Channel Myanmar

Olaf Højgaard

The Quiet Ones (2024) De lydløse 6.5
The Quiet Ones (2024) De lydløse  The Quiet Ones (2024)IMDb Rating (6.5) / Rotten Tomatoes (48%) ၂၀၀၈မှာ ကမ္ဘာ့စီးပွားရေးပျက်ကပ်က အမေရိကန်ကနေစပြီး တစ်ကမ္ဘာလုံးနီးပါးကို ပျံ့နှံ့လာခဲ့ပါတယ်။ဒီအချိန်မှာ ဘဏ်တွေဟာ ခက်ခဲနေခဲ့တယ်။ ၂၀၀၈မှာ ဒိန်းမတ်နဲ့ဥရောပတစ်ခွင်က လူတစ်စု အတူတူပေါင်းပြီး ဒိန်းမတ်သမိုင်းမှာ အကြီးဆုံးဘဏ်ဝင်စီးမှုကြီးကို လုပ်ခဲ့ပါတယ်။အခက်အခဲဆုံး ကာလမှာ အကြီးဆုံး ဘဏ်ဓားပြမှုကို လုပ်ခဲ့တဲ့လူတွေအကြောင်း ဒီရုပ်ရှင်မှာရိုက်ပြထားပါတယ်။သူတို့တစ်ယောက်ချင်းစီ အခြေအနေတွေရော လူစုဖြစ်ကြပုံတွေရော ဘဏ်ဓားပြတိုက်ဖြစ်သွားပုံတွေရော ဘယ်လိုမိသွားလဲဆိုတာက အစပြထားတာမို့ ဘဏ်ဓားပြတိုက်ဖို့ မစဉ်းစားခင် မမှားသင့်တာမမှားရအောင် လေ့လာဖို့ တိုက်မယ်ဆိုလည်းပါဖက်ဖြစ်အောင်လေ့လာဖို့ ကြည့်သင့်ကြည့်ထိုက်တဲ့ရုပ်ရှင်ပါပဲ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ W ဖြစ်ပါတယ်။)File size…(2 GB) / (810 MB) Quality….Blu-Ray 1080p HEVC / 720p Format…. mkv/mp4 Genre….Action,Drama Duration….01:46:30 Subtitle….Myanmar Subtitle (Hardsub) Encoder….Double K Translated by W
movie

The Quiet Ones (2024) De lydløse

2024
The Promised Land (2023) 7.7
The Promised Land (2023)  ဒိန်းမတ်ရဲ့ ၂၀၂၄ အော်စကာအတွက် တင်သွင်းထားတဲ့ရုပ်ရှင်အသစ်လာပါပြီ။IMDb 7.7 ရရှိထားပြီး မင်းသားကြီး Mads Mikkelsen ပါဝင်ထားပါတယ်။The Dark Tower ရဲ့ ဒါရိုက်တာ Nikolaj Arcel ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ဇာတ်လမ်း၊ ရိုက်ချက်၊ သရုပ်ဆောင်အားလုံးကောင်းတာမို့ ကြည့်သင့်တဲ့ရုပ်ရှင်ကောင်းတစ်ခုပါပဲ။ဇာတ်လမ်းကတော့ သမိုင်းဖြစ်ရပ်မှန်တစ်ခုကိုအခြေခံထားတာဖြစ်ပြီးဒိန်းမတ်နိုင်ငံရဲ့ မြေပုံကိုပါ ပြောင်းလဲစေခဲ့တဲ့ လူတစ်ယောက်အကြောင်းပါပဲ။၁၇၀၀ ပြည့်နှစ်အကျော်တွေမှာ ဒိန်းမတ်ဘုရင်ဟာ မြေရိုင်းတွေဧကပေါင်းများစွာမှာလူတွေအခြေချစေချင်ပြီး စိုက်ပျိုးစေချင်ပေမဲ့ နှစ် ၅၀ ကြာတဲ့တိုင်အောင် ဘယ်သူမှမအောင်မြင်နိုင်ခဲ့ပါဘူး။ မြေတွေက အရမ်းကြမ်းတော့ စိုက်ပျိုုးလို့မရတဲ့အပြင်ခြေသလုံးအိမ်တိုင် ဂျစ်ပစီတွေက ခိုးဝှက်လုယက်နေတာလည်းရှိနေလို့ပါ။အဲဒီအချိန်မှာပဲ စစ်ပြန်အငြိမ်းစားဗိုလ်ကြီး လက်ဗစ်ခေလန်က အဲဒီမြေရိုင်းတွေပေါ်မှာ စိုက်ပျိုးပြီး အခြေချခွင့်တောင်းလာပါတယ်။ ဘုရင့်ဘဏ္ဍာရေးအဖွဲ့ကသူအောင်မြင်မယ်လို့ မယုံကြည်ပေမဲ့ ဟန်ပြလုပ်နေတဲ့သူရှိရင်ပြီးတာပဲဆိုပြီးခွင့်ပြုလိုပါတယ်။ အထောက်အပံ့တော့ မပေးပါဘူး။ ခေလန်ဟာ သူ့ရဲ့ ပင်စင်လစာလေးနဲ့ ရှိမဲ့စုမဲ့ လူတွေငှား ပစ္စည်းတွေဝယ်ပြီး မြေရိုင်းဒေသကိုထွက်လာပေမဲ့သူ့ဆီက ခိုးမဲ့လုမဲ့ ဂျစ်ပစီတွေနဲ့ မြေရိုင်းဒေသကို အပိုင်စီးချင်နေတဲ့ မြေရှင်သူဌေးကြီးတစ်ယောက်က မျိုးစုံတိုက်ခိုက်လာတဲ့အခါ ...
movie

The Promised Land (2023)

The Cake Dynasty (2022)
The Cake Dynasty (2022)  ကိုယ်ကျရှုံးနေချိန် ၊ အနီးဆုံးလူတွေနဲ့ တဖြည်းဖြည်းဝေးကွာလာတယ်လို့ခံစားရချိန်၊ မသွားသင့်တဲ့ထွက်ပေါက်တစ်ခုဆီသွားဖို့ကြံနေချိန် အနားရောက်လာပြီးကယ်တင်ဖေးမပေးသူနဲ့ကြုံတဲ့အခိုက်အတန့်….ဒိန်းမတ်နိုင်ငံထုတ် ဒီဇာတ်ကားလေးမှာ အရှုံးပေါ်ခါနီးစက်ရုံပိုင်ရှင်ဖြစ်တဲ့ နီရယ်လ်ရဲ့ဘဝအဆုံးသတ်ခါနီးမှာပေါ်လာတဲ့ကယ်တင်ရှင်မွတ်စလင်အမျိုးသမီးဇိုင်နတ်.....အမျိုးသားဖြစ်သူစိတ်ဓာတ်ကျနေတာမကြည့်ရက်လို့ အဲလ်စ် ကအဝေးရောက်စီးပွါးရေးကျောင်းဆင်း သမီးလေးဂျွန့်ကိုပြန်လာခိုင်းပြီးလုပ်ငန်းကိုဝင်စီမံစေပါတယ်။ တနေ့ထက်တနေ့ပိုနီးစပ်လာတဲ့ နီရယ်လ်နဲ့ ဇိုင်နတ်တို့နှစ်ဦး တားမြစ်ထားတဲ့ဘောင်ကျော်လွန်လာချိန်မှာတော့ သူတို့နှစ်ဦးနဲ့ အဲလ်စ်တို့ဘယ်လိုကျော်ဖြတ်ကြမလဲ၊ဒီဇာတ်ကားက သာမာန်အချစ်ဇာတ်လမ်းထက်ပိုပါတယ်။ အဝလွန်ရောဂါအကြောင်း၊ စိတ်ဓာတ်ကျမှု၊ဘာသာရေးလူမျိူးရေးခွဲခြားပုံတွေ၊ ဘာသာပြောင်းလဲခံယူမှု သက်ဝင်ယုံကြည်ပုံတွေ၊နိုင်ငံခြားဒုက္ခသည်တို့ရဲ့ဘဝမျိုးစုံတို့ကို တဖဲ့စီ တဖဲ့စီပေါင်းထည့်ပေးထားတာမို့ သုတရသစုံနေမှာပါ။ File size…(1.7 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Ban
movie

The Cake Dynasty (2022)