Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Pamela Anderson
6.6
The Last Showgirl (2024)
The Last Showgirl (2024)IMDb Rating (6.6) / Rotten Tomatoes (83%) ဇာတ်လမ်းနာမည်က The Last Showgirl (နောက်ဆုံးပြဇာတ်မယ်) တဲ့။ဝါရင့်မင်းသမီးကြီး Pamela Anderson ရဲ့ အံ့အားသင့်မှင်သက်စရာကောင်းတဲ့ သရုပ်ဆောင်ချက်တွေကို တစ်ဝကြီးကြည့်လို့ရမယ့် ဒရာမာဇာတ်ကားကောင်းတစ်ကားပေါ့။Razzle Dazzle ဆိုတဲ့ ပြဇာတ်ရုံဟာ ၁၉၈၀ ခုနှစ်တွေမှာ အင်မတန်ကျော်ကြားခဲ့တဲ့ဇာတ်ရုံတစ်ခုဖြစ်ပြီး လက်ရှိမှာလည်း လက်စ်ဗီးဂတ်မှာ တစ်ခုတည်းသာကျန်ရှိတော့တဲ့ဇာတ်ရုံတစ်ခုပေါ့။ဒီဇာတ်ရုံအဖွဲ့သားတွေထဲကမှ ရှယ်လီဂါဒ်နာကတော့ တစ်ချိန်က ပြဇာတ်လောကမှာ အကျော်အမော်အဖြစ်နာမည်ကြီးခဲ့တဲ့ ကချေသည် တစ်ဦးပါ။သို့သော်လည်း လက်ရှိအချိန်မှာတော့ နှစ် ပေါင်း ၃၀ ကျော်အောင် ခေတ်စားလာခဲ့တဲ့ဇာတ်ရုံတစ်ခုဟာ လူစိတ်ဝင်စားမှုနည်းလာကြပြီး ခေတ်ကုန်သွားတဲ့အတွက် နောက်ဆုံးမှာတော့ ဒီဇာတ်ရုံကြီးကို ပိတ်ဖြစ်ဖို့ ဆုံးဖြတ်လိုက်ကြပါတော့တယ်။ဒီလိုနဲ့ ဘဝရဲ့အတောက်ပဆုံးအချိန်တုန်းက မီးရောင်တွေတလက်လက်အောက်မှာ ပရိတ်သတ်တွေရဲ့သောင်းသောင်းဖြဖြအားပေးမှုကို ရရှိခဲ့တဲ့ပြဇာတ်မယ်တစ်ဦးဟာ ဇရာရဲ့ထိုးနှက်ချက်တွေ ခေတ်ရေစီးကြောင်းရဲ့ထိုးနှက်မှုဒဏ်တွေကိုခံရပြီး ဘဝရဲ့အကျဘက်ကိုရောက်ရှိလာပါတော့တယ်။ဒီရုပ်ရှင်ဟာ အသစ်ထွက်ရှိတဲ့ရုပ်ရှင်တွေထဲမှာမှ 'တန်း' တစ်ခုရှိတဲ့ရုပ်ရှင်တစ်ပုဒ်ဖြစ်ပါတယ်။ လက်စ်ဗီးဂတ်စ်မှာရှိတဲ့ ...
movie
The Last Showgirl (2024)
2024
4K HEVC
6.7
[18+]Showgirls(1995)
[18+]Showgirls(1995)******************** (Dark Side Production မှတင်ဆက်သည်...) ဒီဇာတ်လမ်းဟာ.. Las Vegasရဲ့ဖော်ချွတ်အက လောကထဲကိုမိမိတတ်တဲ့အကပညာနဲ့ အသက်မွေးဝမ်းကျောင်းပြုဖို့ ရောက်ရှိလာတဲ့ ဆွဲဆောင်မှုရှိပြီး သိပ်လှလွန်းတဲ့မိန်းကလေးတစ်ယောက်အကြောင်းကိုရိုက်ပြထားတာပါ... ရှိုးပွဲထဲက မိန်းမလှကလေးတွေရဲ့အကြောင်း... မတူညီတဲ့လူတန်းလွှားတို့ရဲ့ ဆက်ဆံမှုတွေအကြောင်း.. ရှိုးပွဲတစ်ခုထဲက ပြိုင်ဆိုင်မှုတွေအကြောင်းကို.. ပွင့်လင်းမြင်သာစွာဖြင့် အနုပညာမြောက်ပုံဖော်ထားပါတယ်..ပုရိသယောင်္ကျားထုတို့အဖို့ ထိုကဲ့သို့အသက်မွေးဝမ်းကျောင်းပြုနေတဲ့သူလေးတွေကို စာနာ နာလည်းတတ်စေဖို့ကြည့်သင့်သလို (၁၈)ယောက်စုကြည့်ရမယ်ဆိုတဲ့ဝေါဟာရနဲ့လည်း လိုက်ဖက်လွန်းတဲ့ အခန်းများစွာပါဝင်ဇာတ်ကားမို့ ကြည့်သင့်ကြောင်းရဲဝံစွာဖြင့်အာမခံလိုက်ပါတယ်...File Size : (2.7GB) and (1.4GB) Quality : Blu-Ray1080p, 720p Format…mp4 Duration…02:08:00 Genre : Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Wira Aung Encoded by RGB
movie
[18+]Showgirls(1995)
4.6
Superhero Movie (2008)
Superhero Movie (2008) ================== ဇာတ်လမ်းကတော့ ခေါင်းစဉ်အတိုင်းပါပဲ စူပါဟီးရိုးကားပါ။ ကျွန်တော်တို့ ကြည့်ဖူးတဲ့ စူပါဟီးရိုးတွေ အကုန်ပေါင်းထားတဲ့ ဇာတ်ကား လို့တောင်ပြောလို့ရတယ်။ ဘတ်မန်းမိဘတွေ သေတာကအစ စပိုက်ဒါမန်းရဲ့ အန်ကယ်ဘန် သေတာအဆုံး ပါပါသေးတယ်။ X-Men Universe က ချားစ် ဇေးဗီးယား ၊ ဝူဗာရင်းနဲ့ Fantastic 4 တောင်ပါလိုက်သေးတယ်။Spider-man No Way Home Crossover လုပ်တယ်ဆိုတာ ဒီကားကို ဘယ်မှီဦးမလဲ။ With great power comes with Hot Bitches ( ကြီးမားတဲ့ အစွမ်းတွေနဲ့အတူ စော်အလန်းတွေပါ ကပ်ပါလာလိမ့်မယ်) ဆိုတဲ့ စပိုက်ဒါ မန်းကားရဲ့ ဂန္တဝင် စကားလေးလည်း ပါလိုက်သေးတယ်ဗျာ။ Dragonfly ဆိုတဲ့ သဘာဝလွန်ပုစဉ်းတစ်ကောင် အကိုက်ခံလိုက်ရတဲ့ Rick Ricker ဟာ ပုစဉ်း လူသားဖြစ်လာပြီး ဘယ်လိုပေါက်ကရတွေလုပ်ပြီး အခက်ခဲတွေကို ကျော်ဖြတ် သွားမလဲဆိုတာကို အပျင်းပြေကြည့်ရှုရမှာဖြစ်ပါတယ်။ ပြောရရင်တော့ Superhero တွေကိုလှောင်ထား၊ ပြောင်ထားတဲ့ မူဗီလို့ဆိုရမှာပါပဲ။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ...
movie
Superhero Movie (2008)
2008
6.5
Nicky Larson and the Cupid’s Perfume (2018)
Nicky Larson and the Cupid's Perfume (2018)IMDb 6.5 Crime/Comedyတော်ရုံတန်ရုံ ဟာသကားဆို ပြုံးရုံပဲပြုံးတတ်တဲ့ ကျွန်တော်တောင် တော်တော်ရယ်မိတဲ့ကားပါဗျာ။ ပြင်သစ်ကားတွေ ကောင်းရင် ရှယ်ကောင်းတယ်ဆိုတာ ဒီကားကလည်း ထပ်ပြီးသက်သေပြတယ်လို့ကိုဆိုရမယ့်ကားဗျ။ဇာတ်လမ်းအမျိုးအစားက မှုခင်းအက်ရှင်ဟာသကားဆိုပေမဲ့ ဟာသက ဟာသသက်သပ်၊ အက်ရှင် အက်ရှင်သက်သက်ဖြစ်နေတာရယ်။ ပြောချင်တာကဗျာ ဟာသတွေ ပါလို့ဆိုပြီး အက်ရှင်တွေက ပေါ့မသွားဘူး၊ အက်ရှင်တွေ ပါလို့လည်း ဟာသတွေရဲ့ရသ လည်း ပျက်မသွားဘူး။တစ်ကားလုံး ဟာသလာပြီဆို ရှယ်ခွီ၊ အက်ရှင်လာပြီဆို ရင်ဖိုလိုက်နဲ့ ခွီလိုက် ဖိုလိုက်နဲ့ကို ကြည့်ရမှာ။ တကယ်ဗျာ အက်ရှင် ဇာတ်ကွက်တွေကလည်း 2018 ကလို့မထင်ရအောင် ဇာတ်ကွက်၊ ရိုက်ကွက်ကောင်းသလို၊ ဟာသတွေကလည်း ရိုးမနေဘူးဗျာ။ဇာတ်လမ်းအကျဉ်းလေးကိုပြောရမယ် ကြေးစာလက်ဖြောင့်သမားသာသာအလုပ်လုပ်နေတဲ့ နစ်ကီဆီကို မစ်ရှင်တစ်ခုလာအပ်ရာကနေ စတယ်ဆိုပါတော့။ နစ်ကီကို လာအပ်တဲ့ မစ်ရှင်ကဘာလဲ၊ အဲဒီမစ်ရှင်ကြောင့် ဘယ်လိုတွေဖြစ်ကြမှာလဲ၊ နစ်ကီကရော ဘယ်လိုဇာတ်ကောင်မျိုးလဲဆိုတာကို ဇာတ်ကားစလာတဲ့အခန်းတည်းက ...
movie
Nicky Larson and the Cupid’s Perfume (2018)
2018
5.8
Baywatch (2017)
နာမည်ကြီးသရုပ်ဆောင်တွေနဲ့ အပြိုင်အဆိုင်ကြဲထားတဲ့ ဟာသအက်ရှင်ဇာတ်ကားပါ...Dwayne Johnson,Zac Efron တို့လိုမင်းသားတွေအပြင် ညှို့ဓာတ်ပြင်းမင်းသမီးတွေဖြစ်တဲ့ Alexandra Daddario,Kelly Rohrbach နဲ့ အိန္ဒိယမင်းသမီး Priyanka Chopra တို့ပါဝင်ထားပါတယ်။(အခန်းအချို့နှင့် စကားလုံးများ ကြမ်းတမ်းခြင်းကြောင့် မိသားစုနှင့်အတူ ကြည့်ရင် မသင့်တော်ပါ)ဇာတ်လမ်းကတော့...ကမ်းခြေမှ အသက်ကယ်သမားတစ်ယောက်ဖြစ်တဲ့ မစ်ချ်ဟာ အလုပ်ကိုအင်မတန်ကြိုးစားပြီး လူတိုင်းက ချစ်ခင်ခံရတဲ့ လူတစ်ယောက်ပါ။ သူ့ရဲ့ တပ်ဖွဲ့အတွက် နှစ်တိုင်းလူရွေးပွဲ ပြုလုပ်လေ့ရှိပါတယ်။ သူ့လက်အောက်မှာ ကောင်မလေး အလန်းလေး ၂ ယောက်ကတော့ အလုပ်ဝင်နေပြီးသားပါ။ ဒီနှစ်အတွက် နောက်ထပ် လူသစ် ၃ ယောက်ရွေးချယ်ရမှာ သူနဲ့လုံးဝမတည့်မယ့် ဘရိုဒီဆိုတဲ့ လူငယ်တစ်ယောက် ပါလာပါတော့တယ်။ အဲဒီလူငယ်က ရေကူးချန်ပီယံ ရွှေတံဆိပ်၂ခုရှင်ဖြစ်ပြီး ဂျစ်ကန်ကန်နဲ့ အပျော်မက်တဲ့သူတစ်ယောက်ဖြစ်တဲ့အတွက် သူ့စကားကို နားမထောင်ချင်တာပါ။ သူတို့အဖွဲ့စဖွဲ့ချင်းမှာပဲ ကမ်းခြေမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ မူးယစ်ဆေးဝါးမှုတွေနဲ့ မတော်တဆမှုလို့ထင်အောင် လုပ်ထားတဲ့ လူသတ်မှုတွေ ပေါ်ပေါက်လာပါတော့တယ်။ ...
movie
Baywatch (2017)
2017
4K HEVC
7.3
Borat (2006)
IMDb (7.3) / Rotten Tomatoes (91%)ဘိုရတ်ဆာဒီယက်ဗ်ဟာ ကာဇတ်စတန်နိုင်ငံရဲ့ တီဗွီသတင်းထောက်တစ်ယောက်ဖြစ်ပြီး နိုင်ငံရဲ့နာမည်ကျော် ဂျာနယ်လစ်တစ်ယောက်လဲဖြစ်ပါတယ်။ သူ့ကို အစိုးရက အမေရိကန်ကိုစေလွှတ်ပြီး အမေရိကန် လူ့အဖွဲ့အစည်းနဲ့ ရိုးရာယဉ်ကျေးမှုတွေကို မှတ်တမ်းတင်ရုပ်ရှင်ရိုက်ကူးဖို့လေ့လာဖို့ လွှတ်လိုက်တဲ့အချိန်မှာတော့ ဘိုရတ်တစ်ယောက် အမေရိကားကို ယောင်ချာချာရောက်လာပါတော့တယ်။ ဖွံ့ဖြိုးတိုးတက်မှု အရမ်းနိမ့်ပါးပြီး ရှေးရိုးစွဲအယူအဆတွေ ဒင်းကြမ်းနဲ့နေရာကလာတဲ့သူတစ်ယောက်အနေနဲ့ ခေတ်ရှေ့ပြေးတိုးတက်လွန်းလှတဲ့ အမေရိကန်မြို့တော်ကြီးမှာ ဘိုရတ်ဟာ တောသားမြို့ရောက် ကမောက်ကမဖြစ်ရပ်တွေ ဆက်တိုက်ကြုံရပါတော့တယ်။အဲ့ဒီမှာမှ ဟိုတယ်ခန်းထဲက တီဗွီမှာ လာနေတဲ့ Baywatch အစီအစဉ်ကိုကြည့်မိပြီး ခေါင်းဆောင်မင်းသမီး ပမ်မလာအင်ဒါဆင်ကိုမှ အစွဲလန်းကြီးစွဲလန်းသွားတဲ့နောက် မင်းသမီးကို လိုက်ရှာပြီး သူ့တိုင်းပြည်ကိုပြန်ခေါ်သွားပြီး ဇနီးမယားအဖြစ်သိမ်းပိုက်ဖို့ ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။ ဘိုရတ်ဟာ စပြီး သူ့ကိုယ်သူနဲ့ သူ့ပတ်ဝန်းကျင်ကို စမိတ်ဆက်ပေးတဲ့အဖွင့်ကနေ စပြီး တစ်ကားလုံး ပါးစပ်မစေ့အောင်ခွီနေရတဲ့ ဟာသကားစစ်စစ်ပါ။ ပေါတောတောဟာသမျိုးတွေနဲ့ရယ်ရတာမဟုတ်ပဲနဲ့ တကယ့်ကိုသဘာဝကျကျရယ်ရတာမျိုးဖြစ်တဲ့အပြင် rating တွေလဲမြင့် ပရိသတ်ကော ဝေဖန်ရေးဆရာတွေကပါချီးကျူးကြရုံမက ဘတ်ဂျက်နည်းနည်းလေးသုံး ဝင်ငွေအများကြီးပြန်ရထားပြီး ခေါင်းဆောင်မင်းသားကိုပါ ဆုတွေ လျာထားစာရင်းတွေ တန်းစီဝင်ပြီး ဝက်ဝက်ကွဲအောင်မြင်စေခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။Spoiler alert! ပမ်မလာအန်ဒါဆင်ဟာ ...
movie
Borat (2006)
2006
5.5
Scary Movie 3 (2003)
movie
Scary Movie 3 (2003)
2003