Channel Myanmar

Park Cheol-min

Meet the In-Laws (2011) 6.3
Meet the In-Laws (2011) Meet the In Laws (2011) **************************ဒီတစ်ခေါက်မှာတော့ အားလုံးသိကြတဲ့ F4, Sweet Home ထဲက မင်းသမီးချော Lee Si Young နဲ့ Possessed, My Mister တို့မှာ ပါဝင်ခဲ့တဲ့ မင်းသား Song Sae Byeok တို့ရဲ့ အချစ်ဟာသ ဇာတ်ကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ရှင်။ရိုးသားတဲ့ ဟျွန်းဂျွန်းဆိုတဲ့ ကောင်လေးကတော့ အချစ်နဲ့ပတ်သက်တဲ့ ကာတွန်းတွေကို ရေးဆွဲတဲ့ ကာတွန်းရေးဆရာဖြစ်ပါတယ်။ တစ်ရက်မှာတော့ ဟျွန်းဂျွန်းက သူနဲ့ စာအပြန်အလှန် ပေးဖြစ်နေတဲ့ ဒါဟုံးဆိုတဲ့ မိန်းကလေးတစ်ယောက်နဲ့ ချစ်ကျွမ်းဝင်သွားပါတယ်။ဒါဟုံးကို သူ့ရဲ့ အဖေဖြစ်သူက လက်ထပ်ဖို့အတွက် တစ်ချိန်လုံး ကြင်ဖက်တွေ့ခိုင်းနေတော့ ဒါဟုံးက သူချစ်ရတဲ့ ဟျွန်းဂျွန်းနဲ့ပဲ လက်ထပ်ဖို့ နှစ်ယောက်အတူ စီစဉ်ပါတော့တယ်။ဒါပေမဲ့ ဟျွန်းဂျွန်းဖခင်နဲ့ ဒါဟုံးရဲ့ ဖခင်က ကျောင်းတုန်းက ပြိုင်ဘက်တွေဖြစ်ပြီး ရန်ငြှိုးရှိကြပါတယ်။ အဲဒီအတွက် ဟျွန်းဂျွန်းအဖေကလည်း ဂယောင်းဆန်ဒိုမြို့သူနဲ့ လက်မထပ်စေချင်သလို ဒါဟုံးအဖေကလည်း ဂျောလာဒိုမြို့သားနဲ့ လက်မထပ်စေချင်ဘူး ဖြစ်နေတာပါ ...
movie

Meet the In-Laws (2011)

The Age of Blood (2017) 6.2
The Age of Blood (2017) The Age of Blood (2017)***********************IMDb... 6.2 Action,Drama ကားကောင်းလေးတွေကို ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက်မင်းသား Jung Hae-in နဲ့ The Haunted Palace ထဲက မင်းကြီး Kim Ji-hoon တို့ပါဝင်သရုပ်ဆောင်ထားတဲ့ နန်းတွင်းကားကောင်းလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအညွှန်းဂျိုဆွန်းရဲ့အတော်ဆုံး ဓားဝိဇ္ဇာဖြစ်တဲ့ ဂင်ဟို (Jung Hae-in) ဟာ ကိစ္စတစ်ခုကြောင့်တော်ဝင်ကိုယ်ရံတော်ကနေ အကျဥ်းစောင့်အဖြစ် ရာထူးချခံလိုက်ရပါတယ်။ဒီလိုနဲ့ အကျဥ်းသားတွေကို စောင့်ကြပ်နေတဲ့ညတစ်ညမှာ အမည်မသိအုပ်စုတစ်စုကအကျဥ်းထောင်ကို မှောင်ခိုဝင်ရောက်လာပြီး တွေ့သမျှလူတွေကို သတ်ဖြတ်ရုံမကပုန်ကန်မှုကြီးရဲ့ ခေါင်းဆောင်အဖြစ် ဖမ်းဆီးခံထားရတဲ့ အီအင်ဂျွာ (Kim Ji-hoon) ကိုပါခေါ်ထုတ်သွားဖို့ ကြိုးပမ်းပါတော့တယ်။အဲဒီအုပ်စုဟာ အောယောင်းချောင်းလို့ခေါ်တဲ့ စစ်သည်တော် ၅ယောက်အဖွဲ့ဖြစ်နေပြီးအီအင်ဂျွာနဲ့အတူ ဘုရင်ကို သုတ်သင်ရှင်းလင်းဖို့ ကြံစည်နေတာကို ဂင်ဟိုတစ်ယောက်သိရှိသွားတဲ့အခါမှာတော့..သူပုန်တွေနဲ့ပြည့်နှက်နေတဲ့ နန်းတော်အတွင်းမှာ ဘုရင်ကိုကာကွယ်ဖို့အတွက် သူတစ်ဦးတစ်ယောက်တည်းဘယ်လိုရင်ဆိုင်တိုက်ခိုက်သွားမလဲ.. ပုန်ကန်မှုကရော အထမြောက်သွားမလား...ဂင်ဟိုကရော ဘယ်လိုဆက်ဖြစ်သွားမလဲဆိုတာကို ရာဇဝင်ကားကိုမှ အက်ရှင်ခပ်ကြမ်းကြမ်းနဲ့သရုပ်ဖော်ထားတာမို့လို့ ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်။  (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ဆိုသူကတော့ Hsu ...
movie

The Age of Blood (2017)

Forbidden Fairytale (2025) 7.7
Forbidden Fairytale (2025) Forbidden Fairytale (2025)**************************IMDb....7.7 ‌(ဒီဇာတ်လမ်းလေးဟာ 19+ အပြောအဆိုတွေ ဇာတ်လမ်းဇာတ်ကွက်တွေကို ကွက်ကွက်ကွင်းကွင်းထည့်သွင်းပြသထားတာမို့ ကလေးသူငယ်များ ကြည့်ရှုရန် မသင့်တော်ပါနော်။)Forbidden Fairytail ဇာတ်လမ်းလေးဟာ ၂၀၂၅ ခုနှစ်မှာ ထွက်ရှိခဲတဲ့ Romantic comedyရုပ်ရှင်အမျိုးအစားဖြစ်ပြီးတော့ Choi Si-won. Park Ji-hyun နဲ့ Sung Dong-il တို့ကအဓိကပါဝင် သရုပ်ဆောင်ထားပါတယ်။နေ့ခင်းဘက်မှာ ဒန်ဘီက ကလေးငယ်များ ကာကွယ်ရေးအဖွဲ့ မှာ မရေမတွက်နိုင်တဲ့Adult Content တွေကို ဆက်တိုက် ကြည့်ရှုသုံးသပ်ပေးရတဲ့ အလုပ်ကို လုပ်ပြီး ညဘက်မှာတော့ပုံပြင်ပြိုင်ပွဲအတွက် သူ့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကို သုံးကာ ပုံပြင်တွေကို ရေးပါတယ်။တစ်နေ့မှာ ကံဆိုးစွာနဲ့ အပြာဝတ္ထုတွေကို ထုတ်ဝေတဲ့ ကုမ္ပဏီက ကိုယ်စားလှယ်ရဲ့ ရှေးဟောင်းကားနောက်ကြည့်မှန်ကို ထိခိုက်အောင် လုပ်လိုက်မိပြီး လျှော်ကြေးအနေနဲ့ Adult Romanceတွေကိုရေးပေးဖို့ သဘောတူလိုက်ပါတော့တယ်။ အဲဒါက သူ့ဘဝအတွက် ကြီးမားတဲ့ အလှည့်အပြောင်းကြီးဖြစ်လာလိမ့်မယ်လို့ ဒန်ဘီတစ်ယောက် မထင်မှတ်ထားခဲ့ပေ...အဖေ့ကို ကတိ ...
movie

Forbidden Fairytale (2025)

The Singer (2020) 6.6
The Singer (2020) The Singer (2020)*****************၂၀၂၀ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Singers ဆိုတဲ့ ဇာတ်ကားလေးကတော့ဂျိုဆွန်းခေတ်မှာ နယ်တကာလှည့်ပြီး သီချင်းဆိုဖျော်ဖြေတဲ့ အဆိုရှင်‌တွေရဲ့ဘဝကို‌ ရိုက်ကူးပုံဖော်ထားတဲ့ Musical film လေးပဲဖြစ်ပါတယ် .. ။ဇာတ်လမ်းအကျဉ်းကတော့ ..ဂျိုဆွန်းခေတ်ရဲ့လမ်းပေါ်က အဆိုရှင် ဟာ့ဂယူနဲ့ ဇနီးဖြစ်သူဂန်နန်, သမီးချောင်းလေးတို့မိသားစုဟာ ပြည်သူတွေကို သီချင်းနဲ့ဖျော်ဖြေပေးပြီးအသက်ဝမ်းကြောင်းပြုကာ ပျော်ပျော်ရွှင်ရွှင်နဲ့ ဘဝကို ဖြတ်သန်းနေတဲ့မိသားစုလေးဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဆင်းရဲတဲ့ပြည်သူတွေကို ဖမ်းဆီးပြီးအတင်းအဓမ္မ အစေခံအဖြစ် ရောင်းစားတဲ့အဖွဲ့က .. ဇနီးဖြစ်သူ ဂန်နန်နဲ့ သမီး ချောင်းလေးကိုဖမ်းဆီးခေါ်ဆောင်သွားခဲ့ပါတယ်။ ဒီကိစ္စကို ဟာ့ဂယူ သိသိချင်း လိုက်ရှာမှာ သမီးဖြစ်သူကိုပြန်တွေ့ခဲ့ပေမဲ့ ဇနီးဖြစ်တဲ့ ဂန်နန်ကို မရှာနိုင်ခဲ့ပါဘူး။ ဒါပေမဲ့ ချောင်းလေးက ထိတ်လန့်မှုကြောင့်မျက်စိကွယ်သွားခဲ့ပါတယ် ဟာ့ဂယူကလည်း ချောင်းလေးနဲ့အတူ နယ်တကာလှည့်ပြီးဂန်နန်ကို ရှာဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ဒီတော့ ဂန်နန်ကို ရှာတဲ့အချိန် ဘယ်လိုအခက်အခဲတွေနဲ့ ကြုံတွေ့ပြီးဒီအခက်အခဲတွေကိုလည်း ဘယ်လိုမျိုး ဖြတ်ကျော်ခဲ့သလဲ။ဇနီးဖြစ်သူကိုရော ...
movie

The Singer (2020)

Montage (2013) 7.4
Montage (2013) Montage (2013)*****************လွန်ခဲ့သော ၁၅ နှစ်က ပြန်ပေးဆွဲမှုမှာ သမီးဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့ မိခင်တစ်ဦးဟာ တရားရင်ဆိုင်ရေးကာလ ကုန်ဆုံးသွားပြီလို့ ကြားသိလိုက်ရတဲ့အခါမှာတော့ တရားခံကို ဘယ်တော့မှ အပြစ်မပေးနိုင်တော့ဘူးဆိုတဲ့စိတ်ကြောင့် အရှင်လတ်လတ်ဝါးမြိုသလို ခံစားခဲ့ရပါတယ်။ဒီအမှုကို တာဝန်ယူထားတဲ့ စုံထောက်ချွဲဟာလည်း မိခင်တစ်ဦးရဲ့ သောကနဲ့အတူ မိမိရဲ့ အင်အားမဲ့မှုကိုပါ ရင်ဆိုင်ရတဲ့အခါ လိပ်ပြာမလုံတဲ့စိတ်ကြောင့် အလုပ်ထွက်သွားခဲ့တော့တယ် ..ဒါပေမဲ့ တစ်နေ့မှာ သူတို့နှစ်ဦးအတွက် စိတ်ဓာတ်ဆက်လက်ရှင်သန်ရာ သတင်းတစ်ခုပေါ်လာခဲ့တယ်။အဲဒီသတင်းကတော့ လွန်ခဲ့တဲ့ ၁၅ နှစ်က အမှုအတိုင်း တစ်ထေရာတည်း ကျူးလွန်နေတဲ့ ပြန်ပေးဆွဲလူသတ်သမား ပြန်လည်ပေါ်ပေါက်လာခြင်းပါပဲ။ဒီတစ်ခေါက်တော့ တရားခံကို အလွတ်မပေးဖို့ စိတ်ပိုင်းဖြတ်ထားတဲ့ အမေတစ်ယောက်နဲ့ စုံထောက်တစ်ဦးဟာ အပြစ်သားဖမ်းဆီးရေးခရီးမှာ ဘယ်လိုအတားအဆီးတွေ ကျော်ဖြတ်ရမလဲ၊သဲလွန်စတွေကို ဘယ်လိုအဖြေညှိမလဲဆိုတာကို ရင်တမမနဲ့ စောင့်ကြည့်နေရမှာဖြစ်ပါတယ်။ကိုရီးယားအနုပညာလောကမှာ လွှမ်းမိုးမှုအရှိဆုံး အမျိုးသမီးတွေထဲကတစ်ယောက်ဖြစ်တဲ့ အဆိုတော်-မင်းသမီး Uhm Jung Hwa နဲ့ ဝါရင့်သရုပ်ဆောင်မင်းသားကြီး Kim Sang Kyung တို့ ခေါင်းဆောင် ပါဝင်ထားတဲ့အပြင် Bollywood ကတောင် ပြန်ရိုက်ထားတဲ့ ဇာတ်လမ်းဖြစ်တာမို့ ကြည့်ရကျိုးနပ်မယ်ဆိုတာ အာမခံပါတယ်။ (အညွှန်းကို Esther Oo မှ ရေးသားထားပါတယ်) File ...
movie

Montage (2013)

Leafie, a Hen Into the Wild (aka) Daisy, a Hen Into the Wild (2010) 7.0
Leafie, a Hen Into the Wild (aka) Daisy, a Hen Into the Wild (2010) "ကိတ်မုန့်သုံးလုံးရှိတယ်၊ လူကလေးယောက် ရုတ်တရတ်ကြီး အမေက ပြောတယ်သူကိတ်မုန့်မကြိုက်ဖူး သားတို့ပဲစားလိုက်ပါတဲ့" အမေဆိုတာအဲလိုလူမျိုးပါ။ဒီကားလေးက အဲဒါကိုအကောင်းဆုံး အမြင်အသစ်နဲ့ဖော်ကြူးသွားတဲ့ ရုပ်ရှင်တစ်ကားပါ။အရမ်းကိုကောင်းမွန်လှတဲ့ မိခင်မေတ္တာကိုဖော်ကြူးသွားတဲ့ ဇာတ်လမ်းကောင်းလေးတစ်ကားဖြစ်သလိုလူ့လောကမှာဖြစ်နေတဲ့ မိဘနဲ့ သားသမီးကြားက ဆက်ဆံရေးတွေကို ထင်ဟပ်အောင်ပြသွားတဲ့ ရုပ်ရှင်တစ်ခုလည်းဖြစ်ပါတယ်။"အမြင့်ကိုပျံသန်းလိုက်ပါ အောက်ခြေကနေ ဂုဏ်ယူနေပါ့မယ်" ဆိုတဲ့စိတ်မျိုးက လူတိုင်းမထားနိုင်ပါဘူး။ မိဘမှာပဲရှိတဲ့ စိတ်မျိုးပါ။ဒီ Leafie, a Hen Into the Wild ဆိုတဲ့ animation ရုပ်ရှင်ဟာတောင်ကိုရီးယားက နာမည်ကြီး animation ဒါရိုက်တာ Oh Sung-yoon (အို ဆွန်းယွန်း) ရဲ့ပထမဆုံး full-length Animation လက်ရာဖြစ်ပြီး အောင်မြင်မှု များစွာ ရရှိခဲ့ပါတယ်။အို ဆွန်းယွန်းက သဘာ၀ကျတဲ့ လူသားဆန်မှုတွေကို တိရစ္ဆာန်ဇာတ်ကောင်လေးတွေ အသုံးပြုပြီး ဖော်ပြလေ့ရှိပြီးဒီဇာတ်ကားလေးမှာလည်း လွတ်လပ်မှုလိုချင်တဲ့ ကြက်မလေး Leafie ကို အဓိက ဇာတ်ဆောင်အဖြစ်နဲ့ ပုံဖော်ထားပါတယ်။ဒီဇာတ်ကားက တောင်ကိုရီးယားမှာ ...
movie

Leafie, a Hen Into the Wild (aka) Daisy, a Hen Into the Wild (2010)

Cyrano Agency (2010) 6.5
Cyrano Agency (2010) Cyrano Agency (2010) ********************** Cyrano လို့ခေါ်တဲ့ မြားနတ်မောင်အေဂျင်စီဟာ လူငယ်တွေနဲ့ ဖွဲ့စည်းထားလေတော့ သူတို့ အိုင်ဒီယာလေးတွေက အတော်မိုက်တယ် ..သူတို့က အောင်သွယ်ပေးဖို့ အလုပ်လာအပ်တဲ့သူကို အကြံပေးရုံသက်သက်တင်မဟုတ်ဘူး...... အောင်သွယ်ပေးရမဲ့လူ (၂)ယောက်လုံးရဲ့ Biography ကို အသေးစိတ်လေ့လာတယ် .. ပြီးရင် Plan တွေ စနစ်တကျဆွဲတယ် ..နားကြတ်တပ်ပေးပြီးတော့ အနီးကပ်ညွှန်ကြားပေးတဲ့အပြင်သူတို့(၄)ယောက်ကလည်း လိုအပ်ရင် လိုအပ်သလို planထဲ ကွက်တိဝင်အောင် သရုပ်ဆောင်ပေးတယ်.....တစ်နေ့တော့ သူတို့အဖွဲ့ဆီကို ကောင်လေးတစ်ယောက်က အောင်သွယ်လုပ်ပေးဖို့အလုပ်အပ်တယ်...အလုပ်အပ်တဲ့ကောင်လေးနဲ့ အောင်သွယ်ပေးရမဲ့ကောင်မလေးရဲ့ အချက်အလက်တွေစုဆောင်းပြီးတဲ့ အချိန်မှာတော့Cyrano အေဂျင်စီမှာ စိတ်ဝမ်းကွဲစရာတွေဖြစ်ကုန်တယ်...ကောင်လေးတစ်ယောက်က မဖြစ်နိုင်ဘူး ဒီအလုပ်ဆက်မလုပ်ရဘူးလို့ ကန့်ကွက်တယ် ကျန်တဲ့သူတွေက ဒီအလုပ်ကို လက်ခံလိုက်တယ် ..ဒီကားရဲ့သရုပ်ဆောင် Tae-woong Eom, Lee Min Jung, Park Shin Hye Daniel Choi စတဲ့ နာမည်ကြီး (၄)ယောက်ကို အားလုံးရင်းနှီးပြီးသားဖြစ်မှာပါ....ကိုရီးယားကားတွေရဲ့ထုံးစံအတိုင်း Entertainment အတော်ဆန်လှတယ်Story တွေက သိပ်မဆန်းရင်တောင် ဇာတ်ကွက်လေးတွေက အတော်ဆွဲဆောင်မှုရှိတယ်နောက်တစ်ခု ချီးကျူးစရာကောင်းတာက Lighting ပိုင်းပါ သရုပ်ဆောင်တွေရဲ့လှုပ်ရှားမှုတွေအမူအရာတွေကို အကောင်းဆုံးအထောက်အပံ့ပေးနိုင်တယ် သူတို့ရဲ့ဖက်ရှင်ဒီဇိုင်းတွေကလည်း ...
movie

Cyrano Agency (2010)

Love Clinique (2012) 5.8
Love Clinique (2012) Love Clinique (2012) ********************* 2012ခုနှစ်မှာ ပြသခဲ့တဲ့ ဟာသရုပ်ရှင် LOVE CLINIQUE မှာ မင်းသားYoon Sang-Hyun, Choi Jin-Hyuk နဲ့ မင်းသမီး Park Ha-Sun, Lim Jung-Eun တို့အဓိကပါဝင်သရုပ်ဆောင်ထားကြပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ********************* ကီးကြောင်ပြီး ဒေါသကြီးတတ်တဲ့ မိန်းမချောလေး ဒုံဂျူ(Park Ha-Sun)ဟာ ကြင်နာပြီး သီချင်းကောင်းကောင်းဆိုတတ်တဲ့ မင်ဆူ (Choi Jin-Hyuk)ကို အထက်တန်းကတည်းကနေ ၁၀ နှစ်ကျော်ကြာတဲ့အချိန်ထိ ကြိတ်သဘောကျနေခဲ့တာပါ။၁၀ နှစ်အကြာ မင်ဆူ ဂျပန်ကနေပြန်ရောက်လာပြီးတော့ သူငယ်ချင်းတွေနဲ့ တွေ့ဆုံပွဲလုပ်ခဲ့ပြီး အဲဒီတွေ့ဆုံပွဲမှာပဲ ဒုံဂျူရဲ့ သူငယ်ချင်းဖြစ်သူ ဘိုရာ(Lim Jung-Eun)က မိန်းမလှလေးဖြစ်တဲ့အပြင် အသံကောင်းအဆိုကောင်းတဲ့သူ ဖြစ်တာကြောင့် မင်ဆူက မြင်မြင်ချင်း သဘောကျသွားပါတော့တယ်။ဒါကြောင့် ဒုံဂျူကလည်း အားကျမခံ သူငယ်ချင်းရဲ့ လက်ထပ်ပွဲမှာ ဂုဏ်ပြုသီချင်းဆိုပေးမယ်ဆိုပြီးပြောခဲ့ပါတယ်။ဒါကြောင့် လက်ထပ်ပွဲမတိုင်ခင် ကီးကြောင်တဲ့ပြဿနာကို ဖြေရှင်းဖို့LOVE CLINIQUE လို့ ခေါ်တဲ့ အသံပြုပြင်ရေးသင်တန်းကျောင်းကို ရောက်သွားပါတော့တယ်။အဲဒီသင်တန်းကျောင်းမှာ နည်းပြဖြစ်သူ ရှင်းဟုန်း(Yoon Sang-Hyun)နဲ့ တွေ့ဆုံပြီးဒုံဂျူတစ်ယောက် အလွဲလွဲအချော်အချော်နဲ့ ပြဿနာတွေ ကြုံတွေ့ရပါတော့တယ်။နောက်ဆုံးမှာ ဒုံဂျူတစ်ယောက် မင်ဆူရဲ့ အာရုံစိုက်မှုကိုရော ...
movie

Love Clinique (2012)

11 A.M. (2013) 5.6
11 A.M. (2013) 11 A.M (2013) ************** အချိန်ခရီးသွားစက်ကို တီထွင်ဖန်တီးဖို့ ကြိုးစားနေကြတဲ့ ကိုရီးယားသိပ္ပံပညာရှင်အဖွဲ့တစ်ဖွဲ့ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဒီကားလေးက သိပ္ပံကားတွေကြိုက်တဲ့ ပရိသတ်ကြီးအတွက် ကွက်တိဖြစ်မှာပါနော် ..ဇာတ်လိုက်တွေ အနေနဲ့ကတော့ Partners for Justice ထဲက မင်းသား Jung Jae Young, High Kick Season 2 ထဲက မင်းသား Choi Daniel နဲ့ Children of a Lesser God ထဲက မင်းသမီး Kim Ok Vin တို့ ပါဝင်ထားပါတယ် ..ဇာတ်လမ်းအကျဉ်း ************ ဂျောင်ဝူဆော့ (Jung Jae Young) က ကင်ဆာရောဂါနဲ့သေဆုံးသွားတဲ့ ဇနီးဆီကိုပြန်သွားဖို့ အချိန်ခရီးသွားစက်ကို တီထွင်ချင်နေခဲ့ပါတယ် ..ဆာယောင်အွန်း (Kim Ok Vin) ကတော့ သိပ္ပံပညာရှင်တစ်ဦးဖြစ်တဲ့ သူ့အဖေရဲ့အိပ်မက်ဖြစ်တဲ့ အချိန်ခရီးသွားစက်ကိုတီထွင်ဖို့ရာကို ဆက်လက်အကောင်အထည်ဖော်ဖို့ ကြိုးစားနေသူပါ ..ယောင်အွန်းရဲ့ ကောင်လေးဖြစ်သူ ဂျီဝမ် (Choi Daniel) က ဆေးကျောင်းကနေထွက်ပြီး ...
movie

11 A.M. (2013)

My New Partner (2008) 8
My New Partner (2008) My New Partner (2008)**************************ပြည်တွင်းရေးရာဌာနမှာ အလုပ်လုပ်နေတဲ့ ဂန်ယောင်းဂျွန်းဟာ အဖေဖြစ်သူရဲ့ ရဲဖြစ်ပြီးအကျင့်ပျက်ခြစားမှုတွေ၊ မိန်းမပွေရှုပ်ပြီး အမေဖြစ်သူကို သေအောင်လုပ်ခဲ့တာတွေကြောင့်အငြှိုးအကြီးကြီးထားပြီး သူ့အဖေလိုလူတွေကို ထောင်ထဲရအောင်ထည့်ဖို့အတွက်ရဲဖြစ်လာသူတစ်ယောက်ပါ။၈နှစ်ကြာ သားအဖသံယောဇဥ်ဖြတ်ပြီး နေနေရာမှ မူးယစ်ဆေးမှုတစ်မှုကြောင့်ဘူဆန်ဆင်းပြီး ဒေသခံစုံထောက်တွေနဲ့ အတူပူးပေါင်းဖို့ဖြစ်လာတဲ့အခါမှာတော့မေ့မေ့ပျောက်ပျောက်နေနေခဲ့တဲ့ သားအဖနှစ်ယောက်ဟာ တစ်ဖွဲ့တည်းမှာအတူတူဆုံစည်းရဖို့ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ သားအဖနှစ်ယောက်ကြား ဘုနဲ့ဘောက် တစ်မျိုးစီ စုံစမ်းစစ်ဆေးကြရင်းမူးယစ်ဖောက်ကားနေတဲ့ အကောင်အကြီးကြီးနဲ့ သွားပတ်သတ်မိကြတဲ့အခါမှာတော့...သွေးဆိုတာရေထက်ပျစ်တယ်ဆိုတဲ့အတိုင်း အဲဒီအမှုနဲ့ဆက်စပ်ပြီး အရင်ကသူ့အဖေအပေါ် အထင်လွဲခဲ့မိတာတွေ၊ သူ့အဖေရဲ့မေတ္တာတရားတွေကို နားလည်လာပြီးပြန်ပေးဆွဲခံလိုက်ရတဲ့ အဖေကို ဒုစရိုက်ကောင်တွေဆီက ကယ်တင်ဖို့ကြိုးစားပါတော့တယ်။ဒီကားလေးထဲမှာတော့ သားအဖနှစ်ယောက်ရဲ့ချစ်ခြင်းမေတ္တာတွေတင်မကဘဲဇာတ်ပို့ဇာတ်ရံတွေရဲ့ အလွမ်းအဆွေးဟာသတွေကပါ ပံ့ပိုးမှုအားမြိုင်ဆိုင်လွန်းတာမို့သေချာပေါက်ကြည့်ပြီး နောင်တမရမယ့်ဇာတ်ကားလေးဖြစ်ကြောင်း ညွှန်းပေးချင်ပါတယ်ရှင်။  (ဇာတ်လမ်းအကျဉ်းကို Hsu Pyae မှ ရေးသားပေးထားပါတယ်။)  File size…2.16GB / 910MB Quality…WEB-DL 1080p/ 720p Format…mp4 Duration….1h 48m Genre ….. Action, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Tiff Translated by Hsu Pyae
movie

My New Partner (2008)

The Desperate Chase (2024) 5.5
The Desperate Chase (2024) The Desperate Chase (2024)***************************Action ကားလည်းကြိုက်တယ် ဒါပေမဲ့ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးလည်းကြည့်ချင်တဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခါမှာတော့ The Desperate Chase ဆိုတဲ့Movie အသစ်စက်စက်လေးနဲ့ မိတ်ဆက်ပေးပါရစေ။Cast တွေအနေနဲ့ကတော့ Killing Vote, Bloodhounds တို့ထဲကမင်းသားကြီး Park Sung Woong, Cafe Minamdang, Flex X Cop တို့ထဲကမင်းသား Kwak Si Yang, Kdrama ပရိသတ်ကြီးတွေ ရင်းနှီးနေပြီးသားဖြစ်တဲ့ဇာတ်ပို့မင်းသားကြီး Yoon Kyung Ho တို့က အဓိကအနေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း-ဇာတ်လမ်းကတော့ ဂျယ်ဂျူကျွန်းမှာ Gold Medi Valley လို့ခေါ်တဲ့ ဆေးဌာနကြီးကိုဖွင့်ဖို့လုပ်ရင်း ဒေါသကြီးပြီး ပြဿနာရှာနေကျ စုံထောက်နဲ့ ရုပ်ပြောင်းရုပ်လွှဲလုပ်ပြီးလိမ်စားနေကျ အကြီးစားလူလိမ်တို့ ထိပ်တိုက်တွေ့ကြရာကနေ စတင်လာခဲ့တာပါ။ဂင်အင်ဟယ် (Park Sung Woong) ကတော့ သရုပ်မှန်ကို မမှတ်မိအောင်ဖုံးကွယ်ပြီးရုပ်ဖျက်ရင်းလိုက်လိမ်နေတဲ့ ...
movie

The Desperate Chase (2024)

The Preparation (2017) 8.1
The Preparation (2017) The Preparation (2017) အညွှန်းပုံမှန်အားဖြင့် ကင်ဆာနောက်ဆုံးအဆင့်နဲ့ သေရတော့မယ့် လူတစ်ယောက်အနေနဲ့ ဘာကိုအကြောက်ဆုံး၊ စိတ်အပူဆုံးဖြစ်မယ်လို့ ထင်ပါသလဲ? ကိုယ့်ကိုယ်ကိုသာအချစ်ဆုံးဆိုတဲ့ ယေဘုယျလူသားသဘာဝအလျောက် ကိုယ်သေရမယ့်အရေးကိုပဲ ခေါင်းထဲထည့်ကြမှာပါပဲ။ ဒါပေမယ့် ဒီသဘောတရားက ကာယကံရှင်အတွက် ချန်ခဲ့ရမယ့် ချစ်ရသူတွေဆိုတာ ရှိခဲ့ရင်တော့ အနည်းငယ်တိမ်းစောင်းသွားနိုင်ပါတယ်။ စိတ်မနှံ့တဲ့သားဖြစ်သူရဲ့ မိခင်တစ်ယောက်အနေနဲ့ရော ဘယ်လိုစိုးရိမ်ပူပန်ကြောက်ရွံ့မှုမျိုးတွေ ဖြစ်မယ်ထင်ပါသလဲ? အရင်ဆုံး " ငါသေရင် " ၊ " ငါသာသေသွားခဲ့ရင် " ဆိုတာရဲ့ နောက်ကွယ်မှာ ဖြစ်လာနိုင်တဲ့ အကောင်းအဆိုးအားလုံးကို ကြိုတင်ခန့်မှန်းဖို့ ကြိုးစားတာပါပဲ။ ဒီနေရာမှာ ကိုယ်ချန်ခဲ့ရမယ့် မိသားစုဝင်က ဉာဏ်ရည်နိမ့်ပါးသူတစ်ယောက်ဖြစ်နေမယ်ဆိုရင်တော့ ကောင်းကျိုးဆိုတာ ရှားသလောက်ကို မရှိ၊ အဆိုးတွေပဲ ဆက်တိုက်ဖြစ်လာနိုင်တယ်ဆိုတာကို ကောင်းကောင်းနားလည်တဲ့ အင်ဂယူ့အမေကတော့ အရုပ်ကြိုးပြတ်စိတ်ဓာတ်ကျနေမယ့်အစား စွန့်စားရာကျသလို လုပ်သင့်လုပ်ထိုက်တဲ့ အစီအစဉ်တစ်ခုကို အကောင်အထည်ဖော်ပါတော့တယ်။ ထမင်းချက်၊ ဟင်းချက်၊ အိမ်မှုကိစ္စ‌တွေအပါအဝင် ကိုယ့်အားကိုယ်ကိုးတတ်ဖို့ကအစ လုပ်ငန်းခွင်ဝင်နိုင်ဖို့အထိ မြေတောင်မြှောက်ပေးဖို့ ၆လ၊ တစ်နှစ်သာ အချိန်ရတဲ့အခါမှာတော့ ...IMDb 8.1 ရထားတဲ့ကားမို့လို့ ဇာတ်လမ်းကောင်းမကောင်းကတော့ အထွေအထူးအာမခံစရာလိုမယ်မထင်ပါဘူး။ သရုပ်ဆောင်တွေအနေနဲ့လည်း Kdrama fan တွေနဲ့မစိမ်းတဲ့ Reply 1988, Moon ...
movie

The Preparation (2017)

2017
Brothers in Heaven(2017) 7.0
Brothers in Heaven(2017) Brothers in Heaven(2017)*********************** ဒီတစ်ခါတော့ Perfect Marriage Revenge ထဲက ဆောဒိုဂု (Sung Hoon)ရဲ့ဇာတ်ကားဟောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ထယ်ဂျူနဲ့ ထယ်ဆောင်းတို့ဟာ အမြွှာညီအစ်ကိုတွေဆိုပေမဲ့ စရိုက်ကတော့ မိုးနဲ့မြေလို ကွာခြားကြပါတယ်။ဒုစရိုက်သမားဖြစ်ဖို့ ကံပါလာတဲ့ ထယ်ဆောင်းနဲ့ ထက်မြက်တဲ့ စုံထောက်ဖြစ်လာသူ ထယ်ဂျူတို့ဟာ ကွဲကွာပြီး နှစ်နှစ်ဆယ်အကြာမှာပြန်လည်ဆုံတွေ့ဖို့ဖြစ်လာ‌ပေမဲ့ ကောင်းသော တွေ့ဆုံခြင်း မဟုတ်ခဲ့ပါဘူး။လျှောက်လမ်းတဲ့ လမ်းကြောင်း‌ချင်း မတူညီတဲ့ ညီအစ်ကို နှစ်ယောက်ဟာအကြောင်းကိစ္စတစ်ခုကြောင့် ထိပ်တိုက်ဆုံတွေ့ဖို့ ဖြစ်လာတဲ့အချိန်မှာဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Brothers in Heaven ဇာတ်ကားထဲမှာ ကြည့်ရှူခံစားနိုင်ပါပြီ။ File Size :1.7GB, 700MB Quality : WEB-DL1080p,720p Format…mp4 Duration…01:54:00 Genre : Action,Crime Subtitle : Myanmar Subtitle (Hard Sub) Translated by ‌Treasure Htet Encoded by Phyo Pyae
movie

Brothers in Heaven(2017)

Revenger (2019) 6.5
Revenger (2019) Action ကားပရိသတ်တွေအတွက် သဘောတွေ့စေမဲ့ ကိုရီးယားအက်ရှင်ကားသစ်ဖြစ်ပါတယ်။ကိုရီးယားအက်ရှင်ကားတော်တော်များများဟာ အတော်လေးကြည့်ကောင်းတာများပါတယ်။ရိုက်ကူးပုံတွေကောင်းမွန်ပြီး ဆွဲဆောင်မှုရှိတဲ့အတွက် ကိုရီးယားအက်ရှင်ကးတွေကိုလူကြည့်များလာကြပါတယ်။ဒီကားလေးကလည်း အက်ရှင်သီးသန့်ဇာတ်ကားဖြစ်ပြီး အသတ်အပုတ် အတိုက်အခိုက် အကွဲအပြဲ သွေးအလိမ်းလိမ်းနဲ့တွေ့မြင်ရမဲ့ဇာတ်ကားပါ။ဇာတ်ဝင်ခန်းအများစုက သတ်ပုတ်နေတာဖြစ်တာကြောင့် ကြည့်ရတာပျင်းမသွားစေပါဘူး။အက်ရှင်သီးသန့်ဖြစ်တဲ့အတွက် ဇာတ်လမ်းကိုသိပ်မညွှန်းတော့ပါဘူး။အက်ရှင်ပရိသတ်တွေအတွက် တကယ်မပျင်းရစေမဲ့ရိုက်ချက်တွေ အသတ်အပုတ်တွေကိုသေချာတင်ဆက်ထားပြီး နောင်တရစေမဲ့ဇာတ်ကားမဟုတ်တဲ့အတွက် ကြည့်စေချင်ပါတယ်။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ပေးထားသူကတော့ ကိုသူရပါ) File Size : (800 MB) and (380 MB) Quality : NF WEB-DL 720p Running Time : 1h 40min Format : Mp4 Genre : Action Subtitle : Myanmar Subtitle (Hard Sub) Source : 1080p.NF.WEB-DL.DDP5.1.x264-NTG Translated by Thura Zarni Aung Encoded by Thanhtike Zaw
movie

Revenger (2019)

2019
The Tower (2012) 6.6
The Tower (2012) The Tower (2012)_______IMDb - 6.6/10၂၀၁၂မှာထွက်ခဲ့ပြီး ကျွန်တော်အကြိုက်ဆုံးခရစ်စ်မတ်စ်ရုပ်ရှင်ကားတွေထဲက တစ်ကားလို့ပြောလို့ရပါတယ် Tower Skyလို့ခေါ်တဲ့အဆောက်အအုံအကြောင်းရိုက်ပြထားတာဖြစ်ပြီး လူသားချင်းစာနာမှုကိုဦးစားပေးရိုက်ပြထားတဲ့ ကြည့်လို့တန်မယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဒဲဟို ဟာsingle fatherဖြစ်ပြီး သူ့အလုပ်အတွက် သူ့သမီးဟန်နာနဲ့အစီအစဉ်အားလုံးကိုပါဖျက်လိုက်တာပဲဖြစ်ပါတယ် အစားအသောက်တန်းရဲ့မန်နေဂျာဖြစ်သူ ယွန်းဟီးဟာ ဒဲဟိုရဲ့သမီးလေးကိုအဲ့ညမှာထိန်းကူပေးခဲ့ပါတယ် အဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်မီးသတ်ဌာနရဲ့မီးသတ်ခေါင်းဆောင်ယောင်ကီဟာ သူ့မိန်းမအတွက်ပထမဆုံးပိတ်ရက်ကိုယူခဲ့ပါတယ် နှင်းမကျတဲ့ထူးထူးဆန်းဆန်းခရစ်စ်မတ်စ်ပွဲဖြစ်နေတာကြောင့်Tower Skyဟာ ပါတီတက်သူတွေကို ဟယ်လီကော်ပတာနှစ်စီးနဲ့နှင်းတွေကြဲချစေပြီးပါတီကိုပြည့်စုံစေခဲ့ပါတယ် ဒါပေမယ့် အားလုံးမမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ် အဲ့မတော်တဆမှုကဘယ်လိုမျိုးလဲ? မန်နေဂျာဒဲဟိုနဲ့မီးသတ်ခေါင်းဆောင်ယောင်ကီတို့ဟာ အားလုံးကိုကယ်ဖို့ကိုယ်ကျိုးစွန့်ခဲ့ပြီး သူတို့ကိုယ်တိုင်နဲ့သူတို့ချစ်တဲ့လူတွေကိုဘယ်လိုသက်ရောက်မှုတွေဖြစ်သွားမလဲဆိုတာ...၂၀၁၂မှာထွက်ခဲ့ပြီး ကျွန်တော်အကြိုက်ဆုံးခရစ်စ်မတ်စ်ရုပ်ရှင်ကားတွေထဲက တစ်ကားလို့ပြောလို့ရပါတယ် Tower Skyလို့ခေါ်တဲ့အဆောက်အအုံအကြောင်းရိုက်ပြထားတာဖြစ်ပြီး လူသားချင်းစာနာမှုကိုဦးစားပေးရိုက်ပြထားတဲ့ ကြည့်လို့တန်မယ့်ကားကောင်းတစ်ကားပဲဖြစ်ပါတယ် ဒဲဟို ဟာsingle fatherဖြစ်ပြီး သူ့အလုပ်အတွက် သူ့သမီးဟန်နာနဲ့အစီအစဉ်အားလုံးကိုပါဖျက်လိုက်တာပဲဖြစ်ပါတယ် အစားအသောက်တန်းရဲ့မန်နေဂျာဖြစ်သူ ယွန်းဟီးဟာ ဒဲဟိုရဲ့သမီးလေးကိုအဲ့ညမှာထိန်းကူပေးခဲ့ပါတယ် အဲ့အချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင်မီးသတ်ဌာနရဲ့မီးသတ်ခေါင်းဆောင်ယောင်ကီဟာ သူ့မိန်းမအတွက်ပထမဆုံးပိတ်ရက်ကိုယူခဲ့ပါတယ် နှင်းမကျတဲ့ထူးထူးဆန်းဆန်းခရစ်စ်မတ်စ်ပွဲဖြစ်နေတာကြောင့်Tower Skyဟာ ပါတီတက်သူတွေကို ဟယ်လီကော်ပတာနှစ်စီးနဲ့နှင်းတွေကြဲချစေပြီးပါတီကိုပြည့်စုံစေခဲ့ပါတယ် ဒါပေမယ့် အားလုံးမမျှော်လင့်ထားတဲ့မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ် အဲ့မတော်တဆမှုကဘယ်လိုမျိုးလဲ? မန်နေဂျာဒဲဟိုနဲ့မီးသတ်ခေါင်းဆောင်ယောင်ကီတို့ဟာ အားလုံးကိုကယ်ဖို့ကိုယ်ကျိုးစွန့်ခဲ့ပြီး သူတို့ကိုယ်တိုင်နဲ့သူတို့ချစ်တဲ့လူတွေကိုဘယ်လိုသက်ရောက်မှုတွေဖြစ်သွားမလဲဆိုတာ...  File Size - 929 MB File Format - mp4 IMDb rating - 6.6/10 Quality - Blu-ray1080p Running Time - 2h 1min Translated by Amara Encoded by sithu
movie

The Tower (2012)

2012
I Can Speak (2017) 7.6
I Can Speak (2017) ဒီတစ်ခါတော့ IDM Rating 7.6 အထိရရှိထားတဲ့ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ကိုအခြေခံပြီးရိုက်ကူးထားတဲ့တောင်ကိုရီးယားဇာတ်ကားလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်ကား rating အရအရမ်းကောင်းနေလို့စပြီးဘာသာပြန်လိုက်တော့ဇာတ်လမ်းကဒီလောက်ကြီးလည်းဘာမှမဟုတ်ဘူးထင်နေတာပေါ့။နောက်ပိုင်းဆက်ပြီးကြည့်တော့မှတဖြည်းဖြည်းနဲ့ဘာကြောင့်မှန်းမသိပိုပြီးစိတ်ဝင်စားလာမိတယ်။အဓိကအကြောင်းရင်းကဇာတ်ကောင်မင်းသမီးကြီးရဲ့စိတ်ထဲမှာဘယ်လိုတွေဖြစ်နေလဲဆိုတာကိုသိချင်လာမိလို့ပါ။ဇာတ်ကားအဆုံးထိကြည့်ပြီးမှမင်းသမီးကြီးရဲ့ခံစားချက်ကိုနားလည်လာခဲ့လို့ပရိတ်သတ်ကြီးလည်းအဆုံးထိခံစားကြည့်ရှုလိုက်ကြပါ။အော်ဒါနဲ့ဒီကားကတောင်ကိုရီးယားမှာဆုတံဆိပ်ပေါင်း ၁၂ဆုအထိရရှိထားတဲ့ကားလေးနော်။ဇာတ်လမ်းအစမှာတော့ပတ်မင်ဂျေးလို့ခေါ်တဲ့ဝန်ထမ်းပေါက်စလေးတစ်ယောက်ဆိုးလ်မြို့ကခရိုင်အုပ်ချူပ်ရေးမှူးရုံးကိုတာဝန်ပြောင်းရွှေ့ထမ်းဆောင်ရင်းနဲ့စထားပါတယ်။ပတ်မင်ဂျေးကအလုပ်လည်းကြိုးစားသလိုအင်္ဂလိပ်စာကိုလည်းကျွမ်းကျွမ်းကျင်ကျင်နဲ့ပြောဆိုနိုင်တဲ့လူတော်တစ်ယောက်ပါ။ခရိုင်ရုံးမှာအလုပ်လုပ်ရင်းအများအကျိုးအတွတ်ကိုယ်ကျိုးမဖက်လုပ်ဆောင်ပေးနေသူနာဘုတ်အွန်းအဘွားနဲ့စတင်တွေ့ဆုံခဲ့ရပါတယ်။နာဘုတ်အွန်းကရပ်ကွက်မှာဖြစ်နေသမျှကိစ္စအားလုံးတိုင်ကြားတာကိုပတ်မင်ဂျေးဘက်ကလည်းအကောင်းဆုံးဖြေရှင်းဖို့ကြိုးစားရပါတော့တယ်။နာဘုတ်အွန်းမှာလည်းခလေးဘဝတည်းကကွဲကွာခဲ့ရတဲ့မောင်လေးတစ်ယောက်ရှိပါတယ်။သူ့မောင်လေးကလက်ရှိအမေရိကန်မှာနေတာကိုတွေ့ဖို့အရာရှိပေါက်စပတ်မင်ဂျေးဆီမှာအင်္ဂလိပ်စာသင်ဖို့အကူအညီတောင်းခဲ့ပါတယ်။ပတ်မင်ဂျေးလည်းလက်ခံခဲ့ပြီးတဲ့နောက်နာဘုတ်အွန်းလည်းအင်္ဂလိပ်စာကိုကျွမ်းကျွမ်းကျင်ကျင်ပြောဆိုလာနိုင်တဲ့အချိန်မမျှော်လင့်တဲ့အဖြစ်အပျက်တွေပေါ်ပေါက်လာပါတယ်။အဲ့အဖြစ်အပျက်တွေကဇာတ်လမ်းကိုလုံးဝဖမ်းစားလိုက်တာပါ။အဲ့အဖြစ်အပျက်တွေကြောင့်ပဲဇာတ်လမ်းကြည့်ရှုတဲ့သူတွေပထမအစထင်ထားသလိုမျိုးမဟုတ်တော့ဘဲလုံးဝမတူကွဲပြားတဲ့ဇာတ်လမ်းတစ်ပုဒ်ကြည့်ရှုရသလိုဖြစ်သွားစေမှာပါ။အဲ့အဖြစ်အပျက်တွေကဘာတွေလဲဆိုတာကိုတော့ဇာတ်လမ်းအဆုံးထိစောင့်ကြည့်လိုက်ရအောင်ပါ။သေချာတာတစ်ခုကတော့ဒီဇာတ်ကားကြည့်ပြီးရင်လူတိုင်းအတွေးတစ်ခုဝင်လာပါလိမ့်မယ်။နာဘုတ်အွန်းအဘွားနေရာမှာကိုယ့်အဘွား၊ကိုယ့်အမေ၊ကိုယ့်အစ်မ၊ကိုယ့်ညီမသာဆိုရင်ဘယ်လိုခံစားကြမလဲ။ဒီလိုမျိုးခံစားရမှုတွေကိုကိုယ့်ကြောင့်နဲ့တစ်ခြားမိသားစုဝင်တွေခံစားစေချင်ပါသလား။ပရိတ်သတ်ကြီးပဲဆုံးဖြတ်ပေးကြပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကိုနေမျိုးပါ) File Size : (900 MB) and (355 MB) Quality : Blu-Ray 720p Running Time : 1hr 59min Format : Mp4 Genre :Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source : 720p BluRay x264 DTS-FGT Translated by Nay Myo Encoded by Thanhtike Zaw
movie

I Can Speak (2017)

2017
The Villainess (2017) 6.7
The Villainess (2017) The Villainess (2017) IMDb - 6.7/10_____Rotten - 84%အမျိူ းသမီးဇာတ်ကောင်ကို အဓိကထားပြီး ရိုက်ကူးတဲ့ ဇာတ်ကားတွေ ပြန်လည်ခေတ်ကောင်းလာတဲ့ကာလလို့ ပြောလို့ရမယ့် လက်ရှိကာလမျို းမှာ တောင်ကိုရီးယားရုပ်ရှင်ထုတ်လုပ်ရေးတွေကလည်း Shiri တို့လို အက်ရှင်ကားမျို းတွေနဲ့ ကမ္ဘာသိအောင် ပြဆိုခဲ့မှုတွေ ရှိခဲ့တာပီပီ ယခုနှစ် 2017ခုနှစ်ထဲမှာလည်း အမျိုးသမီးဇာတ်ဆောင်ကို အဓိကထားရိုက်ကူူးထားတဲ့ အက်ရှင်ကားကောင်းတစ်ကားကို ဖြန့်ချီပေးလိုက်ပြန်ပါပြီ။ဇာတ်လမ်းအကြောင်းအရာကတော့ တရုတ်ပြည်နယ်ဘက်မှာ ငယ်စဉ်ကတည်းက လုပ်ကြံသတ်ဖြတ်ရေး ပညာရပ်တွေကို သင်ကြားခဲ့ရတဲ့ Sook -hee လို့ အမည်ရတဲ့ မိန်းကလေးတစ်ယောက်ဟာ ပညာတွေပြည့်စုံလာချိန်မှာတော့ တောင်ကိုရီယားနိုင်ငံထဲက အေဂျင်စီတစ်ခုမှာ အပေးအယူတစ်ခုနဲ့ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။သူမရဲ့ပကတိဆန္နက သာမန်လူတွေလိုပဲ ဘဝကို ဖြတ်သန်းချင်တာဖြစ်တဲ့အတွက် ဆယ်နှစ်တိတိ တာဝန်ယူထမ်းဆောင်ပြီး အနားယူခွင့်ပေးရမယ်ဆိုတဲ့ကတိဖြစ်ပါတယ်။ဒါပေမယ့် သူမအပေါ်ကို ပညာသင်ကြားပေးခဲ့တဲ့ ဆရာနဲ့အခြားသောသူစိမ်းတစ်ယောက်နဲ့ ပြန်လည်ပတ်သက်မိချိန်မှာတော့ သူမလိုချင်တဲ့ အေးချမ်းတဲ့ဘဝကို ရရှိဖို့ မသေချာတော့ပါဘူး။အဲဒီနောက်မှာ သူမဘဝအစိတ်အပိုင်းတွေ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ရှု့စားရမှာဖြစ်ပါတယ်။Cannes ...
movie

The Villainess (2017)

2017