Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pat Shortt
5.2
The Heist Before Christmas (2023)
The Heist Before Christmas (2023)IMDb Rating (5.2) ငွေကြေးဆင်းရဲလို ခရစ္စမတ်ကိုမုန်းတီးနေတဲ့ Mikey Collins ဆိုတဲ့ 12 နှစ်အရွယ်ကောင်လေးက သူ့အမေနဲ့ရန်ခဏခဏဖြစ်တဲ့ ခပ်ဆိုးဆိုးကလေးလေးတစ်ယောက်ပါ။သူက ခရစ္စမတ်မတိုင်ခင်မှာ ဆန်တာဝတ်စုံနဲ့ ဘဏ်ကိုဓားပြတိုက်သွားတဲ့ လူကြီးတစ်ယောက်ကိုလမ်းပြပြီး ခိုးသွားတဲ့ပိုက်ဆံဝေစုကို ယူဖိုကြံစည်ခဲ့တယ်။ဒါပေမဲ့ ဘဏ်ဓားပြဆန်တာကို တောထဲမှာသွားရှာရင်း သူ့ကိုယ်သူ ဆန်တာပါလိုပြောတဲ့ ဆန်တာဝတ်စုံနဲ့ အဖိုးကြီးတစ်ယောက်ကိုတွေ့ခဲ့တယ်။Mikey ကတော့ အဲဒီဆန်တာဖိုးဖိုးကို အတိတ်မေ့သွားတဲ့ ဘဏ်ဓားပြလိုထင်ခဲ့ပေမဲ့ သူ့ညီလေးကတော့ တကယ့်ဆန်တာအစစ်ဆိုပြီးယုံနေလေရဲ့။Mikey ဘဏ်ဓားပြရဲ့ ခိုးထားတဲ့ငွေကိုရအောင် စွန့်စားရင်း ခရစ္စမတ်ရဲ့အဓိပ္ပါယ်၊ မျှော်လင့်ချက်နဲ့ မိသားစုချစ်ခြင်းတွေကို နားလည်သဘောပေါက်လာမဲ့အကြောင်းသရုပ်ဖော်ထားတဲ့ ခရစ္စမတ်ဟာသဇာတ်ကားကောင်းလေးပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Thwal Htoo Zin ဖြစ်ပါတယ်။)File size…(680 MB) Quality….WEB-Rip 720p Format….mp4 Genre….Adventure,Family Duration….01:17:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by Thwal Htoo Zin
movie
The Heist Before Christmas (2023)
2023
7.3
The Guard (2011)
ဒီကားလေးကတော့ Oscar ဆုပေါင်းများစွာရခဲ့တဲ့ Director Martin McDonagh ရဲ့ညီဖြစ်သူ ဇာတ်ညွှန်းဆရာ John McDonagh ကပဲ ရေးသားရိုက်ကူးထားတဲ့ action-comedy ဇာတ်လမ်းလေးဖြစ်ပါတယ်။ ဒီကားကတော့ 2012 မှာ IFTA award နဲ့ BAFTA awardတို့ကို ပိုင်ဆိုင်ခဲ့တဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်ဆောင်အနေနဲ့ သရုပ်ဆောင်ခဲ့တာကတော့ Brendan Gleeson ဖြစ်ပြီးတော့ ဇာတ်ညွှန်းဆရာ John McDonagh နောက်အနေနဲ့ ရေးသားတင်ဆက်ထားတဲ့ ရုပ်ရှင် နှစ်ခုမှာ ပါဝင်ခဲ့ပြီးတော့ ဇာတ်ညွှန်းဆရာ Martin McDonagh တင်ဆက်ထားတဲ့ "In Bruges" ထဲမှာလည်းပါဝင်သရုပ်ဆောင်ထားပါသေးတယ်။~ ဇာတ်လမ်း အကျဥ်း ~ ဒီကားထဲမှာတော့ Main သရုပ်ဆောင်အနေနဲ့ Brendan Gleeson က ဘယ်အခြေအနေကိုမှအတည်လို့ ရဲစောင့်တစ်ယောက်အနေနဲ့သရုပ်ဖော်ပြထားပါတယ်။ တစ်နေ့မှာ ရဲစောင့်အသစ်ကဌာနကိုရောက်ရှိလာတဲ့နေ့မှာ သူတို့နှစ်ယောက်သား လူသတ်မှုတစ်မှုရဲ့ မှာခင်းကို ...
movie
The Guard (2011)
8.1
The Banshees of Inisherin (2022)
The Banshees of Inisherin (2022)ဒီရုပ်ရှင်ကတော့ အတော်ကိုပြောင်မြောက်တဲ့ Dark Comedy အမျိုးအစားပါ။ Martin McDonagh ကိုယ်တိုင်ရေးသားရိုက်ကူးထားတာပါပဲ။ Martin McDonagh ဆိုတာ In Bruges, Seven Psychopaths, Three Billboards Outside Ebbing, Missouri တို့တို့ နာမည်ကြီးရုပ်ရှင်တွေကို ရေးသားပေးခဲ့တဲ့သူပါပဲ။ ဒီရုပ်ရှင်ဟာ တကယ်တော့ အိုင်းရစ်ပြည်တွင်းစစ်ကို သရော်တဲ့ သဘောလည်းပါပါတယ်။ အိုင်းရစ်ပြည်တွင်းစစ်အကြောင်း ပြောရမယ်ဆိုရင်တော့ ၁၉၁၉ ကနေ ၁၉၂၁ အတွင်း အိုင်းရစ် ရီပက်ဘလစ်ကန်တပ်မတော်နဲ့ ဗြိတိသျှတို့ တိုက်ခိုက်ခဲ့ကြတဲ့ အိုင်ယာလန်လွတ်လပ်ရေးစစ်ပွဲကနေ အစပြုခဲ့တာပါပဲ။ အိုင်ယာလန်တွေဟာ 1801 ခုနှစ်ကတည်းဆုံးရှုံးခဲ့တဲ့ လွတ်လပ်ရေးအတွက်ဗြိတိန်နဲ့တိုက်ခိုက်ရင်း ၁၉၂၁ မှာ စစ်ပွဲရပ်စဲဖို့အတွက် အင်ဂလို-အိုင်ယာလန် ငြိမ်းချမ်းရေးစာချုပ်ကို ချုပ်ဆိုဖို့ အကြောင်းဖန်လာပါတယ်။ ဒီစာချုပ်အရ အိုင်ယာလန်ဟာ တစ်နှစ်အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ လွတ်လပ်တဲ့နိုင်ငံဖြစ်လာမှာပေမဲ့ ဗြတိသျှအင်ပါယာထဲမှာ အကျုံးဝင်ကြောင်း သဘောတူညီချက်စာချုပ်ပါပဲ။ အဆိုပါစာချုပ်ကို လက်ခံတဲ့အဖွဲ့နဲ့ လက်မခံတဲ့အဖွဲ့ နှစ်ဖွဲ့ကွဲပြီး အိုင်ယာလန်ပြည်တွင်းစစ်ကြီးဖြစ်လာခဲ့တာပါ။ အဆုံးမှာတော့ စာချုပ်ကိုလက်ခံတဲ့အဖွဲ့က အနိုင်ရပြီး ...
movie
The Banshees of Inisherin (2022)
2022
7.4
Calvary 2014
ဖာသာဂျိမ်းက လူကောင်းတစ်ယောက် ဖြစ်ပါတယ်။ အတတ်နိုင်ဆုံး ကောင်းမွန်အောင် ကြိုးစားနေထိုင်ခဲ့သူပေါ့။ တစ်ရက်မှာတော့ သူတာဝန်ထမ်းဆောင်ရာ ကက်သလစ်ဘုရားကျောင်းကို လူတစ်ယောက် ရောက်လာပြီး အပြစ်ဝန်ခံ အပြစ်ဖြေတာလာလုပ်ပါတယ်။ ဒီလို ဝန်ခံမှုလုပ်တဲ့အခါ တစ်ဖက်လူကို ဘုန်းတော်ကြီးတွေက မသိရတာ များပါတယ်။ အဲဒီလူက သူငယ်ငယ်က ဘုန်းကြီးတစ်ပါးက သူ့ကို လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်တဲ့အကြောင်း ဝန်ခံပြောဆိုပါတယ်။ နောက်တစ်ပတ် တနင်္ဂနွေရောက်ရင် ကမ်းခြေမှာ ဂျိမ်းကို လာသတ်မယ်ဆိုတဲ့အကြောင်းပါ အသိပေးသွားပါတယ်။ ဒီလိုလုပ်ရတာက ဘုရားကျောင်းအဖွဲ့အစည်းအတွက် ဘုန်းကြီးဆိုးတွေကို သတ်တာထက် ဂျိမ်းလို ဘုန်းကြီးကောင်းတွေကို သတ်တာက ပိုထိခိုက်မှာပဲလို့ ယူဆတယ်လို့ သူက ဆိုသွားပါတယ်။ ဖာသာဂျိမ်းက သူ့အထက်က ဘုန်းတော်ကြီးကို ဒီအကြောင်း လျှောက်တင်တဲ့အခါ ရဲတိုင်ဖို့ မတိုင်ဖို့က ကိုယ်တိုင် ဆုံးဖြတ်ဖို့အကြောင်းကိုပဲ ပြောသွားပြီး ဘာတာဝန်မှ မယူသွားပါဘူး။ တစ်ပတ်အတွင်းမှာ ဂျိမ်းက ဒီကိစ္စကို ဘယ်လိုဖြေရှင်းမလဲ၊ ဘဝအတွက် ဘာတွေ ...
movie
Calvary 2014