Channel Myanmar

Omar Tucci

Armed (2025) 5.5
Armed (2025)  ယခုတစ်ခေါက်တင်ဆက်ပေးမှာကတော့ သည်းထိတ်ရင်ဖိုအက်ရှင်ကားလေးပဲဖြစ်ပါတယ်...ဒီကားလေးမှာဆိုရင် စစ်လက်နက်ပစ္စည်းများကို ခိုးယူရောင်းချကြမယ့် မရိန်းတပ်သားဟောင်းများ ကြုံကြိုက်ရတဲ့အလွဲအမှားအကြောင်းကို သည်းထိတ်ရင်ဖိုဖြစ်ဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ်..လူတစ်ယောက်ဟာ တံခါးနီနီကြီးဆီ ရည်ရွယ်ရင်း သေနတ်တစ်လက်နဲ့ ရမ်းသန်းပစ်ခတ်လျက် အခန်းထဲဝင်လာမယ့်သတ္တဝါကြီးကို ထိတ်လန့်ကြောက်ရွံ့ရင်း ဇောချွေးများအပြိုက်ပြိုက်ကျနေပါတယ်..ထိုသူရဲ့ အသက်လုံခြုံမှုဟာတော့ ကျည်ရာများ ပွထနေတဲ့တံခါးရဲ့ လက်ကိုင်မှာကန့်လန့်ခံထားတဲ့ တူတစ်လက်အပေါ်မှာ မူတည်လျက်…ထိုအဖြစ်အပျက်ဟာ စားပွဲဝိုင်းလေးတစ်လုံးပေါ်ကဆွေးနွေးပွဲရဲ့ ရလဒ်ဖြစ်တယ်လို့ဆိုရင် မမှားပါဘူးစစ်တပ်ကြီးတစ်ခုရဲ့ စစ်လက်နက်ပစ္စည်းများဟာ လုံခြုံရေးလျော့ရဲလှတဲ့ အရပ်သားကုန်လှောင်ရုံတစ်ခုဆီကို ထူးထူးဆန်းဆန်းရွှေ့ပြောင်းမယ်ဆိုတဲ့ သတင်းဟာ မရိန်းတပ်သားဟောင်းများအဖို့ ယုံနိုင်ခဲလှပါတယ်..သို့သော်လည်း ၎င်းတို့ကို သတင်းပေးလာသူမှာ ကုန်လှောင်ရုံမှာ နှစ်ရှည်အလုပ်လုပ်ခဲ့သူဖြစ်ပြီး ရောင်းချရမယ့်ငွေပမာဏဟာလည်း မက်လောက်စရာဖြစ်တဲ့အတွက်အလုံးစုံယုံကြည်လိုက်ပြီး စစ်လက်နက်ပစ္စည်းများကိုခိုးယူဖို့ အစီအစဉ်ချကြပါတော့တယ်...စစ်တပ်ကြီးတစ်ခုလုံးကို ထောက်ပံ့နိုင်တဲ့ လက်နက်များဟာသာမန်ဂိတ်စောင့်လုံခြုံရေးတစ်ဦးရဲ့ အစောင့်အရှောက်အောက်မှာ ရှိတဲ့အတွက်ကြောင့် လွယ်လင့်တကူသာခိုးယူနိုင်ခဲ့ကြပါတယ်...အစစအရာရာအစီအစဉ်တကျဖြစ်ခဲ့ပြီး လွတ်မြောက်ရာကို ထွက်လာနိုင်ခဲ့တဲ့ မရိန်းတပ်သားဟောင်းများအဖွဲ့ဟာ အံ့ဩစရာအဖြစ်နဲ့ကြုံကြိုက်ရပါတော့တယ်အဖွဲ့သားတစ်ယောက်ဟာ လက်နက်ပုံးများကို လှန်လှောစစ်ဆေးရင်း စတင်ဂါသေနတ်ပုံးကို ဖွင့်လိုက်တဲ့အခါမှာတော့လူပုံသဏ္ဌာန်ဆင်တူတဲ့ အရုပ်တစ်ရုပ်ဟာ အခေါင်းထဲကထလာတဲ့အလောင်းတစ်လောင်းသဖွယ်ထလာရာကြောက်လန့်တကြီး သေနတ်နဲ့ ပစ်ခတ်မိပါတော့တယ်..သို့သော်လည်း ၎င်းအရုပ်ဟာ ဘယ်လိုထိခိုက်မှုမျိုးမှမရှိဘဲတောတွင်းဝင်ပြေးပြီးတဲ့နောက် မရိန်းတပ်သားအုပ်စုနဲ့ကျည်မတိုးတဲ့အရုပ်တို့ ရင်ဆိုင်ရမယ့်အဖြစ်ကို ရောက်ရှိလာတဲ့အခါမှာတော့…ဒီဇာတ်ကားလေးဟာဆိုရင် ...
movie

Armed (2025)

Death Hunt (2022) 5.9
Death Hunt (2022) Death Hunt (2022)ငယ်ငယ်က တွတ်ပီ ဘယ်စာအုပ်မှာလဲမသိ၊ တွတ်ပီနဲ့ဗိုက်ကလေး ကျွန်းကြီးတစ်ကျွန်းမှာ သောင်တင်ပြီး ကျွန်းပိုင်ရှင်ဘဲက သူတို့ကို လူအမဲလိုက်တဲ့ ဇာတ်လမ်းကို တော်တော်များများလည်း ဖတ်ဖူးကြမယ်ထင်ပါတယ်။ ခု ဒီကားရဲ့ဇာတ်လမ်းဟာ အဲဒီဇာတ်လမ်းနဲ့ ကျောရိုးတစ်ထေရာတည်းနီးပါးတူတဲ့ ဇာတ်လမ်းပါပဲ။ ဆိုတော့ ဒီကားဟာလည်း Survival ရုပ်ရှင်တွေကို ကြိုက်တဲ့သူတွေအတွက် စိတ်အပန်းပြေမယ့် ရုပ်ရှင်တစ်ကားပါပဲပေါ့။တချို့က အသွေးထဲအသားထဲကနေကို အမဲလိုက်ခြင်းကို ဝါသနာထုံကြပါတယ်။ ဒီလိုဝါသနာထုံကြတဲ့လူတွေထဲ လူသားအမဲလိုက်တဲ့အရသာကို တွေ့သွားကြတဲ့သူတွေလည်းရှိပါတယ်။ လူကိုအမဲလိုက်ရတာ ဘယ်တောကောင်ကို အမဲလိုက်ရတာနဲ့မှမတူပါဘူး။ လူကိုအမဲလိုက်မိရင် ကျန်တာလည်း မတိုးတော့ပါဘူး။ ဒီရုပ်ရှင်မှာတော့ လူကိုအမဲလိုက်ရတဲ့အရသာကို တွေ့သွားတဲ့လူတစ်ချို့ဟာ သားကောင်လူတွေကိုဖမ်းပြီး ကျွန်းကြီးတစ်ကျွန်းမှာ အမဲလိုက်ကြတာကို ရိုက်ပြထားပါတယ်။ ကြည့်ပြီးသူတွေရဲ့ ရဗျူးတွေအရတော့ ၈၀ခုနှစ်က ရုပ်ရှင်တွေလို ခံစားရတယ်လို့ဆိုပါတယ်။ ကျွန်တော်ပဲ အရမ်းကြီးမမျှော်လင့်ထားမိလို့လားတော့မသိပေမဲ့ စစချင်းမှာ ဘာကားကြီးလဲလိုဆိုပြီး ဖြစ်ခဲ့ပေမဲ့ မိနစ်၂၀လောက်အကြာမှာတော့ ဇာတ်လမ်းဟာ စိတ်ဝင်စားစရာ စကောင်းလာပါတယ်။ လူချင်းအမဲလိုက်တာတွေ ...
movie

Death Hunt (2022)

2022