Channel Myanmar

Parminder Gill

Tenu Ghodi Kinney Chadaya (2025) 4.1
Tenu Ghodi Kinney Chadaya (2025) Tenu Ghodi Kinney Chadaya 2025 ( ဘန်တီနှင့် ဘာဘီတို့ရဲ့ မင်္ဂလာဆောင်ပွဲလေး)ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ ပန်ချာပီ ဟာသကားလေးဖြစ်ပါတယ်။ဘဝမှာ အိပ်မက်တစ်ခုပဲရှိပါတယ်၊ အဲဒီအိပ်မက်ကတော့ မိန်းမယူချင်တာပါဆိုတဲ့ ဘန်တေဆိုတဲ့ကောင်လေးဟာ ရွာပတ်ဝန်းကျင်မှာပါ ဂုဏ်သတင်းတစ်ခုနဲ့ နေတဲ့ ဇိုရာဝါဆင်းဂ်ဆိုတဲ့ လူကြီးရဲ့ မြေးမလေး ဘာဘီနဲ့ လက်ထပ်ဖို့အတွက် ဖြစ်လာပါတော့တယ်။မင်္ဂလာပွဲလုပ်ဖို့အတွက် ဘန်တေတစ်ယောက် ဘာဘီရှိရာ ရွာလေးကို ရောက်လာခဲ့ပါတော့တယ်။အဲဒီမှာ ဇိုရာဝါဆင်းဂ်တို့ အိမ်က စားပွဲထိုးတဲ့သူတွေအကုန်လုံးဟာ သေနတ်ကိုယ်စီကိုင်ထားတာကို ထူးဆန်းစွာ တွေ့လိုက်ရပါတယ်။ ဒီနောက်မှာတော့ ဇိုရာဝါဆင်းဂ်ရဲ့ လူတွေဟာ ဘန်တေ့ကို မင်္ဂလာပွဲကနေ ပြန်ပေးဆွဲသွားရာကဘာဘီတစ်ယောက် သူ့ သတို့သားလောင်းလေးကို ဘယ်လို ဘယ်ပုံ လိုက်လို့ရှာမလဲဆိုတာကို ဟာသလေးတွေနဲ့အတူ ဆက်လက်ကြည့်ရှုပေးကြပါဦး။(အညွှန်းနဲ့ ဘာသာပြန်ကတော့ ToMo~ Cym~ V~ KKKZ~ Zwe Yan တို့ပဲဖြစ်ပါတယ်) File size… 2 GB/ 1 GB Quality…WEB DL ...
movie

Tenu Ghodi Kinney Chadaya (2025)

Shonk Sardari Da (2023)
Shonk Sardari Da (2023) Shonk Sardari Da (2023) ပန်ဂျက်လူငယ်ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ 2023 ခုနှစ်ထွက် ပန်ချာပီစကားပြော ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တက္ကသိုလ်တစ်ခုလုံးရဲ့ ကျောင်းသားခေါင်းဆောင် ဂိုပီဟာ ရည်မှန်းချက်တွေအပြည့်နဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်ဖို့ကြိုးစားနေပါတယ်။သူတို့ကျောင်းမှာ ကျောင်းသားခေါင်းဆောင်ရွေးချယ်ပွဲရောက်တာနဲ့ ကျောင်းသားတွေတစ်ဖွဲ့နဲ့တစ်ဖွဲ့ ရန်ဖြစ်ရိုက်နှက်ကြတဲ့ ထုံးစံကြီးရှိနေပါတယ်။ ဂိုပီကတော့ ကျောင်းသားအားလုံးကို စည်းလုံးစေချင်ပြီး ပန်ဂျပ်လူငယ်တိုင်းကို လမ်းမှန်ရောက်ဖို့ လမ်းညွှန်ပေးချင်တာကြောင့်သာ ရွေးကောက်ပွဲဝင်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒီတော့ ကျောင်းသားခေါင်းဆောင် ဂိုပီတစ်ယောက် ရည်ရွယ်ထားတဲ့အတိုင်း ရွေးကောက်ပွဲအောင်နိုင်မလား..ဒီခရီးလမ်းမှာ ဘယ်လိုအနှောင့်အယှက်တွေနဲ့ကြုံရဦးမလဲဆိုတာကိုတော့ အဆုံးထိဆက်လက်ကြည့်ရှုပေးပါဦးဗျာ။( ဇာတ်ကားနဲ့အညွှန်းကိုတော့ CM Bollywood Team မှ တင်ဆက်ပေးထားပါတယ် ) File size… 3.1 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Shonk Sardari Da (2023)

Jatta Dolie Naa (2024) 6.1
Jatta Dolie Naa (2024) Jatta Dolie Naa (2024)"ဓားသွားထက်က ပုံရိပ်" ===================================== ဆစ်ခ်လူမျိုးတွေရဲ့ ရိုးရာသိုင်းပညာကိုအခြေခံဇာတ်လမ်းဆင်ထားတဲ့ ပန်ချာပီစကားပြောရုပ်ရှင်လေးတစ်ခုကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဆစ်ခ်တိုင်းပြည်ရဲ့ ခြောက်ယောက်မြောက်မင်းဆရာကြီးဖြစ်တဲ့ မီရီပီက ဂတ်ကာဆိုတဲ့ လက်နက်တစ်မျိုးကို ပြည်သူတွေအတွက်ဖန်တီးပေးခဲ့ပါတယ်။နှစ်ကာလ ကြာလာတဲ့အခါ အဲဒီလက်နက်နဲ့ တိုက်ခိုက်ရတဲ့သိုင်းပညာဟာ ဆစ်ခ်ရိုးရာသိုင်းပညာဖြစ်လာခဲ့ပါတယ်။မျက်လုံးထဲမြင်အောင်ပြောရမယ်ဆိုရင် ဂျက်ကီချန်းရဲ့ The Myth ရုပ်ရှင်ထဲမှာ အိန္ဒိယရောက်တဲ့အချိန် ဥယျာဉ်ထဲမှာ ဂျက်ကီနဲ့ ဓားချင်းယှဉ်ခုတ်ခဲ့တဲ့ သိုင်းသမားရဲ့ ဒိုင်းကာနဲ့ဓား တွဲသုံးတဲ့သိုင်းပညာပေါ့။ အိန္ဒိယမှာ အဲဒီ ဆစ်ခ်ရိုးရာသိုင်းပညာကို နိုင်ငံအဆင့်ပြိုင်ပွဲထိကျင်းပတတ်ပြီး ဒီရုပ်ရှင်ထဲမှာလည်း အဲဒီ ဆစ်ခ်ရိုးရာ ဓားသိုင်းသမားဟောင်းနှစ်ယောက်ရဲ့ ပြိုင်ဆိုင်ပုံတွေ၊ လေလွင့်နေတဲ့လူငယ်လေးတစ်ယောက် အချစ်အတွက်နဲ့ တစ်ခါမှမကိုင်ဖူးတဲ့ဓားကိုကိုင်ပြီး ဓားသိုင်းဝင်ပြိုင်ဖို့ကြိုးပမ်းပုံတွေကို ဇာတ်လမ်းဆန်းဆန်းနဲ့ မြင်တွေ့ရမှာပဲဖြစ်ပါတယ်...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပါ။) File size… 2.32 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 16m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Jatta Dolie Naa (2024)