Channel Myanmar
Patrick Stewart
Star Trek: Insurrection (1998)
Star Trek: Insurrection (1998) ဂန္တဝင်အာကာသရုပ်ရှင်တွေထဲက အပါအဝင်တစ်ခုဖြစ်တဲ့ Startrek Saga ထဲက ရုပ်ရှင်ကားကောင်းတစ်ကားပါ စတားထရက်ရဲ့ အဓိကဇာတ်ကောင်တွေဖြစ်တဲ့ ကပ္ပတိန်ကာ့ခ် ဂျွန်လုပစ်ကာ့ မစ္စတာဝုဖ် ..ဘို့ဂ်မျိုးနွယ်နဲ့ အာကသယာဉ်ပျံကြီးတွေ ဒါတွေက ၉၀ ကာလက စိတ်ကူးယဉ်သိပ္ပံရုပ်ရှင်တွေကြားထဲမှာခေတ်ရှေ့ပြေးဆုံး ရုပ်ရှင်တွေဖြစ်ခဲ့ပါတယ်...အခုရုပ်ရှင်မှာလည်း ကပ္ပတိန်ဂျွန်လုပစ်ကာ့တို့ဦးဆောင်တဲ့ အင်တာပရိုက်စ်အဖွဲ့ဟာ မသေမျိုးတွေအဖြစ်နေထိုင်နေတဲ့ ဂြိုလ်ကလူတွေပေါ်ကျရောက်လာတဲ့ အန္တရာယ်ကိုကာကွယ်ဖို့အတွက် ဂြိုလ်သားမျိုးနွယ်တွေနဲ့ ရင်ဆိုင်ဖို့ဖြစ်လာတဲ့ အာကာသစွန့်စားခန်းရုပ်ရှင်ကောင်းတစ်ခုပါFile size…(1.8 GB)/(1 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Science Fiction, Action, Adventure, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Thiha Yan Naing
movie
Star Trek: Insurrection (1998)
Little Lord Fauntleroy (1980) 7.5
Little Lord Fauntleroy (1980)  ဆက်ဒရစ်လေးဟာ မုဆိုးမဖြစ်သူအမေရယ် သူ့ကိုမွေးပေးခဲ့တဲ့၀မ်းဆွဲသည်ရယ်နဲ့ အမေရိကားက လူပေါင်းစုံတဲ့ ဆင်းရဲသားရပ်ကွက်လေးမှာနေတယ်။တစ်နေ့မှာတော့ သူ့ဘ၀ကိုပြောင်းသွားစေမဲ့ အလှည့်အပြောင်းကြီးတစ်ခုဖြစ်လာတယ်။ ဆုံးပါးသွားတဲ့သူ့အဖေဟာ အင်္ဂလန်ကမင်းမျိုးမင်းနွယ်တစ်ယောက်ရဲ့သားဖြစ်တာကြောင့် အဖိုးဖြစ်သူ အမတ်ကြီးက မျိုးရိုးကိုဆက်ခံဖို့ ဆက်ဒရစ်ကို ခေါ်လာခိုင်းလိုက်တာဖြစ်တယ်။နိုင်ငံလည်းမတူ တစ်ခါမှလည်း မတွေ့ဖူးတဲ့အဖိုးဟာ သူ့အမေကို ကြည့်မရလောက်အောင်မုန်းနေမှန်းလည်းမသိဘူး အင်္ဂလန်ကိုလိုက်သွားရတယ်။ အဖိုးဖြစ်သူကရော သူ့ကို လက်ခံနိုင်ပါ့မလား ချစ်မြတ်နိုင်းနိုင်ပါ့မလား ကြည့်ရှုလိုက်ကြပါဦး။ File size…(2.2 GB)/(1.1 GB) Quality….Blu-Ray 1080p / 720p Format… mp4 Duration…. 01:43:00 Genre... Drama, Family, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Su
movie
Little Lord Fauntleroy (1980)
Green Room (2015) 7.0
Green Room (2015) IMDB... 7/10 Rotten tomatoes... 90%Green Room ကတော့ 2015 တုန်းကဒါရိုက်တာ Jeremy Saulinerကိုယ်တိုင် ရေးသားရိုက်ကူးခဲ့တဲ့Horror, Thriller ရုပ်ရှင်ကားလေးပါဇာတ်လမ်းကတော့ သိပ်ပြီး ကြီးကြီးမားမားတော့ မဟုတ်ပါဘူးလူငယ် Punk Rock Band တစ်ဖွဲ့က လူမနီးသူမနီး တောအုပ်တစ်ခုမှာရှိတဲ့ Club တစ်ခုမှာသွားဖျော်ဖြေရင်းနဲ့ကံဆိုးမ သွားရာ မိုးလိုက်လို့ရွာဆိုတဲ့ အတိုင်းစင်အနောက်ဘက်က နားနေခန်း Green Room ထဲမှာလူသတ်မှုတစ်ခုနဲ့ အမှတ်မထင် ပက်ပင်းသွားတိုးသွားပြီး အသက်အန္တာရာယ်ကြီးမားတဲ့ ပြဿနာတစ်ခုနဲ့ ကြုံတွေ့ရတဲ့အဖြစ်အပျက်လေးကို ရိုက်ပြထားတာပဲ ဖြစ်ပါတယ်ဒီကားဟာ 2015 ရဲ့ အကောင်းဆုံး ရုပ်ရှင်တော့ မဟုတ်ပေမယ့် သည်းထိပ်ရင်ဖို ကြိုက်သူတွေ အတွက်တော့ လုံးဝ ပျင်းရမှာ မဟုတ်ပါဘူးသွေးထွက်သံယိုတွေလည်း အတော်ပါပါတယ်တချို့အခန်းတွေဆိုရင် အဲ့လိုမျိုးသွေးထွက်သံယို ကြိုက်တတ်တဲ့ သူတွေအတွက်တောင် အသည်းယားဖို့ကောင်းတာတွေ ပါတယ်တော်တော် ယုတ္တိရှိအောင်လည်းရိုက်ပြထားပါတယ်Punk music တွေ Metal တွေ ...
movie
Green Room (2015)
2015
4K HEVC
Ted 2 (2015) 6.3
Ted 2 (2015) IMDB: 6.3 Rotten Tomatoes:44% Genre: ComedyTed 2 ကတော့ Ted 1 ရဲ့အဆက်ဖြစ်ပါတယ်။Seth MacFarlane ရဲ့ထုံးစံအတိုင်း "Random" ဆန်တဲ့ဟာသတွေကိုမြင်ရမှာဖြစ်ပါတယ်။အတော်လေးလည်း ရယ်ရပြီး အတော်လေးလည်း ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်ဖြစ်ပါတယ်။ ဇာတ်ညွှန်းဇာတ်လမ်းအစမှာတော့ တက်ဒ်နဲ့ တယ်မီလင်းတို့နှစ်ယောက်မင်္ဂလာဆောင်လိုက်ပါပြီ။ဂျွန်ကလည်း အိမ်ထောင်ကွဲတစ်ယောက်ဖြစ်ပြီးအမြဲတမ်းလိုလိုမှိုင်တွေနေပါပြီ။ခက်တာက တက်ဒ်ဟာ လူသားတစ်ယောက်စစ်စစ်မဟုတ်ဘူးဆိုပြီးမင်္ဂလာဆောင်ကိုပြန်ရုတ်သိမ်းလိုက်ပါတယ်။ သူ့ကို"ပစ္စည်း" တစ်ခုအနေနဲ့သက်မှတ်လိုက်တဲ့အတွက်ဒီကိစ္စခေါင်းငုံ့ခံလို့မဖြစ်ဘူးဆိုပြီး တရားထစွဲပါတော့တယ်။ဒါပေမယ့် နောက်ကွယ်မှာ သူတို့မသိတဲ့အကြောင်းအရင်းလေးတွေကရှိနေပါသေးတယ်။ဘယ်လိုပေါက်ကရတွေလာဦးမလဲဆိုတာကိုတော့ ကြည့်လိုက်ကြပါ။တက်ဒီအဖြစ်မင်းသား/ဒါရိုက်တာ Seth MacFarlaneJohn အဖြစ်အချစ်တော် မင်းသား Mark Wahlbergရှေ့နေမလေး Sam အဖြစ် မင်းသမီးချော Amanda SeyfriedMorgan Freeman လည်းပါဝင်ထားပါသေးတယ်။  File Size :  2.3 GB / 1 GB Quality : Blu-Ray (Unrated) 1080p / 720p Running Time : 1h 46m Format : Mkv and ...
movie
Ted 2 (2015)
Ted (1) 2012 6.9
Ted (1) 2012 IMDB: 6.9 Rotten Tomatoes: 69% Genre: Comedy/FantasyTed 1 (2012) ကိုမသိတဲ့လူမရှိလောက်ပါဘူး။ဒီရုပ်ရှင်ကိုဖန်တီးခဲ့တာကတော့ Hollywood ဟာသရုပ်ရှင်လောကမှာ‌တော်တော်လေးကို အရည်အချင်းရှိတဲ့ Seth MacFarlane ဖြစ်ပါတယ်။နာမည်ကြီးတယ်သာပြောတယ် ခုမှကြားဖူးတယ်ဆိုတဲ့ လူတွေအတွက်Seth MacFarlane ကိုနည်းနည်းမိတ်ဆက်ပေးပါရစေ။Seth MacFarlane ဆိုတာFamily Guy ကိုအသက်သွင်းခဲ့တဲ့ လူဖြစ်ပါတယ်။အဲထက်ပိုပြီး အထင်ကြီးဖို့ကောင်းတာကFamily Guy မှာပါတဲ့Peter GriffinStewieBrianQuagmire တို့နေရာမှာ သူတစ်ယောက်တည်းအသံသရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ဇာတ်ညွှန်းJohn ဆိုတာ သူငယ်ချင်းမရှိတဲ့ ကောင်လေးတစ်ယောက်ဖြစ်ပါတယ်။အများကဝိုင်းပယ်ခြင်းကိုခံထားရတဲ့ကောင်လေးတစ်ယောက်လည်းဖြစ်ပါတယ်။ခရစ္စမတ်စ် ညတစ်ခုမှာ ဆုတောင်းလိုက်တဲ့ တောင်းဆုတစ်ခုကြောင့်John ရဲ့ တက်ဒီဝက်ဝံလေးအသက်ဝင်လာခဲ့ပါတယ်။John ဟာ တက်ဒီလေးနဲ့ ထာဝရ အတူတူသူငယ်ချင်းတွေလုပ်ကြမယ်ဆိုပြီး ကတိထားခဲ့ကြပါတယ်။တကယ်တမ်းလည်း သူတို့နှစ်ယောက်ဟာ John ၃၅ နှစ်ရောက်တဲ့အထိအချစ်ဆုံးသူငယ်ချင်းတွေဖြစ်လာခဲ့ပါတယ်။ဒါပေမယ့် John မှာ Lori ဆိုတဲ့ ကောင်မလေးတစ်ယောက်ရနေပြီးအဲဒီကောင်မလေးကြောင့်ပဲ တက်ဒီနဲ့ John တို့ကြားမှာအဖုအထစ်လေးတွေဖြစ်လာပါတော့တယ်။Seth MacFarlane ရဲ့ထုံးစံအတိုင်း "Random Bullshit Go" ဆိုတဲ့ပုံစံတွေလာမှာဖြစ်ပြီး ...
movie
Ted (1) 2012
The Prince of Egypt 7.2
The Prince of Egypt ဒီအန်နီမေးရှင်းဇာတ်လမ်းလေးမှာ Imdb 7 အထိရရှိထားပြီး မိသားစုနဲ့အတူကြည့်နိုင်တဲ့ကားကောင်းလေးတစ်ကားပါ။ မိတ်ဆွေအချင်းချင်းရိုင်းပင်းကူညီမှုနဲ့ကြိုးစားအားထုတ်ရင်ဘာမဆိုဖြစ်လာနိုင်တယ်ဆိုတာကိုမီးမောင်းထိုးပြထားတဲ့ပညာပေးအန်နီမေးရှင်းဇာတ်ကားကောင်းတစ်ကားဆိုလည်းမမှားပါဘူး။ဇာတ်လမ်းအညွှန်းဆိုရရင်တော့ဖြင့်  တစ်ခါကအီဂျစ်နိုင်ငံမှာMoses နဲ့ Ramses ဆိုတဲ့ညီအကိုနှစ်ယောက်အကြောင်းနဲ့စတင်ထားပါတယ်။တစ်ယောက်ဟာ နန်းညွန့်နန်းလျာအဖြစ်ကြီးပြင်းလာခဲ့ပြီးတော့ကျန်တစ်ယောက်မှာတော့  မိဘမဲ့အဖြစ်ကြီးပြင်းလာခဲ့ကြရပါတယ်။ဘာကြောင့်လဲဆိုတာတော့မပြောတော့ပါဘူး။သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေအဖြစ်နဲ့သာရင်းနှီးကျွမ်းဝင်ကြပြီးညီအကိုတွေမှန်းမသိခဲ့ကြပါဘူး။တစ်နေ့ အိမ်ရှေ့စံမင်းသားလေးဟာတိုင်းပြည်ကိုအုပ်ချုပ်ရတော့တဲ့အခါမှာတော့  ငယ်ရွယ်သေးတာကြောင့်အခက်ခဲတွေနဲ့ကြုံတွေ့ရပါတော့တယ်။အဲ့ဒီခါ သူဘာတွေကိုကြိုးစားသင်ယူပြီး ဘယ်လိုအခက်အခဲတွေကိုဖြေရှင်းမလဲဘယ်သူ့ရဲ့တိုက်ခိုက်မှုတွေ ဘယ်သူ့ရဲ့ကူညီမှုတွေကိုရနိုင်မလဲနောက်ဆုံးအီဂျစ်ပြည်ကြီးစည်ပင်ဝပြောဖို့သူကြံဆောင်နိုင်ပါ့မလားဆိုတာဇာတ်ကားလေးကိုသာကြည့်ရှုကြဖို့တိုက်တွန်းချင်ပါတယ်။(ဇာတ်ကား အညွှန်းကိုတော့ မိုးဦးမာန်က ရေးသားပေးခဲ့တာပါ)  File size…    3.7 GB / 1.4 GB / 727 MB Quality… BluRay 4K / 1080p / 720p Format… mp4 Duration…. 1h 39m Genre ..... Animation/ Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Myo Min Thu Thant Myint
movie
The Prince of Egypt
4K HEVC
Excalibur (1981) 7.3
Excalibur (1981) Excalibur (1981)IMDb Rating (7.3) / Rotten Tomatoes (72%)ဒါရိုက်တာကြီး Sir John Boorman ရဲ့ နာမည်ကျော် Fantasy ရုပ်ရှင်ကားကြီးပါ...နာမည်ကြီးမင်းသားမင်းသမီးတွေကိုလဲ ငယ်ငယ်တုန်းကရုပ်တွေနဲ့ရှုစားကြရပါမယ်။ဇာတ်လမ်းကတော့....မှော်ဝင်ဓားတစ်လက်ရယ်၊ အချိန်ကာလအားလုံးထဲက အကြီးမြတ်ဆုံး မှော်ဆရာတစ်ယောက်ရယ်၊ ထီးဆောင်းမင်းတွေထဲကမှ ဘုန်းကံအကြီးဆုံးမင်းမြတ်တစ်ပါးရယ်၊ သူတို့သုံးခုပါဝင်တဲ့ သမိုင်းကြောင်းကို ရိုက်ကူးထားတဲ့ ဇာတ်ကားတစ်ကားပါ။ဘုရင်မင်းမြတ် အာသာ၊ အကြီးမြတ်ဆုံးမှော်ဆရာ မာလင်၊ ဓားဘုရင် မှော်ဝင်ဓားတို့ဟာ သမိုင်းကြောင်းတစ်ခုမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။ဝါးအစည်းပြေသလို ပြန့်ကျဲနေတဲ့ ပဒေသရာဇ်မင်းတွေကို စုစည်းပြီး အင်ပါယာထူထောင်၊ ဧကရာဇ်နိုင်ငံတော်ကြီးကို အုပ်စိုးကာ ငြိမ်းချမ်းရေးအရယူနိုင်ခဲ့တဲ့ မင်းမြတ် အာသာ။နဂါးမီးတောက်ထဲကို ကိုယ်တိုင်ဝင်ပြီး ဖန်တီးမှု ဖန်ဆင်းမှုတွေကို အံ့မခန်း လုပ်ဆောင်နိုင်တဲ့ မှော်ဆရာကြီး မာလင်။ထိုက်တန်သူသာ ကိုင်ဆောင်အသုံးပြုခွင့်ရတဲ့၊ ကိုင်ဆောင်သူကို စွမ်းအင်တွေပေးတဲ့ ဓားဘုရင် မှော်ဝင်ဓား။သူတို့လို ခေသူမဟုတ်တွေတောင်မှပဲ ရှုံးနိမ့်ချိန်ဆိုတာ ရှိပါတယ်။ ပလ္လင်ပေါ်ကတောင် မထနိုင်တော့တဲ့ ...
movie
Excalibur (1981)
4K HEVC
Lifeforce (1985) 6.1
Lifeforce (1985) Lifeforce (1985) Genre – Action, Horror, Mystery IMDB – 6.1/10 ကျွန်တော်တောင် မမွေးသေးတဲ့ ၈၀ ခုနှစ်ကာလတွေရဲ့လျှို့ဝှက်ဆန်းကြယ်လည်းဖြစ်ပြီး ခြောက်ခြားထိတ်လန့်ဖွယ်ရာရုပ်ရှင်ကားလေး တစ်ကား တင်ဆက်ပေးချင်ပါတယ်။ ဒါရိုက်တာကတော့ အရင်တုန်းက နာမည်ကျော် Texas Chainsaw Massacre တို့Poltergeist တို့လို ခြောက်ခြားဖွယ်ရာကားများကို ရိုက်ကူးခဲ့တဲ့ Tobe Hooper ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ အမေရိကန်-ဗြိတိသျှ ပူးပေါင်းပြီး ၇၆ နှစ်တစ်ကြိမ်မှာ ပေါ်ပေါက်မယ့်ဟယ်လီကြယ်တံခွန်ကို အာကာသထဲမှာ လေ့လာရေး ခရီးထွက်ခဲ့ပါတယ်။ဒါပေမဲ့ ကြယ်တံခွန်နားကို ရောက်လာချိန်မှာ ထိပ်ဖျားမှာအမည်မဖော်နိုင်တဲ့ အရာဝတ္ထုကို တွေ့လို့ ဦးစီးအရာရှိကာနယ်ကာဆန်တစ်ယောက် အဖွဲ့သားတွေ ခေါ်သွားပြီးသွားရောက်လေ့လာတဲ့အခါမှာတော့ လင်းနို့သဏ္ဍာန်ရှိတခြားသက်ရှိအသေတွေကို တွေ့ပြီး လူသားပုံစံခန္ဓာကိုယ် ၃ ခုကိုလည်း တွေ့ရှိလို့ အံ့သြနေပြီး သူတို့ယာဉ်ပျံပေါ် ပြန်တင်ပြီးထွက်ခွာခဲ့ရာ မြေပြင်စခန်းနဲ့ ပြတ်တောက်သွားခဲ့ပါတယ်။ဒါကြောင့် မြေပြင်စခန်းက သွားရောက်ကယ်ဆယ်တဲ့အခါတခြားအဖွဲ့သားအားလုံး သေဆုံးနေပြီး လူပုံစံ ခန္ဓာကိုယ် ၃ ခုရယ်ကာနယ်ကာဆန်တစ်ယောက်ပဲ အသက်ရှင်ကျန်ရစ်ပါတယ်။ဒီလိုနဲ့ ...
movie
Lifeforce (1985)
1985
Ice Age: Continental Drift (2012) 6.5
Ice Age: Continental Drift (2012) ဒီဇာတ်ကားက Ice age franchiseရဲ့ စတုတ္ထဇာတ်ကား ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းကြီးတစ်ခုလုံးမှာ အစကတည်းက ပါဝင်ခဲ့တဲ့ ဝက်သစ်ချသီးကိုမှ အရူးအမူးစွဲလမ်း ​နေတဲ့ ရှဉ့်​လေး​ကြောင့်ပဲ ဒီဇာတ်လမ်း မြစ်ဖျားခံလာခဲ့တယ်လို့ ​ပြောရမှာပါပဲ။ အမြဲတမ်း ကိုရီးယားကားလိုမျိုး တေ့လွဲလွဲ​နေတဲ့ ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း အဆိုပါရှဉ့်ဟာ ကမ္ဘာ့ဗဟိုချက် အူတိုင်ထဲကို ​ကျသွားပြီး သူ့ရဲ့ဂယက်​ကြောင့်ပဲ ကမ္ဘာဦး​ခေတ်ရဲ့ ကုန်း​မြေ​တွေ တစ်စစီပြိုကွဲသွားကာ ယ​နေ့​ခေတ် တိုက်ကြီး၇ခုရဲ့ ကနဦးဗားရှင်း​​တွေ ဖြစ်လာခဲ့ပါတယ်။ဒီသက်​ရောက်မှုကို အဓိကခံခဲ့ရတာက ​ကမ္ဘာပေါ်က တိရစ္ဆာန်​တွေ ဖြစ်ပြီး ​မြေလွှာပြတ်​ရွေ့မှု​တွေ​ကြောင့် ​​နေရပ်​ဌာနတွေ ပျက်စီးကာ မိသားစုပြိုကွဲမှု​တွေ ကြုံခဲ့ရပါတယ်။ အဲဒီထဲမှာ ဇာတ်လိုက်​ကျော် မန်နီတို့ မိသားစုလည်း ပါဝင်ခဲ့ပြီး ဇနီးအယ်လီ၊သမီးပိချက်စ်တို့ရဲ့ အ​ဝေးကိုရောက်သွားခဲ့တာ​ကြောင့် မိသားစုဆီပြန်ဖို့ မန်နီတို့အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှု​တွေ၊ ခရီးမှာကြုံရတဲ့ ဓါးပြ​အဖွဲ့ရဲ့ အန္တရာယ် ​တွေကို ​ကျော်ဖြတ်ဖို့ကြိုးစားမှု​တွေကို မြင်​တွေ့ရမှာပါ။ ဒီကားမှာ character အသစ်​တွေအဖြစ် ဒီ​ယေဂိုရဲ့ချစ်သူဖြစ်လာမယ့် ရှီရာ ဆိုတဲ့ ကျားမ​လေးနဲ့ ဆစ်ဒနီရဲ့ အဘွားဖြစ်သူပါ ပါလာတာ​ကြောင့် အလွဲအ​ချော်​တွေ၊ဟာသ​တွေနဲ့ Ice age​တွေရဲ့အရသာ မပျက်တဲ့ Animationဇာတ်ကား​ကောင်းပဲ ဖြစ်ပါတယ်။ File size…  ...
movie
Ice Age: Continental Drift (2012)
2012
4K HEVCHDR
The Pagemaster (1994) 6.1
The Pagemaster (1994) ကဲ... ကျွန်တော်တို့ရဲ့ Home Alone မင်းသားချောလေးပါဝင်သရုပ်ဆောင်ထားတဲ့ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။သူပါပြီဆိုကတည်းက ဇာတ်လမ်းက သွက်လည်းသွက်မယ်။ပျော်စရာလည်းကောင်းမယ်။ပညာပေးလည်းပါမယ်ဆိုတော့ ရီဗျူးတောင်မလိုတော့ပါဘူးအရမ်းကောင်းတယ် ကြည့်... ဒါပဲ...  ရီဗျူးပြောရရင်တော့ ရစ်ချက်တိုင်လာဆိုတာ ဆယ်နှစ်ပဲရှိသေးပေမယ့်အရမ်းကြောက်တတ်တဲ့ ကလေးတစ်ယောက်ပါ။ဘာပဲလုပ်လုပ် မတော်တဆဖြစ်တတ်တယ်ဆိုပြီးကြောက်လွန်းလို့ အားမလိုအားမရဖြစ်နေတဲ့သူ့အဖေက ဘာမဆိုသတ္တိရှိအောင် ကူညီပေးပေမယ့် မထူးပါဘူး။ အခုလည်း ရစ်ချက်ကို သူတစ်ယောက်တည်းသံချောင်းသွားဝယ်ခိုင်းတော့ အကာအကွယ်အပြည့်၊ ဝတ်စုံအပြည့်ဝတ်ပြီးကြောက်ကြောက်နဲ့သွားခဲ့ရပါတယ်။ လမ်းခုလတ်မှာ ရစ်ချက်တစ်ယောက် မုန်တိုင်းမိပြီး စာကြည့်တိုက်ထဲ မိုးခိုဖို့ရောက်သွားပါတော့တယ်။ စာကြည့်တိုက်ထဲမှာ ပိတ်မိနေရင်းနဲ့ ရစ်ချက်တစ်ယောက် ကာတွန်းဇာတ်ကောင်ဖြစ်သွားတဲ့အခါ အရမ်းကြောက်တတ်တဲ့ရစ်ချက်တစ်ယောက် စာအုပ်စာပေအမျိုးအစားအစုံနဲ့ ဘယ်လိုစခန်းသွားမလဲဆိုတာကိုတော့ ဆက်ကြည့်လိုက်ပါတော့နော်....  File size…  2.3 GB /  615 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 20 m Genre .....  Adventure , Comedy Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by JoJo Va
movie
The Pagemaster (1994)
1994
Bambi II (2006) 6.1
Bambi II (2006) ambi 2 ကတော့ Disney ရဲ့ ဂန္တဝင်ကာတွန်း (Bambi) ရဲ့ကြည်နူးစရာကမ္ဘာဆီကိုပြန်လည်ခေါ်ဆောင်ပေးသွားမယ့်နောက်ဆက်တွဲဇာတ်ကားလေးပဲဖြစ်ပါတယ်။Bambi 2 ရဲ့ ထူးခြားတဲ့အင်္ဂါရပ်တွေထဲကတစ်ခုကတော့ရုပ်ရှင်ကိုအဆင့်မြင့်နည်းပညာတွေသုံးပြီးပြန်ရေးဆွဲတဲ့အချိန်မှာ မူရင်းလက်နဲ့ရေးဆွဲထားတဲ့ကာတွန်းပုံစံကိုလည်းဂုဏ်ပြုတဲ့အနေနဲ့မပျောက်ပျက်အောင်ထိန်းသိမ်းပေးထားတာဖြစ်ပါတယ်။စိမ်းလန်းစိုပြေတဲ့တောအုပ်တွေ ချစ်စရာကောင်းတဲ့တောအုပ်ထဲကသတ္တဝါလေးတွေနဲ့ ဘမ်ဘီနဲ့သမ်ပါတို့လိုအဓိကဇာတ်ကောင်လေးတွေဟာအရင်အတိုင်းတက်ကြွတဲ့ပုံစံနဲ့နှစ်ခြိုက်ဖွယ်ကောင်းနေတုန်းပဲဖြစ်ပါတယ်။ဒီဇာတ်ကားကိုအမှန်တကယ်ထူးခြားစေတာကသူ့ဖခင်ရဲ့စောင့်ရှောက်မှုအောက်မှာ အရွယ်ရောက်လာမယ့်ဘမ်ဘီရဲ့ စိန်ခေါ်မှုတွေ အောင်မြင်မှုတွေပြသထားပြီးအဖေနဲ့သားကြားက ဆက်ဆံရေးအပေါ်အာရုံစိုက်ဖော်ထုတ်ထားတဲ့အတွက်ကြည်ရှုသူတွေကို အသက်အရွယ်မရွေးဘဲဇာတ်ကောင်နဲ့ချိတ်ဆက်ခေါ်ဆောင်ပေးသွားနိုင်တာဖြစ်ပါတယ်။Bambi 2 မှာ ရွန်နိုနဲ့မီနာတို့လိုဇာတ်ကောင်အသစ်တွေကိုလည်းမိတ်ဆက်ပေးထားပြီးတော့ ဇာတ်လမ်းရဲ့ဆွဲဆောင်မှုရှိစေမယ့်အစိတ်အပိုင်းတစ်ခုအနေနဲ့ ဘမ်ဘီနဲ့ရွန်နိုတို့ရဲ့ပြိုင်ဆိုင်မှုတွေ ပဋိပက္ခတွေကိုလည်းပေါင်းထည့်ပေးထားပါတယ်။မူရင်းကအရမ်းကောင်းမွန်နေရင် နောက်ဆက်တွဲထွက်လာတဲ့ဇာတ်ကားကပိုကောင်းမွန်တဲ့မှတ်ချက်ရဖို့အင်မတန်ရုန်းကန်ရပါတယ်။နောက်ဆက်တွဲဇာတ်ကားတွေကမူရင်းအရသာကိုဖျက်မိတဲ့များပြားလှတဲ့ဇာတ်ကားတွေကြားထဲမှာ Bambi 2 လေးကတော့ကောင်းမွန်တဲ့ဥပမာတစ်ခုရဲ့ပြယုဂ်တစ်ခုအနေနဲ့အခိုင်အမာရပ်တည်နေပါတယ်။သင်နဲ့သင့်မိသားစုရဲ့အပြုံးတွေပြန်လည်အသက်ဝင်ပြီး ပျော်ရွှင်ကြည်နူးအေးချမ်းမှုဆိုတဲ့ကောင်းမွန်တဲ့စိတ်ခံစားချက်လေးတွေပြန်လည်ခံစားနိုင်စေဖို့Bambi 2 ကို CM ကနေ တင်ဆက်ပေးလိုက်ပါတယ်။  File size…  1 GB /  502 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 15m Genre .....  Adventure , Drama Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by ...
movie
Bambi II (2006)
2006
Detonator(1993) 6.7
Detonator(1993) Detonator(1993)*****************ဂျာမန်တွေရဲ့ ပလူတိုနီယံအမြောက်အများအခိုးခံလိုက်ရတယ်..ဒီသတင်းက အာဏာပိုင်တွေက ထိန်းသိမ်းထားနိုင်တော့  လူအများကြီးတော့သိပ်မသိခဲ့..သို့ပေမဲ့ နျူကလီးယားရဲ့ အဓိကအစိတ်အပိုင်းဖြစ်လေတော့ထိပ်သီးအင်အားကြီးနိုင်ငံတွေရဲ့ ခေါင်းဆောင်တွေက သိခဲ့ကြပါတယ်..တစ်နေတော့ ခိုးယူထားတဲ့အကြမ်းဖက်အဖွဲ့တွေဟာ ပလူတိုနီယံတွေတင်ပြီးရထားတွဲတစ်တွဲပေါ်အပြည့်တင်ပြီး ဓားစာခံတွေနဲ့ အတူ စတုဂတ်မြို့ကို ဆက်တိုက်ထွက်ခွာသွားတယ်... လမ်းကြောင်းရပ်အောင်လုပ်တာမျိုး လမ်းကြောင်းလွှဲတာမျိုး တစ်ခုခုလုပ်ခဲ့ရင်ဓားစာခံတွေ သေမယ်လို့ အကြတ်ကိုင်ထားပါတယ်..ဒီသတင်းကို အမေရိကန်တွေလည်းသိရှိသွားပြီး ကမ္ဘာကြီးတစ်ဝက်ဝက်လောက်ပျောက်သွားမယ့်အရေးဆိုတော့မနေသာဘဲ ဝင်ကူရပါတော့တယ်...ဂျန်းဘွန်းမင်းသားကြီးလို့ လူသိများတဲ့ Pierce Brosnan အဓိက ပါဝင်ထားပါတယ်..File Size : (3.1GB)(962MB) and (382MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:32:00 Genre : Action , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Chothet_mlmt Encoded by Phyo Pyae
movie
Detonator(1993)
Star Trek: First Contact (1996)
Star Trek: First Contact (1996) Star Trek franchise မှာ ဂြိုဟ်တွေ ဂြိုဟ်တွေအတွက် အရေးကြီးတဲ့ turning point တစ်ခု ရှိပါတယ်။ ဘာလဲဆိုတော့ ဂြိုဟ်တစ်ခုပေါ်မှာ ဖြစ်ပေါ်လာတဲ့ Civilization တစ်ခုခုဟာ သူ့အလိုအလျောက် ဆင့်ကဲတိုးတက်လာပြီး အလင်းလွန်နှုန်းစက်ဖြစ်တဲ့ warp drive ကို တီထွင်နိုင်ချိန်ပါပဲ။ Warp အချက်ပြတွေကို Federation ရဲ့ တာဝေးဆန်ဆာတွေကနေ ထောက်လှမ်းမိတဲ့အခါ အဲဒီဂြိုဟ်ကို သံတမန်တွေကို စေလွှတ်ပြီး Federation ထဲဝင်ဖို့ ကမ်းလှမ်းပါတယ်။ အဲဒီလို ပထမဆုံး စဆက်သွယ်တဲ့နေ့၊ အချိန်ကို First Contact လို့ ခေါ်ပါတယ်။ ဇာတ်လမ်းအရ ကျွန်တော်တို့ ကမ္ဘာကြီးကလည်း Federation နဲ့ First Contact နေ့ဆိုတာ ရှိခဲ့ပါတယ်။ တတိယကမ္ဘာစစ်ကြီးပြီးလို့ ပြာပုံထဲကနေ ရုန်းထလာခဲ့တဲ့ ကမ္ဘာဟာ 2063 ခုနှစ်၊ ဧပြီလ 5 ...
movie
Star Trek: First Contact (1996)
The Game of Their Lives(2005) 6.7
The Game of Their Lives(2005) The Game of Their Lives(2005)*****************************၂၀၂၂ခုနှစ်မှာကျင်းပခဲ့တဲ့ ကမ္ဘာ့ဖလားပွဲကြီးကတော့ အာဂျင်တီးနားအသင်းကဖလားကြီးကို ကိုင်မြှောက်ရင်းနဲ့ပဲ လှလှပပအဆုံးသတ်သွားခဲ့ပါတယ်။ ပြိုင်ပွဲတစ်လျှောက် မထင်မှတ်ထားတဲ့ပွဲတွေ မထင်မှတ်ထားတဲ့ရလဒ်တွေနဲ့ ပွဲကြည့်ပရိသတ်တွေကို ရသမျိုးစုံပေးစွမ်းနိုင်တဲ့ကမ္ဘာ့ဖလားပွဲကြီးဟာ အားကစားပြိုင်ပွဲတွေအားလုံးထဲမှာ အကြီးကျယ်ဆုံးလို့သတ်မှတ်ခံထားရပါတယ်။ ၁၉၃၀ ခုနှစ်မှာအစပြုခဲ့တဲ့ ကမ္ဘာ့ဖလားပွဲစဉ်တွေဟာ လေးနှစ်တစ်ကြိမ်ကျင်းပခဲ့ပြီး ၁၉၄၂ နဲ့ ၁၉၄၆ ခုနှစ်တွေမှာတော့ ဒုတိယကမ္ဘာစစ်ကြောင့်ခေတ္တရပ်နားခဲ့ရပါတယ်။ ၁၉၅၀ ခုနှစ်မှာကမ္ဘာ့ဖလားပွဲ ပြန်လည်စတင်ခဲ့တဲ့အခါမှာတော့ အမေရိကန်ပြည်ထောင်စုကလည်း ကမ္ဘာ့ဖလားကန်ဖို့အတွက် အခွင့်အရေးရခဲ့ပါတယ်။ ဘောလုံးအဆင့်အတန်းအနေနဲ့ နိမ့်ပါးနေတဲ့အမေရိကအသင်းဟာ အဲ့ဒီအချိန်အခါမှာတော့ အောက်ဆုံးအသင်းအဖြစ်အများက သတ်မှတ်ခံထားရတဲ့အသင်းပဲဖြစ်ပါတယ်။ ဒါပေမယ့် သူတို့ရဲ့ဘောလုံးအားကစားအပေါ်ထားတဲ့ စိတ်အားထက်သန်မှုနဲ့ အသင်းသားတစ်ယောက်နဲ့တစ်ယောက်အပေါ်ထားတဲ့ နားလည်မှုတွေကြောင့် အဲ့ဒီခေတ်အခါမှာအင်အားကြီးအသင်းတစ်သင်းဖြစ်တဲ့ အင်္ဂလန်အသင်းကိုအနိုင်ယူနိုင်ခဲ့ပါတယ်။ ဒီလိုဖြစ်လာဖို့အတွက် အသင်းသားတွေရဲ့အခက်အခဲတွေ တစ်ယောက်နဲ့တစ်ယောက်ရဲ့ယုံကြည်မှုတည်ဆောက်ခဲ့ရပုံတွေနဲ့ ဘောလုံးအားကစားအပေါ်ထားတဲ့သူတို့ရဲ့ ပြင်းပြတဲ့စိတ်ဓာတ်တွေကိုရိုက်ကူးပြသထားတဲ့ ဒီဇာတ်ကားလေးကတော့ ဘောလုံးချစ်တဲ့ပရိတ်သတ်တွေရော ရုပ်ရှင်ချစ်တဲ့ပရိသတ်တွေရော ကြိုက်နှစ်သက်မယ့်ဇာတ်ကားမျိုးပဲဖြစ်ပါတယ်။File Size :(2.3GB)(1.1GB) and (224MB) Quality : Blu-Ray 1080P,720p Format…mp4 Duration…01:41:00 Genre :Sport, History , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by APP Encoded by Phyo ...
movie
The Game of Their Lives(2005)
Conspiracy Theory (1997) 6.7
Conspiracy Theory (1997) ခုတစ်ခေါက် တင်ဆက်ပေးမယ့် ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသမီး အလှပဂေး Julia Roberts နဲ့ ဒါရိုက်တာ-သရုပ်ဆောင် မင်းသားကြီး Mel Gibson တို့ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်ချက်တွေ ပါဝင်ပြီးတော့ ကြည့်ရှုသူတွေအနေနဲ့ အက်ရှင်၊ နိုင်ငံရေးလျှို့ဝှက်မှုခင်းတွေနဲ့ အချစ် အကြောင်းတို့ကို စုံလင်စွာ ခံစားကြည့်ရှုရမှာ ဖြစ်ပါတယ်။ တက္ကဆီမောင်းသမား Jerry က နိုင်ငံမှာ ဖြစ်ပျက်နေတာတွေအကုန်လုံးကို လိုက်ကြည့်ပြီး ဒါကတော့လက်မဲကြီးတွေကလုပ်တာ၊ ဘယ်သူတွေကကြိုးကိုင်နေလို့ ဒီလိုဖြစ်တာဆိုပြီး ကိုယ်ပိုင်သီအိုရီတွေထုတ်တတ်လေ့ရှိပါတယ်။ တက္ကဆီမောင်းတဲ့သူလည်း ဖြစ်နေတော့ လူတွေအများကြီးနဲ့ ဆက်ဆံရပြီး တွေ့သမျှလူတိုင်းကိုလည်း သူ့အတွေးတွေအကုန်လုံးကို လိုက်ပြောလေ့ရှိပါတယ်။ သူပြောသမျှက ယုံချင်စရာမကောင်းလွန်းလို့ အရူးလို့ထင်ရပေမဲ့ သူပြောတဲ့အထဲက တစ်ခုခုကမှန်သွားပြီးတော့ သူ့ကိုလိုက်ဖမ်းတဲ့ အဖွဲ့အစည်းတစ်ခုပေါ်လာပါတယ်။ Jerry ကတော့ သူထုတ်ထားတဲ့ သီအိုရီတွေက များလွန်းလို့ ဘယ်ဟာကြောင့်ခုလို ဖြစ်ရတယ်ဆိုတာတောင် မသိတော့ပါဘူး။ Jerry မှာ သူ အရူးအမူးစွဲလမ်းနေတဲ့ Alice လို့ခေါ်တဲ့ ကောင်မလေးတစ်ယောက်လည်း ရှိပါတယ်။ ...
movie
Conspiracy Theory (1997)
Robin Hood: Men in Tights (1993) 6.7
Robin Hood: Men in Tights (1993) Robin Hood: Men in Tights (1993)~ IMDb - 6.7/10, Rotten Tomatoes - 41% ~Mel Brooks ဆိုတဲ့ဘဲ ကိုယ်တိုင်ရေး ကိုယ်တိုင်ရိုက် ကိုယ်တိုင်ထုတ်ရုံနဲ့အားမရလို့ ကိုယ်တိုင်ပါ ဝင်သရုပ်ဆောင်ထားတဲ့ ဂန္တဝင်မြောက် လက်ရာ တစ်ခု ဖြစ်တဲ့ Robin Hood Parody လေး ကြည့်ရှုနိုင်စေဖို့ တင်ဆက်ပေးလိုက်ပါတယ်။ Mel Brooks ဟာ ဟာသလိုင်းမှာတော့ တော်တော်ပေါက်တဲ့လူဖြစ်ပြီး ဒီရော်ဘင်ဟုဒ်ကားကိုလည်း စောက်တလွဲတွေအပြည့်နဲ့ စခွီထချင်စရာကောင်းအောင် တင်ဆက်ထားပါတယ်။ဒီကားက ရော်ဘင်ဟုဒ်ကားကိုမှ သောက်တလွဲစတိုင်ရိုက်ပြထားတဲ့ကားဆိုတော့ ကိုယ်တွေ အကြိုက် တောထဲမှာနေ လူဆိုးတွေဆီက ဓားပြတိုက်ပြီး လူကောင်းတွေကို ပြန်မျှတဲ့ ရော်ဘင်ဟုဒ်ထက် အိမ်ပါရှိနေပြီး အဲဒီအိမ်ကိုပါ အကြွေးနဲ့အသိမ်းခံရတဲ့အထိ သောက်တလွဲလုပ်ပြသလို၊ သူ့တိုင်းပြည်က မင်းသမီးကလည်း ဟိုနေရာကို မင်းကြီး သော့ခတ်ထားတာခံရပြီး သော့ပျောက်လို့ ...
movie
Robin Hood: Men in Tights (1993)
1993
Doctor Strange in the Multiverse of Madness (2022) 7.6
Doctor Strange in the Multiverse of Madness (2022) IMDb Rating (7.3)ဒေါက်တာစထရိန့်ဂျ် ရုပ်ရှင်အသစ်စက်စက်လာပါပြီ။ ဇာတ်လမ်းကတော့ ဝန်ဒါဗီရှင် ဇာတ်လမ်းတွဲကနေ စတာပါ။ ဝန်ဒါဗီရှင် စီးရီးကိုလည်း ချန်နယ်မြန်မာမှာ ကြည့်နိုင်ပါပြီ။ဝန်ဒါဗီရှင်စီးရီးအပြီး စကားလက်ဝစ်ချ်(ကြက်သွေးရောင်စုန်းမ) ဖြစ်သွားတဲ့ ဝန်ဒါဟာ မှော်ပညာတွေကို စွန့်လွှတ်ပြီး တစ်ယောက်တည်း နေထိုင်နေပါပြီ။ ဒါပေမဲ့ အပြိုင်စကြဝဠာတွေကို ကူးသန်းဖို့ ပေါ်တယ်တံခါး ဖွင့်နိုင်စွမ်းရှိတဲ့ အမေရိကချားဗက်စ်ဆိုတဲ့ ကလေးမလေးနဲ့ ဒေါက်တာစထရိန့်ဂျ်တို့ တွေ့ဆုံတဲ့အခါ၊ ကလေးမလေးကို နတ်ဆိုးတစ်ကောင်က လိုက်ဖမ်းနေကြောင်း သိလိုက်ရတာမို့ ဒေါက်တာစထရိန့်ဂျ်ဟာ ဝန်ဒါမက်ဆီမော့ဖ်ကို အကူအညီတောင်းလာပါတော့တယ်။အဲဒီကနေ အပြိုင်စကြဝဠာတစ်လျှောက် ရန်သူတွေ တိုက်ပွဲတွေ စတင်လာပါတော့တယ်...။WEB-DL Quality ကို 4K IMAX HDR နဲ့ပါ တင်ဆက်ထားပါတယ်။(HDR Version ကိုတော့ HDR Support လုပ်တဲ့ ခေတ်ပေါ်ဖုန်းတချို့..Android TV တချို့မှာသာ ကာလာစုံမြင်ရမှာဖြစ်ပြီး ရိုးရိုး Device တွေကတော့ 4K HEVC SDR ကိုသာ ဒေါင်းလုတ်လုပ်ကြပါ။)File size…  (5.2 ...
movie
Doctor Strange in the Multiverse of Madness (2022)
4K HEVC IMAXHDR
A Million Ways to Die in the West (2014) 6.1
A Million Ways to Die in the West (2014) A Million Ways to Die in The West (2014) (၁)ခင်ဗျားဟာ ၁၈၈၀ပြည့်နှစ်တွေထဲ အမေရိကန် အနောက်ပိုင်းမှာနေတဲ့ လူတစ်ယောက်ဆိုပါစို့။ ခင်ဗျား မွေးထားတဲ့သိုးက သူများခြံထဲက မြက်ကို သွားစားမိရင် ဒီပြဿနာက သေနတ်ချင်းယှဉ်ပစ်ပြီး ဖြေရှင်းရမယ့် ပြဿနာပါပဲ။ အနောက်အရပ်မှာ ခင်ဗျားခြံထဲကသိုးက သူများခြံထဲကမြက်ကို သွားစားမိရုံနဲ့လည်း နေရင်းထိုင်ရင်း ခင်ဗျားသေနိုင်ပါတယ်။သေနတ်ချင်းယှဉ်ပစ်တာမှာ ခင်ဗျားနိုင်ပြီး ရှပ်ထိရုံလောက် ဖြစ်သွားတယ်ဆိုပါစို့။ ခင်ဗျားအနာက ပလာစတာ ကပ်ရုံနဲ့ပျောက်လောက်တဲ့အနာဆိုရင်တောင် အရီဇိုးနားက ဆရာဝန်က ရှပ်ထိထားတဲ့ကိုယ်အင်္ဂါကို ဖြတ်ပစ်ဖို့လိုတယ်လို့ ပြောမှာပါ။ အနောက်ပိုင်းမှာရှိတဲ့ တစ်ဦးတည်းသော ဆရာဝန်ဟာ အအေးမိတဲ့လူနာကို နားထဲသံရိုက်သွင်းတဲ့ နည်းနဲ့ ကုတတ်ပြီး အဖျားကြီးရင် မြင်းကန်တာခံတဲ့နည်းနဲ့ ကုပေးတတ်တဲ့ ဇီဝကလက်သစ်ပါပဲ။ အူအတက်ပေါက်လို့ လာကုတဲ့အမျိုးသမီးတော့ ခွဲစိတ်ရင်း ခဏရပ်ပြီး နောက်လူနာကိုကုနေတဲ့အချိန် အတွင်းကလီစာတွေ ကြောင်စားခံလိုက်ရဖူးပါတယ်။(၂)ဝရမ်းပြေးတွေ၊ အမူးသမားတွေ၊ ဥညှစ်သတ်မယ့်ပြည့်တန်ဆာတွေ၊ ငတ်ပြတ်နေတဲ့ ...
movie
A Million Ways to Die in the West (2014)
2014
The Emoji Movie (2017) 5.7
The Emoji Movie (2017) လူတိုင်း အသုံးပြုနေတဲ့ Emoji လေးတွေ အကြောင်းလေ့လာ စမ်းစစ် ဖူးပါသလား...ဥပမာ တစ်နေ့ကို Emoji ဘယ်နှစ်ခုသုံးတယ်ဘယ် Emoji ကို အသုံးများနေတယ် ဆိုတာကိုပေါ့ဒီ The Emoji Movie မှာတော့ လူတိုင်းရဲ့ ဖုန်းတစ်လုံးဆီမှာEmoji လေးတွေ ရဲ့ ကမ္ဘာရှိပါတယ်ဒစ်ဂျစ်တယ် ကမ္ဘာပေါ့အဲ့ဒီ ဒစ်ဂျစ်တယ် ကမ္ဘာလေးတွေထဲက Emoji တွေဟာလူတစ်ယောက်စီ တိုင်းအတွက် အလုပ်လုပ်ပေးရပါတယ်Emoji ဌာန တွေ ရှိပြီး စနစ်တကျ စည်းမျဉ်းအတိုင်းသွားရပါတယ်အကယ်၍များ သင် ဖုန်းကနေ တစ်ယောက်ယောက်ကိုEmoji မှားပို့လိုက်တာ ဆိုရင် Digital World ထဲက Emojiတစ်ကောင်က အမှားလုပ်မိလိုက်တာ ဖြစ်ပြီး သူ့နေရာအစားထိုးခံရပြီး အလုပ်ပြုတ်သွားနိုင်ပါတယ် :Pကဲ Emoji လေးတွေ ဘယ်လို အလုပ်လဲ ကြည့်ဖို့အသင့်ပဲလားဒီရုပ်ရှင်ကားကို Aye Mon Kyaw က ဘာသာပြန်ပေးထားပြီးThit San ...
movie
The Emoji Movie (2017)
2017
TMNT (2007) 6.2
movie
TMNT (2007)
2007