Channel Myanmar

Park Min-ji

Canola (2016) 7.4
Canola (2016) Canola (2016)***************IMDb... 7.4 CM ပရိသတ်ကြီးတို့အတွက် ဒီတစ်ခေါက်မှာတော့ မြေးအဘွားသံယောဇဥ်ကို လှလှပပလေး ဖော်ကျူးထားတဲ့ ဇာတ်ကားကောင်းလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ မင်းသမီးကြီး Youn Yuh-jung နဲ့ Kim Go-eun တို့ အဓိကပါဝင်ထားတဲ့ ကားမို့ ကြည့်ကို ကြည့်ရမဲ့ဇာတ်လမ်းလေးဆိုတာတော့ အသေအချာပါပဲ။ဇာတ်လမ်းအညွှန်းအနေနဲ့ကတော့ ဂျယ်ဂျူကျွန်းမှာ ရေငုပ်သမအဖြစ် အသက်မွေးဝမ်းကြောင်းပြုနေတဲ့ အဘွားဂယ်ချွန်းဟာ မိဘတွေမရှိတော့တဲ့ သူ့မြေးမလေးဟယ်ဂျီကို တုန်နေအောင်ချစ်ရှာပါတယ်။ တစ်ကောင်ကြွက်ကလေးမို့ မရှိရှိတာ အကုန်ဖြည့်ဆည်းပေးရင်း တစ်နေ့မှာတော့ ကံဆိုးစွာနဲ့ ဟယ်ဂျီတစ်ယောက် ပျောက်ဆုံးသွားပါတော့တယ်။ သိပ်ချစ်ရတဲ့ မြေးမလေးဟယ်ဂျီပြန်အလာကို နှစ်ပေါင်း၂၀ကျော်ကြာအောင် အထီးကျန်စွာ စောင့်ဆိုင်းရင်း ဟယ်ဂျီပြန်ရောက်လာတဲ့အချိန်မှာတော့ အဘွားဂယ်ချွန်းရဲ့ဘဝဟာ အရင်လိုပြန်လည်စိုပြေလာခဲ့တာပေါ့။ ဒါပေမဲ့ ဟယ်ဂျီအဖြစ်ရောက်လာတဲ့ ကလေးမဟာ အဘွားဂယ်ချွန်းမျှော်နေခဲ့တဲ့ မြေးမလေး မဟုတ်မှန်း သိလိုက်ရတဲ့အချိန်မှာတော့ အဘွားရဲ့ဘဝဟာ ကံဆိုးမိုးမှောင်ကျသွားပါတော့တယ်။ ဒါဆို ဟယ်ဂျီအဖြစ်ဟန်ဆောင်ပြီးရောက်လာတဲ့ ကလေးမက ဘယ်သူဖြစ်မလဲ.. ဘာလို့ဟန်ဆောင်ပြီးရောက်လာရတာလဲ... မြေးအတုနဲ့ အဘွားဂယ်ချွန်းကြား ဘာတွေဆက်ဖြစ်မလဲဆိုတာကို စိတ်ဝင်စားစွာနဲ့ ရင်သပ်လှိုက်မောဖွယ် ကြည့်ရှုသွားရမှာပဲဖြစ်ပါတယ်။ကောင်းမွန်တဲ့ဇာတ်လမ်းဇာတ်ကွက်တွေအပြင် ရိုက်ကူးပုံရှုခင်းတွေကအစ အင်မတန်လှတာမို့ ကြည့်မိလို့ နောင်တမရမယ့်ကားလေးဖြစ်ကြောင်း ညွှန်းဆိုပေးချင်ပါတယ်နော်။ (ဇာတ်လမ်းအကျဉ်းကို  Hsu Pyae မှ ရေးသားပေးထားပါတယ်။) File size… 2.00GB/ 830MB Quality…WEB-DL 1080p ...
movie

Canola (2016)

The Wrath (2018) 5.9
The Wrath (2018) The Wrath (2018) ******************* လိုင်းပေါ်မှာ တစ်ဖန်ပြန်ပြီး ခေတ်စားလာတဲ့ ကိုရီးယား horror ကား The Wailing (2016) ကြည့်မယ်ဆိုရင် အကြောင်းအရာတွေ ဆက်စပ်ပြီး နားလည်နိုင်ဖို့အတွက် သူ့ရဲ့ မူရင်းဇစ်မြစ်ကို ရိုက်ကူးထားတဲ့ The Wrath (2018)ကို အရင်ကြည့်မှ ဖြစ်ပါမယ်နော်(ဇာတ်လမ်းအညွှန်း)ဂျိုဆွန်းခေတ်ကို ဇာတ်အိမ်တည်ထားပြီး စိတ်ဝင်စားစရာကောင်းတဲ့ ဇာတ်ကြောင်းတွေနဲ့ ကြည့်ရမယ့် Horror ဇာတ်ကားလေးပဲ ဖြစ်ပါတယ်မျိုးရိုးမြင့်အိမ်တော်တစ်ခုက သားယောက်ျားလေးတွေဟာ မင်္ဂလာဦးညမှာ အငြိုးကြီးမကောင်းဆိုးဝါးရဲ့ ခြောက်ခြားမှုတွေနဲ့ ကြုံတွေ့ပြီး အသက်ဆုံးရှုံးနေရတယ်နောက်ဆုံးကျန်တဲ့ သားအငယ်ဆုံးကိုလည်း အလားတူ ဝမ်းနည်းစရာ ဖြစ်ရပ်မျိုးမကြုံဘဲ မိသားစုကိုဆက်ခံဖို့ သွေးသားရနိုင်အောင် အိမ်တော်ရဲ့ သခင်မကြီးက နည်းလမ်းမျိုးစုံသုံးပြီး ကြိုးစားနေရှာတယ်အငြိုးကြီးမကောင်းဆိုးဝါးနဲ့ ရင်ဆိုင်ဖို့ ဟန်ဆောင်မင်္ဂလာပွဲအတွက် မျိုးရိုးနိမ့်မိဘမဲ့ အမျိုးသမီးလေးတစ်ယောက်ဟာ ဘာမှမသိဘဲ အိမ်တော်ကြီးထဲကို ရောက်ရှိလာခဲ့တယ်အဲဒီ မကောင်းဆိုးဝါးက အိမ်တော်ထဲကို ဘယ်လိုအကြောင်းတွေကြောင့် ကပ်ငြိနေရတာလဲအိမ်တော်က လူတွေကရော မကောင်းဆိုးဝါးကို ပြန်အန်တု နှိမ်နင်းသွားနိုင်မလားဆိုတာကိုတော့ The wrath movie ထဲမှာ ခံစားလိုက်ကြပါဦးFile ...
movie

The Wrath (2018)

Jenny, Juno (2005) 6.3
Jenny, Juno (2005) Jenny, Juno ( 2005 )ဂျယ်နီဂျူနိုဟာ ၁၅နှစ်ကလေးတွေရဲ့ အချစ်ဇာတ်လမ်းလို့ပြောရမလား။ ဒါမှမဟုတ် ၁၅နှစ်ကလေးတွေရဲ့ အမှားတွေအကြောင်းလို့ပြောရမလား။ ကလေးတွေရဲ့အသိစိတ်နဲ့ လူကြီးတွေရဲ့အသိစိတ်ကြားက သဘောထားကွဲလွဲမှုဇာတ်လမ်းလို့ပြောရမလား ခေါင်းစဉ်တပ်ရတော့ခက်တယ်။ ဂျယ်နီဂျူနိကို ရိုက်တဲ့ဒါရိုက်တာက ကင်ဟိုဂျွန်း။ လက်ရှိ အသက်အစိတ် ၃၀နားကပ်နေတဲ့လူတွေတော့ သူ့ကို မသိတောင် သူ့ကားတွေကို ရင်းနှီးကြမှာပဲ။ ကင်ရေဝန်း မွန်ဂန်ယောင်းနဲ့ ရှင်းဆယ်ဂယောင်းတို့ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ My Little Bride ( 2004 )လိုကားမျိုးတွေ , Love Match (2014)တို့ , Touch By Touch (2015)တို့လို ၁၈ပလပ်ဆန်ဆန်ကိုရီးယားတွေ ရိုက်ခဲ့ဖူးတဲ့လူပါပဲ။ Love Match (2014)ကိုတော့ ကြည့်ဖူးတဲ့လူတွေ ငြိခဲ့ဖူးကြမှာပါ။ ဘာလို့လဲမသိ ဒီကားတွေမှာ တူညီတဲ့အချက်က မိန်းကလေးငယ်ငယ်လေးတွေနဲ့ လိင်မှုကိစ္စခန်းတွေပါနေတာပါပဲ။ My Little Bride ( 2004 ) နဲ့ အခုရုပ်ရှင် Jenny, Juno ( 2005 )ကတော့ အထက်တန်းကျောင်းသူ ကလေးမလေးတွေနဲ့ ဇာတ်လမ်းဖြစ်ကြတာကို ...
movie

Jenny, Juno (2005)

2005
Handsome (2023)
Handsome (2023) Handsome (2023)မီနမ်(လူချောလေး)ဆိုတဲ့ စုံထောက်ဟာ နာမည်ချောပေမဲ့ လူကတော့ မချောနိုင်လို့ တော်တော်အခက်တွေ့နေသူပါအဲဒါတင်မကဘဲ လုပ်တဲ့ အလုပ်တိုင်းမှာ တော်တော်ကိုးရိုးကားယားနိုင်ပြီး ပြဿနာချည်းဖြစ်နေလို့ အဖွဲ့က မစ်ရှင်တွေမှာ သူ့ကိုချန်ထားချင်ကြပါတယ်တစ်နေ့ယာဉ်တိုက်မှုဖြစ်ပြီး လုံးဝတခြားတစ်ယောက်လူလို ပြောင်းသွားတဲ့အခါမှာ ပြဿနာကပိုကြီးလာပါတော့တယ်အဲဒါကြောင့် အဖွဲ့က အထူးတာဝန်ပေးတယ်ဆိုတဲ့ ခေါင်းစဉ်နဲ့ သူ့ကို အသွင်ယူ စုံစမ်းခိုင်းရင်းကနေ အဲဒီရာဇဝတ်မှုကို ဖမ်းနိုင်မလား အလုပ်မှာ ယုံကြည်မှုပြန်ရမလားဆိုတာ ကြည့်လိုက်ကြပါဦးနော်အညွှန်း နဲ့ ဘာသာပြန်ကတော့ Joyz ပဲ ဖြစ်ပါတယ်။Genre.....Comedy Quality…. 1080p | 720p File size… 1.1GB | 406MB Format… mp4 Duration….1h 43min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Joyz Encoder .....Aaron
movie

Handsome (2023)

2023