှ နောက်ထပ်ချစ်သူသစ်တွေ ကိုယ်စီရှာတွေ့သွားကြတဲ့အခါ..၊A Girl And A Guy ဟာ Rom/com အမျိုးအစားကိုမှလက်ရှိခေတ်အနေအထားနဲ့သရုပ်ဖော်ပြသွားတဲ့ဇာတ်ကားဖြစ်ပါတယ်။ ဒီတော့ ဇာတ်လမ်းအကျဉ်းထဲမှာထည့်မပြောထားပေမယ့် sex scenes တွေအများကြီးပါဝင်ပြီးတော့ တကယ်လဲကြမ်းတမ်းပါတယ်။(ကြည့်နေရင်းနဲ့ ဟာ ဒါကြီးလဲပြတာပဲလား ဆိုပြီးအံ့သြစရာတွေအထိပါပါတယ်)ဖိလစ်ပိုင်ကားတွေဂျင်းမဟုတ်ဘူးဆိုတာတစ်ခေတ်တစ်ခါက နာမည်ကျော် Silip/Daughters of Eve တို့ Scorpio Nights တို့လို ဇာတ်ကားတွေကြည့်ဖူးရင်သိမှာပါ။ Scorpio Nights ဆိုတာတစ်ချိန်ကလူငယ်တိုင်းကြည့်ဖူးကြမဲ့ ကိုရီးယားအပေါ်ထပ်နဲ့အောက်ထပ်ဇာတ်လမ်း Summertime (2001) ရဲ့မူရင်းပါ။နောက်ပိုင်းတင်းကျပ်လာတဲ့ဆင်ဆာကြောင့်သာ လွတ်အောင်ရှောင်ရင်းပရိသတ်အတွက်၊ အားမရစရာတွေဖြစ်ခဲ့ပေမယ့် အခုလို Streaming တွေကထွက်လာတဲ့တစ်ချို့ကားတွေ၊ ...
movie

[18+] A Girl and A Guy (2021)