Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Ozzy Osbourne
6.8
Ghostbusters (2016)
Ghostbusters (2016) Extended Cut VersionIMDb (6.8) / Rotten Tomatoes (74%)2016 ထွက်မယ့် ရုပ်ရှင်တွေထဲမှာ ကြည့်ချင်နေပေမယ့် သိပ်တော့မျှော်လင့်မထားတဲ့ ရုပ်ရှင်တစ်ခုရှိပါတယ်။ အဲဒါကတော့ Ghostbusters ပါပဲ။ တစ္ဆေဖမ်းသူများပေါ့။ မနေ့က ထွက်လာတော့ ကြည့်လိုက်မိတဲ့အချိန်မှာ နည်းနည်းတော့ အံ့အားသင့်သွားမိတယ်။ ဇာတ်လမ်း အဖွင့် အလည် အဆုံးက ကျေနပ်စရာလေး ဖြစ်နေလို့ပါပဲ။ အဖွင့်မှာ နိဒါန်းပျိုးသွားပုံလှတယ် သူတို့ အဖွဲ့ကို အလည်မှာ တည်ဆောက်သွားတာ အသက်ဝင်တယ် အဆုံးမှာ ကျေနပ်စရာ တိုက်ခိုက်မှုတွေနဲ့ ဇာတ်သိမ်းရလိုက်တယ်လို့ ပြောရမယ်ထင်ပါတယ်။ ဒါ့အပြင် Thor သရုပ်ဆောင်ကြီး Chris Hemsworth ကလဲ ဒီကားမှာ သူ့ကိုတွေ့တိုင်းရယ်နေရအောင် ကောင်းကောင်းအစွမ်းပြသွားတယ်။ငယ်ငယ်က တစ္ဆေသရဲနဲ့ ပတ်သတ်တာတွေကို ယုံကြည်ပြီး စာအုပ်တစ်အုပ်တောင် အတူရေးခဲ့တဲ့ အချစ်ဆုံး သူငယ်ချင်း ၂ ယောက် ...
movie
Ghostbusters (2016)
2016
4K HEVC
5.3
Little Nicky (2000)
Little Nicky (2000) ===============ငရဲပြည်ကို အုပ်စိုးတဲ့ စေတန်သခင်ကြီးမှာ အေဒရီယန်၊ ကတ်ဆီးရပ်စ်နဲ့ နစ်ကီဆိုပြီးသား(၃)ယောက် ရှိပါတယ်။ ပျော့တိပျော့ညံ့ နစ်ကီက အစ်ကိုနှစ်ယောက် ဗိုလ်ကျ နှိပ် စက်တာကိုတစ်ချိန်လုံး ခါးစည်းခံနေရသူပါ။ တစ်နေ့တော့ စေတန် သခင်ကြီး ငရဲပြည်ကိုအုပ်ချုပ်တာ နှစ်(၁)သောင်း ပြည့်တဲ့နေ့ကို ရောက်လာပါတယ်။နှစ်(၁)သောင်းပြည့်ရင် အုပ်ချုပ်သူနေရာကို လွှဲပေးရတဲ့ စည်း မျဉ်းရှိပေမဲ့ ကြီးကျယ်မြင့်မြတ်တဲ့ စေတန်နတ်ဆိုးကြီးက ဘယ် သူ့ကိုမှ လွှဲမပေးဘဲ သူကိုယ်တိုင်ပဲဆက်ပြီး အုပ်စိုးမယ် လုပ်ပါ တော့တယ်။ အဲဒီမှာပဲ အေဒရီယန်နဲ့ကတ်ဆီးရပ်စ်တို့က မကျေ မနပ်တွေဖြစ်၊ ငရဲပြည်အသစ် ဖန်တီးမယ်ဆိုပြီး ဝိဉာဉ်တွေ ဝင်တဲ့ ငရဲမီးဂိတ်ပေါက်ကနေတစ်ဆင့်ကမ္ဘာမြေပေါ်ကို ထွက်သွားပါ တော့တယ်။အဝင်ဂိတ်လို့ သတ်မှတ်ထားတဲ့ ငရဲမီးဂိတ်ကနေထွက်သွားတာ ကြောင့် ငရဲမီးဂိတ်ဝကြီး ခဲသွားပြီးဝိဉာဉ်တွေ ဝင်လို့မရ ဖြစ်ကုန် ပါတော့တယ်။ စေတန်ကြီးလည်း တတိတိနဲ့ အားနည်းလာပြီး သေမလို ဖြစ်လာတာပေါ့။ အဲဒီမှာပဲ ကမ္ဘာမြေပေါ် ထွက်သွားတဲ့ အစ်ကိုနှစ်ယောက်ကို ငရဲပြည်ဆီ ပြန်ခေါပြီး ဖခင်ဖြစ်သူကို ကယ် တင်ပေးဖို့ကနစ်ကီ့ခေါင်းပေါ် ရောက်လာပါတော့တယ်။ရုပ်ဆိုးဆိုး၊ စကားထစ်ထစ်၊ အူကြောင်ကြောင်ရုပ်နဲ့ ပျော့ဖတ်ဖတ် နစ်ကီတစ်ယောက်ကမ္ဘာမြေပေါ် ရောက်သွားပြီး အလွဲလွဲအချော် ချော်တွေ ဖြစ်ပျက်ပုံကိုအခွီတစ်လိုင်းနဲ့ ...
movie
Little Nicky (2000)
2000
7.6
Moulin Rouge!(2001)
Moulin Rouge!(2001) အညွှန်း**************************IMDb...7.4ဒီဇာတ်ကားကြီးဟာ အော်စကာ ၂ဆုတောင်ရရှိခဲ့ပါတယ်...Nicole Kidman နဲ့ Ewan McGregor နဲ့ အဓိက ပါဝင်သရုပ်ဆောင်ထားပါတယ်... "သဝန်တိုမှုကင်းသော အချစ်စစ်ဟူသည်မရှိ" ဆိုတဲ့စကားလေးရှိတယ်...လူတွေဟာ တစ်စုံတစ်ခု ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို ချစ်မိသွားတဲ့အခါမှာသဝန်တိုစိတ်ဟာ အလိုလိုကပ်ပါလာတတ်ပါတယ်.... နည်းနည်းလေးသဝန်တိုတတ်တဲ့လူရှိသလို ဖြစ်သမျှအကြောင်း သဝန်တိုကောင်းလို့ခံယူထားတဲ့ဆန်းဆန်းတင့်ချစ်သူများလည်းရှိတတ်ပါတယ်... အဲ့လိုဆန်းဆန်းတင့်တွေဟာ ဒီမင်းသားနေရာမှာသာဆိုရင်တော့ သေပန်းတွေပွင့်ရပြီပေါ့ ဘာလို့လဲဆိုတော့ မင်းသမီးဟာ ပြည့်တန်ဆာပါ.... အရင်ခေတ်တွေတုန်းက ပြည့်တန်ဆာဆိုတာ နှိမ်ချတဲ့အသုံးမဟုတ်ဘဲတိုင်းပြည်ရဲ့ အဆင်တန်ဆာလို့ခေါ်စမှတ်ပြုရလောက်တဲ့အထိ အမြတ်တနိုးထားကြတာမို့ ပြည်၏တန်ဆာ "ပြည့်တန်ဆာ" လို့ခေါ်တယ်ဆိုပြီးလည်း ပြောကြပါတယ်.... အခုမင်းသမီးဟာလည်း အထက်တန်းစားပြည့်တန်ဆာတစ်ယောက်ပါ ငွေရရင် အချစ်နဲ့ရမ္မက်ကို ရောရောင်းတဲ့လူမျိုးပေါ့.... ဒါပေမဲ့ သူဟာ သူ့ချစ်သူလိုပဲ အနုပညာကိုချစ်မြတ်နိုးတဲ့လူတစ်ယောက်ပါ.... အကောင်းဆုံးဆိုတဲ့အနုပညာကိုပုံဖော်ဖို့အတွက် အရာရာကိုပေးဆပ်နိုင်သူတစ်ယောက်ပေါ့.....သူတို့ (၂)ဘယ်လိုတွေဆုံစည်းပြီး ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ဇာတ်လမ်းက Romance နဲ့ Musical အမျိုးအစားဖြစ်တော့ သီချင်းလေးတွေအကလေးတွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင်ခံစားကြည့်ရှုနိုင်မယ့် ကားကောင်းလေးတစ်ကားဖြစ်ပါတယ် File Size : (3.6GB)(1.2GB) And (580 MB) Quality : Blu-Ray 1080p5.1ch, 720p Format…mp4 Duration…02:07:00 Genre : ...
movie
Moulin Rouge!(2001)
6.2
Austin Powers in Goldmember (2002)
James Bondကားတွေကို ပြောင်တဲ့ရုပ်ရှင်တွေ၊ ဟာသကားတွေ (ဥပမာ Mr.Beanရဲ့Johny Englishလိုကားမျိုး)အများကြီးထွက်ဖူးပေမယ့် ဒဲ့ကြီးပြောင်ထားတဲ့ကားဆိုလို့ Austin Powers Trilogyပဲ ရှိမယ်ထင်ပါတယ်။ဘယ်လောက်တောင် ဒဲ့ကစ်ထားလဲဆိုရင် ဘွန်းရုပ်ရှင်တွေထဲမှာ နာမည်အကြီးဆုံးဘွန်းရဲ့ရန်သူတော်ကြီးဖြစ်တဲ့Ernst Stavro Blofeld (You Only Live Twice [1967])ကို Dr.Evilဆိုပြီး ဒဲ့ကစ်တာမျိုး။ ကစ်တာဘယ်လောက်အထိလဲဆိုရင်Ernst Stavro Blofledရဲ့ထုံးစံအတိုင်း မီးခိုးရောင်ဝတ်စုံကိုဝတ်ပြီး ကြောင်ပိုက်ထားတဲ့ဂတုံးပုံစံနဲ့မျက်လုံးမှာ အမာရွတ်ရှိတဲ့ပုံစံအတိုင်းDr.Evilကလိုက်ဝတ်တာမျိုး၊ ဘွန်းဇာတ်ကားထဲမှာ လူဆိုးOddjoဟာ ဦးထုပ်နဲ့တိုက်ခိုက်တာကို ပြောင်ထားတဲ့အနေနဲ့ဒီကားထဲမှာလည်းRandom Taskဆိုတဲ့လူဆိုးဟာ ဖိနပ်နဲ့တိုက်ခိုက်တတ်တဲ့ပုံပြပြီး ဒဲ့ကစ်တာမျိုး၊ ဘွန်းဟာ ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ဖြစ်တယ်ဆိုတာရုပ်ဖြောင့်လို့အပြင် ယောက်ျားပီပီသသရင်ဘတ်မွှေးရှိပြီး ဆွဲဆောင်မှုရှိတာကိုပြောင်တဲ့အနေနဲ့ရင်ဘတ်မွှေးတင်မက ခန္ဓာကိုယ်ရှေ ့ဘက်ခြမ်းတစ်ခုလုံးမျောက်တစ်ကောင်လိုအမွှေးတွေရှိတယ်ဆိုပြီး ပြထားတာမျိုးနဲ့ဒဲ့တွေကစ်ထားတဲ့ကားတွေပါ။အဲ့လိုဒဲ့ကစ်လွန်းလို့လည်း ဂျိန်းဘွန်းမင်းသားကြီး Danial Craigဟာ ဂျိန်းဘွန်းကားတွေနဲ့ပတ်သတ်ပြီး အင်တာဗျူးဖြေထားတာရှိပါတယ်။ဂျိန်းဘွန်းဇာတ်ကားတွေကိုပြောင်ထားတဲ့ Austin Powersဇာတ်ကားတွေ အရမ်းအောင်မြင်ခဲ့တာကြောင့် ဂျိန်းဘွန်းဇာတ်ကားတွေကိုထုတ်လုပ်တဲ့ရုပ်ရှင်ကုမ္ပဏီဟာ အရင်လိုစော်ကြည်ဘဲကြီး လက်နက်အဆန်းတွေသုံးပြီး လူဆိုးကိုအနိုင်ယူလေသတည်းဆိုတဲ့ဇာတ်လမ်းမျိုးကိုထပ်မထုတ်ရဲတော့ပဲ Danial Craigရဲ့ဂျိန်းဘွန်းဇာတ်ကောင်ကစပြီး ပိုပြီးကြမ်းတမ်းပြီး ဇာတ်လမ်းပိုင်းဘက်မှာလည်းပိုDarkတဲ့ ...
movie
Austin Powers in Goldmember (2002)
2021
HEVC 1080p 5.1
7.3
Trolls World Tour (2020)
Trolls ဆိုတဲ့ ကာတွန်းရုပ်ရှင်လေးကို မှတ်မိကြသေးလားမသိဘူး။ သီချင်းလေးတွေ လှလှပပလေးနဲ့ ဇာတ်လမ်းကောင်းကောင်းလေးလေ။ အခု အဲဒီ Trolls ရဲ့ အဆက်လာပါပြီ။ ဒီတစ်ခါတော့ မှင်စာလေးတွေရဲ့ ကမ္ဘာကြီးကို ချဲ့ပြလိုက်ပါပြီ။ ပေါ့ပီ နဲ့ ဘရန့်ချ်တို့ဟာ သူတို့နေထိုင်တဲ့ မှင်စာမျိုးနွယ်စုဟာ ကမ္ဘာကြီးတစ်ခုလိုထင်ထားပေမယ့် မဟုတ်ခဲ့ပါဘူး။ အခြားသောမှင်စာ မျိုးနွယ်လေးတွေ ရှိပါသေးတယ်။ အဲဒီမျိုးနွယ်တွေက တကယ်တော့ ဂီတအမျိုးအစားအပေါ် အကြိုက်မတူကြလို့ ရှေးရှေးတုန်းက လမ်းခွဲခဲ့ကြတဲ့ မျိုးနွယ်တွေပါပဲ။ ဟာ့ဒ်ရော့ခ်၊ ကလက်စစ်ကယ်၊ တက်ခ်နို၊ ကန်းထရီး၊ ဖန့်ခ်၊ ပေါ့ပ် ဆိုပြီး ၆ ခု ကွဲနေကြတာပါ။ ပေါ့ပီတို့ကတော့ ပေါ့ပ် မျိုးနွယ်စုပါပဲ။ ဟာ့ဒ်ရော့ခ် မျိုးနွယ်စုရဲ့ ဘုရင်မ ဘာ့ဘ်က မျိုးနွယ်အားလုံးကို အနိုင်ယူပြီး မှင်စာအားလုံးကို ရော့ခ် ဂီတတစ်ခုတည်းအောက်မှာ အုပ်ချုပ်ဖို့ ကြိုးစားလာတဲ့အခါ ပေါ့ပီ နဲ့ ဘရန့်ချ်တို့ စွန့်စားခန်းတွေ ထပ်ဖွင့်ပြီး ဘာ့ဘ်ကို တားဖို့ ကြိုးစားရပါတော့တယ်။ ဇာတ်လမ်းဖတ်မိတာနဲ့ ဒီတစ်ခါ ဂီတအစုံ နားထောင်ရတော့မယ်ဆိုတာကို ကြိုသိမှာပါ။ ဇတ်လမ်းကလည်း အတော်ကောင်းတာမို့ အားရပါးရ ကြည့်ပြီး အပန်းဖြေလို့ ရပါပြီ။ Little Neo က ဘာသာပြန်ပေးထားပြီး Thit San Khant မှ တင်ဆက်ပေးထားပါတယ်။
movie
Trolls World Tour (2020)
5.2
Sherlock Gnomes (2018)
Sherlock Gnomes (2018)_____IMDb - 5.2/10 Sherlock Gnomes(2018)အားလုံးမျှော်လင့်စောင့်စားနေကြတဲ့ ကာတွန်းကားလေးဖြစ်မယ်ထင်ပါတယ် ...2011 တုန်းက ထွက်ရှိခဲ့တဲ့ Gnomeo & Juliet ဇာတ်လမ်းရဲ့အဆက်ပါ ...ယခုဇာတ်လမ်းလေးထဲမှာတော့ ကျွန်တော်တို့ရဲ့အချစ်တော်တွေဖြစ်ကြတဲ့ ဥယျာဉ်စောင့်နုမ်းလေးတွေဟာလန်ဒန်ကိုပြောင်းရွေ့ခဲ့ကြပါတယ် ..ဒီအချိန်မှာပဲ လန်ဒန်မှာထူးဆန်းတဲ့အမှုတစ်ခုဖြစ်ပွားခဲ့တယ်...အဲ့ဒါကတော့ ဥယျာဉ်စောင့်နုမ်းတွေ ထူးဆန်းစွာပျောက်ဆုံးသွားခြင်းပါ ...လန်ဒန်ရဲ့အကျော်ကြားဆုံးစုံထောက်ကြီးရှားလော့ခ်နုမ်းစ်နဲ့ သူ့မိတ်ဆွေဒေါက်တာဝက်ဆန်ဟာနုမ်းတွေပျောက်ဆုံးမှုကို စုံစမ်းရင်း နိုမီယို ဂျူးလိယက်တို့နဲ့ဆုံတွေ့ခဲ့ကြပါတယ်...လျို့ဝှက်မှုတွေနဲ့ပြည့်နှက်နေတဲ့ နုမ်းတွေရဲ့ပျောက်ဆုံးမှုကို သူတို့လေးယောက်ဘယ်လိုဖြေရှင်းကြမလဲ ...ဘယ်လိုထူးဆန်းမှုတွေနဲ့တွေ့ကြုံရမလဲဆိုတာကို ဆက်လက်ရှူ့စားရမှာပဲဖြစ်ပါတယ် ...ဒါ့အပြင်ရှားလော့ခ်နုမ်းစ်ဇာတ်ကောင်ရဲ့ အသံသရုပ်ဆောင်ကလည်း မင်းသားကြီးJohnny Depp ဆိုတော့ အထူးပြောနေစရာမလိုတော့ပါဘူး အချိန်ပေးရကျိုးနပ်မဲ့ကာတွန်းကားကောင်းတစ်ကားပါပဲလို့ ပြောချင်ပါတယ်... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကို Lyric Lynn Khant ဖြစ်ပါတယ်... File Size : (703 MB) Quality : Blu-Ray 720p Format…mp4 Duration…01:26:00 Genre : Animation, Adventure, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Lyric Lynn ...
movie
Sherlock Gnomes (2018)
2018
5.9
Gnomeo & Juliet (2011)
Gnomeo & Juliet (2011) IMDb - 5.9/10_____Rotten - 56% Gnomeo and Juliet ကာတွန်းကားလေးကတော့ ၂၀၁၁ မှာထွက်ရှိထားတာပဲဖြစ်ပါတယ် ဒီဇာတ်လမ်းမှာ ပါဝင်ထားတဲ့ အသံသရုပ်ဆောင်တွေက အပြင်မှာလည်းနာမည်ကြီးတဲ့ ဝါရင့်သရုပ်ဆောင်ကြီးတွေပါပဲ ဒီဇာတ်လမ်းထဲမှာတော့ အနီရောင်မိသားစုနဲ့အပြာရောင်မိသားစုဟာ ခေတ်အဆက်ဆက်က ရှိလာခဲ့တဲ့ရန်ငြိုးဟောင်းတွေကြောင့် တစ်ဖက်နဲ့တစ်ဖက်မုန်းတီးနေကြပါတယ် သူတို့ကတော့ ပန်းခြံထဲမှာထားတဲ့ gnome အရုပ်လေးတွေပေါ့ သူတို့ရဲ့သခင်တွေဖြစ်တဲ့ အိမ်ရှင်နှစ်ယောက်ကလည်း မတည့်သလို အနီနဲ့အပြာမိသားစုတွေကလည်း လမ်းမှာတွေ့ရင် ဦးရာလူကချကြတာပေါ့ အပြာရောင်မိသားစုဘက်က ခေါင်းဆောင်ရဲ့သားဖြစ်သူ နိုမီယိုနဲ့ အနီရောင်ခေါင်းဆောင်ရဲ့သမီးဖြစ်သူ ဂျူးလိယက်တို့နှစ်ယောက်ဟာ အကြောင်းတစ်ခုကြောင့် ဆုံတွေ့မိခဲ့ပြီး တစ်ယောက်နဲ့တစ်ယောက်ချစ်မိသွားခဲ့ပါတော့တယ် တစ်ဖက်နဲ့တစ်ဖက်မုန်းတီးနေကြတဲ့ မိသားစုနှစ်စုရဲ့ရန်ငြိုးတွေကြားမှာ သူတို့ချစ်သူနှစ်ယောက်ရဲ့ အချစ်တွေရှင်သန်နိုင်ပါမလား ဘယ်လိုအခက်အခဲတွေကြုံတွေ့မှာလဲ နိုမီယိုနဲ့ဂျူးလိယက်တို့ချစ်သူနှစ်ယောက်ဟာ ဒီရန်ငြိုးတွေကို အဆုံးသတ်ပေးနိုင်မှာလား ဒါမှမဟုတ် ဝေးကွာသွားကြမလားဆိုတာ ဆက်လက်ကြည့်ရှူ့ကြပါစို့... ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ ကို Lyric Lynn Khant ဖြစ်ပါတယ်... File Size : (752 MB) Quality : Blu-Ray 720p Format…mp4 Duration…01:24:00 Genre : , Adventure, Animation, Comedy Subtitle ...
movie
Gnomeo & Juliet (2011)
2011