Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pamela Dunlap
7.6
I Am Sam (2001)
I Am Sam (2001)IMDb 7.6 နဲ့ ဆုတော်တော်များများရရှိထားတဲ့ ကားကောင်းလေးတစ်ကားပါပဲနော်။ဇာတ်လမ်းလေးကတော့ ဦးနှောက်ဖွံ့ဖြိုးမှုနည်းတာကြောင့် ခုနှစ်နှစ်သားမှတ်ဉာဏ်ပဲရှိတဲ့ ဆမ်ဆိုတဲ့ လူတစ်ယောက်က သူ့ခုနှစ်နှစ်သမီးလေးအတွက် ဖခင်ကောင်းတစ်ယောက်ဖြစ်လာနိုင်ရဲ့လား၊သူ့သမီးလေးကို ပျိုးထောင်နိုင်တဲ့ စွမ်းရည်ရှိရဲ့လားဆိုတာ တရားရုံးမှာ တရားရင်ဆိုင်ရတဲ့အကြောင်းလေးပါ။ဆမ်ရဲ့ရှေ့နေ ရီတာပြောတာက လူတစ်ယောက်ရဲ့ ဉာဏ်ရည်အတိုင်းအတာက သူ့ရဲ့ချစ်နိုင်စွမ်းအပေါ်သက်ရောက်မှုမရှိဘူးတဲ့။ဒါပေမယ့် တစ်ဖက်မှာကျ ကိုယ်တိုင်က ၇ နှစ်သားမှတ်ဉာဏ်ပဲရှိတဲ့ ဖခင်တစ်ယောက် ကော်ဖီတောင်ဖျော်တတ်ဖို့အကြာကြီးကြိုးစားခဲ့ရတဲ့ ဖခင်တစ်ယောက်ကသမီးကို လူလားမြောက်လာအောင် လူ့အဖွဲ့အစည်းထဲက လူတစ်ယောက်ဖြစ်လာအောင် ဘယ်လိုများပျိုးထောင်နိုင်မှာလဲပေါ့။တစ်ဖက်က တရားရုံးရှေ့နေက ပြောတယ် လူစီက အရာအားလုံးနဲ့ထိုက်တန်တယ် ဒါပေမယ့် အဲ့တာကို မင်းပေးနိုင်ရဲ့လားတဲ့။ဖခင်မေတ္တာကို ကွက်ကွက်ကွင်းကွင်းမြင်ရမယ့် ကားလေးပါနော်။ ရိုးရိုးဖခင်တစ်ယောက်တောင် မဟုတ်ပဲ ခုနှစ်နှစ်သားဉာဏ်ရည်နဲ့ ဖခင်တစ်ယောက်ပေါ့။Cast တွေအနေနဲ့က ဆမ်အဖြစ် Sean Penn , ရှေ့နေမမရီတာအနေနဲ့က ...
movie
I Am Sam (2001)
2001
Clockstoppers (2002)
ဒီဇာတ်ကားလေးကတော့ ငယ်ငယ်က အချိန်ရပ်တဲ့ကားဆိုပြီးရင်းနှီးခဲ့ကြမယ်ထင်ပါတယ်။ Zak လို့ခေါ်တဲ့ကောင်လေးဟာ သူ့အဖေသိပ္ပံပညာရှင်ကြီးရဲ့ နာရီလေးကိုရှာတွေ့ပြီး အချိန်တွေကိုရပ်နိုင်တဲ့အစွမ်းရှိသွားတာဖြစ်ပါတယ်။လူဆိုးတွေက နာရီကိုလာလုကြတဲ့အခါ Zak တစ်ယောက် သူ့ကောင်မလေးဖြစ်တဲ့ Francesca နဲ့အတူဘယ်လိုမျိုး တွေကြုံရမလဲဆိုတာကိုကြည့်ရှု့ရမှာပဲဖြစ်ပါတယ်။ ဒီကားက ဂေါင်းကြီးတို့ကြိုက်တဲ့ဂျပန်ဗားရှင်းမဟုတ်ပါဘူးနော်။ မိသားစုနဲ့ကြည့်ဖို့သင့်တော်ပါတယ်။ငယ်ငယ်က Spy kid တို့ Back to The future တို့လိုဇာတ်ကားတွေကြိုက်တတ်တဲ့သူတွေအတွက်တော့ သဘောကျစေမယ့်ကားကောင်းလေးတစ်ခုဖြစ်ပါတယ်။File size…(2.5 GB)/(1.4 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Adventure, Science Fiction, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Saw Forlife
movie
Clockstoppers (2002)
7.0
Mind the Gap (2004)
Mind The Gap ဆိုတဲ့စာသားလေးဟာ လန်ဒန်မြို့က ရထားဘူတာက ပလက်ဖောင်းတွေပေါ်မှာ တွေ့ရတတ်တဲ့စာသားလေးတစ်ခုပါ။ ရထားနဲ့ ပလက်ဖောင်းကြားမှာ အဟတစ်ခုရှိတာကြောင့် ရထားကို အတက်အဆင်းလုပ်တဲ့နေရာမှာ ဂရုစိုက်ပါ၊ သတိထားပါလို့ သတိပေးတဲ့စာသားလေးဖြစ်တယ်။ ဒီစာသားလေးကို အစွဲပြုပြီး လန်ဒန်ကလူတွေက တစ်ဦးနဲ့တစ်ဦး ဂရုစိုက်ပါလို့ပြောကြတဲ့အခါမှာ Mind The Gap ဆိုပြီးပြောလေ့ရှိကြပါတယ်။ဂရုစိုက်ပါဆိုတဲ့အတိုင်းပဲ ဒီရုပ်ရှင်လေးဟာ ကိုယ်ဂရုစိုက်တဲ့သူတွေ ကိုယ်ချစ်ရတဲ့သူတွေ ကိုယ့်အတွက်အရေးပါတဲ့သူတွေအကြောင်းကို ရိုက်ကူးထားတာပါ။ ဒီရုပ်ရှင်လေးထဲမှာ နေထိုင်ရာနေရာ၊ အသက်အရွယ်၊ အခြေအနေ လုံး၀ မတူညီတဲ့ တစ်ဦးနဲ့တစ်ဦး လားလားမှ မသက်ဆိုင်တဲ့ လူငါးယောက်ဟာ ပျော်ရွှင်မှုကိုရှာဖွေဖို့ သူတို့ဘ၀အတွက် အပြောင်းအလဲ ကြီးကြီးမားမားတွေကိုဖြစ်စေမယ့် ဆုံးဖြတ်ချက်တွေကို အရဲစွန့်ပြီး ပြုလုပ်ကြရတဲ့အကြောင်းကို ကြည့်ရှုရမှာပါ။ဒီလူငါးယောက်ထဲမှာ ပထမဆုံးမိတ်ဆက်ပေးချင်တဲ့သူက နယူးယောက်မြို့ထဲမှာ နေရာတစ်ခုကိုရှာဖို့ စမ်းတဝါးဝါးနဲ့သွားနေတဲ့ အသက် ၈၀ ကျော်အရွယ် နှေးတိနှေးကွေး လူ့ဂွစာအဖိုးကြီးပါ။ ဒီ စိတ်ဆိုးမာန်ဆိုးနဲ့အဖိုးကြီးက ဘယ်လောက်ဂွကျလဲဆိုတော့ ...
movie
Mind the Gap (2004)
6.3
Nick of Time (1995)
ဒီတစ်ခေါက်မှာ ပရိတ်သတ်ကြီးကို တင်ဆက်ပေးချင်တဲ့ ဇာတ်ကားလေးကတော့ မင်းသားကြီး Jhonny Deep ရဲ့ ၁၉၉၅ ခုနှစ်လောက်ကထွက်ရှိထားတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်။ ဒီဇာတ်လမ်းဟာ Realistic ဆန်ပြီး ကြည့်ရှူသူတွေကိုပါ "ငါသာသူ့နေရာမှာသာဆိုရင်..."ဆိုတဲ့မေးခွန်းတွေအပြည့် စိတ်ထဲမှာတွေးမိနေပြီးတော့ ခံစားကြည့်ရှူသွားရစေမယ့် ဇာတ်လမ်းကောင်းလေးတစ်ခုပဲဖြစ်ပါတယ် ဇာတ်လမ်းရဲ့အကျဉ်းချုပ်ကတော့ ရထားဘူတာမှာထူးဆန်းတဲ့လူ ၂ ယောက်က ကြုံရာကျပန်းလူတစ်ယောက်ကို ရွေးချယ်နေပါတယ်။တစ်စုံတစ်ယောက်ကို လုပ်ကြံသတ်ဖြတ်ဖို့အတွက်ပေါ့... အဲဒီအချိန်မှာ မိန်းမနဲ့ကွာရှင်းပြတ်စဲလုနီးပါးဖြစ်နေတဲ့ မစ္စတာဝက်ဆန်တစ်ယောက် သမီးလေးလက်ကိုဆွဲပြီး ရထားဘူတာထဲကိုဝင်လာခဲ့ပါတယ်.. အဲဒီ လူရွေးချယ်နေတဲ့သူထဲက တစ်ယောက်က မစ္စတာဝက်ဆန်ကို သူတို့ပရောဂျက်နဲ့ ကိုက်ညီတဲ့သူအဖြစ် သတ်မှတ်လိုက်ပြီး သူ့သမီးလေးနဲ့ ခြိမ်းခြောက်အကြပ်ကိုင်ကာ ကယ်လီဖိုးနီးယားပြည်နယ်ရဲ့ အုပ်ချုပ်ရေးမှူးကို လုပ်ကြံခိုင်းပါတော့တယ်။ ဒီတော့ "Nick of time:အဲဒီသတ်မှတ်ထားတဲ့အချိန်လေးအတွင်းမှာ လူ ၃ ယောက်ရဲ့ဘဝက ဘယ်လိုအပြောင်းအလဲတွေနဲ့ တွေ့ကြုံရမှာလဲ" ဝက်ဆန်တစ်ယောက် ဆုံးဖြတ်ချက်တွေကို မှန်မှန်ကန်ကန်ချနိုင်ပါ့မလားဆိုတာကို ဒီဇာတ်လမ်းလေးမှာကြည့်ရှူခံစားရမှာပါ။File size…(2.4 GB)/(1.4 GB)/(740 Mb) Quality….Webrip 1080p ...
movie
Nick of Time (1995)
6.3
Funny Pages (2022)
Funny Pages (2022) ----------------------ဒီရုပ်ရှင်ကပြောရရင် ကောမစ်တွေအကြောင်း။ ဇာတ်လိုက်ကောင်လေးက ကောမစ်တွေစုသလို ကောမစ်ရေးတဲ့သူဖြစ်ချင်လို ငယ်ငယ်လေးကတည်းက ကောမစ်တွေထိုင်ဆွဲနေတဲ့ကလေး။ ဒီကားဇာတ်အိမ်တည်ရာ အချိန်မှာလည်း သူက ၁၇နှစ်ပဲရှိသေးတယ်။ သူက မာဗယ် ဒီစီတိုလို ကောမစ်တွေလည်းစုတယ်။ ငယ်ငယ်က ကစ်ဇုန်ထဲ ကျွန်တော်တိုရင်းနှီးပြီးသားဖြစ်တဲ့ ငပြောင်ကောင် ဂျက်သတ်ကောမစ်တွေလည်းစုတယ်။ သိုပေမဲ့ သူက အဲဒီငပြောင်ကောမစ်တွေကို ပိုသဘောကျတဲ့သူ။ သူဆွဲတာကလည်း အဲဒီလိုကောမစ်မျိုးပဲ။ သမိန်ပေါသွပ်တို ဂျက်ဟတ်တို ဘာတိုကို ပြန်လွမ်းလိုရမယ့် Nostalgia vibeလေး အပြည့်ရတယ်။ထူးတာက ဒီရုပ်ရှင်တစ်ခုလုံးက ကောမစ်တွေကို ချစ်တဲ့ ဆယ်ကျော်သက်ကောင်လေးနဲ့ ကောမစ်တွေအကြောင်းသက်သက်ပဲ။ နာမည်ကိုကလည်း Funny Pages. , Genreကလည်း Comedyပေမဲ့ ဟာသကွက်လည်းမပါသလို။ ဒီပျက်ရှင်၀င်လောက်စရာ ဇာတ်၀င်ခန်းတွေအပြည့်နဲ့ပြသွားတယ်။ ရုပ်ပြကာတွန်းကို ရူးသွပ်တဲ့ ကလေးတစ်ယောက် ရုပ်ပြကာတွန်းဆွဲဖို ကြိုးစားတာကို သေချာပြသွားတာဆိုတော့ တော်တော်တော့ စိတ်၀င်စားစရာကောင်းပါတယ်။ နာမည်နဲ့လိုက်ဖက်တဲ့ ပျော်စရာတစ်ခုမှ မပါပေမဲ့ ...
movie
Funny Pages (2022)
7.7
Changeling (2008)
Changeling (2008) ~ IMDb - 7.7/10, RT - 62%, Meta - 63% ~အခုတစ်ခါမှာတော့ Eternals ဇာတ်ကားနဲ့ ပရိသတ်ရင်ကို ပြန်လည်ဖမ်းစားနိုင်ခဲ့တဲ့ ဂျိုလီရဲ့ Crime/ Drama ဇာတ်ကားလေး Changeling ကို တင်ဆက်ပေးလိုက်ပါတယ်။ဒီကားဟာ ဒါရိုက်တာ Clint Eastwood ရိုက်ကူးခဲ့တဲ့ ဖြစ်ရပ်မှန်အခြေပြု ဇာတ်ကားတစ်ကားဖြစ်ပြီး ဂျိုလီရဲ့သရုပ်ဆောင်ချက်တွေ ထိမိလွန်းလို့ Oscar ဆန်ခါတင်စာရင်းလည်း ဝင်ခဲ့ပါသေးတယ်။အကျင့်ပျက်ခြစားမှုတွေနဲ့ လည်ပတ်နေတဲ့ ရဲဌာန...မတရားသဖြင့် ဖိနှိပ်အုပ်ချုပ်နေတဲ့ လော့အိန်ဂျလိစ်အစိုးရလက်အောက်မှာ...ဒုစရိုက်မှုတွေပြည့် အလောင်းတွေထပ်နေခဲ့တဲ့အချိန်...Single Mother တစ်ယောက်နဲ့ သူ့ရဲ့ ကိုးနှစ်သားငယ်လေးဟာ အမေတစ်ခု သားတစ်ခုဘဝမှာ အေးချမ်းစွာ နေနေခဲ့ပါတယ်...ဒါပေမဲ့ တစ်နေ့ အလုပ်ကပြန်လာတဲ့ မိခင်ဖြစ်သူဟာ သူ့သားလေးကို မတွေ့ရတော့တဲ့အခါ.....သူ့သားငယ်လေး ဝေါလ်တာက ဘယ်ရောက်သွားခဲ့တာလဲ၊ ဘယ်သူခေါ်သွားခဲ့တာလဲ၊ အမေဖြစ်သူနဲ့ ပြန်လည်ပေါင်းစည်းနိုင်ပါ့မလား ?? အစိုးရနဲ့ ရဲဌာနကရော ...
movie
Changeling (2008)
2008
6.3
The Goldfinch (2019)
2019 ခုနစ်ထွက် drama ဇာတ်ကားဖြစ်ပါတယ်The Fault in our stars, The Divergent series နဲ့Baby driver တို့ရဲ့မင်းသားချောAnsel Ergot ကအဓိကမင်းသားအဖြစ်ပါဝင်သရုပ်ဆောင်ထားပြီးNicole Kidman နဲ့ stranger things ထဲကကလေးသရုပ်ဆောင်Fin Wolfhard တို့လည်းပါဝင်ထားပါတယ်ဇာတ်လမ်းအကျဉ်းလေးကတော့ သီယိုဒေါဒက်ကာဆိုတဲ့၁၃နှစ်အရွယ် ချာတိတ်လေးက ဖခင်ဖြစ်သူစွန့်ပစ်သွားပြီးနောက်မိခင်ဖြစ်သူနဲ့နှစ်ယောက်တည်းနေထိုင်ပါတယ်....တစ်ရက်တော့ မိခင်ဖြစ်သူနဲ့ ပန်းချီပြခန်းသွားရင်းအကြမ်းဖက်ဗုံးခွဲမှုတစ်ခုကြောင့် မိခင်ဖြစ်သူသေဆုံးသွားခဲ့ပါတယ်.... လူ့လောကအလယ်မှာ မျက်နှာငယ်နဲ့ကျန်ရစ်ခဲ့ရတဲ့ သီယိုဒေါရဲ့ဘဝထိုထိုကို ရိုက်ကူးထားတာဖြစ်ပြီးလူ့လောကရဲ့ကြမ်းတမ်းခက်ခဲမှုတွေကြားမှာဘယ်လိုရှင်သန်ရမလဲဆိုတာတွေ...မိသားစုဆိုတာသွေးသားတော်စပ်မှမဟုတ်ပဲချစ်ခြင်းမေတ္တာတရားပေါ်ပဲမူတည်တယ်ဆိုတာရယ်...လူတွေရဲ့အတ္တဖုံးတဲ့စိတ်ဓာတ်တွေရယ်ကို မြင်တွေ့ခံစားရမှာပဲဖြစ်ပါတယ်... File Size : (1 GB , 396 MB )Quality : BluRay ...
movie
The Goldfinch (2019)
2019
5.2
The Kitchen (2019)
Hell’s Kitchen လို့ခေါ်တဲ့ နယ်မြေလေးမှာ လူမိုက်အဖွဲ့ ကျင်လည်ကျက်စားပါတယ်။ဆက်ကြေးကောက်လိုက် လူသတ်လိုက် ဓားပြတိုက်လိုက် လုပ်နေတဲ့အဖွဲ့ပါ ဇာတ်လမ်းအဖွင့်မှာတော့ လူမိုက်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေဖြစ်တဲ့ရော့ဘ်၊ ကယ်ဗင်နဲ့ ဂျင်မီတို့ သုံးယောက်သားဟာဆိုင်တစ်ဆိုင်ကို ဓားပြ၀င်တိုက်ရင်း အက်ဖ်ဘီအိုင်ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပါတော့တယ် တစ်ရက်နှစ်ရက်နေရင် လွတ်လာမယ်ထင်ပေမယ့်ဗဟိုကတိုက်ရိုက်ကိုင်တာမို့လို့ ထောင်သုံးနှစ်စီအသီးသီးကျသွားတဲ့အခါမှာတော့ သူတို့ရဲ့အဖွဲ့ကလစ်တဲဂျက်ကီ ဆိုတဲ့တစ်ယောက်စီ ခေတ္တလွှဲပြောင်းပေးခဲ့ရပါတော့တယ် သူတို့မိန်းမတွေကို အချင်းချင်းစောင့်ရှောက်ပေးထားမယ်ထင်ပေမယ့်မသထာရေစာ လောက်သာ ပေးကမ်းထားတဲ့အခါမှာတော့မိန်းမသားတန်မဲ့ လူမိုက်အဖွဲ့ထောင်ဖို့ ဇာတ်လမ်းဖန်လာပါတော့တယ် ဆက်ကြေးပေးပေမယ့် ကာကွယ်ပေးခြင်းမခံရတဲ့ဆိုင်တွေ..ဆက်ကြေးကောက်ထားပေမယ့် ဘာတစ်ခုမှပြန်မလုပ်ပေးတာတွေကိုသူတို့ပြုပြင်မယ်ဆိုပြီး ရည်ရွယ်ချက်နဲ့ လူမိုက်ဖွဲ့ထောင်လိုက်တာယောကျာ်းတွေထက်ရော လက်ရှိ လူမိုက်အဖွဲ့ထက်ပါလက်ဇောင်းတွေထက်ကုန်လို့ ရဲတွေရော နာမည်ကြီးလူမိုက်အဖွဲ့တွေကပါသူတို့ကို ပြောင်းစောင့်ကြည့်ရတဲ့အဆင့်ရောက်သွားပါတော့တယ် စိတ်နဲ့မတည့်ရင်သတ်ထည့်လိုက်တဲ့အဆင့်ထိ ကြမ်းလာတဲ့အခါမှာတော့ဂိုဏ်းထဲမှာအချင်းချင်း သွေးကွဲမှုတွေ ပေါ်ပေါက်လာပါတော့တယ် အဲဒီအချိန်မှာပဲ သူတို့ကိုအနိုင်ကျင့်တတ်တဲ့သူတို့ယောကျာ်းတွေက စောပြီးလွတ်လာတဲ့အခါမှာတော့… သူတို့တွေဆက်လက်ရပ်တည်နိုင်ပါ့မလားအနိုင်ကျင့်တတ်တဲ့ယောကျာ်းတွေလက်ကလွတ်နိုင်ပါ့မလား လူမိုက်ဂိုဏ်းကိုမိန်းမသား ၃ ယောက်တည်းနဲ့ ဦးဆောင်နိုင်ပါ့မလားဆိုတာကိုစိတ်လှုပ်ရှားဖွယ်ကြည့်ရှုရမှာပါတချိန်းချိန်းချမနေပေမယ့် တဒိုင်းဒိုင်းနဲ့တော့သတ်နေတဲ့ကားပါ ...
movie
The Kitchen (2019)
2019