Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Patrick Warburton
7.2
The Dish (2000)
The Dish (2000)IMDb Rating (7.2) / Rotten Tomatoes (96%) ခုနေများ ကြုံကြိုက်လို့ လပေါ်ကိုရောက်ရင် အောက်ပါစာတန်းပါတဲ့ ကဗျည်းနဲ့ အမေရိကန်အလံကို ရှာကြည့်ပါ။Here men from the planet Earth first set foot upon the Moon. July 1969, A. D. We came in peace for all mankind.ဤနေရာတွင် ကမ္ဘာဂြိုလ်မှ လူသားများ လပေါ်တွင် ပထမဆုံး ခြေချနိုင်ခဲ့သည်။ဇူလိုင်လ ၁၉၆၉ ခုနှစ် အေဒီလူသားမျိုးနွယ်စုအားလုံးအတွက် ကျွန်ုပ်တို့ ငြိမ်းချမ်းစွာလာခဲ့သည်။ဒါ လူသားမျိုးနွယ်တို့ရဲ့ မဟာအောင်ပွဲပါ။ အာကာသယာဉ်မှူး နီးလ် အမ်စထရောင်းပြောခဲ့သလို "လူသားတစ်ယောက်ရဲ့ အဲဒီခြေလှမ်းသေးသေးလေးဟာ လူသားမျိုးနွယ်အတွက်တော့ ကြီးမားတဲ့ ခုန်ပျံကျော်လွှားမှု တစ်ခုပါပဲ"ဒါတွေဟာ နာဆာရဲ့ အပိုလိုမစ်ရှင်တွေထဲက ...
movie
The Dish (2000)
2000
6.3
Sky High (2005)
ဒီသိပ္ပံအက်ရှင်ဇာတ်ကားလေးဟာ Imdb Rating 6.2 ထိတောင်ရရှိထားတဲ့ မိသားစုနဲ့အတူကြည့်ရှုနိုင်တဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါ။ Fobidden Kingdom ဇာတ်ကားထဲမှ လူငယ်မင်းသား Michael Angarano နဲ့ Flash Series ထဲမှ သိပ္ပံပညာရှင်မလေး စနိုး အဖြစ်သရုပ်ဆောင်ထားတဲ့ Danielle Panabaker တို့က အဓိကပါဝင်သရုပ်ဆောင်ထားကြတာပါ။ဇာတ်ကားအညွှန်းကိုပြောရရင်ဖြင့် Will Stronghold ဆိုတဲ့ဆယ်ကျော်သက်လူငယ်လေးဟာ နာမည်ကြီး Superheroes မောင်နှံနှစ်ဖော်ဖြစ်တဲ့ Steve နဲ့ Josie တို့ရဲ့ တစ်ဦးတည်းသောသားဖြစ်ပါတယ်။အဖေရောအမေရော လူစွမ်းကောင်းစွမ်းအားရှင်တွေဖြစ်ပါလျက်နဲ့ Will တစ်ယောက် Super heroes တွေတက်ရမဲ့ကျောင်းကိုတက်ခွင့်ရတဲ့ အချိန်ထိသူ့မှာ အားသာချက်စွမ်းအင် ဘာတစ်ခုမှပေါ်မလာသေးတဲ့အတွက် ကျောင်းရောက်တဲ့အခါလူရွေးတဲ့အချိန်မှာတော့ Sidekick(အပယ်ခံ) အဖြစ်နဲ့သာ တက်ရောက်ခွင့်ရခဲ့ပါတယ်။သူဘယ်လိုမျိုးအစွမ်းတွေရသွားမလဲ အစွမ်းရပြီးတဲ့နောက်ရော ကျောင်းမှာအဆင်ပြေပါ့မလား။ ဘယ်လို ဒုစာရိုက်ကောင်မျိုးကသူတို့ကျောင်းကြီးအပြင်ကမ္ဘာကြီးကိုပါသိမ်းပိုက်ဖို့ကြိုးစားမလဲဆိုတာတွေကိုတော့spoilerဖြစ်သွားမှာစိုးလို့ မပြောတော့ပါဘူး။ဇာတ်ကားလေးကိုသာ ဆက်ကြည့်လိုက်ကြပါလို့တိုက်တွန်းချင်ပါတယ်။ကျေးဇူးတင်ပါတယ်ခင်ဗျာ။ File size…(1.8 GB)/(915 Mb) Quality….Blu-Ray 1080p / 720p Format… ...
movie
Sky High (2005)
The Wild (2006)
The Wild (2006) ***************ဒီဇာတ်ကားလေးကတော့ Walt Disney ကထုတ်လုပ်ထားတဲ့animated adventure-comedy ဇာတ်ကားတစ်ကားဖြစ်ပါတယ်...၂၀၀၆ ခုနှစ်တုန်းက ထွက်ရှိခဲ့တာဖြစ်ပြီးတော့ အဓိကအသံသရုပ်ဆောင်တွေအဖြစ်Kiefer Sutherland, Jim Belushi နဲ့ Eddie Izzard တို့က ပါဝင်ပေးထားပါတယ်...ဇာတ်လမ်းအကျဉ်းကို ပြောပြရရင်တော့ နယူးယောက်မြို့တိရိစ္ဆာန်ရုံကနေအာဖရိကကိုပို့ဖို့ပါသွားတဲ့ ခြင်္သေ့ပေါက်လေး Ryan ကို သူ့အဖေ Samson ကသူ့သူငယ်ချင်းအုပ်စုနဲ့အတူ လိုက်ကယ်ကြပါတယ်... အဲဒီအဖွဲ့ထဲမှာကိုအာလာဝက်ဝံလေး Nigel...သစ်ကုလားအုတ်မလေး Bridget...အူကြောင်ကြောင်နိုင်တဲ့မြွေလေး Larryနဲ့ ရှဉ့်လေး Benny တို့ပါပြီးတော့သူတို့ရဲ့ကယ်ဆယ်ရေးမစ်ရှင်တစ်လျှောက် ကြုံတွေ့ရတဲ့ အဖြစ်အပျက်တွေကိုဟာသဆန်ဆန် ကြည့်ရှုကြရမှာပါ... IMDb rating မှာ 5.2/10 ရရှိထားပြီးတော့ပေါ့ပေါ့ပါးပါးနဲ့ ကြည့်လို့ကောင်းတဲ့ animation ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဇာတ်လမ်းအညွှန်းကို Austin မှ ရေးသားပေးထားပါတယ်...File Size : 1.91GB / 930MB Quality : BluRay 1080p / 720p Duration : ...
movie
The Wild (2006)
6.5
Get Smart (2008)
Get Smart(2008) ***************IMDb.......6.5ဒီကားကို မကြည့်ခင် ခင်ဗျားတို့ သတိလေးပေးချင်တယ်...ဥပမာ အိမ်မှာ မိသားစုဝင် ၅ယောက်လုံး ရှိတယ်ထား..ခင်ဗျားက ဒီကားကိုကြည့်ဖို့ ပြင်ဆင်ပြီဆိုရင် ကျန်တဲ့ ၄ယောက်ပါ TV ရှေ့ကို ခေါ်ကြည့်သင့်တယ်....လင်မယား ၂ ယောက်တည်းဆိုလည်း ၂ယောက်လုံး ကြည့်ဖြစ်အောင်ကြည့် တစ်ယောက်တည်း ကြည့်မိရင် အံကြိတ်ပြီး တခိခိရယ်တဲ့ကိုယ့်ကို ကျန်တဲ့သူတွေက ရူးများသွားတာလား ခေါင်းချောင်သွားတာလားဆိုတဲ့အတွေးနဲ့ကြည့်တာခံရလိမ့်မယ် ကျွန်တော့်ချစ်သူလေးကတော့ "ကို"တော့ရူးသွားပြီ တံတားလေးပို့ရတော့မယ်လို့ ပြောသွားတယ်......ဒီကားရဲ့မင်းသား Steve Carell ကိုတော့အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ...မင်းသမီးချောလေး Hathaway ရယ် Dwayne Jonson(The rock)ရယ်ပါဝင်ထားလေတယ်...မျက်နှာတွေပြူးပြဲပြ ရွံ့စရာအကွက်တွေနဲ့ပြ အိုဗာတင်းဟာသကွက်တွေ လို့မထင်လိုက်နဲ့ ...Steve carell က အထူးအေးဂျင့်တွေအတွက်သတင်းစုဆောင်းတဲ့သူတစ်ယောက် ပြောရရင် ရုံးစာရေး ဆိုပါတော့ ဒါပေမဲ့ သူ့ရဲ့အိပ်မက်က အေးဂျင့်ဖြစ်ချင်တာပဲ....တစ်နေ့တော့ နျူကလီးယားလက်နက်အတွက် အရေးကြီးယူရေနီယမ်တွေအခိုးခံရတော့ အကြမ်းဖက်အဖွဲ့တွေမရိပ်မိအောင် တစ်ခါမှ လူဆိုးတွေနဲ့မဆက်ဆံဖူးတဲ့ Steve Carell နဲ့ မျက်နှာခွဲစိတ်ပြုပြင်ထားတဲ့ မင်းသမီးချော Hathaway ရယ်ကို လွှတ်လိုက်တယ်.....ခင်ဗျားတို့ကတော့ ထင်လိမ့်မယ် ရုံးစာရေးကိုလွှတ်တယ်ဆိုတော့ ဘာစကေးမှမရှိဘူး အလွဲတွေနဲ့ ကြည့်ရဆိုးမယ်လို့ပေါ့ .. ...
movie
Get Smart (2008)
6.8
Mr. Peabody & Sherman ( 2014 )
1959 မှထွက်ခဲ့တဲ့ The Adventures of Rocky and Bullwinkle ကာတွန်းကာထဲက Peabody ဆိုတဲ့ ဉာဏ်ကြီးရှင် ခွေးလေးအကြောင်းကိုရိုက်ထားတာပါ။ဒီကားရဲ့ Director က Lion King animation ရဲ့ Director လည်းဖြစ်ပါတယ်။ဇာတ်လမ်းကတော့ Peabody ဆိုတဲ့ မွေးရာပါဉာဏ်ကြီးရှင် ခွေးလေးက ဉာဏ်ကြီးရှင် တစ်ယောက်ဖြစ်တဲ့အလျှောက် နေရာတိုင်းမှာတော်ပါတယ် ။သူက Sharman ဆိုတဲ့ ကလေးလေးကို သားအရင်းအဖြစ်မွေးစားပြီးတော့ တတ်သမျှပညာတွေကိုသင်ပေးပါတယ် ။သူ့မှာ WABAC ဆိုတဲ့ အချိန်ခရီးသွားတဲ့ စက်ကြီးရှိပြီးတော့ ရှာမန်ကို သမိုင်းထဲက အထင်ကရ အကြောင်းအရာတွေကိုသင်ပေးပါတယ်။တစ်နေ့မှာ ရှာမန်က ကျောင်းမှာ ရန်ဖြစ်ပြီး အတန်းဖော် ပန်နီနဲ့ ဒီအချိန်ခရီးသွား စက်ကြီးကို သုံးမိပြီး ဘယ်လိုအလွှဲတွေဖြစ်မလဲပီးပေါ်ဒီ ကရောဘယ်လိုတွေကယ်ရမလဲကို သိပ္ပံအကြောင်းအရာတွေ သမိုင်းအချက်အလက်တွေ ဟာသလေးတွေ နှောပြီးတော့ ကြည်ရမှာဖြစ်ပါတယ်။ File Size : 2.15 ...
movie
Mr. Peabody & Sherman ( 2014 )
2014
Big Trouble (2002)
Director Barry Sonnenfeld ရိုက်ကူးထားပြီးမင်းသားကြီး Stanley Tucci တို့ Tim Allen တို့ပါဝင်သရုပ်ဆောင်ထားကြတဲ့ဟာသဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ်အလုပ်တွေပြုတ်၊ မိန်းမနဲ့ကွာရှင်း၊ စိတ်ဓာတ်တွေကျနေတဲ့ အဲလိယက်အာနိုး တစ်ယောက်ဟာ မိုင်ယာမီ ကိုရောက်လာဖို့ဖြစ်လာပါတယ်အဲဒီအချိန်မှာပဲ မိုင်ယာမီ လေဆိပ်ကို ခရီဆောင်သေတ္တာတစ်လုံးဟာလည်း ထူးထူးဆန်ဆန်းနဲ့ရောက်လာပါတယ်အဲဒီထူးဆန်းတဲ့သေတ္တာကိုအကြောင်းပြုပြီး လူပေါင်းများစွာဟာ ဘဝတွေအများကြီးပြောင်းလဲသွားကြသလိုလူပေါင်းများစွာရဲ့ဘဝတွေဲ့လည်း ဆက်စပ်နေပါသေးတယ်ဇာတ်ကားထဲမှာတော့ ဘဝဆိုတာတိုက်ဆိုင်မှုတွေ၊ ဖြစ်ရပ်ဆန်းတွေ၊ ပြောင်းလဲမှုတွေ၊ရူးကြောင်ကြောင်နိုင်မှုတွေ၊ မိုက်မဲမှုတွေ အားလုံးပေါင်းစပ်ပြီးရိုက်ကူးထားတာဖြစ်လို့လုံးဝကိုအခွီဇယားပါပဲ ပရိတ်သတ်ကြီးလည်း ကြည့်ရှုခံစားကြည့်ကြဖို့တိုက်တွန်းချင်ပါတယ်ဒီဇာတ်ကားလေးကို အညွှန်းရေးပြီးဘာသာပြန်ပေးထားတာကတော့ Leo ပဲဖြစ်ပါတယ်File size…(1.5 GB)/(801 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Action, Comedy, Mystery, Thrller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Leo
movie
Big Trouble (2002)
6.1
Bee Movie (2007)
Bee Movie (2007)****************Cm Animation ပရိသတ်ကြီးကို ၂၀၀၇ ခုနှစ်ကထွက်ရှိထားတဲ့ Bee Movie ဆိုတဲ့ ပျော်စရာကာတွန်းကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ် ..ဇာတ်ကားလေးထဲမှာ ပျားကလေးတွေ ဘယ်လိုအလုပ်လုပ်ကြတယ်ဆိုတာကိုဗဟုသုတအနေနဲ့ မြင်တွေ့ရမှာဖြစ်ပြီးပျားတွေနဲ့လူတွေသာ စကားပြောဖြစ်ကြရင် ဘယ်လိုတွေဖြစ်လာမလဲဆိုပြီးစိတ်ကူးယဉ်ဇာတ်လမ်းလေးဖွဲ့ထားတာပဲဖြစ်ပါတယ်...ပျားတွေဟာ နှစ်သန်းပေါင်း ၂၇နှစ် ကြာအောင်ကမ္ဘာပေါ်မှာ တစ်ရက်မှ မနားဘဲ အလုပ်လုပ်နေကြတဲ့ အကောင်လေးတွေဖြစ်ပါတယ်…တစ်နေ့မှာ ဘယ်ရီဆိုတဲ့ ပျားကလေးတစ်ကောင်ဟာ ကျောင်းပြီးဘွဲ့ရလို့အလုပ်ခွင်ဝင်ရမယ့် အချိန်ရောက်လာခဲ့ပေမယ့်ပျားတွေလုပ်ရမယ့် သာမန်အလုပ်ကို မလုပ်ချင်ဘဲ စူးစမ်းချင်စိတ်ရှိတဲ့ ဘယ်ရီဟာပျားအုံရဲ့အပြင်ကို ထွက်သွားမိရာကနေ …လူသားတွေနဲ့ တွေ့ဆုံမိတဲ့အခါမှာ ဘယ်လိုစွန့်စားမှုမျိုးတွေ ကြုံရမှာလဲဆိုတာကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါဦးနော် ..(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zuel Khant Thwin ပဲဖြစ်ပါတယ်)File Size : 2.38GB / 1.03GB Quality : BluRay 1080p/ 720p Format…mp4 Duration…01:31:00 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Zuel ...
movie
Bee Movie (2007)
7.3
The Emperor’s New Groove(2010)
IMDb...7.3 ,,,,,Rotten 85ဘုရင်တစ်ပါး. ရှိတယ်.. သူဟာ လက်ဖြောက်တစ်ချက်တီးလိုက်ရုံနဲ့လိုရာအကုန်ရတယ်..လက်ညှိုးညွှန်ရာရေဖြစ်တဲ့သူ..အရာအားလုံးဟာ သူလိုချင်တဲ့အတိုင်းဖြစ်နေတော့ ဘုရာဟာ အောက်ခြေလွပ်သလိုဖြစ်နေတယ်..သူဟာ ဘယ်သူ့ကိုမှလည်း အထင်မကြီးဘူး... သူသည်သာ အတော်ဆုံး အတတ်ဆုံးဆိုတဲ့ ဝါဒလက်ကိုင်ထားတယ်..ဒီလို အပြုအမူတွေကြောင့်ပဲ သူ့ရဲ့ရွှေရောင်နေ့ရာက်တွေဟာ သိပ်ကြာကြာမခံပါဘူး...တစ်နေ့မှာတော့ သူဟာ သူ့လူယုံတော်တွေရဲ့လုပ်ကြံမှုကြောင့် လူစင်စစ်ကနေ လားမားတစ်ကောင်ဘဝကိုရောက်သွားပါတော့တယ်။အဲဒီအခြေအနေကိုသူဘယ်လိုကိုင်တွယ်မလဲ။အပေါင်းအသင်းယုံကြည်စရာတစ်ယောက်မှမရှိတဲ့ သူ့ဘဝထဲမှာ သူဘာဆက်လုပ်မလဲ။လူ့ဘဝကိုပြန်ရောက်ဖို့ သူဘယ်လိုကြိုးစားမှာလဲ...ဇာတ်လမ်းကောင်းကောင်း Rating မြင့်မြင့် ကြည့်ရှုခံစားရမယ့် Animation ကားလေးပါ။Imdb 7.3 Rotten Tomatoes 85% ရထားပြီး ဆုပေါင်းများစွာလည်း ရရှိထားလေတော့ Classic ကားကောင်းတစ်ကားလို့တောင်ပြောလို့ရပါတယ်။ကိုင်း ခံစားကြည့်လိုက်ပါဦး...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Aye Mon Kyaw ဖြစ်ပါတယ်။ File Size : 1.30GB & 560MB Quality : Blu-Ray 1080p 5.1 CH, Blu-Ray 720p Format…mp4 Duration…01:20:00 Genre : Animation, Adventure, Comedy Subtitle : Myanmar ...
movie
The Emperor’s New Groove(2010)
2000
6.3
Ted 2 (2015)
IMDB: 6.3 Rotten Tomatoes:44% Genre: ComedyTed 2 ကတော့ Ted 1 ရဲ့အဆက်ဖြစ်ပါတယ်။Seth MacFarlane ရဲ့ထုံးစံအတိုင်း "Random" ဆန်တဲ့ဟာသတွေကိုမြင်ရမှာဖြစ်ပါတယ်။အတော်လေးလည်း ရယ်ရပြီး အတော်လေးလည်း ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်ညွှန်းဇာတ်လမ်းအစမှာတော့ တက်ဒ်နဲ့ တယ်မီလင်းတို့နှစ်ယောက်မင်္ဂလာဆောင်လိုက်ပါပြီ။ဂျွန်ကလည်း အိမ်ထောင်ကွဲတစ်ယောက်ဖြစ်ပြီးအမြဲတမ်းလိုလိုမှိုင်တွေနေပါပြီ။ခက်တာက တက်ဒ်ဟာ လူသားတစ်ယောက်စစ်စစ်မဟုတ်ဘူးဆိုပြီးမင်္ဂလာဆောင်ကိုပြန်ရုတ်သိမ်းလိုက်ပါတယ်။ သူ့ကို"ပစ္စည်း" တစ်ခုအနေနဲ့သက်မှတ်လိုက်တဲ့အတွက်ဒီကိစ္စခေါင်းငုံ့ခံလို့မဖြစ်ဘူးဆိုပြီး တရားထစွဲပါတော့တယ်။ဒါပေမယ့် နောက်ကွယ်မှာ သူတို့မသိတဲ့အကြောင်းအရင်းလေးတွေကရှိနေပါသေးတယ်။ဘယ်လိုပေါက်ကရတွေလာဦးမလဲဆိုတာကိုတော့ ကြည့်လိုက်ကြပါ။တက်ဒီအဖြစ်မင်းသား/ဒါရိုက်တာ Seth MacFarlaneJohn အဖြစ်အချစ်တော် မင်းသား Mark Wahlbergရှေ့နေမလေး Sam အဖြစ် မင်းသမီးချော Amanda SeyfriedMorgan Freeman လည်းပါဝင်ထားပါသေးတယ်။ File Size : 2.3 GB / 1 GB Quality : Blu-Ray (Unrated) 1080p / 720p Running Time : 1h 46m Format : Mkv and ...
movie
Ted 2 (2015)
6.9
Ted (1) 2012
IMDB: 6.9 Rotten Tomatoes: 69% Genre: Comedy/FantasyTed 1 (2012) ကိုမသိတဲ့လူမရှိလောက်ပါဘူး။ဒီရုပ်ရှင်ကိုဖန်တီးခဲ့တာကတော့ Hollywood ဟာသရုပ်ရှင်လောကမှာတော်တော်လေးကို အရည်အချင်းရှိတဲ့ Seth MacFarlane ဖြစ်ပါတယ်။နာမည်ကြီးတယ်သာပြောတယ် ခုမှကြားဖူးတယ်ဆိုတဲ့ လူတွေအတွက်Seth MacFarlane ကိုနည်းနည်းမိတ်ဆက်ပေးပါရစေ။Seth MacFarlane ဆိုတာFamily Guy ကိုအသက်သွင်းခဲ့တဲ့ လူဖြစ်ပါတယ်။အဲထက်ပိုပြီး အထင်ကြီးဖို့ကောင်းတာကFamily Guy မှာပါတဲ့Peter GriffinStewieBrianQuagmire တို့နေရာမှာ သူတစ်ယောက်တည်းအသံသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်ညွှန်းJohn ဆိုတာ သူငယ်ချင်းမရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။အများကဝိုင်းပယ်ခြင်းကိုခံထားရတဲ့ကောင်လေးတစ်ယောက်လည်းဖြစ်ပါတယ်။ခရစ္စမတ်စ် ညတစ်ခုမှာ ဆုတောင်းလိုက်တဲ့ တောင်းဆုတစ်ခုကြောင့်John ရဲ့ တက်ဒီဝက်ဝံလေးအသက်ဝင်လာခဲ့ပါတယ်။John ဟာ တက်ဒီလေးနဲ့ ထာဝရ အတူတူသူငယ်ချင်းတွေလုပ်ကြမယ်ဆိုပြီး ကတိထားခဲ့ကြပါတယ်။တကယ်တမ်းလည်း သူတို့နှစ်ယောက်ဟာ John ၃၅ နှစ်ရောက်တဲ့အထိအချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် John မှာ Lori ဆိုတဲ့ ကောင်မလေးတစ်ယောက်ရနေပြီးအဲဒီကောင်မလေးကြောင့်ပဲ တက်ဒီနဲ့ John တို့ကြားမှာအဖုအထစ်လေးတွေဖြစ်လာပါတော့တယ်။Seth MacFarlane ရဲ့ထုံးစံအတိုင်း "Random Bullshit Go" ဆိုတဲ့ပုံစံတွေလာမှာဖြစ်ပြီး ...
movie
Ted (1) 2012
5.5
The Duel (2023)
ဂျူးလိယက်ဆီဇာရဲ့ဝတ်ရုံမှာ ဘရူးတက်စ်ရဲ့ဓားချက်ကအနက်ဆုံးဖြစ်နေသလိုပဲ လူရင်းထိုးတဲ့ဓားက ရန်သူထက်ပိုနက်တတ်ပါသတဲ့။ဆမ် ကယ်ဗင် ဝူဒီ ကောလင်ဆိုတဲ့ သိပ်ချစ်ကြတဲ့ သူငယ်ချင်းလေးယောက်။ဒီထဲမှာမှ ဝူဒီနဲ့ကောလင်ကတော့ ညီအစ်ကိုရင်းထက်ပိုတယ်ဆိုတဲ့သံယောဇဉ်နဲ့ အချစ်ဆုံးသူငယ်ချင်းတွေပေါ့။ဒါပေမဲ့ ကောလင်တစ်ယောက် ဝူဒီလက်ထပ်ဖို့အထိ ရည်ရွယ်ထားတဲ့အက်ဘီဆိုတဲ့ကောင်မလေးနဲ့ ကောလင်အတူအိပ်လိုက်တယ်ဆိုတာကိုဝူဒီသိသွားချိန်မှာတော့ လှပတဲ့ခင်မင်မှုတွေထဲ မုန်တိုင်းဝင်တော့တာပါပဲ။အသည်းနှလုံးကိုထိတော့ အူနုကျွဲခတ်သလို ရှူးရှူးရှဲရှဲဖြစ်နေတဲ့ ဝူဒီတစ်ယောက်ကောလင်အဖေရဲ့ နောက်ဆုံးချန်ရစ်ခဲ့တဲ့ပစ္စည်းကို ဖျက်ဆီးလိုက်ချိန်မှာပြန်ဆက်ဖို့မဖြစ်နိုင်တော့တဲ့ ညီအစ်ကို သူငယ်ချင်းဆက်ဆံရေးဒီအချိန်မှာ ဝူဒီတစ်ယောက် ကောလင်ကို လူကြီးလူကောင်းပီပီ သိက္ခာရှိရှိတစ်ယောက်ချင်းယှဉ်ပြိုင်တိုက်ခိုက်ပြီး သူတို့ကြားက ရန်ကြွေးကိုချေဖို့စိန်ခေါ်လိုက်ချိန်မှာတော့.....အချစ်နဲ့စစ်မှာမတရားတာမရှိဆိုတဲ့ဆောင်ပုဒ်ကိုဆွဲကိုင်လို့ ဒီနှစ်ယောက်ကြားကစီးချင်းတိုက်ပွဲရဲ့အဆုံးသတ်က ဘာဖြစ်မလဲဆိုတာ ရှုစားကြပါဦး။ File size…2.02GB / 1.01GB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 40m Genre ….. Drama , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Darcy
movie
The Duel (2023)
Home on the Range (2004)
Disney ရဲ့ ဇာတ်ကားဟောင်းလေး တစ်ကားဖြစ်တဲ့ Homeon the Range ဆိုတဲ့ ဟာသ animation ရုပ်ရှင်လေးဖြစ်ပါတယ်။ ၂၀၀၄ ခုနှစ်က ထွက်ရှိခဲ့တဲ့ old but gold ဇာတ်ကားဖြစ်ပြီး ရုပ်ရှင်ရဲ့အမည်Home on the Range က အမေရိကန်တောင်ပိုင်းဒေသရဲ့ ဂန္တဝင်သီချင်းကနေ ယူထားတာဖြစ်ပါတယ်။ အမေရိကရဲ့ Wild Wild West လို့ခေါ်တဲ့ အနောက်ဘက်ဒေသရဲ့ ကောင်းဘွိုင်ခေတ်မှာ အခြေပြုထားတာဖြစ်ပေမဲ့ အဓိကဇာတ်ကောင်တွေက ကောင်းဘွိုင်တွေ မဟုတ်ဘဲ နွားမတွေပါ။ဇာတ်လမ်းအကျဥ်းကတော့ နီဘရာစကားပြည်နယ်တစ်နေရာမှာ ကောင်းကင်ဘုံစားကျက်မြေ ဆိုတဲ့ ယာတောလေးတစ်ခုရှိပြီး အဲဒီခြံမှာနေတဲ့ တိရစ္ဆာန်တွေကို ခြံရှင်ဖြစ်သူ မစ္စပါးလ်က မိသားစုဝင်တွေလို သဘောထားပြီး အတူပျော်ရွှင်စွာ နေထိုင်ကြပါတယ်။ ဒါပေမဲ့ ပြည်နယ်တဝိုက်မှာ အလာမီဒါဆလင်း ဆိုတဲ့ နာမည်ကျော်နွားခိုးသမား လက်ချက်ကြောင့် ခြံရှင်လယ်သမား အတော်များများ ဒုက္ခရောက်နေကြပါတယ်။အလာမီဒါဆလင်းရဲ့ ပယောဂကြောင့် ...
movie
Home on the Range (2004)
5.6
Unfrosted (2024)
မြန်မာနိုင်ငံမှာ ပလာတာတို့အီကြာကွေးတို့လိုမသိသူမရှိတဲ့မနက်စာတွေရှိသလို အမေရိကန်မှာလည်းCereal လို့ခေါ်တဲ့နွားနို့နဲ့ ရောစားရတဲ့ မုန့်ခြောက်လေးတွေကအရမ်းနာမည်ကြီးပါတယ်။အခုခေတ်မှ နာမည်စကြီးတာမဟုတ်ဘဲ သူတို့ဆီမှာဟိုးအရင်ခေတ်တွေကတည်းကCereal ကရှိနေခဲ့တာဖြစ်ပါတယ်။အခုတင်ဆက်ပေးမဲ့Unfrosted လို့ခေါ်တဲ့ဇာတ်ကားလေးကတော့အဲ့ဒီမနက်စာ Cereal ထုတ်တဲ့ကုမ္ပဏီကြီးနှစ်ခုပြိုင်ဆိုင်ရင်းနဲ့မှအခုခေတ်မှာအရမ်းနာမည်ကြီးတဲ့ အမေရိကန်က လူတိုင်းကြိုက်ကြတဲ့ Pop Tart ဆိုတဲ့အဆာသွပ်မုန့်တစ်ခုပေါ်ပေါက်လာပုံဖြစ်ရပ်မှန်ကို အခြေခံပြီးရိုက်ကူးထားတာပဲဖြစ်ပါတယ်။လက်ရှိမှာတော့ IMDb Rating 5.6 ရရှိထားပြီးအပျင်းပြေကြည့်လို့မဆိုးတဲ့သမိုင်းကြောင်းကိုပြန်လှန်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။၁၉၆၀ ခုနှစ်အစောပိုင်း ဘက်တယ်ခရိခ်လို့ခေါ်တဲ့မြို့တစ်မြို့မှာကယ်လော့နဲ့ပို့စ်ဆိုတဲ့ စီရီရယ်ကုမ္ပဏီနှစ်ခုကအမေရိကန် မနက်စာလောကကိုကြီးစိုးထားတဲ့ ပြိုင်ဖက်တွေပဲဖြစ်ပါတယ်။ပိုင်ရှင်တွေရဲ့ နာမည်တွေကလည်း ကယ်လော့နဲ့ပို့စ်ပဲဖြစ်ပြီး သူတို့တွေကအမြဲတမ်းတစ်ယောက်ကို တစ်ယောက်ကျော်တက်ဖို့ကြိုးစားနေကြတဲ့ သူတွေပဲဖြစ်ပါတယ်။စစချင်းမှာတော့ ကယ်လော့ကုမ္ပဏီကတခြားစီရီရယ် ကုမ္ပဏီတွေအားလုံးထက်သာနေခဲ့ပြီး ပြိုင်ဖက်ကင်းဖြစ်နေခဲ့တယ်ဆိုပေမဲ့နောက်ပိုင်းမှာ ပို့စ်ကုမ္ပဏီက အရမ်းကောင်းတဲ့ မုန့်အသစ်တစ်ခုကိုထုတ်လုပ်လိုက်တဲ့အချိန်မှာတော့ အကုန်ပြာပြာသလဲတွေဖြစ်ပြီး အမြန်ဆုံးသူတို့ကိုပြန်ကျော်တက်နိုင်မဲ့ ထုတ်ကုန်တစ်ခုကိုပြန်ထုတ်ဖို့ ကြိုးစားရင်းကနေ ဂန္တဝင် Pop Tart မုန့်ဘယ်လိုဖြစ်ပေါ်လာမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…2.29GB/ 958MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 33m Genre ….. Biography , Comedy , History Subtitle….Myanmar ...
movie
Unfrosted (2024)
5.8
Kronk’s New Groove (2005)
ဒီကားကတော့ 2000 ခုနှစ်ကထွက်ခဲ့တဲ့ နာမည်ကြီးThe Emperor's New Groove ရဲ့ sequel လေးပါဒီကားမှာတော့ အဓိကဇာတ်ဆောင်က ဧကရာဇ်ခုဇ်ကို မဟုတ်တော့ဘဲနှလုံးသားနုနုနဲ့ လူကြမ်းကြီး ထမင်းချက် ခရွန့်ခ်ရဲ့အကြောင်းကို တင်ဆက်ပြထားပါတယ် (function(f,b,n,j,x,e){})();2005 ခုနှစ်မှာ ထွက်ရှိလာတာဖြစ်ပြီးတော့ IMDB rating 5.8 ရရှိထားတဲ့ကြည့်ပျော်ရှုပျော် Animation ကားကောင်းလေးပါပဲMusical genre မို့ ost မြူးမြူးလေးတွေလည်း ပါပါသေးတယ်ဇာတ်လမ်းအကျဉ်းကတော့ ကောက်ကျစ်တဲ့မိန်းမရဲ့ လူယုံတော်အဖြစ်ကနေလွတ်မြောက်လာတဲ့ ခရွန့်ခ်တယောက် မဒ်ကာရွာလေးမှာစားသောက်ဆိုင်တဆိုင် ဖွင့်ပြီး မိတ်ဆွေအပေါင်းအသင်းများစွာနဲ့ဘဝကို အေးချမ်းစွာဖြတ်သန်းနေပါတယ် တနေ့မှာတော့ ခရွန့်ခ်ရဲ့အဖေဖြစ်သူဆီကနေသားတော်မောင်ကို မျက်နှာလာကြည့်မဲ့အကြောင်းကြေးနန်းရောက်လာပါတော့တယ် ခက်တာက သူ့အဖေကသူ့ရဲ့ ထမင်းချက်အလုပ်ကို အသိအမှတ်မပြုပါဘူးဒီတော့ ခရွန့်ခ်တယောက် သူ့ပါပီဆီကနေ အထင်ကြီးတာခံရဖို့ကြံမိကြံရာတွေ ကြံရင်း ဘယ်လိုကမောက်ကမအလွဲတွေနဲ့ ကြုံရမလဲဆိုတာ ကြည့်ရှုခံစားလိုက်ကြပါဦး File size… 1.4 GB / 671 MB Quality… BluRay 1080p ...
movie
Kronk’s New Groove (2005)
2005
Baby Shark’s Big Movie (2023)
Baby Shark ဆိုတာက Pinkfong ကနေထုတ်ထားတဲ့ Youtube ပေါ်မှာကြည့်ရှုသူအများဆုံး ကလေးသီချင်းဖြစ်တယ်ဆိုတာ ကလေးလူကြီးအကုန်သိကြမှာပါ။ သီချင်းရဲ့ဆွဲဆောင်မှုနဲ့ လွယ်ကူမှုတွေကြောင့် တစ်ခါနားထောင်ဖူးရုံနဲ့နားထဲမှာစွဲစေတဲ့ သီချင်းလည်းဖြစ်ပါတယ်။ဒီဇာတ်ကားကတော့ အဲ့ဒီသီချင်းကိုပဲကာတွန်းဇာတ်ကားအဖြစ် ကလေးလူကြီးအားလုံးကြိုက်မယ့်ပုံစံအဖြစ် ပြန်လည်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။Baby Shark သီချင်းနဲ့ ကိုရီးယားနာမည်ကြီးအဆိုတော်အဖွဲ့ Enhypen တို့ရဲ့သီချင်း Keep Swimmin' Through အပါအဝင် သီချင်းကောင်းများစွာပါဝင်တဲ့အပြင်Cardi B နဲ့ Enhypen တို့နဲ့အတူ နာမည်ကြီးအနုပညာရှင်များလည်း ဧည့်သည်အဖြစ်ပါဝင်ထားတဲ့အတွက် ကလေးတွေအပြင် လူကြီးတွေအနေနဲ့လည်း ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့် Animation ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းအနေနဲ့ကတော့ သမုဒ္ဒရာရေပြင်တစ်ခုလုံးက ဂီတအားလုံးကိုခိုးယူပြီးသူတစ်ယောက်တည်းလွှမ်းမိုးချင်နေတဲ့ စတားရီးယားနားဆိုတဲ့ကြယ်ငါးမလေးကိုBaby Shark တို့အဖွဲ့ ဂီတကိုဂီတနဲ့ပြန်တိုက်ထုတ်ဖို့ကြိုးစားကြပုံကို သူငယ်ချင်းနှစ်ယောက်ကြားက သံယောစဉ်နဲ့ချစ်ခြင်းတွေ ဂီတဆိုတာ ကမ္ဘာကြီးလှပဖို့အတွက်လိုအပ်ကြောင်းတွေကို သီချင်းတွေအများကြီးနဲ့ မပျင်းရအောင်တင်ဆက်ထားတဲ့အတွက်လူကြီးလူငယ်အားလုံး ကြိုက်ကြမယ့် ကာတွန်းကားမျိုးပဲဖြစ်ပါတယ်။ File size…1.58GB / 701MB Quality…AMZN WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 18m Genre ...
movie
Baby Shark’s Big Movie (2023)
5.0
Joe Dirt 2: Beautiful Loser (2015)
ဆံပင်ရှည်ရှည်အူကြောင်ကြောင် ဂျိုးဒတ်ကတော့ 2005 ခုနှစ်မှာJoe Dirt 2 Beautiful Loser ဆိုတဲ့ဇာတ်ကားနဲ့ ပြန်လာခဲ့ပါပြီ။ပထမကားကိုကြည့်ပြီးတဲ့ လူတွေကတော့သိကြမှာပါ။ဂျိုးဒတ်ဆိုတာပိန်းတိန်းတိန်းနဲ့ အမြဲတမ်းကံဆိုးနေသူတစ်ယောက် အနိုင်ကျင့်ခံရနေသူတစ်ယောက် သူ့လောက်ကံဆိုးတာလည်းသူပဲရှိတဲ့ လူတစ်ယောက်ဖြစ်ပေမဲ့ဘယ်တော့မှလောကကြီးကို အရှုံးမပေးပဲရှေ့ဆက်လျှောက်လှမ်းတဲ့အတွက်နာမည်ကြီးလာခဲ့ပြီး သူ့ကိုစံနမူနာထားတဲ့လူတွေပါရှိလာခဲ့ပါတယ်။ဒီနောက်ပိုင်းမှာတော့ ဂျိုးဒတ်ကသူချစ်ရတဲ့ ဘရန်ဒီနဲ့ ဆေးလ်ဗားတောင်းဆိုတဲ့မြို့လေးမှာပဲလက်ထပ်ခဲ့ပြီး သမီးလေးသုံးယောက်မွေးဖွားခဲ့ပါတယ်။ဒါပေမယ့်ဂျိုးဒတ်ရဲ့ထုံးစံအတိုင်း အိမ်ထောင်ဦးစီးဖြစ်လာခဲ့ပေမယ့် တခြားလူတွေကသူ့ကိုအနိုင်ကျင့်တာကိုမိန်းမနဲ့ ကလေးဖြစ်သူတွေကမြင်သွားတဲ့အခါမှာတော့ စိတ်ဓာတ်တွေဘုန်းဘုန်းကျသွားခဲ့ပါတော့တယ်။ဒီလိုနဲ့ ကလေးတွေရဲ့ ယုံကြည်မှုအားကိုးမှုကို ပြန်ရဖို့အခွင့်အရေးတစ်ခုရလာတဲ့အခါမှာဆုပ်ကိုင်လိုက်ရင်း သူတောင်မမွေးသေးတဲ့ အတိတ်ကာလကိုပြန်ရောက်သွားပါတော့တယ်။အဲ့လို အတိတ်ကိုပြန်ရောက်သွားတဲ့အခါမှာတော့ပျော်ရွှင်သာယာနေခဲ့တဲ့ ဂျိုးဒတ်ရဲ့ဘ၀လေးကအစက နေတစ်ဖန်ပြန်လည်စတင်ရပါတော့တယ်။ဒါပေမယ့် သူ့ရဲ့တုံးအမှုတွေ လွဲချော်မှုတွေကြောင့်ဘ၀ကအရင်ထက်ပိုခက်ခဲသွားတဲ့အခါမှာတော့ ဘယ်လိုအခက်အခဲတွေ ဟာသတွေကိုကျော်ဖြတ်ရင်းအနာဂတ်ကိုပြန်ရောက်အောင်ကြိုးစားမလဲဆိုတာကိုကြည့်ရမဲ့ Joe Dirt နောက်ဆက်တွဲဇာတ်ကားလေးပဲဖြစ်ပါတယ်။ File size…1.99GB / 887MB Quality…Blu-Ray 1080p/ 720p Format…mp4 Duration….1h 47m Genre ….. Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie
Joe Dirt 2: Beautiful Loser (2015)
6.1
Open Season (2006)
သစ်တော နဲ့ နီးစပ်တဲ့ မြို့ငယ်လေး တစ်ခုမှာ ဘတ်ဂ် လို့ ခေါ်တဲ့တောခေါင်း အမျိုးသမီးငယ်လေးဟာ ဘုဂ် လို့ နာမည်ပေးထားတဲ့ဝက်ဝံကြီးတစ်ကောင်ကို ငယ်စဉ်ကတည်းက မွေးစားထားပါတယ်ဘုဂ် ဟာ သင်ရပြုရလွယ်ပြီး လိမ္မာရေးခြားရှိတဲ့ ဝက်ဝံကြီးတစ်ကောင်ဖြစ်လာပြီး သူ့သခင်မ နဲ့ အတူ နယ်မြိုကလေးမှာ လာလည်တဲ့ ဧည့်သည်တွေကိုဖျော်ဖြေလေ့ ရှိပါတယ်...တစ်ရက်မှာတော့ စည်းကမ်းမရှိတဲ့ မုဆိုးတစ်ယောက်ဟာ အမဲလိုက်ရာသီမစခင်မှာသမင်လေးတစ်ကောင်ကို ကားနဲ့ တိုက်လာပြီး ဘုဂ် တို့ ရှိတဲ့ မြို့လေးထဲ ရောက်အလာသနားတက်တဲ့ ဘုဂ် က သမင်လေး အီလီယော့ ကို ကယ်တင်ပေးလိုက်ပါတယ်ဒါပေမဲ့ ဘုဂ် ကယ်တင်ပေးလိုက်တဲ့ အီလီယော့ က တကယ့်ငမွေထိုးဖြစ်ပြီးတည်ငြိမ်နေတဲ့ ဝက်ဝံကြီး ဘုဂ် ရဲ့ ဘ၀ ကိုပါ ငါးပါးမှောက်အောင်လုပ်လိုက်တဲ့အခါဝက်ဝံကြီး ဘုဂ် ကို သခင်ဖြစ်သူက ရင်နာနာနဲ့ပဲ တောတွင်းထဲကို ပြန်လွှတ်ပေးလိုက်ရပါတော့တယ်လူယဉ်နေတဲ့ ဝက်ဝံကြီး ဘုဂ် ...
movie
Open Season (2006)
2006
8.4
The Venture Bros.: Radiant is the Blood of the Baboon Heart (2023)
The Venture Bros.: Radiant is the Blood of the Baboon Heart (2023) =============================================== IMDb Rating - 8.4/10IMDB 8.4 လောက်အထိရထားပြီး အသစ်စက်စက်ထွက်ရှိထားတဲ့ Animation ဇာတ်လမ်းကောင်းလေးဖြစ်ပါတယ်။ ဇာတ်လမ်းလေးကတော့ ဒေါက်တာဗန်ချာရဲ့ သားနှစ်ယောက်အနက် သားကြီးဖြစ်သူ ဟန့်ခ်ဗန်ချာပျောက်သွားပြီး တစ်နိုင်ငံလုံး က လျှို့ဝှက်အဖွဲ့အစည်းတွေနဲ့အေဂျင်စီတွေ စွမ်းအားရှင်အဖွဲ့တွေ လိုက်ရှာကြတဲ့ ပုံစံကနေ စထားပါတယ်။တကယ်တော့ ဟန့်ခ်ဆိုတာ လိုတရဘဝကို ရခဲ့တဲ့လူငယ်တစ်ယောက်ဖြစ်ပြီး သူ ပျောက်ဆုံးသွားတာကလည်း သူကိုယ်တိုင်ပဲ သူ့ရဲ့ တည်ရှိမှုကို ပြန်ရှာဖွေဖို့အတွက် စွန့်စားခန်း ခရီးတစ်ခု ထွက်လာခဲ့တာဖြစ်ပါတယ်။ သူ့ရဲ့ပျောက်ဆုံးနေတဲ့ အမေနဲ့ ထင်ယောင်ထင်မှားဖြစ်နေတဲ့ ပုံရိပ်တွေကြားထဲကနေ ဟ့န်ခ်တစ်ယောက် ဖခင်ဖြစ် သူ ဗန်ချာရဲ့လျှို့ဝှက်ချက်တွေနဲ့ အန္တရာယ်ရှိ စွမ်းအားရှင်အဖွဲ့တွေနဲ့ ထိပ်တိုက်တွေ့ ဆုံမိတဲံအခါမှာတော့ ဘာတွေဆက်ဖြစ်သွားမလဲ စိတ်ဝင်တစားဆက်လက်စောင့် ကြည့်ရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ CM Team မှဖြစ်ပါတယ်)File Size..........(1.4 GB) / (545 MB) Quality............WEB-DL 1080p / 720p Duration.........1Hr ...
movie
The Venture Bros.: Radiant is the Blood of the Baboon Heart (2023)
2023
6.1
Men in Black II (2002)
ပြီးခဲ့တဲ့ MIB ပထမ ရုပ်ရှင်ကားမှာတုန်းက အေးဂျင့် ကေ ဟာ အေးဂျင့် ဂျေ ကို သူသိသမျှ တက်သမျှ တွေ အကုန်သင်ပေးခဲ့ပြီး Men In Black အဖွဲ့အစည်းကနေ အနားယူခဲ့ပါတယ် ပိုပြီး ထူးခြားတာက သူအနားယူတဲ့အခါ ဘာမှ မမှတ်မိချင်လို့ ဒီအလုပ်လုပ်ခဲ့သမျှ ကာလပတ်လုံး မေ့သွားအောင် အေးဂျင့် ဂျေ ကို မှတ်ဉာဏ်ဖျက်ပေးဖို့ တောင်းဆိုခဲ့ပြီး ထွက်ခွာသွားခဲ့တာပါ...MIB 2 မှာတော့ ကေ မရှိတဲ့တဲ့ အေးဂျင့် ဂျေ တစ်ယောက် အလုပ်မှာ တလွဲတွေ လုပ်တဲ့ ပါတနာ အသစ်နဲ့ အတော်လေး အဆင်မပြေ ကို ဖြစ်နေပါတယ်...အဲ့ဒီလို အချိန်ကိုက်မှာပဲ ကမ္ဘာပေါ်ကို ပထမတစ်ခါလာဖူးပြီး MIB အဖွဲ့ကို ရင်ဆိုင်ရှုံးနိမ့်သွားတဲ့ ဆယ်လီနာ ဆိုတဲ့ ဂြိုလ်သားမ ဟာ နောက်တစ်ခါ ထပ်မံ ရောက်ရှိလာပါတော့တယ် သူလာရှာတာကတော့ ဇာသန် တွေ ရဲ့ အလင်းရောင် စွမ်းအားပါ လွန်ခဲ့တဲ့ နှစ်တွေတုန်းက အေးဂျင့် ကေ ...
movie
Men in Black II (2002)
2002
4K HEVC
4.2
MEAD (2022)
MEAD (2022) ===========၂၀၂၂ ခုနှစ်ထွက် သိပ္ပံဇာတ်ကားကောင်းတွေကို မကြည့်ရတာ ကြာပြီဆိုတော့လည်း ကြည့်ချင်နေကြမှာပေါ့။ အဲလိုကားလေးတွေကို မျှော်နေတဲ့ပရိသတ်ကြီးအတွက် ၂၀၂၂ ခုနှစ်မှာ ထွက်ရှိလာတဲ့ ကားလေးကတော့ Mead 2022 ဆိုတဲ့ကားလေးပါ။ဒီကားလေးက အရမ်းကောင်းတဲ့ သိပ္ပံအက်ရှင်ကားတွေထဲ မပါပေမယ့် တော်တော်လေးကြည့်ရတာ အဆင်ပြေတဲ့ကားလေးလို့ ဆိုမယ်ဆိုရင်လည်း မမှားပါဘူး။ CGI effects လေးအရမ်းမကောင်းဘဲ အပြစ်အနာအဆာပြောစရာလေးနည်းနည်းရှိတာကလွဲရင် ဇာတ်ကား တစ်ကားထဲမှာ အကြောင်းအရာမျိုးစုံကို ခံစားကြည့်ရှုနိုင်တဲ့ ကားလေး လည်းဖြစ်ပါတယ်။Mead ဆိုတဲ့စက်ရုပ်လေးဟာ ကိုယ်ပိုင်အသိဉာဏ်ရှိပြီးပုံရိပ်ယောင် ဖန်တီးနိုင်စွမ်းရှိတဲ့ စက်ရုပ်လေးပါ။ သူနဲ့အတူ ဖရစ်ဇ်ဆိုတဲ့သူ့သခင်လို သဘောထားရတဲ့သူတို့နှစ်ယောက်ကို စကြာဝဠာတိုင်းက လိုချင်နေလို့ လိုက်လံဖမ်းဆီးနေတာကို ခံနေရပါတယ်။ ဒါကြောင့် Mead ဆိုတဲ့ ပုံရိပ်ယောင်ဖန်တီးတဲ့ စက်ရုပ်လေးနဲ့ သူ့သခင် ဖရစ်ဇ်တို့ရဲ့ကားကောင်း လေးကို ခံစားရင်ခုန်ပေးဖို့ ဖိတ်ခေါ်လိုက်ရပါတယ်ခင်ဗျာ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ San Thu Aung ဖြစ်ပါတယ်) File Size..........(2.29 GB) / (1.09 GB) / (687 MB) Quality............WEB-DL 1080p / 720p / 480p Duration.........1Hr 45mins Subtitle...........Myanmar ...
movie
MEAD (2022)
2022
1
2
Next