Channel Myanmar

Park Jeong-min

Tinker Ticker (2014) 6.4
Tinker Ticker (2014) Tinker Ticker (2014)********************IMDb... 6.4 ဒီကားလေးကတော့ Black Out, Uncle Samsik, Following, Mr. Sunshine စတဲ့ နာမည်ကြီးဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Byun Yo Han နဲ့ Newtopia, The 8 Show, Harbin, Keys to the heart စတဲ့ဇာတ်ကားကောင်းတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသား Park Jeong Min တို့ အဓိကပါဝင်သရုပ်ဆောင်ထားတဲ့ကားဟောင်းလေးဖြစ်ပါတယ်။အထက်တန်းကျောင်းသားဘဝတုန်းက ကျောင်းသားတွေကို အနိုင်ကျင့်ခဲ့တဲ့ ဆရာတစ်ယောက်ကို ကိုယ်တိုင်လုပ်လက်လုပ်ဗုံးနဲ့ဖောက်ခွဲပြီး ထိခိုက်ဒဏ်ရာရစေခဲ့တဲ့ “ဘတ်ဂျောင်းဂူ” ဟာ လက်ရှိအရွယ်မှာတော့ လူမှုပတ်ဝန်းကျင်အသိုင်းအဝိုင်းထဲ ပြန်ဝင်ဆံ့အောင်ကြိုးစားနေတဲ့သူတစ်ယောက်ပေါ့။တတ်စွမ်းသလောက်ကြိုးစားပေမဲ့လည်း ရှိခဲ့ဖူးတဲ့အတိတ်ကြောင့် တက္ကသိုလ်မှာလည်း ဘွဲ့လွန်ဆက်တက်ရောက်ခွင့်မရသလို အလုပ်အင်တာဗျူးတွေမှာ အငြင်းခံရတာ စတဲ့ စိတ်ဒုက္ခတွေနဲ့ရင်ဆိုင်နေရတာပေါ့။အဲဒီစိတ်ဒုက္ခတွေ ပင်ပန်းမှုတွေကို စိတ်ပြန်ဖြေတဲ့အနေနဲ့ “ဘတ်ဂျောင်းဂူ” က သူတတ်ကျွမ်းတဲ့လက်လုပ်ဖောက်ခွဲရေးဗုံးတွေလုပ်ပြီး အသုံးလိုမယ်လို့ထင်တဲ့လူတွေဆီကို ပို့ဆောင်ပေးရင်းစိတ်ကျေနပ်မှုရယူနေပါတော့တယ်။ဒါပေမဲ့ သူ့ဗုံးကို ...
movie

Tinker Ticker (2014)

Harbin (2024) 8.2
Harbin (2024) Harbin (2024)****************IMDb... 8.2 ကိုရီးယား နိုင်ငံရဲ့ ထိပ်တန်း သရုပ်ဆောင်တွေ ဖြစ်တဲ့ Hyun Bin , Lee Dong Wook တို့နဲ့ အတူPark Hoon, Park Jeong Min, Jeon Yeo Been, Jo Woo Jin , Yoo Jae Myung အစရှိတဲ့ဝါရင့်သရုပ်ဆောင်များစွာ ပါဝင်ထားပြီး လွတ်လပ်ရေးလှုပ်ရှားသူ Ahn Jung-geun အပေါ်မှီငြမ်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် တော်လှန်ရေး ဇာတ်ကားလေးကို ညွှန်းပေးပါရစေ။၁၉၀၅ ခုနှစ်မှာ ကိုရီးယားနိုင်ငံဟာ "ကိုရီးယား-ဂျပန်" စာချုပ် ချုပ်ဆိုဖို့ အတွက် အတင်းအကြပ်စေခိုင်းခံခဲ့ရပြီး သံတမန်ဆိုင်ရာ အခွင့်အရေးများ ဖြတ်တောက်ခံရကာ ကိုရီးယား ကျွန်းဆွယ်တစ်ခုလုံးဟာ ဂျပန်လက်အောက်ကို ကျရောက်ခဲ့ပါတယ်။၁၉၀၉ ခုနှစ် မှာတော့ ဇာတိသွေး အပြည့်ရှိတဲ့ ကိုရီးယားနိုင်ငံက တပ်မတော်ငယ်လေးဟာ ...
movie

Harbin (2024)

4K HEVC
Office (2015) 6.0
Office (2015) Office (2015)****************IMDb... 6.0Channel Myanmar ရဲ့ Korean Movie ကြိုက်နှစ်သက်သူ ပရိသတ်တွေအတွက်2015 ခုနှစ်က ထွက်ရှိထားတဲ့ Thriller ဇာတ်ကားလေးတစ်ပုဒ်နဲ့ မိတ်ဆက်ပေးလိုက်ပါတယ်။မင်းသားကြီး Park Sung-woong , Bae Seong-woo နဲ့ မင်းသမီး Go Ah-sung တို့ အဓိကအနေနဲ့ပါဝင်သရုပ်ဆောင်ထားကြတဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်။-ဇာတ်လမ်းအညွှန်း-အစားအသောက်ကုမ္ပဏီတစ်ခုမှာ မန်နေဂျာအဖြစ် လုပ်ကိုင်နေတဲ့ Kim Byeong-Gook (Bae Sung-Woo)ဟာအလုပ်မှာ အားကိုးရပြီးတော့ မိသားစုကိုလည်း ချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါ။ဒါပေမဲ့ တစ်ရက်မှာတော့ အလုပ်ကနေ အိမ်ကို ပြန်အရောက်မှာ ရုတ်တရက် သူ့ရဲ့ မိသားစုတစ်ခုလုံးကိုတူနဲ့ ရက်ရက်စက်စက်သတ်ဖြတ်လိုက်ပါတယ်။Jong-Hoon (Park Sung-Woong) ဦးဆောင်တဲ့ စုံထောက်အဖွဲ့ဟာ ဒီအမှုနဲ့ပက်သက်ပြီး သူ့ရဲ့လုပ်ဖော်ကိုင်ဖက်တွေကို စစ်ဆေးမေးမြန်းတဲ့အခါမှာ Kim Byeong-Gook နဲ့ အနီးကပ်ဆုံးဖြစ်တဲ့အလုပ်သင်လေး Lee Mi-Rye (Ko Ah-Sung) အပြင် ဘယ်သူကမှ ...
movie

Office (2015)

One Win (2024) 6.5
One Win (2024) One Win (2024)*****************IMDb... 6.5Rebound , Amazon Bullseye တို့လို အားကစားရုပ်ရှင်တွေကို အထူးနှစ်ခြိုက်ခဲ့သူများအတွက်ဒီတစ်ခေါက်မှာတော့ ဘော်လီဘောအားကစားအကြောင်း ပုံဖော်ရိုက်ကူးထားတဲ့ရုပ်ရှင်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်။Main Cast များအနေနဲ့ ရုပ်ရှင်ချစ်သူများနဲ့ မစိမ်းတဲ့ Parasite , A Taxi Driver မှ Song Kang-Ho နဲ့Uprising ဇာတ်ကားတို့မှ Park Jeong-Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဂင်အူဂျင် (Song Kang-Ho) ဟာ ဘော်လီဘောကစားသ‌မားဟောင်းဖြစ်ပြီး လက်ရှိမှာတော့ကလေးသူငယ် ဘော်လီဘောသင်တန်းကျောင်းကို ဖွင့်ထားပေမဲ့ အရှုံးပေါ်ပြီးသင်တန်းကို ပိတ်ပစ်လိုက်ရတဲ့ အခြေအနေမှာပါ။အဲဒီအချိန်မှာပဲ တိုက်တိုင်ဆိုင်ဆိုင် ပရိုအသင်း Pink Storm ကနေ နည်းပြလုပ်ပေးဖို့ ကမ်းလှမ်းလာပါတယ်။ဖြစ်ချင်တော့ Pink Storm ကလည်း အဓိက ပွဲထွက်ကစားသမားတွေလည်း အသင်းပြောင်းကုန်ပြီးအရန်ကစားသမားတွေပဲ ကျန်ရှိတော့တာမို့ ဖျက်သိမ်းရတော့မယ်လို့ သတင်းထွက်နေတဲ့ အသင်းဖြစ်နေတာပါပဲ။အဲဒီလို ဖျက်သိမ်းရခါနီးဆဲဆဲ ...
movie

One Win (2024)

Mad Sad Bad (2014)
Mad Sad Bad (2014) Mad Sad Bad (2014) ******************Thriller, Horror, Drama, Supernatural ရသစုံ ကြည့်ချင်တယ်ဆိုရင်တော့...ဒီ‌ကားလေးကိုကြည့်ဖို့ညွှန်း‌ပေးချင်ပါတယ်နော်။ ဒီကားလေးထဲမှာတော့ ဇာတ်လမ်းတိုလေးတွေ...သုံးခုပါဝင်ပြီး ဒါရိုက်တာကြီးသုံးယောက်ရဲ့ မတူညီတဲ့လက်ရာတွေကိုကြည့်ရူခံစားကြရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်း --------------"ဖြစ်ရပ်မှန်လူသတ်မှုအပေါ်အခြေခံပြီး ရိုက်ကူးထားတဲ့ ပထမဇာတ်လမ်းလေးမှာတော့...လူငယ်သဘာဝ အွန်လိုင်းကတစ်ဆင့်သံယောဇဉ်တွယ်ကာ ကိုယ်မမြင်ဖူးတဲ့သူလေးအတွက်နဲ့...ဘယ်လိုလုပ်ရပ်တွေပါလုပ်နိုင်တယ်ဆိုတာကို ရှုစားကြရမှာဖြစ်ပါတယ်""ဒုတိယဇာတ်လမ်းလေးကတော့ သဘာဝလွန်အမျိုးအစားအဖြစ်နဲ့ အကယ်၍များ...ကာကွယ်ဆေးရှာတွေ့နိုင်ခဲ့ပြီး ဇွန်ဘီတွေနဲ့ လူတွေနဲ့ အတူနေထိုင်ကြတဲ့အခါ...ဘယ်လို‌တွေဖြစ်လာနိုင်တယ်ဆိုတာကို အချစ်ဇာတ်လမ်းလေးနှောကာ ဖော်ပြသွားဦးမှာပါနော့်""နောက်ဆုံးဇာတ်လမ်းလေးမှာတော့ နေမကောင်းဖြစ်နေတဲ့မောင်လေးကို စောင့်ရှောက်ပေးရင်း...ကလေးဘဝကို ကောင်းကောင်းမဖြတ်သန်းရတဲ့ ကာတွန်းစာအုပ်တွေနှစ်ခြိုက်သူ ကလေးမလေးရဲ့ ...တွေးခေါ်ပုံတွေ နေထိုင်ပုံလေးတွေကိုလိုက်ပါခံစားနိုင်ပါတယ်"ဇာတ်လိုက်သရုပ်ဆောင်ပေါင်းများစွာက မတူညီတဲ့ရသမျိုးစုံကိုပိုင်ပိုင်နိုင်နိုင်ဖော်ပြပေးသွားလို့Horror တွေပါပေမဲ့လည်း အတင်းဖြဲခြောက်ပြကာ jump scareပါတာမျိုးမဟုတ်ဘဲ...အဆုံးထိအဖြေရှာကြရမှာမို့ တမြေ့မြေ့စဉ်းစားကာ တွေးရတာကြိုက်ရသူများကြည့်ရှုရန် အထူးသင့်တော်ပါတယ်ရှင်...ဇာတ်လမ်းအညွှန်းကို Khin Ni မှ ရေးသားပေးထားပါတယ်File Size : 2.39GB / 852MB Quality : WEB-DL 1080p / 720p Duration : 1 hr. 57 min. Genre : ...
movie

Mad Sad Bad (2014)

Bleak Night (2011) 7.2
Bleak Night (2011) Bleak Night (2011)******************* "မင်းကပါ ငါ့ကို ဒီလိုလုပ်လို မဖြစ်ဘူးနော် မင်းပဲဖြစ်ဖြစ်ရှိနေလို ငါအဆင်ပြေနေတာ "ဂီထယ်ဆိုတဲ့ အထက်တန်းကျောင်းသားလေးတစ်ယောက် ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားပြီးနောက်ဂီထယ်ရဲ့ဖခင်ဟာ သားဖြစ်သူအပေါ် ဖခင်ဝတ္တရားပျက်ကွက်ခဲ့တာကြောင့် အပြစ်ရှိစိတ်ခံစားခဲ့ရပါတယ် ..ဂီထယ်မှာ ဟီဂျွန်းနဲ့ ဒုံယွန်းဆိုတဲ့ သူငယ်ချင်းနှစ်ယောက်ရှိပြီးဟီဂျွန်းကတော့ ဂီထယ်မသေဆုံးခင် တစ်ပတ်အလိုမှာ ကျောင်းပြောင်းသွားခဲ့ပြီးတော့ဒုံယွန်းကတော့ သူငယ်ချင်းဖြစ်သူဂီထယ်ရဲ့စျာပနကို မလာခဲ့ပါဘူး။ဒီလိုနဲ့ပဲ ဂီထယ့်အဖေဟာ သူငယ်ချင်းတွေရဲ့စကားတွေကနေတစ်ဆင့်သားဖြစ်သူသေဆုံးမှုကို သိသွားနိုင်မလား....အရင်းနီးဆုံးသူငယ်ချင်းတွေဖြစ်တဲ့ သူတွေကရော ဘာတွေ ဖုံးကွယ်ထားကြသလဲ....ဂီထယ်ဆိုတဲ့ ဆယ်ကျော်သက်အရွယ်အထက်တန်းကျောင်းသားလေးကရောဘာတွေကြောင့် ဒီလိုသေဆုံးသွားရသလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်ပါတယ် ။ဆုပေါင်းများစွာသိမ်းပိုက်ထားတဲ့ ဒီရုပ်ရှင်ကားလေးမှာကတော့ ဂီထယ်အဖြစ် Taxi Driver 1/2 , Move To Heaven ထဲမှ မင်းသား Lee Je-Hoon ၊ဟီဂျွန်းအဖြစ် Hellbound, The 8Show ထဲမှ Park Jeong-Min ၊ဒုံယွန်းအဖြစ် Apple Of My Eye ,The Brave ...
movie

Bleak Night (2011)

The Dream Songs (2023) 7.7
The Dream Songs (2023) The Dream Songs (2023) ************************ ကိုရီးယားနိုင်ငံရဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်တဲ့ Sewol Ferry ဖြစ်ရပ်မတိုင်ခင် ကျောင်းလေ့လာရေးခရီးမသွားခင်အချိန်လေးကို ဇာတ်အိမ်တည်ထားပြီးဆယ်ကျော်သက်အရွယ်‌ ကျောင်းသူလေးနှစ်ယောက်ရဲ့ ရိုးရိုးသူငယ်ချင်းအချစ်ဆိုတာထက်ပိုတဲ့ ဒီကားလေးမှာတော့ဂျောင်ဆယ်မီအဖြစ် Dear M ,Hello My Twenties စတဲ့ ဇာတ်လမ်းတွဲတွေထဲမှ ချစ်စရာမင်းသမီးလေး (Park Hye Soo)ဟာအွန်းအဖြစ် Next Sohee , Run On စတဲ့ ဇာတ်လမ်းတွဲထဲက မင်းသမီးလေး (Kim Si-Eun) တို့က အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်း ************* ကျောင်းလေ့လာရေးခရီး မထွက်ခင်တစ်ရက်အလို နေ့လယ်ခင်းမှာဂျောင်ဆယ်မီတစ်ယောက် ကျောင်းစာသင်ခန်းရဲ့ထောင့်မှာ အိပ်နေရာကနေအိပ်မက်ဆိုးတစ်ခုကြောင့် မျက်ရည်တွေနဲ့ နိုးလာခဲ့ပါတယ် ။အိပ်မက်ဆိုးကနေ နိုးထလာပြီးနောက် သူ့ရဲ့သူငယ်ချင်းထက်ပိုနေတဲ့ခံစားချက်တွေကို ဖွင့်ပြောဖို့အတွက်မတော်တဆမှုတစ်ခုကြောင့် ဆေးရုံရောက်နေတဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဟာအွန်းဆီကို အပြေးအလွှားသွားခဲ့ပါတယ် ။ကျောင်းလေ့လာရေးခရီးသွားချင်ပေမဲ့ မတော်တဆမှုကြောင့်ခြေထောက်ထိသွားလို့ မသွားနိုင်တော့တဲ့ ဟာအွန်းကတော့ ဆေးရုံမှာလှဲနေကာရင်ထဲကဒဏ်ရာတွေကို ဖုံးကွယ်ထားပြီး‌ ဘာမှမဖြစ်သလိုဟန်ဆောင်နေပါတော့တယ် ။ဒီလို စိတ်ဒဏ်ရာတွေကို ဖြစ်နေတဲ့ ...
movie

The Dream Songs (2023)

Svaha: The Sixth Finger (2016) 6.3
Svaha: The Sixth Finger (2016) Svaha: The Sixth Finger (2016)IMDb Rating (6.3) / Rotten Tomatoes (75%)ဒီကိုရီးယားကားကတော့ Netflix ဇာတ်ကားလေးဖြစ်ပြီး Squid Game ထဲက မင်းသား Lee Jung-Jae နဲ့ မင်းသား Park Jung-Min တို့က အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်။ဘာသာရေးကျမ်းတွေ နတ်တွေ မကောင်းဆိုးဝါးတွေကို အခြေခံပြီး လူသတ်မှု လူသေမှုတွေကို စုံစမ်းဖော်ထုတ်တဲ့ဇာတ်လမ်းမျိုး ရိုက်ကူးထားလို့ Horror, Thriller အမျိုးအစားလို့ပဲ ပြောရမှာပါပဲ...ဇာတ်လမ်းကတော့... ခရစ်ယာန် သင်းအုပ်ဆရာ ပက်အန်ဂျေးဟာ ဘာသာရေးအစွန်းရောက်အဖွဲ့တွေ၊ ဘာသာရေးဗန်းပြ လူလိမ်အဖွဲ့တွေကို လိုက်လံဖော်ထုတ်နေသူဖြစ်ပါတယ်။ ဒီလိုနဲ့ သူလိုက်နေတဲ့အမှုတစ်ခုဟာ ဘာသာရေးဗန်းပြပြီး လူသတ်မှုတွေနဲ့ပါဝင်ပတ်သတ်နေတာကို တွေ့ရပါတော့တယ်။ လူသတ်တဲ့အဖွဲ့ကတော့ အရိမေတ္တယျ ဘုရားလောင်းကို ကာကွယ်ဖို့ လူသတ်နေတဲ့ (စတုလောကပါလ) နတ်မင်းကြီးလေးပါးလို့ ကိုယ့်ကိုယ်ကို အယူရှိနေတဲ့ အစွန်းရောက် ဘာသာရေးဂိုဏ်းတစ်ခုပါပဲ။မဟာယာန၊ တိဘက်၊ အိန္ဒိယ၊ ခရစ်ယာန် ဘာသာရေးအယူအဆတွေကိုအခြေခံပြီး အမှုလိုက်ဖော်ထုတ်ရတဲ့ အမျိုးအစားဖြစ်ပြီး လှည့်ကွက်တွေ ပါနေတဲ့အတွက် အများကြီး ...
movie

Svaha: The Sixth Finger (2016)

2019
Dr. Cheon and the Lost Talisman(2023) 7.1
Dr. Cheon and the Lost Talisman(2023) Dr. Cheon and the Lost Talisman(2023)************************************ စွန်းကြမ်းတဲ့ အပနှင်Mystery / Thriller movie  လာပါပြီ... အပနှင်တဲ့သူလိုလို နတ်ဆရာလိုလို အာပလာ ပရော်ဖက်ဆာချွန်းနဲ့ သခင်လေးဂန်လို့ ခေါ်တဲ့ သူ့တပည့် ဂန်အင်ဘယ်တို့က အပနှင်ဖို့ အလုပ်လာအပ်တိုင်း အပနှင်ချင်ယောင်ဆောင် အိမ်ကို 4D နည်းပညာသုံးပြီးတော့ ဝုန်းဒိုင်းကြဲပြလေ့ရှိပါတယ် ပစ္စည်းတွေကိုလည်း မကောင်းဆိုးဝါးကပ်နေတယ်ဆိုပြီး သိမ်းယူလာခဲ့ပြီးအောက်ဈေးနဲ့ ပြန်ရောင်းစားနဲ့ ပိုက်ဆံရှာကြတဲ့ လူလိမ်တွေပေါ့ အပနှင်တဲ့ အလုပ်လုပ်ပေမဲ့လည်း သရဲ ရှိတယ်ဆိုတာကို လုံးဝ အယုံအကြည်မရှိသလိုသူတို့ရင်ဆိုင်ရမယ့်အရာက သရဲ မဟုတ်ဘဲ လူတွေရဲ့ စိတ်လို့ပဲ လက်ခံထားကြတယ်ဒါပေမဲ့ တစ်နေ့မှာ ယူဂယောင်းဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာပြီးတော့ သိန်း ၅၀၀ ပုံပေးပြီး သူ့ ညီမလေးကို အပနှင်ပေးဖို့အတွက် သူ့အိမ်ကို ခေါ်ခဲ့တယ်အလုပ်ဖြစ်ရင် နောက်ထပ် သိန်း ၅၀၀ ထပ်ပေးမယ်လို့ မက်လုံးပေးတဲ့အတွက် ပိုက်ဆံမက်တဲ့ပရော်ဖက်ဆာကြီးတို့လည်း ကောက်ကောက်ပါအောင် လိုက်သွားခဲ့တယ်..... ကောင်မလေးအိမ်ကို ရောက်တဲ့အခါမှာ‌တော့ အလွန်ကြောက်စရာ ပရောဂစွဲကပ်နေသလိုအောက်လမ်းဆရာကြီးတွေနဲ့ ရင်ဆိုင်လာရတဲ့အခါမှာတော့....အညွှန်းကိုတော့Miriကရေးသားပေးထားပါတယ်...File size… ...
movie

Dr. Cheon and the Lost Talisman(2023)

Smugglers (2023) 6.8
Smugglers (2023) Smugglers (2023)အားလုံး တမျှော်မျှော်ဖြစ်နေခဲ့ကြတဲ့ Smugglers ရပါပြီ။Crime Action ကိုမှ ပင်လယ်ကိုအခြေပြုပြီး ဇာတ်အိမ်ဆန်းဆန်းလေး တည်ထားတာမို့ မတူညီတဲ့ ရသတစ်မျိုးကို ခံစားရမယ်လို့တော့ ထင်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရရင်တော့ ငါးဖမ်းတဲ့ ရေငုပ်သမဘဝကနေ မှောင်ခိုပစ္စည်းတွေကို ရေငုပ်ပြီး လိုက်လံရှာဖွေကြရင်း မှောင်ခိုသမားတစ်မျိုး ဖြစ်သွားခဲ့ကြတဲ့ ဂျန်ဆုနဲ့ချွန်းဂျာတို့ သူငယ်ချင်းနှစ်ယောက်ရယ်၊ တစ်နိုင်ငံလုံးမှာ အတော်ဆုံး မှောင်ခိုဘုရင်လို့ တင်စားကြတဲ့ သူဌေးဂွမ်ရယ်၊ ဂွန်းချွန်းနယ်က မှောင်ခိုခေါင်းဆောင် ဂျန်ဒိုရီရယ်…။သူတို့တွေရဲ့ တရားမဝင်မှောင်ခိုလောက,က နောက်ကျောဓားနဲ့ထိုးမှုတွေ၊ သူငယ်ချင်းအချင်းချင်း အထင်အမြင်လွဲမှားမှုတွေ၊ လူတွေရဲ့ အပေါ်ယံမျက်နှာဖုံးနောက်ကွယ်က သရုပ်မှန်တွေအကြောင်းကို Crime Action genre လေးနဲ့ ခံစားကြည့်ရှုရမှာပါ။မင်းသားမင်းသမီးတွေကတော့ အထွေအထူး ညွှန်းနေစရာမလိုတဲ့ Jo In-Sung, Kim Hye-Soo နဲ့ Yum Jung-Ah တို့ဖြစ်တာမို့ အားလုံး ကျေကျေနပ်နပ်ကြီး ကြည့်ကြရမယ်လို့ ထင်ပါတယ်နော်။အညွှန်းကိုတော့ Hmwe က ရေးထားပေးပြီးတော့ ဘာသာပြန်ထဂးတာကတော့ Hmwe & Joyz ပဲ ဖြး်ပါတယ်။Genre..... ...
movie

Smugglers (2023)

2023
Sunset in My Hometown (2018) 6.5
Sunset in My Hometown (2018) SUNSET IN MY HOMETOWN (2018) - အညွှန်း"ငါ့ရဲ့မွေးရပ်မြေကအစွန့်ပစ်ခံဆိပ်ကမ်း ၊ ငါ့ရဲ့ မွေးရပ်မြေကနုံချာလွန်းလို့ ပြပေးစရာက နေဝင်ချိန်အပြင်မရှိဘူးပဲ"မွေးရပ်မြေမှာသူချစ်တာက နေဝင်ချိန်အပြင်မရှိတဲ့ကောင်လေး ဂင်ဟက်ဆုအဖြစ် Park Jung Min ဟာ သူဝါသနာပါရာ ရက်ပ်ပါ ဖြစ်ချင်တဲ့အိပ်မက်နောက်ကိုလိုက်ဖို့ နာကြည်းချက်များစွာရှိနေတဲ့ မွေးရပ်မြေကိုစွန့်ခွာပြီး ဆိုးလ်မြို့ကိုပြောင်းခဲ့ပါတယ်။ဒီဇာတ်လမ်းလေးမှာတော့ "Show Me The Money" ပရိုဂရမ်မှာခြောက်နှစ်ဆက်တိုက်ယှဉ်ပြိုင်ခဲ့ပေမယ့် ဖိုင်နယ်အထိလည်းတက်ခွင့်မရ ၊ သူ့အပိုင်းတွေကိုလည်းဖြတ်ထုတ်ခံရတဲ့ စိတ်ဓာတ်ကျ၊လမ်းတွေပျောက်နေတဲ့လူငယ်လေးဂင်ဟက်ဆုဟာ မွေးရပ်မြေဆီက အဖေဖြစ်သူ နေမကောင်းဘူးဆိုတဲ့ ဆေးရုံကဖုန်းတစ်လုံးကြောင့် သူမုန်းတဲ့မွေးရပ်မြေကို ပြန်လာဖို့ဖြစ်လာခဲ့တဲ့ဇာတ်အိမ်ကိုအခြေခံထားပြီး မွေးရပ်မြေကိုပြန်ရောက်လာတဲ့အခါ ဘာတွေကြုံတွေ့ရမလဲဆိုတာကို သေသေသပ်သပ်နဲ့ရိုက်ပြထားတဲ့ဇာတ်လမ်းလေးဖြစ်ပါတယ်။မင်းသမီး Kim Go Eun ကတော့မွေးရပ်မြေကဟက်ဆုကိုတစ်ဖက်သတ် သဘောကျနေတဲ့ ငယ်သူငယ်ချင်းအဖြစ်ပါဝင်ထားတာဖြစ်ပါတယ်။ Kim Go Eun ကို ဒီဇာတ်လမ်းမှာ ရိုးသားဖြူစင်ပြီးနေဝင်ချိန်တွေကို ချစ်တဲ့ကောင်မလေး ၊ တက်သစ်စ စာရေးဆရာမလေးအဖြစ် ချစ်စဖွယ်မြင်တွေ့ရမှာဖြစ်ပါတယ်။ ရက်ပ်ပါဖြစ်ချင်တဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့အလျောက် ဇာတ်လမ်းတစ်လျှောက်လုံးမှာ သူ့ရဲ့ဘဝဇာတ်ကြောင်းတွေ ရုန်းကန်မှုတွေကို freestyle 2Xf2E6aEU7n685eHEbXGYHrmWn2y7a62UWBrtZzodVdD ဇာတ်လမ်းကိုဆွဲဆောင်မှုရှိစေပါသေးတယ်။ ဒါဆိုရင်တော့ လူငယ်တွေရဲ့ဘဝကိုထင်ဟပ်စေမယ့် ရက်ပ်စာသားလေးတွေကိုခံစားရင်း ၊ ဒိုင်ယာလော့လှလှလေးတွေကိုကြည့်ရင်း၊ မွေးရပ်‌မြေမှာအသစ်တစ်ဖန်ဖြစ်လာတဲ့အချစ်ဇာတ်လမ်းလေးကိုလည်းတစ်စေ့တစ်စောင်းကြည့်ရှုရမယ့် အနှစ်ဇာတ်ကားလေးဖြစ်တာမို့ လက်မလွှတ်ဘဲကြည့်ရှုလိုက်ပါတော့နော်။အညွှန်းကိုတော့ Shin Shin ...
movie

Sunset in My Hometown (2018)

Decision to Leave (2022) 7.6
Decision to Leave (2022) Decision to Leave ( 2022) ----------------------- ဒီရုပ်ရှင် နာမည်စထွက်ကတည်းက ပတ်ချန်းဝုရိုက်ပြီး Lust Cautionတစ်ကားနဲ့တင် ဆင်ဆာစပယ်ရှယ်မိထားတဲ့ ထျန်းဝေက အဓိကသရုပ်ဆောင်ထားတာမို တော်တော်လေး မျှော်နေခဲ့တာပါ။ ထျန်းဝေမှာလည်း သရုပ်ဆောင်သာကောင်းတယ် တရုတ်ပြည်ကမကြည်တာမို ပိုင်ကန်ရဲ့ long daysတို အန်းလီရဲ့ Lust cautionတိုကလွဲ ဘာကားမှကောင်းကောင်းများများမရှိလှဘူးမလား။ နောက် ဆရာပတ်ကတော့ သိကြတဲ့အတိုင်း Old Boyကားနဲ့ လျှမ်းလျှမ်းတောက်ခဲ့ပြီး အနောက်ကမ္ဘာကပါ ပြန်ရိုက်ရသလို တောင်ကိုရီးယားဒါရိုက်တာတွေထဲ သူ့ကိုကြိုက်တဲ့သူလည်းတော်တော်များပါတယ်။ ရိုက်သမျှကားအကုန်လည်း ရှယ်တွေချည်းပဲကိုး၊ပ တ်ချန်းဝုဟာ တောင်ကိုရီးယားရုပ်ရှင်လိုင်းမှာ လီချန်းဒုံပြီးရင် ကျွန်တော့်အတွက်တော့ ကားအသစ်အထွက်စေချင်ဆုံး ဒါရိုက်တာပါပဲ။ ဆရာကြီးလီကတော့ ထွက်မလာပေမဲ့ ပတ်ချန်းဝုကတော့ ထွက်လာပါပြီ ဒီရုပ်ရှင်ကိုလည်း အင်္ဂလိပ်စာဖိုင်မထွက်သေးတာကြောင့် ဇာတ်လမ်းတော့ သေချာမကြည့်ရသေးပေမဲ့ စီနီမာတိုဂရပ်ဖီတွေပတ်ကြည့်ထားတာတော့ အကုန်အပျံစားတွေချည်းပါပဲ။ စီနီမာတွေကိုချည်း ထိုင်ကြည့်နေရင်တောင် ပျင်းစရာကိုမရှိပါဘူး။ ပတ်ချန်းဝုရဲ့ အရည်အသွေးမကျဘဲ ပတ်ချန်းဝုကားပီပီသသနဲ့ထွက်လာတယ်ပြောရပါမယ်။ ဇာတ်အိမ်ကိုတော့ သေချာမကြည့်ရသေးဘူးပေါ့။ ...
movie

Decision to Leave (2022)

2022
Horror Stories 3 (2016)
Horror Stories 3 (2016) Horror Stories III (2016)IMDb - 5.3/10******************************************ညနက်သန်းခေါင်မှာ လူနှစ်ယောက် တောအုပ်ထဲမှာ လမ်းပျောက်နေကြပါသတဲ့။ လမ်းရှာရင်းနဲ့ တောလမ်းလေးအဆုံးမှာ အိမ်တစ်ဆောင်ကို တွေ့တော့ ထုံးစံအတိုင်း တစ်ညတာနားခိုဖို့ အထဲကို ဝင်လိုက်ကြပါတယ်။ ဒီအိမ်ကြီးထဲမှာ ယောက္ခထီးနဲ့ သူ့ချွေးမ နှစ်ယောက်ပဲနေထိုင်တာပါ။ တိုက်တိုက်ဆိုင်ဆိုင် အဲဒီညမှာ အိမ်မှာ ခင်ပွန်းရဲ့အသုဘနှစ်ပတ်လည် ရှိနေပါသတဲ့။ သူတို့ကို တစ်ညတာနားခွင့်ပေးလိုက်ပေမယ့် ညလယ်စာကျွေးတော့ ကလီစာဟင်းတွေ ဖြစ်နေပြန်ပါတယ်။ဘယ်လိုအိမ်ကြီးလဲ.... ဘယ်လိုလူတွေလဲဆိုတာ .... မသိုးမသန့်ဖြစ်စရာကောင်းလှပါတယ်.....။သေချာတာတစ်ခုကတော့ ခြောက်ခြောက်ခြားခြားတွေကို ရိုက်ပြထားတာမို့လို့ အသည်းငယ်တတ်သူတွေ၊ ရွံရှာဖွယ် အခန်းတွေကို ကြောက်လန့်တတ်သူများ မကြည့်သင့်ပါဘူးလို့ ကြိုသတိပေးပါရစေ။"ကြောက်တတ်သူများ မကြည့်ရ" ဆိုပြီး တစ်ချိန်က ဗမာဗီဒီယိုလောကမှာ နာမည်ကြီးခဲ့တဲ့ ဇာတ်ကားကို မှတ်မိကြမယ်ဆိုရင်......အဲဒီလိုပုံစံမျိုးပဲ ဇာတ်လမ်းတိုလေး ၃ပုဒ်လောက်ကို အရသာရှိရှိ ချိတ်ဆက်ပြီး ကျောချမ်းစရာဖြစ်အောင် ရိုက်ပြထားတဲ့ ဇာတ်ကားလေးပါ။ဇာတ်လမ်းအတိုလေးတွေရဲ့ ခေါင်းစဥ်ကို အမြည်းပြောပြရရင် - မားစ်ဂြိုဟ်က မိန်းကလေး... - လမ်းမထက်က ဒေါသမီး.... - စက်ရုပ် ဝိညာဥ်.... တို့ပဲဖြစ်ပါတယ်။2016 ခုနှစ်က ထွက်ခဲ့တဲ့ ...
movie

Horror Stories 3 (2016)

2016
Miracle: Letters to the President (2021) 7.7
Miracle: Letters to the President (2021) The Miracle : Letters to President (2021)IMDb - 7.7/10ဒရမ်မာကို ဟာသလေးနှောပြီး ကြည့်ချင်သူများအတွက်၂နာရီစာလောက်ပဲရှိတဲ့ ဇာတ်ကားကောင်းလေး တစ်ကားကို တင်ဆက်ပေးပါရစေCast တွေကတော့ Girl's Generation ထဲက Yoon-Ah နဲ့Hellbound မီနီစီးရီးထဲက Park Jung Min တို့ ခေါင်းဆောင်အနေနဲ့ ပါဝင်ထားတာပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ .....အချိန်ကာလအားဖြင့် ၁၉၈၀ ပြည့်နှစ်ဝန်းကျင်ကိုရီးယား ဂယောင်းဆန်းခရိုင်မှာ ရွာရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးချင်တဲ့အတွက်သမ္မတကြီးဆီကို စာတွေအမြဲပို့ပေးခဲ့တဲ့ ဉာဏ်ကြီးရှင် ဂျွန်းဂယောင်းနဲ့ဂျွန်းဂယောင်းရဲ့အိမ်မက်ကိုနားလည်သွားတဲ့ ကောင်မလေး လာဟီးတို့ရဲ့ ကြိုးစားမှုရယ်အဖေနဲ့ မောင်လေးကိုပဲ ဦးစားပေးလာတဲ့ ဂျွန်းဂယောင်းအစ်မ ဘိုဂယောင်းနဲ့သားနဲ့ ဆက်ဆံရေး စိမ်းသက်သက်ဖြစ်တဲ့ သားအဖနှစ်ဦးကြားက သံယောဇဉ်...ဒီလိုဆန်းပြားတဲ့ ကာရိုက်တာတွေကို ဘယ်လိုတင်ဆက်ပေးမလဲဆိုတာကိုThe Miracle : Letters to President ...
movie

Miracle: Letters to the President (2021)

2021