Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Olivia McBride
7.8
Bob Trevino Likes It (2024)
မိဘဆိုတာ ကိုယ်မွေးလာကတည်းက လက်ရှိအရွယ်ရောက်သည်အထိ ပြုစုပျိုးထောင်ကျွေးမွေးလာခဲ့ပေမဲ့လေးစားချစ်ခင်ရတဲ့ မိဘတွေဆိုတာရှိသလို ငရဲပေးတဲ့မိဘတွေလည်းရှိပါတယ်။ကိုယ့်ဖက်က ဘယ်လောက်ပဲကောင်းအောင်နေပြီး ချစ်ခင်နေပေမဲ့ ကိုယ့်အပေါ်မှာဆိုးသွမ်းတဲ့ အနိုင်ကျင့်တဲ့ မိဘတွေလည်းရှိနေတယ်ဆိုတာကတော့ ကြုံတွေ့ဖူးသူတွေမှသိနိုင်မဲ့ ငြင်းလို့မရတဲ့ခါးသီးတဲ့အမှန်တရားပါပဲ။အခုတင်ဆက်ပေးမဲ့ဇာတ်ကားလေးကလည်း အဲ့လိုမျိုးမိဘဆိုးနဲ့ ကြုံတွေ့ခဲ့ရတဲ့သမီးတစ်ယောက်ရဲ့ ဖြစ်ရပ်မှန်ဘ၀အပေါ်မှာ အခြေခံပြီးဒရာမာဆန်ဆန်ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့ Bob Trevino Likes It ဖြစ်ပြီးလက်ရှိ IMDb Rating 7.9 အထိရရှိထားတဲ့အတွက်တကယ်ကောင်းတဲ့ဇာတ်ကားလေးဆိုတာကတော့ငြင်းမရပါဘူး။အဓိကဇာတ်ဆောင်တွေအနေနဲ့လည်းNope တို့ Euphoria တို့လိုနာမည်ကြီး ရုပ်ရှင် ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင်ခဲ့ဖူးတဲ့ Barbie Ferreira နဲ့မျက်နှာချိုချိုနဲ့မင်းသားကြီး John Leguizamo တို့ကအဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ကတော့ လီလီဆိုတဲ့ကောင်မလေးဖြစ်ပြီး သူ့အမေက ငယ်စဉ်ကတည်းကထွက်ပြေးသွားခဲ့တဲ့အတွက် အဖေဖြစ်သူနဲ့သာ ကျန်ခဲ့ရသူဖြစ်ပါတယ်။သူ့အဖေကလည်း အသက်ကြီးကာမှသူငယ်ပြန်ပြီး အားနေဆော်ကြောင်နေတဲ့အတွက် သူ့ကိုစိတ်ထဲတောင်မရှိဘူးလို့ထင်ရပါတယ်။ဒီလိုနဲ့ ဆော်ကိစ္စမှာပဲ လီလီနဲ့ပြဿနာထတက်ခဲ့ပြီး ကလေးတစ်ယောက်လိုစိတ်ကောက်ကာ လီလီ့ကိုအဆက်အသွယ်ဖြတ်လိုက်ပါတော့တယ်။ငယ်စဉ်ကတည်းက မိဘမေတ္တာအပြည့်အ၀မရခဲ့တဲ့ လီလီလည်း အဖေဖြစ်သူမခေါ်မပြောနိုင်ဖြစ်နေတာကို စိတ်ညစ်ပြီး Facebook မှာ လျှောက်မွှေနှောက်နေခဲ့ရင်းနဲ့မှ သူ့အဖေနဲ့နာမည်ချွတ်စွပ်တူနေတဲ့ဇာတ်ကားနာမည်ထဲကအတိုင်း ဘော့ဘ်ထရက်ဗီနိုဆိုတဲ့လူတစ်ယောက်ကိုသွားတွေ့ခဲ့ပါတော့တယ်။အဲ့ဒါကြောင့်ပဲသူနဲ့အမျိုးတော်နေမလားလို့ ...
movie
Bob Trevino Likes It (2024)