Channel Myanmar

Olivia Sanabia

Homestead (2024) 5.8
Homestead (2024)  ယခုတစ်ခေါက် CM ပရိသတ်များအတွက် တင်ဆက်ပေးလိုတဲ့ဇာတ်ကားလေးကတော့ စွန့်စွန့်စားစားအက်ရှင်ကားလေးတစ်ကားပဲဖြစ်ပါတယ်...အနုမြူဗုံးပေါက်ကွဲမှုရဲ့နောက်ဆက်တွဲဖြစ်လာတဲ့ ကမ္ဘာပျက်ကပ်ဘေးကို ရင်ဆိုင်ကြဖို့ပြင်ဆင်ရင်း ကြုံတွေ့လာရတဲ့အခက်အခဲတွေအကြောင်း ရိုက်ကူးတင်ဆက်ထားတာဖြစ်ပြီး တတိယကမ္ဘာစစ်ဖြစ်ပေါ်ချိန်ကာလကို ဟောကိန်းထုတ်ကြည့်ဖို့ ကြိုးစားထားတဲ့ရုပ်ရှင်ကားလေးတစ်ကား ဖြစ်တယ်ဆိုရင်လည်း မလွဲနိုင်ပါဘူးအစာရေစာပြတ်လပ်ရှားပါးမှုတွေ၊ ကူကယ်ရာမဲ့နေတဲ့ဒုက္ခသည်တွေ၊အဖောက်ထွင်းခံနေရတဲ့ ကုန်တိုက်တွေ၊ ရှေ့ဆက်မတိုးနိုင်လောက်အောင်ပိတ်နေတဲ့ယာဉ်တန်းတွေ စတဲ့ ရုတ်ရုတ်သဲသဲအခြေအနေတွေကိုစိတ်လှုပ်ရှားဖွယ်တင်ဆက်ပြသထားပြီး သဘာဝတရားကိုချစ်ကြဖို့ငြိမ်းချမ်းရေးကို အချိန်မီထိန်းသိမ်းနိုင်ဖို့လည်း သတင်းစကားတစ်ခုအနေနဲ့ ပုံဖော်ဖန်တီးထားတယ်လို့လည်း ဆိုနိုင်ပါတယ်…Ian Ross တစ်ယောက်ဟာ ကမ္ဘာပျက်မယ့်ဘေးအတွက်ကို ရိက္ခာတွေသိုလှောင်ရင်း လိုအပ်တာတွေစုဆောင်းကာ ကြိုတင်ပြင်ဆင်ထားသူတစ်ယောက်ဖြစ်ပါတယ်..တစ်နေ့မှာတော့ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း အင်အားပြင်းပေါက်ကွဲမှုတစ်ခုမှ အစပြုကာ အမေရိကန်ပြည်ထောင်စုအတွင်းလျှပ်စစ်မီးတွေ ပြတ်တောက်ကာ အနုမြူဗုံးအန္တရာယ်စတင်ဖြစ်ပေါ်နေပြီဖြစ်ကြောင်း ကောလဟာတွေပျံ့နှံ့လာပြီး ရှောင်ကြတိမ်းကြရင်းတစ်တိုင်းပြည်လုံးလှုပ်လှုပ်ရှားရှား ဖြစ်လာပါတော့တယ်Ian Ross နဲ့ နီးစပ်သူများဟာ Ian Ross တစ်ယောက် ထိုအခိုက်အတန့်အတွက် ပြင်ဆင်ထားကြောင်းသိရှိကြပြီး Ian Ross ဆီ ဝင်ခိုလှုံဖို့တဖွဲဖွဲရောက်ရှိလာကြပါတယ်. သို့သော်လည်း Ian Ross ဟာ၎င်းငှားရမ်းထားတဲ့ လုံခြုံရေးခေါင်းဆောင်ရဲ့ အကြံပြုချက်ကိုမလွန်ဆန်နိုင်ဘဲ ၎င်းရဲ့ မိတ်ဆွေရင်းတွေကို အိမ်ထဲပေးမဝင်နိုင်အစာရေစာအကူအညီမပေးနိုင်ဘဲရှိနေကာ ...
movie

Homestead (2024)

Birthright: Outlaw (2023) 5.8
Birthright: Outlaw (2023)  ဇာတ်လမ်းနာမည်က "ရာဇဝတ်သားအမွေခံ"...။ဆိုလိုချင်တာက တစ်ခါရာဇဝတ်သားဖြစ်ဖူးရင်၊ ရာဇဝတ်မျိုးရိုးပါရင်အမြဲပဲ ရာဇဝတ်သားဖြစ်နေမှာ...အတိတ်ကို မေ့ထားလို့သာရမယ် ဖျောက်ဖျက်ငြင်းပယ်မရတဲ့အမွေအနှစ်ကြီးပေါ့....။ဒီလိုအဓိပ္ပာယ်လေးနဲ့ ဇာတ်အိမ်တည်ထားတဲ့ Western Dramaလေးပါ...။ဇာတ်လမ်းအကျဥ်းက‌တော့ သင်းအုပ်ဆရာဖခင်တစ်ယောက်၊ အိမ်ရှင်မဇနီးသည်နဲ့သမီးလေးတို့ မိသားစုသုံးယောက်သား အမေရိကန်အနောက်တိုင်းဘဝအတိုင်းအေးအေးချမ်းချမ်းနေကြတယ်ပေါ့...။တစ်နေ့မှာတော့ ကံဆိုးမိုးမှောင်ကျပြီး သမီးဖြစ်သူကို လူတစ်စုကပြန်ပေးဆွဲဖမ်းခေါ်သွားပါတယ်...။ကြံရမရတဲ့ သင်းအုပ်ဆရာနဲ့ ဇနီးသည်ဟာ ဒီအမှုကို တိုင်တန်းရင်းနဲ့မှအဖုံးဖုံးအဖိဖိ ထားခဲ့တဲ့ အတိတ်တွေက ပြန်ပေါ်လာပါတယ်...။ဒီရာဇဝတ်အမွေခံအတိတ်ကိုရော အသစ်ပြန်စလို့ရနိုင်မလား...၊သူတို့ရင်ဆိုင်ရမယ့် လျှို့ဝှက်ဂိုဏ်းကဘာဖြစ်မလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ....။  File size…1.39GB / 654MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 41m Genre ….. Drama , Western Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Birthright: Outlaw (2023)