Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Patrick Tam
6.3
The Attorney ( 2021 )
ရှေ့နေလေယိုဟွေဟာ အမှန်တရားထက် အမှုသည်အတွက်အကျိုးရှိမဲ့ လျှောက်ထားချက်မျိုးကို တရားခွင်မှာ တင်ပြပြီး အရှုံးမရှိဘဲအမြဲတမ်း အမှုနိုင်တဲ့ ရှေ့နေတစ်ယောက်ပါ ရှေ့နေဟယ်ကတော့ ဥပဒေရှေ့မှောက်မှာ အပြစ်ရှိတယ်လို့ မဆုံးဖြတ်ရသေးသရွေ့ အဲ့ဒီလူကို ကြိုအကဲဖြတ်တာမျိုးမလုပ်ဘဲ အမှုသည်ဖက်ကနေ အလုံးစုံရပ်တည်ပေးပြီး လိုက်တဲ့အမှုတိုင်းရှုံးတဲ့ အမှန်တရားရဲ့ဘက်တော်သားရှေ့နေတစ်ယောက်ပါဒီလိုမျိုးဆန့်ကျင်ဖက်လူနှစ်ယောက် တစ်ရက်မှာ အမှုတစ်ခုကို တရားခံဖက်ကနေ အပြစ်မရှိကြောင်း အမှုလိုက်ပေးဖို့ဖြစ်လာခဲ့ပါတယ် ဒါ့အပြင် အဲ့ဒီအမှုဟာ အထက်အာဏာရှိသူတွေ ချမ်းသာတဲ့ သူဌေးအသိုင်းအဝိုင်းတွေနဲ့ ပက်သတ်ဆက်နွယ်နေတဲ့အခါမှာတော့... နောက်ကွယ်က အမှန်တရားတွေကိုတဖြည်းဖြည်းချင်းဖော်ထုတ်ပြီး သူတို့အမှုအနိုင်ရအောင် ဘယ်လိုတိုက်ခိုက်သွားမှာလဲဆိုတာ စိတ်ဝင်စားဖွယ်ဆက်လက်ကြည့်ရှုကြရမှာပါ Filesize : 1.24 GB / 705 MB Quality : WEB-DL 1080p HEVC , 720p HEVC Format : mkv Genres : Drama During : 1h 43min Subtitle : Myanmar Subtitle ( Hardsub ) Translated By Yamin Ei Encoded By LK
movie
The Attorney ( 2021 )
6.0
A Witness Out of the Blue ( 2019 )
1080pလွန်ခဲ့တဲ့သုံးလက လိရှင်းရတနာဆိုင်ကိုဓားပြတိုက်ခဲ့တဲ့ ရဲအလိုရှိဓားပြလေးယောက်အဖွဲ့ထဲကတစ်ယောက်ဖြစ်တဲ့ရွီခန်းအသတ်ခံရပြီးနောက် ရွီခန်းအခန်းထဲကရတနာထုပ်ကပါပျောက်သွားခဲ့ပါတယ်...အခင်းဖြစ်ပွားရာအခန်းထဲမှာကြက်တူရွေးတစ်ကောင်နဲ့ ကျန်အဖွဲ့သားသုံးဦးရဲ့လက်ဗွေရာကိုပဲတွေ့ခဲ့လို့သူတို့ကိုရဲတွေက လူသတ်မှုသံသယရှိသူတွေအဖြစ်စုံစမ်းစမ်းဆေးနေစဉ်အတွင်း ကျန်နေတဲ့ဓားပြအဖွဲ့မှာတစ်ယောက်ပြီးတစ်ယောက်အသတ်ခံနေရပြီး ဝမ်းရှင်းယွမ်တစ်ယောက်ပဲကျန်နေခဲ့ပါတော့တယ်....သူတို့ကိုဘယ်သူကသတ်တာလဲ... ပျောက်သွားတဲ့ရတနာထုပ်ကရောဘယ်သူ့လက်ထဲမှာလဲ... အကြွေးတင်ခံရလောက်အောင်တိရစ္ဆာန်တွေကိုချစ်တဲ့ရဲအရာရှိလင်ဖာလျန် အခင်းဖြစ်ပွားရာမှာရှိနေခဲ့တဲ့ကြက်တူရွေးတစ်ကောင်နဲ့ ဘယ်လိုအမှုဖော်ကြမလဲဆိုတာဆက်လက်ကြည့်ရှုလိုက်ကြပါစို့နော်.. Filesize : 3.67 GB / 1.56 GB / 837 MB Quality : WEB-DL 4K HEVC , 1080p HEVC , 720p HEVC Format : mkv Genres : Crime , Thriller , Mystery Runtime : 1h 44 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Xiao Encoded by LK
movie
A Witness Out of the Blue ( 2019 )
4K HEVC
6.2
The Myth (2005)
တစ်ခေတ်တစ်ခါက နာမည်ကြီးခဲ့တဲ့ မင်းသားကြီးဂျက်ကီချန်းရဲ့ ရုပ်ရှင်ကားဖြစ်ပြီးတော့ ဒီထဲက ဇာတ်ဝင်တေး "အဆုံးမဲ့အချစ်" ဆိုတဲ့ သီချင်းလေးဟာလဲ လူတိုင်းရင်ကို လှုပ်နိုးစေခဲ့ပါတယ်။ 2005 ခုနှစ်ကထွက်ရှိခဲ့တဲ့ The Myth ဇာတ်ကားကို ဒါရိုက်တာ Stanley Tong က ရိုက်ကူးထားပြီး မင်းသား ဂျက်ကီချန်းနဲ့အတူ ကိုရီးယား မင်းသမီး Kim Hee-sun (လီဟန်နီ)တို့အပြင် အခြားဇာတ်ရံများစွာ ပါဝင်ပါတယ်။ သမိုင်းသုတေသီတစ်ယောက်ဖြစ်တဲ့ ဂျက် တစ်ယောက် ချင်ခေတ်က တပ်မှူးကြီးတစ်ယောက်အကြောင်းနဲ့မင်းသမီးလေးတစ်ယောက်အကြောင်းကို အမြဲတမ်း အိမ်မက်နေပြီး တပ်မှူးကြီးကတော့ သူဖြစ်နေပါတယ်.. ဒီအိမ်မက်တွေ မကြာခဏမက်ပြီး ထူးဆန်းနေပေမယ့် ဒီအတိုင်းသာ မေ့မေ့ပျောက်ပျောက်ထားခဲ့ပါတယ်... တစ်နေ့မှာတော့ ဂျက်ရဲ့သူငယ်ချင်းဖြစ်သူ ဝီလျှံရောက်ရှိလာပြီး သူတို့နှစ်ယောက် ပရောဂျက်တစ်ခုနောက်ကိုလိုက်ရင်းနဲ့ တိုက်ဆိုင်မှုတွေက အိမ်မက်ထဲကအတိုင်းဖြစ်နေတာကြောင့် ဂျက်တစ်ယောက်အံ့သြခဲ့ရပြန်ပါတယ်.... သူဟာ အိမ်မက်တွေထဲကလို တကယ့်လူဝင်စားဖြစ်နေမလား... အတိတ်ဘဝက မင်းသမီးလေးကရော တကယ်ရှိရဲ့လား ဒါတွေအားလုံးက အိမ်မက်တစ်ခုလား... ဒဏ္ဍာရီတစ်ခုလား အချစ်တစ်ခုလား........ဆိုတာ။ ဒီဇာတ်ကားက တွေ့နေကျ ဂျက်ကီချန်းကားတွေလို ပေါ့ပေါ့ပါးပါးမဟုတ်ဘဲ လေးနက်တဲ့ရုပ်ရှင်တစ်ကားအဖြစ်လူတိုင်းအမှတ်ရစေခဲ့ပါတယ်။ အထူးသဖြင့် မင်းသမီး လီဟန်နီရဲ့ သက်ဝင်မှုတွေက ရုပ်ရှင်လို့တောင် မခံစားစေတော့ဘဲ တကယ့်ဒဏ္ဍာရီတစ်ပုဒ်လို ဆွဲခေါ်သွားစေပါတယ်။File ...
movie
The Myth (2005)
2005
5.8
Mutant ( 2024 )
ဒီဇာတ်ကားလေးကတော့ အပြင်လောက လက်ရှိ ၂၁ရာစုမှာ ကြောက်စရာ ကောင်းလောက်အောင် အရမ်းကိုဖွံ့ဖြိုးတတ်တက်လာပြီးတော့ အနာဂတ်မှာ လူသားမျိုးနွယ်ကိုပါ အန္တာယ်ပေးလာနိုင်တယ်ဆိုတဲ့ လူလုပ်ဉာဏ်ရည်တု AI နဲ့ လူသားတွေကြားက စစ်ပွဲအကြောင်းကိုရိုက်ကူးထားတာပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းလေးကတော့ လူသားမျိုးနွယ်အတွက် အထောက်အကူဖြစ်စေဖို့အတွက် လက်ရှိ AI ထက် တစ်ဆင့်မြင့်တဲ့ ခံစားချက်ပါထည့်သွင်းထားပြီး ကိုယ်ပိုင်အသိစိတ်ရှိစေတဲ့ပရိုဂရမ်ပါ ထျန်းရုန်ချစ်ပ်ပြားကို အင်ဂျင်နီယာကြီး ကျူးရုန်ကတီထွင်ခဲ့ပါတယ် ။မူလရည်ရွယ်ချက်က လူသားအထောက်အကူပြုနည်းပညာဆိုပေမဲ့ ကိုယ်ပိုင်အသိစိတ်ရသွားတဲ့ ပင်မကိုယ်ထည် AI ဟာ လူသားမျိုးနွယ်ကို မျိုးသုဉ်းသွားသည်အထိ သတ်ဖြတ်ပြီး စက်ရုပ်တွေကို ကမ္ဘာမြေပေါ်မှာ အစားထိုးနေရာရဖို့ ကြိုးစားပါတော့တယ် ။အဲဒါကြောင့်ပဲ AI စက်ရုပ်စစ်တပ်ကြီးရဲ့ လူသားမျိုးနွယ်တွေကို မျိုးသုဉ်းသတ်ဖြတ်ခြင်းအစီအစဉ်ကြီးစတင်လာပြီး လူသားတွေဘက်ကလည်း ခုခံစစ်အနေနဲ့ပြန်လည်တိုက်ခိုက်ကြတဲ့အခါမှာတော့ လူသားတွေနဲ့ AI ကြားစစ်ပွဲကြီးပေါ်ပေါက်လာပါတော့တယ် ။လူသားတွေထက်နည်းပညာတစ်ဆင့်မြင့်တဲ့အပြင် ဦးနှောက်ကပါ အဆ၃၀ အဆင့်မြင့်နေတဲ့ AI ကိုလူသားတွေဘယ်လိုပြန်တိုက်ခိုက်မလဲ ? အနိုင်ရောတိုက်နိုင်ပါ့မလားဆိုတာကို ဇာတ်လမ်းလေးထဲစိတ်ဝင်စားစွာကြည့်ရှုလိုက်ပါအုံးနော် ။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Science Fiction , War , Romance Runtime : ...
movie
Mutant ( 2024 )
6.1
Suspect ( 2024 )
CM ရဲ့ တရုတ်ကားချစ်ဖန်လေးတွေအတွက် suspect ဆိုတဲ့ ဇာတ်ကားလေးကို ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်... ဒီဇာတ်လမ်းလေးကတော့ ရုတ်တရက်ကြီး ကြိုးဆွဲချသေသွားတဲ့ လူတစ်ယောက်... ဒီလူကို သတ်ပါတယ်လို့ ကိုယ်တိုင်ရဲစခန်းရောက်ပြီး ဝန်ခံခဲ့တဲ့ သံသယရှိသူ အမျိုးသမီးတစ်ယောက်...ဒါပေမယ့် ဒီအမျိုးသမီးက ငရဲတရားသူကြီးရဲ့ စွမ်းအားသုံးပြီး စီရင်လိုက်တယ်ပဲ ဖြောင့်ချက်ပေးနေတဲ့အပြင် ပြည်သူ့ရဲတပ်ဖွဲ့က အနားယူသွားတဲ့ ကောဝမ်ပင်းကိုမှ တွေ့ချင်တယ် ဆိုသောအခါ...ကောဝမ်ပင်းဆိုတာ ဘယ်သူလဲဆိုတော့ မှုခင်းအရာရှိဟောင်းတစ်ဦးပေါ့... မွေးရပါ ဓာတ်ပုံမှတ်ဉာဏ်လို မှတ်ဉာဏ်ထူးကို ပိုင်ဆိုင်ထားသူပေါ့... ဒါပေမယ့် ကွင်းဆက်လူသတ်မှုတစ်ခုကို ညီအစ်ကို ၂ ယောက်အတူလိုက်ရင်း သူ့မျက်စိရှေ့တင် သူ့ညီလေး အသတ်ခံလိုက်ရပြီး ထူးထူးဆန်းဆန်း အဲ့လူသတ်တရားခံမျက်နှာကို ဘယ်လိုမှ မမှတ်မိတော့တာကြောင့် ဘဝကို အရှုံးပေးဖို့အထိ စဉ်းစားပြီး အလုပ်နားခဲ့သူပေါ့...ဒီတော့ ငရဲတရားသူကြီးကရော ဘယ်သူလဲ... သူက ဘာလို့ လူတွေကို စီရင်နေတာလဲ... စခန်းမှာ လာဝန်ခံခဲ့တဲ့ အမျိုးသမီးကရော တကယ့်တရားခံလား... တကယ်တရားခံမဟုတ်ရင် သူဘာလို့ တရားခံပါလို့ ဝန်ခံရတာလဲ... ဇာတ်လမ်းလေးကြည့်ပြီး အဖြေရှာလိုက်ကြတာပေါ့... Quality : WEB-DL 1080p , 720p Format : mp4 Genres : ...
movie
Suspect ( 2024 )
5.7
Eliminate Violence and Give You Peace ( 2024 )
ဒီရုပ်ရှင်လေးကတော့ ဒုစရိုက်သမားတွေနဲ့ ရဲတပ်ဖွဲ့တို့ အချင်းချင်း လက်ရုံးရည်နဲ့ နှလုံးရည် ယှဉ်ပြိုင်ကြတဲ့ကားလေး ဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်းလေးကတော့-1999 ခုနှစ်မှာ တရုတ်နိုင်ငံမှ တိုင်းပြည်လိုအပ်ချက်ကြောင့် ငွေစက္ကူအသစ် သိန်း၁၀၀၀ ရိုက်နှိပ်ပြီး ကျန်းယန်ဘဏ်မှ တစ်ဆင့် ဖြန့်ဝေဖို့ ရထားနဲ့ သယ်ဆောင်လာခဲ့ပါတယ်။ အဲ့ဒီငွေတွေကို လက်နက်ကိုင် ဓားပြတစ်ဖွဲ့က ဘူတာမှာတိုက်ခိုက်လုယက်သွားခဲ့တဲ့အတွက် မှုခင်းရဲအဖွဲ့ခေါင်းဆောင် ချန်ရုန်က လိုက်လံ စုံစမ်းနေပါတယ်။အဲ့လို လိုက်လံစုံစမ်းခြင်းကနေ သဲလွန်စ အသစ်တွေ အများအပြား ပေါ်ထွက်လာခဲ့ပါတယ်။ နောက်ဆုံးမှာတော့ ချန်ရုန်ရဲ့ ဦးဆောင်မှုအောက်မှာ ရဲတပ်ဖွဲ့ဝင်တို့ အခက်အခဲတွေ အန္တရာယ်တွေကို မမှုပဲ ဒုစရိုက်သမားတွေကို ဖမ်းဆီးနိုင်ဖို့ အစွမ်းကုန်ကြိုးစားရပါတော့တယ်..အခက်အခဲတွေကြားထဲက ပေးဆပ်စွန့်လွှတ်မှုတွေကြားမှာ လုပ်ငန်းစဉ်အောင်မြင်နိုင်ပါ့မလားဆိုတာကိုတော့ ရင်တထိတ်ထိတ်နဲ့ကြည့်ရှုခံစားရမှာပဲဖြစ်ပါတယ် Quality : WEB-DL 1080p , 720p Format : mp4 Genres : Action , Crime , Drama Runtime : 1h 25 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed ...
movie
Eliminate Violence and Give You Peace ( 2024 )
5.1
The Legend Of Zu (2001)
ဇူတောင်တန်းမှာ ဒဏ္ဍာရီတွေ အများကြီးရှိနေပါတယ်...စွမ်းအားပြင်းတဲ့ လက်နက်တွေ နတ်ပြည်က ဖန်ဆင်းပေးထားတာတွေ မသေမျိုးတွေ ပြီးတော့... တောင်တန်းကို မကောင်းဆိုးဝါးတွေ လက်ထဲက ကာကွယ်ပေးနေတဲ့ အသင်းတော်တွေ …နှစ် ရာထောင်သောင်းချီတဲ့ ကာလအတွင်းမှာ အသင်းတော်တွေကြားက မညီညွတ်မှုကြောင့် တစ်သင်းပြီး တစ်သင်း မကောင်းဆိုးဝါးကြီး အင်စိုရဲ့ ဖျက်ဆီးမှုကြောင့် ကွယ်ပျောက်ခဲ့ရပါတယ်။အခုကတော့ အိုမီအသင်းတော်အလှည့်ပါ... အိုမီကျောင်းတော်သားတွေက တက်ညီလက်ညီ ကာကွယ်သွားနိုင်မလား... မကောင်းဆိုးဝါးကပဲ အနိုင်ယူသွားမလားဆိုတာကို တရုတ်သိုင်းကား စိတ်ဝင်စားရင်တော့ ကြည့်လိုက်သင့်တဲ့ ဇာတ်ကားတစ်ကားပါပဲခဗျာ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Tun Aung Kyaw ပါ )File Size__(3GB) / (1.5GB) Quality__1080p, 720p IMDb Rating__5.1/10 Format__mp4 Duration__01:44:00 Type__Action, Adventure, History Subtitle__Myanmar Subtitle (Hardsub) Translated by Tun Aung Kyaw Encoded by Naing Aung Latt
movie
The Legend Of Zu (2001)
6.3
Cyber Heist ( 2023 )
ဒီနေ့မှာတော့ ဟောင်ကောင် မင်းသား ၊ အဆိုတော် ၊ Dancer Aaron Kwok Fu-shing ရဲ့ ၂၀၂၃ ခုနှစ်ထွက် ဇာတ်ကားကောင်းလေးနဲ့ CMကပရိတ်သတ်ကြီးကို မိတ်ဆက်ပေးပါရစေ ။နည်းပညာတွေတိုးတတ်နေတဲ့ ယနေ့ခေတ်ကြီးမှာ Enter လေးတစ်ချက်ခေါက်လိုက်ယုံနဲ့ အရာအားလုံးကို ခိုင်းစေလို့ရနေတာ အမှန်ပါပဲ။ ဒီလိုခေတ်ကြီးအတွင်း ဟောင်ကောင်နယ်မြေမှ နိုင်ငံတကာ ဆိုက်ဘာလုံခြုံရေးကုမ္ပဏီ ထျန်းကျီဟာလဲ ကမ္ဘာကြီးနဲ့ရင်ဘောင်တန်းပြီး နည်းပညာတွေကို တီထွင်လျှက်ရှိနေပါတယ် ။ အဲဒီအထဲမှာမှ-သူ့ရဲ့လက်ထဲမှာ ကွန်ပျူတာတစ်လုံးရှိယုံနဲ့ ဘယ်အရာမဆိုလုပ်ကိုင်နိုင်သူ ၊ နှလုံးမကောင်းတဲ့ သမီးငယ်လေးကို ပိုးမွေးသလိုမွေးကာ စောင့်ရှောက်နေရသူ ၊ ထျန်းကျီ ဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ တာဝန်ခံ နည်းပညာရှင် - ကျိုးကျားကျွင့် ကလဲ အပါအဝင်ပါပဲ ။ဒီလိုနဲ့ ဟောင်ကောင်ဘဏ်တွေကို အွန်လိုင်းကနေ တိုက်ခိုက်မှုတွေ မကြာခဏ ဖြစ်ပွားခဲ့ပြီး ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ ဖြေရှင်းလာပေးခဲ့တာ နှစ်တိုင်းလိုဖြစ်နေခဲ့ပါတယ် ။ ဒီလိုကိစ္စတွေကို အမြဲတစေ ဖြေရှင်းလာခဲ့ရင်း မထင်မှတ်ထားတဲ့ကိစ္စတစ်ခုက ဖြစ်သွားလို့လာခဲ့ပါတယ်။ ဘဏ်တွေကိုဟက်ခ်တဲ့ ကြိုးကိုင်သူဟာ ထျန်းကျီဆိုက်ဘာလုံခြုံရေး ကုမ္ပဏီမှ အတွင်းလူဖြစ်နေခဲ့သောအခါမှာ ? ...
movie
Cyber Heist ( 2023 )
5.6
Man on the Edge (2022)
“ကျွန်တော်က သာမာန်ပြည်သူတစ်ယောက်ပါ” “ ပြည်သူ့အတွက်ပါ “ဆိုပြီး စွန့်စားမှုကိုစိန်ခေါ်လာခဲ့တဲ့လူအကြောင်းကို ရိုက်ကူးထားတဲ့ ဟောင်ကောင်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ၁၉၀၀ ဝန်းကျင်လောက်က ဟောင်ကောင်အစိုးရအဖွဲ့ရဲ့ အောက်ဖဲတွေကိုပါ ပါးပါးလေးလှပ်ပြထားတာမို့ စိတ်ဝင်စားဖို့ကောင်းတဲ့ကားလေးတစ်ကားပါပဲဗျ ။တရားမဝင်အဖွဲ့အစည်းဆိုတာ အစိုးရဘက်ကသတ်မှတ်ပေးထားတဲ့အဖွဲ့အစည်းတစ်ခု။ အဲ့ဒီအဖွဲ့အစည်းထဲမှာ အားလော့တစ်ယောက် သတင်းပေးလုပ်နေရင်းနဲ့ အဖွဲ့ထဲကညီအစ်ကိုတွေနဲ့ တော်တော်ရင်းနှီးလာခဲ့ပါတယ်။ သူ့အတွက် ရွေးချယ်ရအခက်ဆုံးကတော့ အဖွဲ့ခေါင်းဆောင်အဖြစ် လျာထားခံရတဲ့အထဲမှာ သူပါသွားတာပါပဲ။သူသတင်းပေးလုပ်ရတဲ့ရည်ရွယ်ချက်က နောက်ကွယ်က လက်မည်းကြီးတွေကို ဖော်ထုတ်ချင်တာဖြစ်ပြီး အခုသူကိုယ်တိုင် အဲ့ဒီလက်မည်းကြီးတွေနဲ့ ပူးပေါင်းလုပ်ကိုင်ဖို့ဖြစ်လာတဲ့အခါမှာတော့…. အဖွဲ့အစည်းကို ဘယ်လိုကိုင်တွယ်ဖြေရှင်းသွားမလဲဆိုတာကို ဆက်ပြီးကြည့်ရှုလိုက်ပါတော့ဗျာ ။ ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ JoJo Va ပါ ) File Size__(2GB) / (1GB) Quality__1080p, 720p IMDb Rating__5.6/10 Format__mp4 Duration__01:57:00 Type__Action, Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by JoJo Va Encoded by Naing Aung Latt
movie
Man on the Edge (2022)
5.6
The Detective 2 (2011)
အခုတင်ဆက်ပေးမယ့်ကားလေးကတော့ The Detective 2 (ခေါ်) <<B+侦探>> ပဲဖြစ်ပါတယ် ။ဇာတ်လမ်းအကျဥ်းဒီကားမှာတော့ ပထမကားတုန်းကလိုပဲ သူ့သူငယ်ချင်း ဖြစ်သူ ရဲအရာရှိတစ်ဦးနဲ့အတူ ရာဇဝတ်မှု လူသတ်မှုတွေကို ဖြေရှင်းသွားမှာပါ မိဘတွေက ပစ်ထားခဲ့တာမဟုတ်ဘဲ အသတ်ခံခဲ့ရတာကို သိခဲ့ရပြီး လူသတ်ကောင်ကို မရမက ရှာဖွေဖော် ထုတ်တဲ့နောက်... ဘာတွေ ကြုံတွေ့ရမလဲ ... File Size__(1.7GB) / (870MB) Quality__1080p, 720p IMDb Rating__6.6/10 Format__mp4 Duration__01:45:00 Type__Crime, Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Yunn Myat Noe Khaing Encoded by Naing Aung Latt
movie
The Detective 2 (2011)
7.2
Raging Fire ( 2021 )
Donnie Yen နဲ့Nicholas Tse တို့လို မင်းသားကြီးနှစ်ယောက်ဦးဆောင်ထားတဲ့Raging Fire ဟာ China Box Office $100M နီးပါးရထားတဲ့အတွက်ထူးထွေပြီးညွှန်းစရာမလိုတဲ့ အက်ရှင်ကားကောင်းတစ်ကားဆိုတာသေချာပါတယ်မင်းသားကြီး Donnie Yen ဟာ ကျန်းချုံးပန်းဆိုတဲ့ ဖြောင့်မတ်တဲ့မှုခင်းရဲအရာရှိတစ်ယောက်နေနဲ့သရုပ်ဆောင်ထားပြီး ရဲဝန်ထမ်းတွေကြားမှာတင်အကောင်းအဆိုးကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်Donnie Yen နဲ့Nicholas Tse တို့ဟာရင်းနှီးတဲ့လက်ဖော်ကိုင်ဖက်တွေဖြစ်ခဲ့ဖူးကြတယ်မူးယစ်ဆေးဝါးရောင်းဝယ်မှုကိုလိုက်နေချိန်မှာ လူမိုက်ကိုလူမိုက်ပြန်သတ်မှုတွေဖြစ်လာတယ်သူတို့နဲ့ဒါတွေကဘယ်လိုပတ်သတ်နေလဲ ဘယ်အရာကသူတို့ရဲ့လမ်းကြောင်းတွေကိုကွဲသွားစေလဲအညိုးအတေးတွေကိုဘယ်လိုဖြေရှင်းကြမလဲဆိုတာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် Quality : BluRay HEVC / WEB-DL 1080p , 720p , 480pFormat : mp4During : 2h 6minGenres : Action Subtitle : Myanmar Subtitle ( Hardsub )Translated By CCFEncoded By LK,Nyeinsaeya Aung
movie
Raging Fire ( 2021 )
5.9
The Duel (2000)
သိုင်းပြိုင်ပွဲကိုအခြေခံထားပြီး လူသတ်တရားခံကိုအဖြေရှာဦးမယ့် ဟောင်းပြီးကောင်းတဲ့တရုတ်ကားလေးနဲ့ မိတ်ဆက်ပေးလိုက်ပါပြီ။ ပါဝင်ထားတဲ့သူကိုရှိုးလိုက်ပါဦး... ဒိတ်ဒိတ်ကြဲများဖြစ်ကြတဲ့ Andy Lau ၊ Ekin Cheng ၊ Nick Cheung ၊ ရှောင်ယဲ့ကျူလို့လူသိများကြတဲ့ Zhao Wei နဲ့ ငယ်ငယ်ကသိုင်းကားတွေမှာပါနေကြ သူငယ်ချင်းဟောင်းတွေအများကြီးကိုပြန်တွေ့ရမှာမို့ အိုကြီးအိုမ ကလေးကြီးတွေအတွက် ကြည့်သင့်တဲ့ကားကောင်းလေးတစ်ကားပေါ့နော်။သိုင်းလောကမှာ နတ်ဓါးရှင်နဲ့ဓါးဘုရင်ဆိုပြီး နာမည်ကြီးနှစ်ယောက်ကြီးစိုးနေတဲ့အချိန်ပါ... ရုတ်တရက်ကြီး ဘယ်သူအတော်ဆုံးလဲဆိုတာအဖြေရှာဖို့ နတ်ဓါးရှင်က စိန်ခေါ်စာပို့ပါတော့တယ်။ အဲ့ဒီအချိန်ကစပြီး နာမည်ကြီးသိုင်းသမားတွေအသတ်ခံရပါလေရော။ သတ်တဲ့သူကိုအဖြေရှာဖို့ နန်းတွင်းကိုယ်ရံတော် လုံလုံကောက်အတွက်တော့ တကယ်ခေါင်းကိုက်ရတဲ့အမှုပါ။ သိုင်းပြိုင်ပွဲကလည်း နီးကပ်တဲ့အချိန်… တစ်ဖက်ကသူအချစ်ရဆုံးမိတ်ဆွေ ဓါးဘုရင်၊ နောက်တစ်ယောက်က သူလေးစားအားကျရတဲ့ နတ်ဓါးရှင်။ ယှဉ်ပြိုင်မယ့်နေရာက နန်းတော်ထဲမှာဆိုတော့ကား ....အရှုပ်အထွေးတွေကြားထဲမှာ ဟာသလေးနှောထားပြီး သိုင်းကားစစ်စစ်ကိုကြည့်ချင်တဲ့သူတွေအတွက် အဆင်ပြေမယ့်ကားကောင်းလေးတစ်ကားမို့ ဘာဆက်ဖြစ်မလဲ ကြည့်လိုက်ပါတော့နော်.... File size…(1.7 GB) / (1 Gb) / (500 Mb) Quality….Webrip 1080p / ...
movie
The Duel (2000)
6.7
Port of Call 2015
Port Of Call ပျော်ရွှင်မှုဆိုတာ ဘာလဲ ? ဝမ်းနည်းမှုဆိုတာရော? ဒီလူ့ဘဝကြီးမှာ ပျော်ဖို့ ဘာတွေပေးဆပ်ရမလဲ? ဘာတွေစွန့်စားရမလဲ ? ရှိတာလေးနဲ့ပျော်ရွှင်အောင်နေပြီး လာဘလေးသာမကြီးလာခဲ့ရင် ၁၆ စ်အရွယ် သဆုံးမှုဆိုတာဖြစ်မလာနိုင်ဘူးလို့ V ကတော့ ဘာသာပြန်နေရင်း တွးနေမိခဲ့တယ်။ တကယ်ကောင်းတဲ့ကားလေးပါ။ 18 စ်အထက် Softcore လေးတွေပါလို့ မိသားစုကြားကြည့်လို့မသင့်ပါဘူးနော်။ မာ်ဒန်ဖြစ်ချင်လွန်းတဲ့ ဝမ်ကျားမိန် တစ်ယောက် အိမ်ကလည်းအဆင်မပြေချိန် စီးပွားရေးမပြေလည်ချိန် စိတ်ထွက်ပေါက်ကိုလိုက်ရှာရင်း အပျော်မယ်တစ်ယောက်ဖြစ်ခဲ့ပါတယ်။ ဒါပေမဲ့လည်း ဘဝကြီးက ခါးတယ်လို့ခံယူထားတဲ့သူ့အတွက်တော့ ပျာ်စရာကကြာရှည်မခံခဲ့ပါဘူး။ တစ်နေ့မှာ ဝတုတ်ကောင်လေးတစ်ယောက်က သူလူသတ်ခဲ့တယ်ဆိုပြီး ရဲစခန်းလာအဖမ်းခံတယ်။ အမှုကအားလုံးပိတ်သွားပြီဆိုပေမယ့် မပြီးသေးတာက ဇာတ်လိုက်ကျော်ကြီး Aron Kwok. အခုမှစတွေ့တဲ့သူကို သတ်ရအောင် ဘာတွေကများစည်းရုံးလိုက်သလဲပေါ့ နာက်ဆုံးအဆုံးသတ်မှာ ဝမ်ကျားမိန် ပာခဲ့တာကတော့ အခန်းရဲ့အပြင်ဘက်တံခါး တဲ့ အဲ့တော့ စိတ်ကိုဖွင့်ထားပါ စိတ်ရဲ့အမှောင်ဘက်ခြမ်းကနေ တိုးထွက်ခဲ့ပါတဲ့ သူကတော့ တ်ဆက်ခဲ့ပါတယ်တဲ့ ။ ။ Translator -Jo Jo Va Encoder - Thit San Khant File size-862MB Quality-720p
movie
Port of Call 2015
2015
4.7
The Fatal Raid (2019)
ဟောင်ကောင်ကနေ မက္ကာအိုကို လက်နက်မှောင်လိုပို့တဲ့ကားတစီးနောက်ကိုလိုက်နေကြတဲ့ ရဲကားနှစ်စီး တစီးမှာက ရဲတွေ တစီးမှာက ရဲမေတွေ။သူတို့ထင်ထားတာက ခါတိုင်းလို ပုံမှန်စစ်ဆင်ရေးလေးတခု။ဟောင်ကောင်နယ်မြေကိုကျော်ပြီး မက္ကာအိုရောက်သွားပေမယ့်မဖြစ်မနေလိုက်ဖမ်းဖို့အထက်က အမိန့်ပေးလာခဲ့တယ်။ရဲတွေလိုက်ပြီး ပုံမှန်လိုဖမ်းလို့ရမယ် ထင်ထားခဲ့ကြတယ်။ဒါပေမယ့် ထင်ထားသလိုမဟုတ်ပဲ မှောင်ခိုပို့တဲ့သူတွေကအပြင်းအထန်ခုခံတဲ့အခါမှာတော့ ရုတ်ရုတ်သဲသဲတွေဖြစ်ကုန်ကြပြီးအသေအပျောက်တွေ ရှိလာခဲ့တယ်။အထက်ကလည်း လျှို့ဝှက်စစ်ဆင်ရေးဖြစ်တာကြောင့် ဘယ်သူ့ကိုမှ အသိမခံခဲ့ဘူး။အဲဒီစစ်ဆင်ရေးမှာ သေဆုံးခဲ့ရသူတွေကိုလည်း အသိမှတ်မပြုခဲ့ဘူး။ဟောင်ကောင်ရဲဌာနမှာ ရဲမှူးချုပ်ဖြစ်နေပြီ ဖြစ်ပေမယ့်လွန်ခဲ့တဲ့ နှစ် ၂၀တုန်းက မက္ကာအိုမှာ ဖြစ်ခဲ့တဲ့စစ်ဆင်ရေးတခုရဲ့အရိပ်အောက်က မလွတ်မြောက်နိုင်ဖြစ်နေရတဲ့ ရဲမှူးရယ်။အဲဒီတုန်းက အတူရှင်သန်လွတ်မြောက်ခဲ့တဲ့ ရဲမေတယောက်ရယ်ကမက္ကာအိုက အဆင့်မြင့်အရာရှိတွေ့ဆုံပွဲတခုကို တက်ရောက်ဖို့ အကြောင်းဖန်လာခဲ့တယ်။သူတို့နဲ့အတူ အပြည်ပြည်ဆိုင်ရာရဲတပ်ဖွဲ့က ရဲမေလေးတယောက်ရယ်ရဲဌာနက ရဲမေတယောက်ရယ်က လက်ထောက်ရဲမင်းကြီးကိုစောင့်ရှောက်ရင်း သွားရဖို့ဖြစ်လာခဲ့တယ်။မက္ကာအိုမှာ သူတို့ ဘာတွေဖြစ်မှာလဲ သူတို့ရဲ့အတိတ်ကရောဘယ်လိုတွေ ...
movie
The Fatal Raid (2019)
7.1
Ip Man 3 ( 2015 )
ip man trilogy ရဲ့ နောက်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်IMDb 7.1 ရရှိထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်သာမန်သိုင်းကား အတိုက်အခိုက်တဲ့ရသတွေပေးတဲ့ကားမဟုတ်တာတော့သေချာတယ်ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်းကြီးမိုက်တိုက်ဆန်ကလဲသူ့အခန်းမှာ ကျကျနနပီပီပြင်ပြင်သရုပ်ဆောင်သွားတာကလဲဒီကားရဲ့အမှတ်ရစရာ အချက်တခုပါ…ဒီကားရဲ့အစမှာလဲအရင်ကားရဲ့အဆုံးဖြစ်တဲ့ဂျီကွမ်တိုကိုတီထွင်ခဲ့တဲ့ကမ္ဘာ့သိုင်းပညာဂုရုကြီးဘရုစ္စလီနဲ့ပြန်စထားပါတယ်ဒုစရိုက်မှုတွေနဲ့ ခြေရှုပ်နေတဲ့ဟောင်ကောင်မြို့ရဲ့တခေတ်တချိန်မှာ-တာဝန်ယူမှုတွေနဲ့မိသားစုကိုဂရုမစိုက်သလိုဖြစ်သွားခဲ့တဲ့ ယိမန်ရဲ့အကြောင်း…အရည်အချင်းရှိသူပြည့်ဝသူတယောက်ဟာတခြားလူကိုတိုက်ခိုက်ပြီးမှနေရာမယူတတ်ဘူးဆိုတာကိုပီပြင်အောင်သရုပ်ဆောင်သွားတဲ့ မင်းသားဒန်နီယမ်း…သူနောက်ဆုံးပြောသွားခဲ့တဲ့ မင်းနားမှာရှိတဲ့မင်းချစ်တဲ့လူတွေလောက်ဘယ်ဟာမှအရေးမကြီးဘူးဆိုတဲ့စကားဟာ လဲမှတ်သားစရာပါသာမန်လန်ချားဆွဲဘဝကနေ နံမည်ကျော်တယောက်ဖြစ်အောင်ကြိုးစားခဲ့တဲ့Cheung Tin Chi. ဟာလဲ ဘယ်လိုကြိုးစားခဲ့တယ်ဆိုတာမြင်ရမှာပါမလွတ်တမ်းကြည့်သင့်တယ်လို့ဆိုတာထက် ကြည့်ရမယ်လို့ပဲညွှန်းပါရစေဘာသာပြန်သူအညွှန်းရေးသူ မြန်မာကြီးဖြစ်ပြီး encoder ကတော့ LK ဖြစ်ပါတယ်
movie
Ip Man 3 ( 2015 )
2015
6.6
L Storm (2018)
ဟောင်ကောင်အက်ရှင်ဇာတ်ကားဖြစ်ပါတယ်။ICAC က Luk Chi Limနဲ့ Lau Po-keungတို့ဟာ ငွေဖြူ လုပ်တဲ့ဂိုဏ်း ကို ခြေရာခံစုံစမ်းကြပါတယ်။ကမ္ဘာတစ်ဝှမ်းမှာ ငွေဖြူလုပ်တဲ့လုပ်ငန်းတွေဟာ ကျယ်ပြန့်လာပြီးဟောင်ကောင်အထိပါရောက်ရှိလာခဲ့ပါတယ်။တစ်နှစ်ကို အမေရိကန်ဒေါ်လာသန်းပေါင်းများစွာငွေဖြူ ပြုလုပ်နေကြပါတယ်။ဟောင်ကောင်က ငွေဖြူ ဂိုဏ်းဟာ အစိုးရဝန်ကြီးအဆင့်လူတစ်ယောက်ပါ ပါဝင်ပတ်သတ်နေတဲ့အတွက် ဖမ်းဆီးဖို့အဟန့်အတားများစွာရှိနေပါတယ်။နည်းလမ်းမျိုးစုံသုံးပြီး လွတ်မြောက်ဖို့ကြိုးစားနေပါတယ်။ဒီအမှုကို Luk Chi Limဟာ အသက်ဘေးအန္တရာယ်ကျရောက်ခဲ့တဲ့အထိကို ကြိုးစားဖော်ထုတ်ခဲ့ပါတယ်။လုပ်ဖော်ကိုင်ဘက် ဂျူ နီယာ Lau Po-keungကလည်းများစွာအကူအညီပေးခဲ့ပါတယ်။ဟောင်ကောင်မင်းသား Louis Kooနဲ့ Julian Cheungတို့အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်ပေးထားသူကတော့ Hnin Amy Khine ပါ) File Size : (800 MB) and (380 MB) Quality : Blu-Ray 720p Running Time : 1h 30min Format : Mp4 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Source ...
movie
L Storm (2018)
2018