Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Park Hye-su
7.5
Swing Kids (2018)
Swing Kids (2018)*******************ဒီတစ်ခါမှာတော့ အဓိကသရုပ်ဆောင်တွေအဖြစ် EXO အဖွဲ့ဝင် D.O, မင်းသမီး Park Hye Soo, ပရိတ်သတ်ရင်းနှီးပြီးသားသရုပ်ဆောင် Oh Jung se တို့အဓိက ပါဝင်ထားပြီး 2018ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ကိုရီးယား musical ရုပ်ရှင်လေးတစ်ကားကို ပရိတ်သတ်ကြီးတို့အတွက် တင်ဆက်ပေးလိုက်ပါတယ်ရှင် ..ဇာတ်လမ်းအကျဉ်း *************** 1951ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ကိုရီးယားစစ်ပွဲအတွင်းမှာ မြောက်ကိုရီးယားနဲ့ တရုတ်အကျဉ်းသားတွေက တောင်ကိုရီးယား ဂိုဂျယ်ကျွန်းရှိ စခန်းကို စေလွှတ်ခံခဲ့ရပါတယ် ..POW စခန်းကတော့ ကွန်မြူနစ်စနစ်ကိုလိုလားတဲ့သူတွေနဲ့ ကွန်မြူနစ်စနစ်ကိုဆန့်ကျင်တဲ့သူတွေအကြားက ပဋိပက္ခလက်အောက်မှာ ရှိနေပါတယ် ..ရိုဂီဆူကတော့ ဂိုဂျယ်POW စခန်းမှာ ထိန်းသိမ်းခံထားရတဲ့ မြောက်ကိုရီးယားစစ်သားတစ်ယောက်ပါ...အဲဒီအချိန်မှာပဲ တပ်ကြပ်ကြီးဂျက်ဆင်ဆီကို tap dance ဆိုတဲ့ ဖိနပ်စည်းချက်လိုက်အကကဖို့ အကအဖွဲ့တစ်ခုဖွဲ့ရန် အမိန့်ကျလာပါတယ်...အဲဒါကြောင့် ဂျက်ဆင်က စခန်းမှာ အကအဖွဲ့ဝင်တွေ ရွေးချယ်ဖို့အတွက် လူရွေးပွဲကျင်းပခဲ့ပြီး...နောက်ဆုံးမှာတော့ တရုတ်စစ်သား ရှောင်းဖန် ကွန်မြူနစ်ပါတီဝင်ဟု မတရားစွပ်စွဲခံခဲ့ရတဲ့ ဂန်ဗြောင်ဆမ်း နှင့် မိသားစုကို ထောက်ပံ့ပေးနေတဲ့ ယန်းဖန်းလယ်တို့ သုံးယောက်က အကအဖွဲ့မှာ ပါဖို့ဖြစ်လာပါတော့တယ် ...ထိုအချိန်တွင် တပ်ကြပ်ကြီးဂျက်ဆင်က ဂီဆူရဲ့ အကအရည်အချင်းကို သဘောကျပြီးတော့ အကအဖွဲ့ထဲဝင်ဖို့ ကမ်းလှမ်းတဲ့အခါမှာတော့....စစ်ပွဲအကြားမှာ ...
movie
Swing Kids (2018)
7.7
The Dream Songs (2023)
The Dream Songs (2023) ************************ ကိုရီးယားနိုင်ငံရဲ့ ဖြစ်ရပ်ဆိုးကြီးတစ်ခုဖြစ်တဲ့ Sewol Ferry ဖြစ်ရပ်မတိုင်ခင် ကျောင်းလေ့လာရေးခရီးမသွားခင်အချိန်လေးကို ဇာတ်အိမ်တည်ထားပြီးဆယ်ကျော်သက်အရွယ် ကျောင်းသူလေးနှစ်ယောက်ရဲ့ ရိုးရိုးသူငယ်ချင်းအချစ်ဆိုတာထက်ပိုတဲ့ ဒီကားလေးမှာတော့ဂျောင်ဆယ်မီအဖြစ် Dear M ,Hello My Twenties စတဲ့ ဇာတ်လမ်းတွဲတွေထဲမှ ချစ်စရာမင်းသမီးလေး (Park Hye Soo)ဟာအွန်းအဖြစ် Next Sohee , Run On စတဲ့ ဇာတ်လမ်းတွဲထဲက မင်းသမီးလေး (Kim Si-Eun) တို့က အဓိကပါဝင်ထားပါတယ်။ဇာတ်လမ်းအညွှန်း ************* ကျောင်းလေ့လာရေးခရီး မထွက်ခင်တစ်ရက်အလို နေ့လယ်ခင်းမှာဂျောင်ဆယ်မီတစ်ယောက် ကျောင်းစာသင်ခန်းရဲ့ထောင့်မှာ အိပ်နေရာကနေအိပ်မက်ဆိုးတစ်ခုကြောင့် မျက်ရည်တွေနဲ့ နိုးလာခဲ့ပါတယ် ။အိပ်မက်ဆိုးကနေ နိုးထလာပြီးနောက် သူ့ရဲ့သူငယ်ချင်းထက်ပိုနေတဲ့ခံစားချက်တွေကို ဖွင့်ပြောဖို့အတွက်မတော်တဆမှုတစ်ခုကြောင့် ဆေးရုံရောက်နေတဲ့ သူ့ရဲ့အချစ်ဆုံးသူငယ်ချင်း ဟာအွန်းဆီကို အပြေးအလွှားသွားခဲ့ပါတယ် ။ကျောင်းလေ့လာရေးခရီးသွားချင်ပေမဲ့ မတော်တဆမှုကြောင့်ခြေထောက်ထိသွားလို့ မသွားနိုင်တော့တဲ့ ဟာအွန်းကတော့ ဆေးရုံမှာလှဲနေကာရင်ထဲကဒဏ်ရာတွေကို ဖုံးကွယ်ထားပြီး ဘာမှမဖြစ်သလိုဟန်ဆောင်နေပါတော့တယ် ။ဒီလို စိတ်ဒဏ်ရာတွေကို ဖြစ်နေတဲ့ ...
movie
The Dream Songs (2023)
6.8
Samjin Company English Class (2020)
ဒီဇာတ်ကားကိုတော့ ၁၉၉၅ခုနှစ်မှာ အခြေခံထားပါတယ် လီဂျာယောင်း ဂျောင်ယူနာ ရှင်းဘိုရမ်ဆိုတာ တက္ကသိုလ်ဆက်မတက်နိုင်တဲ့ အထက်တန်းကျောင်းထွက်တွေဖြစ်ကြပေမယ့် ဘဝကိုကြိုးကြိုးစားစားနေထိုင်ကြပြီး ဆမ်ဂျင်းအီလက်ထရောနစ်ကုမ္ပဏီရဲ့အမျိုးသမီးဝန်ထမ်းတွေလည်းဖြစ်ကြပါတယ် အလုပ်မှာထူးချွန်သူတွေဖြစ်ကြပေမယ့် တက္ကသိုလ်မတက်နိုင်ခဲ့တော့ အဆင့်အတန်းခွဲခြားခံရင်း တစ်နေ့မှာ မန်နေဂျာဖြစ်နိုင်ဖို့ မျှော်လင့်နေကြတဲ့သူတွေပေါ့ ဒီလိုနဲ့ တစ်နေ့ ကုမ္ပဏီမှာ TOEIC အမှတ်၆၀၀ကျော်ရင် မန်နေဂျာဖြစ်နိုင်တယ်လို့ ကြေညာစာထွက်လာခဲ့တယ် အဲဒီအချိန်ကစပြီး သူငယ်ချင်း၃ယောက် ကြိုးစားပမ်းစား အင်္ဂလိပ်စာသင်ခဲ့ကြတယ် တစ်ချိန်တည်းမှာပဲ ကုမ္ပဏီရဲ့ရှေ့ရေးကို ထိခိုက်စေတဲ့ ဓာတုပစ္စည်းတရားမဝင်စွန့်ထုတ်မှုတွေ ကြုံတွေ့လာရတဲ့အခါ မန်နေဂျာဖြစ်ဖို့ကြိုးစားနေတဲ့ ကိုယ့်ရဲ့ရည်မှန်းချက်တွေကို ထိခိုက်မလာစေဖို့ ဒီတရားမဝင်စွန့်ထုတ်မှုရဲ့နောက်ကွယ်မှာ ဘယ်သူတွေရှိလဲ ဒီကုမ္ပဏီကို ဘယ်လိုတွေကာကွယ်ရမလဲ ဘယ်သူ့လက်ထဲကနေ ကာကွယ်ရမလဲဆိုတာ ဒီကားထဲမှာ စောင့်ကြည့်လိုက်ကြရအောင် မင်းသမီး၃ယောက်လုံးကိုတော့ ကိုရီးယားဒရာမာပရိသတ်တွေ သေချာပေါက်ရင်းနှီးနေမှာအမှန်ပါပဲ စုပေါင်းခြင်းသည်အင်အားဆိုတဲ့ ဆိုရိုးစကားကို ဒီဇာတ်ကားလေးထဲမှာ အသေအချာတွေ့နိုင်ပါလိမ့်မယ် နောက်ပြီးတော့လည်း သူငယ်ချင်းသံယောဇဉ် အထက်လူကြီးတစ်ယောက်ရဲ့မေတ္တာ အလုပ်ခွင်သံယောဇဉ်နဲ့ယုံကြည်မှုတွေကို အပြည့်အဝခံစားရပါလိမ့်မယ် သေချာပေါက်ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်လို့ ညွှန်းပေးချင်ပါတယ် Translated by : Phue Nge Nge Thein Encoded by : Thit San Khant Quality : 1080p and 720p File Size : 1.16 Gb and 541 Mb
movie
Samjin Company English Class (2020)
2020