Channel Myanmar

Patrick Swayze

Tall Tale: The Unbelievable Adventure (1995) 5.9
Tall Tale: The Unbelievable Adventure (1995) Tall Tale (1995)ဒီဇာတ်ကားကတော့ ၁၉၉၅ ခုနှစ်ကထွက်ရှိခဲ့တဲ့ဂန္တဝင်အနောက်တိုင်းရုပ်ရှင်အမျိုးအစားတစ်ခုပဲဖြစ်ပါတယ်။၁၉ ရာစုဝန်းကျင် အနောက်တိုင်းရဲ့အငွေ့အသက်တွေနဲ့ လူနေမှုဘဝပုံစံတွေကိုမျက်မြင်ကြုံတွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒန်နီရယ်ဆိုတဲ့ကောင်လေးဟာသူ့အဖေရဲ့လယ်မြေတွေကို လောဘကြီးတဲ့ မြေရှင်ဆီကနေပြန်ယူဖို့ကြိုးစားရင်း အနောက်တိုင်းရဲ့ဂန္တဝင်သူရဲကောင်းတွေနဲ့တွေ့ဆုံတဲ့အကြောင်းကိုစိတ်ကူးဆန်ဆန်ရိုက်ကူးထားတာဖြစ်ပါတယ်။နောက်ပိုင်းမှာတော့ ဒီလိုသူရဲကောင်းတွေဆီကနေ စိတ်ကူးစိတ်သန်းတွေကိုလေ့လာသင်ယူရင်း မကောင်းမှုကိုတိုက်ဖျက်ဖို့အတွက် ကြိုးစားသွားတာကို ကြည့်ရှုရမှာပါ။အနောက်တိုင်းရုပ်ရှင်တွေကို ခံစားတတ်တဲ့သူတွေအဖို့တော့ဒီဇာတ်လမ်းလေးက ကြည့်လို့အဆင်ပြေတဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…    1.5 GB /  800MB Quality… Web-DL 1080p / 720p Format… mp4 Audio... AAC Duration…. 1h 36m Genre ..... Adventure / Family Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated... by Vader ft Riley
movie

Tall Tale: The Unbelievable Adventure (1995)

The Player (1992) 7.5
The Player (1992) The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie

The Player (1992)

Point Break (1991)
Point Break (1991) Point Break(1991) *******************IMDb....7.31991 မှာရိုက်ခဲ့တဲ့ Point Break ဇာတ်ကားမှာတော့mငယ်ရွယ်ပျိုမြစ်တဲ့ Keanu Reeves ရဲ့ ...စွန့်စားခန်းတွေကို မြင်တွေ့ရမှာဖြစ်ပါတယ်။ အခုမှ အလုပ်ထဲ စဝင်ခါစ...သင်တန်းသားဘဝမှာ...အကောင်းဆုံးရမှတ်တွေနဲ့ အက်ဖ်ဘိီအိုင်အေးဂျင့်တယောက်ဖြစ်တဲ့ အသက် ၂၅ နှစ်အရွယ် ဂျွန်နီယူတာ ဟာ...ဘဏ်ဓားပြတိုက်မှုတွေ စုံစမ်းတဲ့ ဌာနမှာ စတင်တာဝန်ထမ်းဆောင်ရတယ်။ အဲဒီအချိန်တိုက်ဆိုင်တယ်ပြောရမလား..အမေရိကန်သမ္မတဟောင်း မျက်နှာဖုံးတွေကို စွပ်ပြီး ဘဏ်တွေကို ဓားပြလိုက်တိုက်တဲ့ အကြီးစားအမှုကြီးဖြစ်ခဲ့တယ်။စနစ်ကျလွန်းတဲ့ လှုပ်ရှားမှုတွေနဲ့အတူ အတွေ့အကြုံတွေများလွန်းတဲ့ ဘဏ်ဓားပြအဖွဲ့ဟာ...အချိန်တိုအတွင်း လှုပ်ရှားနိုင်ခဲ့တာမို့ ရဲဌာနတစ်ခုလုံး ခေါင်းမီးတောက်နေတယ်။ သဲလွန်စဆိုလို့...လောက်လောက်လားလားမကျန်ခဲ့...ဒီအဖွဲ့ဟာ ရေလွှာလှိုင်းစီးသမားတွေဖြစ်နိုင်တယ်ဆိုတဲ့...ထင်မြင်ချက်သဲ့သဲ့လေးပဲကျန်ခဲ့တယ်။ အဲဒီနောက် ဂျွန်နီယူတာဟာ ပင်လမ်းကမ်းခြေမှာ အသွင်ယူရင်း...တစ်ဖွဲ့လုံးကို ဖမ်းဖို့ကြိုးစားပါတော့တယ်။ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Zuel Khant Thwin ဖြစ်ပါတယ်။File Size : 2.72GB , 1.20GB Quality : 1080 , 720p Duration…02:02:00 Genre :  Action, Crime, Thriller Subtitle : Myanmar Subtitle ...
movie

Point Break (1991)

Youngblood (1986) 6.2
Youngblood (1986)  ဟော်ကီကစားတာကို အပြင်းအထန် ကြိုက်နှစ်သက်ပြီး ဘဝကို ဟော်ကီကစားပြီးရှင်သန်ချင်တဲ့ ယန်းဘလတ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်လူငယ်‌လေးတယောက် ဟော်ကီအသင်းကြီးမှာ ချေစွမ်းပြဖို ဖိတ်ခေါ်ခံလိုက်ရတဲ့ အချိန်မှာတော့ အဲ့အခွင့်အ‌ရေးကို အမိအရဖမ်းပြီး သူထွက်သွားခဲ့ပါတယ်အသင်းကြီးရောက်တဲ့အချိန် သူထင်ထားတဲ့ ဟော်ကီကစားတာနဲ တကယ့်လက်တွေ့ကစားတာနဲ့ ကွဲလွဲနေတာကို သိလိုက်ရတဲ့ အချိန် ယန်းဘလတ်ဘယ်လိုတုံပြန်မလဲ နိုင်ငံကျော် ဟော်ကီကစားသမားပဲ ဖြစ်လာမလား ဒါမိုမဟုတ် လက်လျော့ပြီးအိမ်ပြန်လာမှာလားဆိုတာကို စောင့်ကြည့်ရမယ့်အားကစားကြိုက်သူတွေအတွက် သဘောကျချင်စရာ ဇာတ်ကားတစ်ကားပါ File size…(2.6 GB)/(1.6 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:55:00 Genre... Drama, Romance, Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Dar Dar
movie

Youngblood (1986)

The Outsiders (1983) 7.0
The Outsiders (1983)  ဒီရုပ်ရှင်ကားက S.E Hinton ရဲ့ နာမည်တူဝတ္ထုကို ရုပ်ရှင်ပြန်ရိုက်ထားတာဖြစ်ပြီး 1960 ခုနှစ် ဝန်းကျင်မှာ ဇာတ်အိမ် တည်ထားပါတယ်။ Greaserလို့ ခေါ်တဲ့ အမေရိကရဲ့ လမ်းသရဲလူငယ်လေးတွေ နဲ့ Soc လို့ခေါ်တဲ့ အထက်တန်းလွှာ လူငယ်တွေရဲ့ ရန်ပွဲ ပဋိပက္ခကို နောက်ခံထားပြီး သူငယ်ချင်း ညီအစ်ကို ဆက်ဆံရေးတွေကို လှပအောင် ရိုက်ထားတာပါ။ Castတွေ အနေနဲ့လည်း အများသိပြီးသား နာမည်ကျော်တွေ ပါဝင်ထားပြီး The Godfather တို့ Apocalypse Now တို့ရဲ့ Director Francis Ford Coppola ပဲ ရိုက်ထားတာ ဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်း ဆက်ရရင် Ponyboy နဲ့ Johnny ဆိုတဲ့ သူငယ်ချင်း နှစ်ယောက်ဟာ သူတို့ သူငယ်ချင်းအဖွဲ့ထဲမှာ အငယ်ဆုံးတွေ ဖြစ်သလို Socs တွေရဲ့ အနိုင်ကျင့်ရိုက်နှက်တာကိုလည်း ...
movie

The Outsiders (1983)

City of Joy (1992) 6.5
City of Joy (1992) City of Joy (1992)Dominique Lapierre ရဲ့ City of Joy ကို မြသန်းတင့် ဘာသာပြန်ထားတဲ့ သုခမြို့တော်စာအုပ်ကြောင့်ပဲ ဒီရုပ်ရှင်ကို မကြည့်ဖူးရင်တောင် တော်တော်များများ ရင်းနှီးပြီးကြမှာပါ။ ဇာတ်ကတော့ အကုန်သိကြပြီးသားပါပဲ။ မြသန်းတင့်စာအုပ်နောက်ကျောမှာ ရေးထားတဲ့အတိုင်းဆို "အံ့မခန်းကြီးကျယ်၍ အလျှံပယ်ကြွယ်ဝသော အိန္ဒိယပြည် ကာလကတ္တားမြို့ရှိ သုခမြို့တော်ဟုခေါ်သော လူဆင်းရဲရပ်ကွက်တစ်ခုမှ အမွဲ့တကာ့ထွဋ်ခေါင် ဖွတ်မင်းနောင်တို့၏ မယုံနိုင်စရာ မယုံရက်စရာ အဖြစ်သနစ်များ" တဲ့။ ဒါကတော့ စာအုပ်အတွက်ပဲ မှန်ပါလိမ့်မယ်။ ရုပ်ရှင်မှာတော့ ကွာခြားမှုက တော်တော်ကြီးပါတယ်။စာအုပ်မှာတော့ သုခမြို့တော်ဆိုတဲ့နေရာရဲ့ စိတ်ညစ်ညူးဖွယ်မြင်ကွင်းတွေ အခြေအနေတွေကို ကွက်ကွက်ကွင်းကွင်းမြင်အောင်ပြသွားသလို ရှင်သန်မှုကို အရှုံးမပေးတဲ့ ကာလကတ္တားက နင်းပြားတွေရဲ့စိတ်ဓာတ်ကိုလည်း သိသိသာသာကိုပြထားတယ်။ ဒါကြောင့်လည်း "လူ့စိတ်အားမာန်ရဲ့အမြင့်ဆုံးတန်ဖိုးကို ခင်းကျင်းပြသထားတယ်"လို့ဆိုပြီး ခရစ္စတိုဖာဆုရထားခဲ့တယ်။ ဗမာပြန်တဲ့စာအုပ်မှာလည်း အမျိုးသားစာပေဆုရထားတယ်။ဗြိတိန်ဒါရိုက်တာ Roland Joffé ရိုက်တဲ့ ဒီရုပ်ရှင်ကတော့ ချီးကျူးရမလား ထဆဲရမလားဆိုတာ ...
movie

City of Joy (1992)

1992
Red Dawn (1984) 6.3
Red Dawn (1984)  ဒီကားလေးကတော့ ၁၉၈၄တုန်းကထွက်ရှိခဲ့တဲ့ action, drama , thrillerဇာတ်ကားလေးဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ရုရှားနဲ့ကူဘန်(ကျူးဘား)စစ်တပ်က အမေရိကန် ကော်လိုရာဒိုနယ်ကို ၀င်ကျူးကျော်ပြီး တတိယကမ္ဘာစစ်ကိုစတင်ခဲ့တဲ့ဇာတ်ကြောင်းမျိုးဖြစ်ပါတယ်။ ဆိုဗီယက်တွေက မြို့ထဲ လေထီးနဲ့ဆင်းလာကြလို့ ဂျတ်နဲ့မတ်ညီအစ်ကိုနဲ့အတူ ကျောင်းသားအချို့က တောင်ပေါ်မှာ စစ်ပွဲ‌သွားရှောင်ကြပါတယ်။နောက်တော့ ရှောင်လွှဲလို့မရဘဲ ပြောက်ကျားတပ်အဖြစ်နဲ့ ကျူးကျော်သူတွေကို ခုခံတိုက်ခိုက်ကြပါတယ်။ ဒီကားလေးက ဆယ်ကျော်သက်အရွယ်ကြည့်ခဲ့ရတုန်းက အရမ်းကြိုက်ခဲ့ရတဲ့ကားဖြစ်ပါတယ်။ အခုပြန်ကြည့်တော့ plot holeတွေ တပုံတပင်နဲ့ အရင်ကလောက် စိတ်ကျေနပ်စရာမကောင်းတော့ပင်မဲ့ သူ့အခြေအနေနဲ့သူကြည့်ကောင်းနေဆဲ ဖြစ်တာကြောင့် ဘာသာပြန်တင်ဆက်ပေးလိုက်ရပါတယ်။ File size…(2.5 GB)/(1.5 GB) Quality….BrRip 1080p / 720p Format… mp4 Duration…. 01:54:00 Genre... Action, Drama, Thriller, War Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe thiri swe
movie

Red Dawn (1984)

How to Rob a Bank (2024) 6.6
How to Rob a Bank (2024) How to Rob a Bank (2024) IMDb - 6.6/10၁၉၉၀နှောင်းပိုင်းခုနစ် ဆီအာတယ်မှာဖြစ်ပွားခဲ့တဲ့ ဘဏ်ဓားပြတိုက်မှုဖြစ်ရပ်မှန်တွေကို အခြေခံတဲ့ မှုခင်းမှတ်တမ်းရုပ်သံကို Netflixကနေ ထုတ်လွှင့်ခဲ့ပါတယ်။အက်ဖ်ဘီအိုင်ရဲ့ နံပါတ်တစ်အလိုရှိဆုံး ဘဏ်ဓားပြကြီး ဟောလိ၀ုဒ်။ သူ့ကိုဟောလိ၀ုဒ်လို့ နာမည်ပြောင်ပေးထားရတာက ဟောလိ၀ုဒ်ရုပ်ရှင်တွေထဲမှာလို ရုပ်ပြောင်းရုပ်လွဲ ပိုင်နိုင်လွန်းလို့။Point Break (1991)ရုပ်ရှင်ထဲက ဇာတ်ကောင် Bohdiက သူ့ကိုဒီဘဏ်ဓားပြမှုတွေ လုပ်နိုင်စေဖို့ လှုံ့ဆော်ခဲ့တာလို့ဆိုပါတယ်။ဟောလိ၀ုဒ်ရဲ့ နာမည်အရင်းက စကော့စကားလော့ခ်။ အစပိုင်းမှာ ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့ပေမဲ့ ဓာတုဗေဒဓာတ်ခွဲခန်းမှာ သူ့ကို ဉာဏ်အလင်းပွင့်စေခဲ့တာက Breaking Badထဲက ဆရာကြီးဝေါ်တာဝှိုက်လိုမျိုး သန့်စင်လှတဲ့ crystal methတွေ ဖန်တီးစေတတ်ခဲ့တာပါပဲ။ကျောင်းနားရက်တွေမှာ ကျောင်းဓာတ်ခွဲခန်းထဲခိုးဝင်ပြီး မူးယစ်ဆေးချက်တာကို ပရော်ဖက်ဆာတွေမိသွားချိန်မှာ အပြီးတိုင်ကျောင်းနားလိုက်ရပါတယ်။ ဒီမှာပဲ စကော့ချက်တဲ့ မူးယစ်ဆေးတွေက ပြည်နယ်ထဲမှာတော့ အကောင်းဆုံးဆိုပြီး နာမည်ကြီးပေမဲ့ ဆေးဖြန့်တဲ့လူအသတ်ခံလိုက်ရချိန်မှာတော့ စကော့ရဲ့မူးယစ်ဆေးချက်လုပ်တာ တစ်ခန်းရပ်ခဲ့ပါတယ်။ဒီမှာပဲ အားနေတဲ့ချိန် ရုပ်ရှင်တွေကြည့်ရင်း ဘဏ်ဓားပြဖို့စိတ်ကူးပေါ်လာရာကစလို့ FBIရဲ့ နံပါတစ်အလိုအရှိဆုံး ဘဏ်ဓားပြကြီးတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ V & Alexတို့ပဲဖြစ်ပါတယ်) File size… 1.47GB / 587MB Quality…WEB ...
movie

How to Rob a Bank (2024)

2024
George and the Dragon (2004) 5.6
George and the Dragon (2004)  ဒါရိုက်တာ Tom Reeve ကိုယ်တိုင်ရေးသားရိုက်ကူးထားပြီးမင်းသား James Purefoy နဲ့မင်းသမီး Piper Perabo ပါဝင်သရုပ်ဆောင်ထားတဲ့ ဟာသစွန့်စားခန်းဇာတ်ကားလေးဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း**************ပထမခရူးဆိတ်စစ်ပွဲပြီးဆုံးချိန်မှာ ပင်ပန်းနွမ်းနယ်နေတဲ့သူရဲကောင်းတွေ၊ စစ်သားတွေနဲ့ ဘုန်းတော်ကြီးတွေဟာဥရောပတစ်လွှားက မိမိတို့နေရပ်ကို အသီးသီးပြန်လာကြပါတယ်။ရုပ်ရည်ချောမောတဲ့အင်္ဂလိပ်သူရဲကောင်းဂျော့ဂျ်ဟာပါလက်စတိုင်းမှာတွေ့ကြုံခဲ့ရတဲ့ သွေးထွက်သံယိုမြင်ကွင်းတွေကြောင့် အေးချမ်းတဲ့ဘဝမှာပဲနေထိုင်သွားဖို့ဆုံးဖြတ်ပြီးအင်္ဂလန်ကိုပြန်လာခဲ့ပါတယ်။ ဂျော့ဂျ်ဟာ အခြေချနေထိုင်ဖို့မြေကွက်ရှာဖွေရင်း စိတ်ပူပန်သောကရောက်နေရရှာတဲ့ဘုရင်အက်ဒ်ဂါနဲ့တွေ့ပြီး ပျောက်ဆုံးနေတဲ့မင်းသမီးလေးလူနာကိုရှာဖွေပေးဖို့ဖြစ်လာခဲ့ပါတယ်။ ဒါပေမဲ့ မင်းသမီးလေးကိုဖမ်းဆီးသွားတာဟာ နဂါးတစ်ကောင်ဖြစ်နေပြီး နဂါးမကြီးဟာသေဆုံးသွားတဲ့အတွက် မင်းသမီးလေးလူနာက အကောင်ပေါက်တော့မယ့်နဂါးဥလေးကိုကာကွယ်ပေးဖို့ ဆုံးဖြတ်ထားတဲ့အခါမှာတော့ ဂျော့ဂျ်ရဲ့စွန့်စားခန်းတွေက တစ်ဖန်ပြန်လည်စတင်လာပါတော့တယ်။ File size…1.93GB / 1.09B Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 33m Genre ….. Action , Adventure , Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

George and the Dragon (2004)

Powder Blue (2009)
Powder Blue (2009)  ဒီတစ်ခါမှာတော့ IMDb 6.2ထိရရှိထားတဲ့ Thriller/Drama ဇာတ်ကားလေးကို တင်ဆက်ပေးသွားမှာပါဖြစ်ပါတယ် ဒီဇာတ်ကားလေးကတော့ Los Angeles က လူလေးယောက် အကြောင်းကို ရိုက်ကူးထားတာပါခရစ္စမတ်မှာ ဒေါ်လာငါးသောင်းထည့်ထားတဲ့အိတ်တစ်လုံးနဲ့ သူ့ကိုသတ်ပေးမယ့်သူ လိုက်ရှာနေတဲ့ ဖာသာဖြစ်ခဲ့ဖူးသူ ချာလီ...... ကိုမာဖြစ်နေတဲ့ သားလေးရဲ့ ဆေးရုံစရိတ်အတွက် အဖော်အချွတ်မယ်လုပ်ပြီး ပိုက်ဆံရှာနေတဲ့ ဂျွန်နီ...... အဖေဆုံးသွားပြီး အကြွေးပိနေ‌တဲ့ သုဘရာဇာ ကွာရတီ....... ၂၅နှစ်ထောင်ကျပြီးနောက် ထောင်က လွတ်လာတဲ့ ဂျက်.......သူတို့လေးယောက်ရဲ့ ဘဝတွေက ဘာတွေဆက်ဖြစ်ဦးမလဲဆိုတာကို ကြည့်ရှုသွားရမှာဖြစ်ပါတယ် File size…(1.7 GB)/(810 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:46:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ban 
movie

Powder Blue (2009)

Road House(1989) 6.6
Road House(1989) Road House (1989) ================= ဒီတစ်ခေါက်မှာတော့ old but gold အက်ရှင်ဇာတ်ကားလေးတစ်ကားကို မိတ်ဆက်ပေးချင်ပါတယ်။ဒီဇာတ်ကားမှာ ဒေါလ်တန်ဆိုတဲ့ လုံခြုံရေးသမားဟာအကောင်းဆုံးစွမ်းရည်ရှိတဲ့ လုံခြုံရေးသမားဖြစ်ပါတယ်။ဒါကြောင့် သူဟာ တစ်နေ့မှာ မစ်ဆိုရီက ဒါဘယ်ဒုစ်ဆိုတဲ့ဘားတစ်ခုမှာ အလုပ်လုပ်ဖို့ ကမ်းလှမ်းခံရပါတယ်။ဒါဘယ်ဒုစ်ဟာ သာမာန်နေရာလို လူဆိုးတွေ၊အရက်သမားတွေ သောင်းကျန်းရုံနေရာမဟုတ်ဘဲမြို့ကိုလက်ဝါးကြီးအုပ်ထားတဲ့ ဘရတ်၀က်စ်လေ နဲ့သူ့လူတွေ သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့နေရာတစ်ခုဖြစ်ပါတယ်။ သူတို့အကုန်လုံးကိုဒေါလ်တန်က ရှင်းထုတ်လိုက်တဲ့အခါ သူ့စီးပွားရေးကိုကာကွယ်ဖို့ ဘရတ်လည်း အစွမ်းကုန်ယုတ်မာပါတော့တယ်။ တစ်မြို့လုံးကလည်း ဘရတ်လက်အောက်ရောက်နေပြီး ဘရတ်မထင်ရင်မထင်သလိုအနှိပ်စက်ခံရတာကြောင့် မတော်လှန်ရဲတဲ့အနေအထားမှာ ဒေါ်လ်တန်တစ်ယောက်တည်း ဘရတ်ကိုရင်ဆိုင်ရပါတော့တယ်။ ဒီတွေ့ဆုံမှုမှာ ဒေါလ်တန်ကပဲအနိုင်ရရှိပြီး မြို့သားတွေကိုကယ်တင်နိုင်မလား။ဒါမှမဟုတ် ရှူံးနိမ့်ပြီး မြို့ထဲကထွက်သွားရမလားဆိုတာကို စိတ်၀င်တစားကြည့်ရမယ့်ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။  File size…1.70GB / 764MB Quality…Blu-Ray 1080p5.1CH  / 720p Format…mp4 Duration….1h 54m Genre .....Action , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Jaka
movie

Road House(1989)

Green Dragon (2001) 6.1
Green Dragon (2001) Green Dragon (2001) =============== IMDb Rating - 6.1/10ဒရာမာကားကောင်းလေးတွေကို သဘောကျသူတွေအတွက် 2001ခုနှစ်က ထွက်ရှိခဲ့တဲ့ Green Dragon ဆိုတဲ့ကားလေးကို တင်ပေးလိုက်ပါတယ်။ဇာတ်လမ်းကတော့ ဗီယက်နမ်ပြည်တွင်းစစ်အပြီး စစ်ဘေးဒုက္ခ သည်များ အမေရိကန်က ဒုက္ခသည်စခန်းတွေမှာ နေထိုင်ကြပုံကို ရိုက်ကူးထားတဲ့ သမိုင်းမှတ်တမ်းတင် ဇာတ်လမ်းမျိုးဖြစ်ပါတယ်။ ပြည်တွင်းစစ်ဆိုပေမယ့်လည်း အမေရိကန်၊ ရုရှား၊ တရုတ် စတဲ့ နိုင်ငံကြီးတွေပါ ပါဝင်လာခဲ့ပြီး ကွန်မြူနစ်နဲ့ ဒီမိုကရေစီအင်အားစုတို့ အားပြိုင်မှုဖြစ်ပါတယ်။ ဒါပေမယ့် ဒီဇာတ်ကားကတော့ စစ်ပွဲအကြောင်းကို အဓိကထားရိုက်ထားတာမဟုတ်ပါဘူး။ အဓိကကတော့ စစ်ပွဲတစ်ခု ဖြစ်ရင် ခံရသူကတော့ ပြည်သူတွေပါပဲ။စစ်ပွဲကြောင့်နေထိုင်ရမလုံခြုံလို့ တစ်ခြားနိုင်ငံမှာ ဝင်ရောက်ခိုလှုံရတဲ့ ဒုက္ခသည် ပြည်သူတွေအကြောင်းကို ရိုက်ကူးထားတာပါ။ သမိုင်းမှတ်တမ်းတင် ကားဆိုပေမယ့်လည်း ပျင်းစရာကောင်းတာမျိုးမရှိဘဲ ပျော်စရာ လွမ်းစရာ အစုံနဲ့ ရသစုံပါတာမို့ ကြည့်ကောင်းတဲ့ ဇာတ်ကားလေးဖြစ်ပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Zaw Myo Thu ဖြစ်ပါတယ်)File Size..........(1.5 GB) / (450 MB) / (250 MB) Quality............WEB-DL 1080p / 720p / ...
movie

Green Dragon (2001)

2001
Ghost ( 1990 ) 7.0
Ghost ( 1990 ) ချစ်တတ်တဲ့သူတိုင်းခံစားတတ်မှာပါ1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Ghost ဆိုတဲ့ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးလိုက်ပါတယ်အော်စကာ ဆုလည်း ၂ဆု ဆွတ်ခူးနိုင်ခဲ့တဲ့ဇာတ်ကားလေးပါပဲဒါရိုက်တာ Jerry Zucker က ရိုက်ကူးထားပြီးမင်းသားကြီး Patrick Swayze နဲ့ မင်းသမီး Demi Mooreတို့တွဲဖက်ရိုက်ကူးထားတဲ့ အချစ် နဲ့ ရိုမန့်ဆန်ဆန်သရဲဇာတ်ကားတစ်ကားဖြစ်ပါတယ်...2009 ခုနှစ်မှာသေဆုံးသွားပြီဖြစ်တဲ့Patrick Swayze ရဲ့ အလွမ်းပြေကြည့်ရမယ့်ဇာတ်ကားပါဇာတ်လမ်းအကျဉ်းကတော့ ...အရမ်းချစ်ကြတဲ့ ဆမ်နဲ့မော်လီ တို့ဇနီးမောင်နှံနှစ်ယောက်မှာသူငယ်ချင်း ကားလ် ဆိုတဲ့သူတစ်ယောက်ရှိပါတယ်..နှစ်ယောက်လုံးကလည်းကားလ် အပေါ်မှာယုံကြည်ကြပါတယ်..တစ်နေ့မှာ ဆမ်က သူ့ရဲ့ စုထားတဲ့ဘဏ်ငွေစာရင်းမှာ အမေရိကန်ဒေါ်လာလေးသန်းရှိကြောင်းကို ကားလ်ကို ယုံယုံကြည်ကြည်နဲ့ပြလိုက်ပါတယ်..အဲ့နေ့ညမှာပဲ ဆမ်နဲ့မော်လီရုပ်ရှင်သွားကြည့်ရာမှ အပြန် အကြမ်းဖက်လုယက်သူတစ်ဦးနဲ့တွေ့ဆုံခဲ့ပြီး ဆမ်က ပြန်လည်ခုခံရင်းနဲ့အကြမ်းဖက်သမားရဲ့ သေနတ်ကျည်ထွက်ပြီး ဆမ် သေဆုံးခဲ့ရပါတယ်..အဲ့ဒီ့နောက်မှာတော့ဆမ် က သူ့ဇနီးမော်လီ အနားမှာနေချင်တဲ့စိတ်တွေကြောင့်ကောင်းကင်ဘုံကိုမတက်နိုင်ပဲ ရှိနေပါတယ်ဝိညာဉ်ဘဝမှာ သင်ယူစရာတွေ..တတ်မြောက်စရာတွေနဲ့အတူသူ့ဇနီးမော်လီကိုလည်းဆက်စောင့်ရှောက်နေရင်းကသူသေခဲ့ရတဲ့အကြောင်းအရင်းကိုသိရှိခဲ့တယ်.သူသေရတဲ့အကြောင်းအရင်းနောက်မှာသူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ကားလ် ပါဝင်နေတာကိုသိရှိလိုက်ရတဲ့အချိန်မှာ ဆမ်ဘယ်လိုခံစားရမလဲသူချစ်ရတဲ့မော်လီကိုရော..ဘယ်လိုကာကွယ်မလဲဆိုတာဆက်လက်စောင့်ကြည့်ပါ....ဘာသာပြန်သူ Nu Mon ဖြစ်ပါတယ်Review & Encoder : LK--------------------------------------------------------------------------ချစ်တတ်တဲ့သူတိုင်းခံစားတတ်မှာပါ1990 ခုနှစ်က ထွက်ရှိခဲ့တဲ့ Ghost ...
movie

Ghost ( 1990 )

1990
Donnie Darko (2001) 8.0
Donnie Darko (2001) Donnie Darko (2001) IMDb - 8.0/10_____Rotten - 87%    ဒီကားကို Master Pieceကားတစ်ကားလို့ဆိုကြပါတယ်။ Personalအရပြောရမယ်ဆိုရင် Predestination.. Memento ..Prestige..InceptionShutter Island အစရှိသဖြင့် ကားတွေကတောင် ဒီကားရဲ့ လေးပုံတစ်ပုံလောက် ကျွန်တော့်ကို ခေါင်းမစားစေပါဘူး။ကျွန်တော်တို့ရဲ့ Legend Actorကြီး Jake Gyllanhaalနဲ့သူ့အမ Maggie Gyllanhaalတို့ကိုလည်း ဒီရုပ်ရှင်မှာ မောင်နှမတွေအဖြစ်တွေ့ရမှာပါ။ ဒီရုပ်ရှင်မှာ ...4th Dimension ဝါ အပြိုင်စကြဝဋ္ဌာ အချိန်ခရီးသွားခြင်းသီအိုရီတွေ...ကမ္ဘာပျက်ကိန်းတစ်ခု. အိပ်မက်ယောင်လမ်းလျှောက်တတ်တဲ့ရောဂါ ဖောက်ထွက်တတ်တဲ့ အတွေးအခေါ်ရှိတဲ့လူငယ်လေးတစ်ယောက်နဲ့ ဆရာမတစ်ယောက် အဓိပ္ပါယ်မရှိတဲ့တက်ကျမ်းတွေနဲ့အောင်မြင်နေတဲ့လူတစ်ယောက် ဘဝအပေါ်မတူညီတဲ့အမြင်တွေ ကံတရားရဲ့ မယုံနိုင်လောက်စရာတွေ စိတ်ကုထုံးဆွေးနွေးမှုတွေတွေအပြင် တခြားအကြောင်းအရာပေါင်းစုံကို ၂နာရီမခွဲတဲ့ အချိန်ကလေးမှာ အကုန်လုံးထည့်သွားပါတယ်။ တစ်ကားလုံးအပြီးမှာ ခင်ဗျားမှာ မေးခွန်းတွေ သိပ်များသွားမှာ သေချာပါတယ်။ အဖြေရှိမရှိကတော့ ကိုယ့်အပေါ်ပဲ မူတည်ပါတယ်။ ဒီကားထဲက အချိန်ခရီးသွားခြင်းနဲ့ပက်သက်တာတွေဟာ စိတ်ကူးယဉ်တာတွေမဟုတ်ပဲ တကယ့် သီအိုရီတွေဖြစ်ပါတယ်။ အကျယ်သိလိုက Stephan Hawkingရဲ့ A Brief History of Time မြန်မာပြန်PDFမှာ ဖတ်ရှုလို့ရပါတယ်။ 4th Dimension ဝါ..အပြိုင်စကြဝဋ္ဌာအကြောင်းတော့ ကျွန်တော်ဖတ်မှတ် နားလည်ထားသလောက်ရှင်းပြချင်ပါတယ်။ Donnie Darko ( Spoiler Alert) အရင်ဆုံးအနေနဲ့ ကျွန်တော်ရှင်းပြချင်တာက Tangent Universe(Parallel Universe)နဲ့ Primary ...
movie

Donnie Darko (2001)

2001