Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Otig Pakis
6.8
I Know When You Dead: Suicide Village (2023) Aku Tahu Kapan Kamu Mati: Desa Bunuh Diri
I Know When You Dead: Suicide Village (2023)IMDb Rating (6.8) 2020 တုန်းကလူကြိုက်များခဲ့တဲ့ I Know When You Dead ရဲ့ sequel ဖြစ်ပါတယ်။sequel ဆိုပေမယ့် ဆီယန်နာတစ်ယောက် သေခြင်းနိမိတ်ကိုမြင်နိုင်တာကလွဲလို့ အဆက်အစပ်မရှိတဲ့အတွက် ပထမကားမကြည့်ဖူးလည်းကြည့်လို့ရတဲ့ကားပါပဲ။ဒီကားမှာတော့ လူတစ်ယောက်သေဆုံးကာနီးပြီဆိုရင် သူတို့အနားက သေခြင်းနိမိတ်တွေကိုမြင်နိုင်တဲ့ ဆီယန်နာဆိုတဲ့ကောင်မလေးဟာအဲ့ဒီအစွမ်းကြောင့် စိတ်ဖိစီးအိမ်မက်ဆိုးတွေမက်ပြီး ဆေးတွေပါသောက်နေရပါတယ်။တစ်နေ့တော့ သူတို့ကျောင်းဝင်းထဲမှာဖြစ်ပေါ်ခဲ့တဲ့ သေဆုံးမှုတစ်ခုမှာ အဲ့ဒီလူမသေခင်သေခြင်းနိမိတ်ကို သူမမြင်ခဲ့တဲ့အတွက် အံ့ဩခဲ့ရပြီးသူစုံစမ်းကြည့်မိချိန်မှာတော့ အဲ့ဒီလူဟာ သူနဲ့ရင်းနှီးချစ်ခင်တဲ့ ဆရာမ နာယာနဲ့ဆက်စပ်နေတာကိုသိခဲ့ရပါတယ်။ဆရာမ နာယာဟာ အဲ့ဒီလူအလောင်းနဲ့အတူ သူတို့ရွာ ရယ်မတွတ်ခ်ကိုပြန်သွားပြီဆိုတာကိုပါ သိလိုက်ရချိန်မှာတော့ဆီယန်နာနဲ့သူ့သူငယ်ချင်းနှစ်ယောက်ဟာ ဆရာမဆီကိုလိုက်သွားခဲ့ကြပါတယ်။အဲ့ဒီရွာကိုရောက်ရောက်ခြင်းမှာပဲ ထူးခြားထိတ်လန့်ဖွယ်အဖြစ်အပျက်တွေ အံ့ဩစရာတွေကိုသူတို့သုံးယောက်ဆက်တိုက်ဆိုသလိုကြုံဆုံခဲ့ရပြီး သူတို့ရောက်နေချိန်မှာပဲရွာသားတွေတစ်ယောက်ပြီးတစ်ယောက်ကိုယ့်ကိုယ်ကိုသတ်သေကြတာတွေနဲ့ကြုံလာရချိန်မှာတော့..။ဒီဖြစ်ရပ်ဆိုးတွေက ဘယ်အကြောင်းကြောင့်စတင်ခဲ့တာလဲ? သူတို့ဆရာမ နာယာကိုယ်တိုင်ရော ဘယ်လိုပတ်သက်နေမလဲ?အဲ့ဒီကျိန်စာကနေ သူတို့ရောလွတ်မြောက်နိုင်ပါ့မလား ဆိုတာတွေကိုဆက်လက်ရှုစားကြပါ။Jump scare တွေရောဇာတ်လမ်းနဲ့လှည့်ကွက်တွေပါကောင်းတဲ့ဇာတ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File size…(1.6 ...
movie
I Know When You Dead: Suicide Village (2023) Aku Tahu Kapan Kamu Mati: Desa Bunuh Diri
2023
7.9
27 Steps of May (2019)
27 Steps of May (2019)ပန်းပင်တစ်ပင်ရဲ့ အနုနယ်ဆုံးကာလကိုပြောပါလို့မေးရင်တော့ လူတိုင်းမှာ အဖြေတစ်မျိုးစီရှိကြမှာပေါ့။ တချို့က မျိုးစေ့ကနေ အပင်ပေါက်လာချိန်လို့ပြောရင်ပြောမယ်၊ တစ်ချို့ကလည်း အညှောက်ဘဝကနေ အရွက်တွေစထွက်လာတဲ့ အပင်ပေါက်ဘဝကို ကူးပြောင်းချိန်လို့ ပြောချင်ပြောကြမယ်။ ဒါပေမဲ့ ပန်းပင်တစ်ပွင့်ရဲ့တာဝန်ဟာ လှပတဲ့ပန်းပွင့်လေးတွေ ဖူးပွင့်လာဖို့လို့ ခံယူထားတဲ့ ကျွန်တော်ကတော့ ပထမဦးဆုံးပန်းစပွင့်ဖို့အားယူနေတဲ့ကာလက အနုနယ်ဆုံး လို့ ယူဆပါတယ်။ ဘာလို့လဲဆိုတော့ ပထမဦးဆုံးပန်းစပွင့်မယ့်အချိန်မှာ မလိုလားအပ်တဲ့ပြဿနာကြုံလိုက်ရရင် တချို့ပန်းပင်တွေဟာ အပင်သေတဲ့အထိ အပွင့်မပွင့်တော့ဘဲ အပင်ချည်းသက်သက်အနေနဲ့ ရှင်သန်သွားကြလို့ပါပဲ။လူတွေအတွက်လည်း အတူတူပါပဲ။စိတ်ဒဏ်ရာ Emotional Trauma ဆိုတဲ့စကားလုံးဟာ ခုခေတ်မှာ တွင်တွင်သုံးနေတဲ့ လူတိုင်းနဲ့မစိမ်းတဲ့ စကားလုံးတစ်လုံးပေမဲ့ ဒီစကားလုံးရဲ့အတိမ်အနက်ကိုတော့ အမှန်တကယ်ကြုံဖူးသူတွေပဲ နားလည်နိုင်မှာပါ။အခု တင်ဆက်ပေးချင်တဲ့ ရုပ်ရှင်လေးကလည်း စိတ်ဒဏ်ရာအပြည့်နဲ့ အတိတ်ရဲ့အရိပ်ဆိုးအောက်က လွတ်မြောက်ဖို့ကြိုးစားနေတဲ့ မိန်းကလေးတစ်ယောက်အကြောင်းပါ။၁၄ နှစ်အရွယ် မေဆိုတဲ့ကောင်မလေးတစ်ယောက်၊ ဆယ်ကျော်သက်သက်ပီပီ တက်တက်ကြွကြွနဲ့ အများနည်းတူ စူးစမ်းချင်တဲ့အရွယ် လှချင်ပချင်တဲ့အရွယ်၊ ပျော်ပျော်ပါးပါးနေတတ်တဲ့မိန်းကလေးပေါ့။ ဒီမိန်းကလေး ကစားကွင်းကနေအပြန်မှာ လူတစ်စုကဖမ်းခေါ်သွားပြီးတော့ ရက်ရက်စက်စက် Group rapeလိုက်ပါတယ်။ အိမ်ကိုဖရိုဖရဲနဲ့ အသက်မဲ့တဲ့မျက်နှာနဲ့ပြန်လာတဲ့မေကိုကြည့်ပြီး ဖြစ်စဉ်ကိုသဘောပေါက်လိုက်ပေမဲ့ တက်ကြွပျော်ပါးခဲ့တဲ့ မေ ဆိုတဲ့ ကောင်မလေးကတော့ ...
movie
27 Steps of May (2019)
2019
7.8
Miracle in Cell No. 7 (2022)
Miracle in Cell No.7 (2022)Miracle in Cell No. 7 ဆိုတာနဲ့ မြန်မာနိုင်ငံမှာ လူသိများတဲ့ ပတ်ရှင်ဟေးရဲ့ ဇာတ်ကားဆိုတာသိကြမှာပေါ့။ ဒီဇာတ်ကားက နာမည်ကြားတာနဲ့တင် လူတွေအားလုံးသိကြတဲ့အထိ အောင်မြင်မှုရခဲ့သလို Remake တွေပါ ထပ်ထပ်ရိုက်ရတဲ့အထိ၊ Remake တွေကပါ ဆုတွေကိုသိမ်းပိုက်နိုင်တဲ့အထိ လူတွေရဲ့ရင်ထဲကို အကြိမ်ကြိမ်အခါခါ တိုးဝင်နိုင်တဲ့ ဇာတ်ကားလေးပါ။အခု Miracle in Cell No. 7 ကတော့ ကိုရီးယားကားမဟုတ်၊ တူရကီ remake မဟုတ်တဲ့ အင်ဒို remake ပါ။ ဒီအင်ဒိုကားမှာတော့ Vino G. Bastian က ဖခင်ဖြစ်သူ ဒိုဒိုရိုဂျာ့ခ်အနေနဲ့ မူရင်းကိုရီးယားဇာတ်ထက် မလျော့စေဘဲ ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်ထားပြီး Maya Awards, Festival Film Indonesia တို့မှာလည်း ဆန်ကာတင်စာရင်းဝင် ၊ဆုတွေရခဲ့တာလည်း ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောရမယ်ဆိုရင် ဉာဏ်ရည်မမှီတဲ့ သာမန်ပူဖောင်းလည်ရောင်းသူ ဒိုဒိုရိုဂျာ့ခ်ဟာ ...
movie
Miracle in Cell No. 7 (2022)
2022
5.2
Makmum 2 (2021)
Makmum1 ကိုကြည့်ရှုလိုပါက ဒီ Link လေးမှာကြည့်ရှုနိုင်ပါတယ် >>Makmum1(2019) Makmum 2021မှာတော့ ဇာတ်လိုက်မင်းသမီးဖြစ်တဲ့ ရင်နီဟာ အိမ်ထောင်ကျပြီး ဟာဖစ်ဇ် ဆိုတဲ့ ကလေးလေးတစ်ယောက် ပိုင်ဆိုင်ထားပါပြီ အမျိုးသားကတော့ ဆုံးပါးသွားပြီဖြစ်ပြီး ချစ်ရတဲ့သူကို လွမ်းတဲ့စိတ်နဲ့ ပူဆွေးနေတဲ့ ရင်နီတစ်ယောက် ဇာတိရွာလေးက အဒေါ်ကပါ ထပ်မံဆုံးပါးသွားတဲ့အခါ ရင်နီရဲ့ သောကအပူမီးတွေ နှစ်ဆတိုးလာရပါတော့တယ် သားလေးကိုခေါ်ပြီး နာရေးအတွက် ရွာကို ပြန်လာခဲ့ရင်းက ရွာမှာ ဗလီအသစ်ကြီး ဆောက်လုပ်နေတာကို မြင်ခဲ့ရတယ် ရွာကိုရောက်ပြီးတဲ့နောက်မှာတော့ ရင်ရဲ့သား ဟာဖစ်ဇ်ဟာ ကစားနေရင်း ပျောက်ဆုံးသွားပြီး တောအုပ်ကြီးရဲ့ အလယ်မှာ သတိလစ်လျက် ပြန်တွေ့ခဲ့ရတယ် ကလေးတွေ ပျောက်ဆုံးသွားပြီးနောက်ပိုင်း ခြောက်လှန့်မှုတွေက ပိုပိုဆိုးရွားလာခဲ့သလို ဆောက်လက်စ ဗလီအသစ်ကြီးမှာလည်း ပြဿနာအမျိုးမျိုးတက်ခဲ့ရတယ် အဲဒီလိုနဲ့ ရင်နီဟာ ပြဿနာကို အဖြေရှာဖို့ ကြိုးစားရင်းကနေ ဘယ်လိုမျိုးပုံစံတွေနဲ့ ပူးကပ်ခံရမလဲ ကလေးတွေကို ဘယ်လိုကယ်မလဲ ရွာသားတွေရော ဘယ်လို ခြောက်လှန့်မှုတွေနဲ့ကြုံရမလဲဆိုတာကို မိုးအေးအေးမှာ စောင်လေးခြုံပြီး ရင်တထိတ်ထိတ်နဲ့ စောင့်ကြည့်ရမယ့် သရဲကားကောင်းလေး နှစ်ကားအဖြစ် တင်ဆက်ပေးလိုက်ပါတယ်။ File size…1.46GB / 621MB Quality…1080p NF WEB DL AAC5.1CH / ...
movie
Makmum 2 (2021)
2021
5.4
Offering ( 2018 )
ကျောင်းတစ်ကျောင်းမှ အနိုင်ကျင့်တတ်တဲ့ ကျောင်းသူ ကျောင်းသားတစ်စုဟာ ရှိစမြဲပါဒီဇာတ်ကားလေးထဲမှာတော့ အထက်တန်းကျောင်းတစ်ခုမှာကျောင်းသားအချင်းချင်း ကြီးနိုင်ငယ်ညှဉ်းဒဏ်မခံနိုင်လို့ အဆုံးစီရင်မှုတွေ ဖြစ်ပေါ်နေပါတယ်။ရုပ်ချော စာတော်ပြီး ပညာသင်ဆုနဲ့ ကျောင်းတက်နေတဲ့ အယ်လန်နာဆိုတဲ့ကျောင်းသူလေးဟာ အနိုင်ကျင့်တတ်တဲ့ ကျောင်းသူတစ်ချို့ကိုတိတ်တဆိတ်ဗီဒီယိုနဲ့ မှတ်တမ်းတင်နေရာက လူမိသွားလို့ ကင်မရာအလုခံလိုက်ရပြီးကင်မရာပြန်ရအောင် သွားပြန်ယူချိန်မှာတော့ မထင်မှတ်တဲ့ဖြစ်ရပ်တွေကြောင့်အရှက်တကွဲအကျိုးနည်းဖြစ်ပြီး အဆုံးစီရင်သည်အထိဖြစ်ခဲ့ရပါတယ်သူဒုက္ခရောက်တဲ့အချိန် ဆရာ ဆရာမတွေအပြင် အခင်ဆုံးသူငယ်ချင်းတွေပါဘယ်သူမှကိုယ့်ဖက်မှာမရှိလို့ ဝမ်းနည်းစိတ်ကနေ ဒေါသအဖြစ်ပြောင်းသွားတဲ့အယ့်ဝိဉာဉ်ဟာ မအေးချမ်းနိုင်လို့ လက်စားပြန်လာချေတာကိုထိတ်လန့်ဖွယ်ကြည့်ရှုရမယ့် သရဲကားကောင်းလေးတစ်ကားဖြစ်ပါတယ်Translated & Review By Htoo Htoo Ka JoeEncoded By LK
movie
Offering ( 2018 )