Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pang Yun-Cheung
6.7
Casino Raiders (1989)
ဒီဇာတ်ကားက ဟောင်ကောင်အက်ရှင်ကားတွေရဲ့ ရွှေခေတ်ကာလကဇာတ်ကားဖြစ်ပြီး Andy Lauနဲ့ Alan Tam လိုမျိုးအဲဒီခေတ်ရဲ့ တကယ့်ဂေါင်မင်းသားကြီးတွေ ပါဝင်ထားတဲ့ဖဲဝိဇ္ဇာဇာတ်ကားပဲ ဖြစ်ပါတယ်။ Ratingတွေအနေနဲ့လည်းIMDb 6.7, RT 66%နဲ့ အတော်လေးကို rating ကောင်းတဲ့ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဖဲဝိဇ္ဇာဘော်ဒါ ၂ယောက်ဖြစ်တဲ့ဆမ်နဲ့ ကရတ်တို့ကို အမေရိကန်နိုင်ငံ ဆန်ဖရန်စစ္စကိုမြို့ကသူတို့ရဲ့မိတ်ဆွေ ကာစီနိုရုံမန်နေဂျာက ဖဲလိမ်ရိုက်ခံနေရတဲ့ဖြစ်ရပ်ကို စစ်ဆေးဖော်ထုတ်ပေးဖို့ ခေါ်ရင်း လက်သည်အစစ်တွေဖြစ်တဲ့ ဂျပန်ဖဲဝိဇ္ဇာတွေကို ဖော်နိုင်သွားခဲ့ပါတယ်။ဒါပေမဲ့ အဲဒီ ဖဲဝိဇ္ဇာတွေက ရိုးရိုးလူတွေမဟုတ်ဘဲ ဂျပန်လူမိုက်ဂိုဏ်းက လွှတ်ထားတဲ့သူတွေဖြစ်နေလို့ သူတို့ကိုဖော်လိုက်တဲ့ ကရတ်တို့နှစ်ယောက်ကို အငြိုးထားရင်းနဲ့သူတို့နဲ့ သူတို့ချစ်ရတဲ့လူတွေရဲ့ အသက်ကို ရန်ရှာဖို့အထိလုပ်လာတဲ့အခါ ဆမ်နဲ့ ကရတ် ဂျပန်တွေရဲ့ရန်ကို ဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ ကြည့်ရှုရမှာပါ။File size… 2.61 GB / 1.3 GB Quality… BluRay 1080p / 720p Format… mp4 Duration…. 2h 7m Genre ...
movie
Casino Raiders (1989)
6.9
The Millionaires’ Express ( 1986 )
ဒီဇာတ်ကားလေးကတော့ အက်ရှင်ဇာတ်ကားကောင်းတွေကို ကြိုက်နှစ်သက်တတ်တဲ့ပရိသတ်ကြီးအတွက် အကြိုက်တွေ့စေမဲ့ old but gold ဇာတ်ကားကောင်းလေးတစ်ကားပဲဖြစ်ပါတယ် ။ဇာတ်လမ်းအညွှန်းအနေနဲ့ -တရုတ်ပြည်သူ့သမ္ပတနိုင်ငံအစောပိုင်းကာလအချိန်မှာဇာတ်လမ်းလေးကို အစပြုထားပါတယ် ။Ching Fong Tin က ရုရှားစစ်သားတွေဆီကနေ ကုန်ပစ္စည်းတွေခိုးယူဖို့ကြိုးစားပြီးတော့ ပစ္စည်းတွေရတော့ ထွက်ပြေးဖို့လုပ်ခဲ့တာပေါ့။ ဒါပေမဲ့ ကံမကောင်းစွာနဲ့ ရုရှားစစ်သားတွေဆီမှာဖမ်းမိသွားပြီး ပြက်ရယ်အပြုခံခဲ့ရပါတယ် ။Ching Fong Tin ကအဲဒီလိုအဖမ်းပြန်ခံရပြီး ခက်ခက်ခဲခဲနဲ့ရုရှားစစ်သားတွေလက်ထဲကနေ ပြန်လွတ်ခဲ့ပြီး ထပ်ထွက်ပြေးခဲ့ပေမဲ့ ကံဆိုးစွာနဲ့ ထပ်ပြီး Fook loi ဆီမှာ အဖမ်းခံခဲ့ရပါတယ် ။နောက်ဆုံးသူခက်ခက်ခဲခဲကြိုးစားပြီးတော့မှမွေးရပ်မြေကိုပြန်ရောက်ရှိလာပါတော့တယ် ။ ဒါပေမဲ့ အလွဲလေးတွေဖြစ်လာပြီး Fong Tin တစ်ယောက် အေးအေးချမ်းချမ်းမနေရဘဲ သူ့နောက်လိုက်လာတဲ့ Fook Loi နဲ့ပြန်တွေ့ပြီး ထပ်ပြေးရပြန်ပါတော့တယ် ။အဲဒီအချိန် မြို့ထဲကိုလည်း ဓားပြအုပ်စုတစ်စုရောက်လာပြီး မြို့ထဲကပြည်သူတွေကို ဓားစာခံအဖြစ်ခေါ်ပြီး ခရီးသည်တွေကိုပါ ဖမ်းစီးထားပြီးပြဿနာတွေရှာတော့ Fong Tin တစ်ယောက် ကိုယ်လွတ်ရုန်းလို့ရပါရဲ့နဲ့မရုန်းနိုင်ဘဲ မြို့ကပြည်သူတွေကိုကယ်ဖို့ ကြိုးစားပုံလေးတွေကို ဟာသလေးတွေနှောပြီး ရိုက်ကူးထားတာဖြစ်လို့ အဆုံးထိကြည့်ဖို့တိုက်တွန်းလိုက်ပါရစေ Quality : Bluray 1080p , 720p ( HEVC ) Format : mp4 Genres ...
movie
The Millionaires’ Express ( 1986 )
6.4
Mr. Vampire Saga 4 ( 1988 )
တရုတ်ခုန်ဆွသရဲကားလို့နာမည်ကြီးခဲ့တဲ့ Mr Vampire ပြန်တင်ပေးလိုက်ပါတယ်။ စုစုပေါင်းလေးကားရှိပြီး ၃ ကားကိုတင်ဆက်ပေးပီးပါပြီဒီလင့်ကိုနိပ့်ပီးရှာနိုင်ပါတယ်၁ နဲ့ ၂ နဲ့ ၃ နဲ့ ၄ နဲ့ကအဆက်အစပ်မရှိပါဘူး။ဇာတ်လမ်းအညွှန်းအနေနဲ့ - လူသူမနီးတဲ့ခြံကွက်လေးထဲမှာ အိမ်၂အိမ်ရှိပြီး အဲဒီ၂အိမ်မှာ ဘုန်းတော်ကြီးတစ်ပါးနဲ့ တောက်ဆရာတစ်ပါးတို့က တပည့်လေးတွေနဲ့ အိမ်နီးချင်းနေထိုင်လျက်ရှိပါတယ် ။ ဆရာကြီးနှစ်ယောက်က အမြဲတမ်းပညာစမ်းကြရင်းနဲ့ သိပ်ပြီးတော့ မတည့်ကြပါဘူး။တစ်နေ့ကျတော့ နယ်စပ်ကနေနန်းမြို့တော်ကိုသယ်လာတဲ့ ဘုရင့်ဆွေမျိုးဖုတ်ကောင်ပါတဲ့ ရွှေရောင်ခေါင်းတလားသယ်တဲ့သူတွေက သူတို့ ၂အိမ်ရှေ့ကနေဖြတ်သွားပါတော့တယ် ။အဲဒီခေါင်းတလားကိုတာဝန်ယူသယ်ပေးရတဲ့ တောက်ဆရာဖြစ်သူကလည်း ခြံဝန်းထဲမှာနေတဲ့တောက်ဆရာကြီးရဲ့ဆရာတူညီလေးဖြစ်နေတော့ ကောက်ညှင်းဝင်တောင်းရင်းစကားပြောဖြစ်ခဲ့ကြပါတယ် ။သူတို့ထွက်သွားတဲ့ညမှာပဲ မိုးတွေသည်းပြီး ခေါင်းတလာကိုပိတ်ထားတဲ့ မန္တန်ဆေးမင်တွေ အရောင်လွင့်ကုန်ပါတော့တယ် ။ အဲဒါကြောင့်ပဲ ဖုတ်ကောင်က ခေါင်းတလားထဲကနေထွက်လာပြီး လူတွေလိုက်သတ်ပါတော့တယ် ။အဲဒီဖုတ်ကောင်ကြီးကိုဘယ်လိုတွေရှင်းကြမလဲ ? ဆရာကြီး၂ယောက်က တကယ့်အရေးကိစ္စကြုံလာရင်ရော စည်းလုံးကြပါ့မလားဆိုတာကို ဟာသလေးနဲ့ပါယှဉ်တွဲရိုက်ကူးထားတာဖြစ်ပြီး ဘယ်အချိန်ကြည့်ကြည့်မရိုးရဘူးမလို့ အသစ်တစ်ခေါက်ကြည့်ရှုလိုက်ဖို့ တိုက်တွန်းလိုက်ပါရစေ Quality : WEB-DL 1080p , 720p Format : mp4 Genres : Action, Horror , Comedy Runtime : 1h 36 min Subtitle : Myanmar Subtitle ( Hardsub ...
movie
Mr. Vampire Saga 4 ( 1988 )
1988
6.3
My Lucky Stars (1985)
ဒီတစ်ကားမှာတော့ မာဆယ် (ဂျက်ကီချန်း) နှင့် ရစ်ကီတို့ဟာ ရဲဌာနက သိမ်းဆည်းရမိတဲ့လက်ဝတ်ရတနာတွေကို ခိုးထုတ်ပြီးတော့ သစ္စာဖောက်ပြီး ဂျပန်ကိုရှောင်ပြေးသွားတဲ့ စုံထောက်တစ်ယောက်ကို ဂျပန်ထိ လိုက်ဖမ်းရပါတော့တယ်။ ဒါပေမဲ့ ဒီသစ္စာဖောက်စုံထောက်ဟာ ဂျပန်က စာခြောက်ရုပ်ဂိုဏ်းကို ဝင်ရောက်ခိုလှုံသွားတဲ့အတွက် သူတို့နှစ်ယောက်သား ဒီဂိုဏ်းနဲ့ ပတ်သက်ရပြီး ရစ်ကီတစ်ယောက်အဖမ်းခံရတဲ့အတွက် မာဆယ် (ဂျက်ကီချန်း) တစ်ယောက် ဟောင်ကောင်အထူးရဲတပ်ဖွဲ့ကို တပ်ကူတောင်းရပါတော့တယ်။မာဆယ်က ရဲမှန်းမသိသာဘဲ စိတ်ချယုံကြည်ရမယ့် သူ့ဘော်ဒါဖြစ်တဲ့ တုတ်ကြီးကို လွှတ်ပေးဖို့ အကူအညီတောင်းပါတယ်။ ဒီအချိန်မှာ တုတ်ကြီးက မာဆယ်သတင်းပေးလို့ ထောင်ကျနေတာဖြစ်လို့ မာဆယ်က တုတ်ကြီးကို တစ်ဖက်လှည့်နဲ့ ပြန်လွှတ်စေချင်တာပါ။ ဒီလိုနဲ့ တုတ်ကြီးကို လွှတ်ငြိမ်းခွင့်ပေးပြီး ဂျပန်သွားခိုင်းပါတော့တယ်။ ဒါနဲ့ တုတ်ကြီးကလည်း သူ့ဘော်ဒါရင်းတွေဖြစ်တဲ့ ပြောင်ကြီး၊ ဆန်ဒီ၊ ဂင်ရှင်း၊ ရာဝစ်တို့ကိုပါ ခေါ်သွားချင်တဲ့အတွက် ကြီးကြပ်ရေးမှူးလည်း ခွင့်ပြုလိုက်ပေမယ့် သူ့လက်ထောက်ကောင်မလေးပါထည့်လိုက်ပြီး တစ်ပြုံတမကြီး ဂျပန်လစ်ပါတော့တယ်။ ဒီအချိန်မှာ တုတ်ကြီးတို့အဖွဲ့ ...
movie
My Lucky Stars (1985)
6.2
Twinkle, Twinkle, Lucky Stars (1985)
ဒီဇာတ်ကားလေးကတော့ တရုတ်ကားတွေမှာ မြင်နေကျ ဂျက်ကီချန်းအပါအဝင် ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ အရွယ်ကောင်းတုန်းက ရိုက်ကူးထားတဲ့ အက်ရှင်ဟာသဇာတ်ကားလေးတစ်ပုဒ်ပါ။ချီချီဝမ်ဆိုတဲ့ ပြဇာတ်သရုပ်ဆောင် ကောင်မလေးရဲ့ မိတ်ဆွေဖြစ်သူဟာ မူးယစ်ဆေးကုန်သွယ်မှုအကြောင်း သတင်းပေးထားတဲ့ စာတစ်စောင်ကို သူမဆီပို့လိုက်ပြီးတဲ့နောက်မှာ အသတ်ခံလိုက်ရပါတယ်။ ဒီအတွက်ကြောင့် ဒီသတင်းပေးထားတဲ့ စာစောင်ကို ရရှိမှ အမှုဆက်လိုက်လို့ရမှာဖြစ်တဲ့ စုံထောက်တွေဖြစ်တဲ့ ဂျက်ကီချန်းတို့ဟာ ချီချီဝမ်ကို အန္တရာယ်ကင်းကင်းနဲ့ စာကို လက်ခံရရှိနိုင်ပြီး သူတို့လည်း အမှုဖြောင့်ဖြောင့်စုံစမ်းလို့ရအောင် အသိဘော်ဒါတွေအိမ်မှာ ချီချီဝမ်ကို ပို့ထားလိုက်ပါတော့ တယ်။ဒီတော့ ဒီဘော်ဒါတစ်အုပ် မိန်းကလေးချောချောလေး အိမ်ပေါ်ရောက်လာတော့ ဘယ်လိုအကြံအဖန်တွေလုပ်ပြီး နှာထကြမလဲ၊ မူးယစ်ဆေးအမှုကိုရော ဒီကောင်တွေက ဘယ်လိုစောက်တလွဲတွေလုပ်ရင်းနဲ့ အမှုကို ကူညီဖော်ထုတ်သွားမလဲဆိုတာ ခွက်ထိုးခွက်လန်ရယ်မောရင်းနဲ့ ကြည့်ရှုရမှာဖြစ်ပါတယ်။ ဂျက်ကီချန်း အရွယ်ကောင်းတုန်းက အချိန်ကို ပြန်မြင်ရမှာကလည်း အမြတ်ပါပဲ။ ဒီဇာတ်ကားက စော်ငြင်းကောင်၊ စောက်ပေါ၊ နှာဘူးဖွန်ကောင်တွေ၊ အတည်ပေါက်နဲ့ နောက်တဲ့ကောင်တွေအပြင် ဇာတ်ကောင်မျိုးစုံပါဝင်တဲ့အတွက် ရှယ်ရယ်ရမှာဖြစ်ပြီး ကြည့်ရတာတန်တဲ့ကားဖြစ်ပါတယ်။ ဒီတော့ ...
movie
Twinkle, Twinkle, Lucky Stars (1985)
6.6
Yes, Madam! (1985) In the Line of Duty-2
မြန်မာပြည်မှာ ဟောင်ကောင်ဂျက်မလို့ လူသိများကြတဲ့ ဇာတ်ကားတွေကို ပြန်လည်တင်ဆက်သွားပါ့မယ်...ဟောင်ကောင်ဂျက်မဆိုတာက အဲ့ချိန်တုန်းကမြင်ရခဲတဲ့ ဆံပင်တိုတိုနဲ့ ဟောင်ကောင်ရဲမေစုံထောက် ကွန်ဖူးဖိုက်တာတွေကို ဆိုလိုတာပါ...ဇာတ်ကားအများစုကို မီရှဲယိုနဲ့ Cynthia Khan တို့အဓိက သရုပ်ဆောင်ခဲ့ကြပါတယ်။ဂျက်မ Franchise အဖြစ် နာမည်ကြီးကြတာတော့ In The Line of Duty ဆိုတဲ့ဇာတ်ကားတွေပါပဲ။ဟောင်ကောင်ရဲ့ ရုပ်ရှင်ရွှေခေတ်မှာ နာမည်ကြီးခဲ့ကြတဲ့ မင်းသားမင်းသမီးအကုန်နီးပါး ဒီ Franchise ဇာတ်ကားတွေမှာ သရုပ်ဆောင်ခဲ့ကြပါတယ်။၁၉၉၀ ခုနှစ်လောက်က ဇာတ်ကားတွေဆိုပေမယ့် အခုချိန်ထိ ခေတ်မီနေပြီး သွက်လက်တဲ့ Action တွေကို ခံစားရမှာပါ။ဂျက်ကီချန်းရဲ့ဇာတ်ကားတွေလိုပဲ Action,Comedy,Drama Theme တွေကို လှလှပပ ကူးသန်းချိတ်ဆက်ထားပါတယ်။ခုပထမဆုံးတင်ဆက်လိုက်တဲ့ Yes, Madam! (1985) ဇာတ်ကားကတော့ In The Line of Duty-2 သို့မဟုတ် Police Assassins 2 အဖြစ်လဲ ခေါ်ဆိုကြပါတယ်။မင်းသမီးမီရှဲယိုနဲ့ အမေရိကန်မင်းသမီး ...
movie
Yes, Madam! (1985) In the Line of Duty-2