Channel Myanmar

Numa Grimal

Delicious (2025) 5.5
Delicious (2025)  အက်စတာနဲ့ ဂျွန်တို့မိသားစု ၄ဦးဟာ နွေရာသီအားလပ်ရက်မှာပြင်သစ်ကိုအလည်အပတ်ခရီးထွက်လာခဲ့ကြပါတယ်။ဒီလိုနဲ့ တစ်ရက် အပန်းဖြေအိမ်အနီးနားက ဟိုတယ်မှာ ညစာစားပြီးအပြန် လမ်းမှာကောင်မလေးတစ်ယောက်ကို ကားနဲ့တိုက်မိခဲ့ပါတယ်။ ကားတိုက်ဒဏ်ရာကလည်းသိပ်မပြင်းတော့အမှုပတ်မှာစိုးတာနဲ့ ကောင်မလေးကို ဆေးရုံမပို့ဘဲ အိမ်ခေါ်သွားခဲ့ကြပါတယ်။ နောက်ရက်မှာ ကောင်မလေးက သူတို့အိမ်ပြန်ရောက်လာပြီး ဒဏ်ရာ‌ေကြာင့် အလုပ်ထုတ်ခံလိုက်ရတဲ့အတွက် အက်စတာတို့အိမ်မှာ အိမ်အကူအနေနဲ့အလုပ်လုပ်ပါရစေလို့ ခွင့်တောင်းလာပါတော့တယ်။ခြေနှစ်ချောင်းမကယ်ကောင်းဆိုတဲ့ စကားအတိုင်း ကောင်မလေးကိုအိမ်ပေါ်ခေါ်တင်မိရာကနေ မိသားစုထဲမှာ ပြဿနာတွေတစ်စတစ်စတက်လာပြီး ကောင်မလေးရဲ့သရုပ်မှန်ဟာလည်းတဖြည်းဖြည်းပေါ်လာပါတော့တယ်။ဇာတ်လမ်းအကျဉ်းကတော့ ဒီလောက်ပါပဲ။ဒီရုပ်ရှင်က ဇာတ်အိမ်ကျစ်ကျစ်လစ်လစ်နဲ့ အချိတ်အဆက်ပိုင်နိုင်ပြီး ကြည့်ရတာအတော်လေး အားရစရာကောင်းတဲ့အထဲမှာပါပါတယ်။background music ကောင်းကောင်း နဲ့ ကင်မရာအယူအဆcinematography အပိုင်းမှာလည်း ကာလာလွင်လွင်နဲ့ တော်တော်လေးလှတာပါ။ အဲလိုအရောင်လှလှလေးနဲ့ပဲ ဇာတ်လမ်းကိုတဖြည်းဖြည်းဆွဲခေါ်လာပြီး အတွင်းထဲက လှိုက်စားပစ်လိုက်သလိုမျိုး ရသကိုပေးနိုင်တဲ့ ရုပ်ရှင်မျိုးပါ။ရုပ်ရှင်ဝေဖန်ရေးဆရာများကတော့ ဒီရုပ်ရှင်ကို နာမည်ကျော်Parasite နဲ့ Saltburn ရုပ်ရှင်တို့ကို ရောထားတဲ့ ခံစားချက်မျိုးရတယ်လို့ပြောထားကြပါတယ်။သူတို့ပြောတာတကယ်ဟုတ်မဟုတ်ကိုတော့ ရုပ်ရှင်ထဲမှာပဲဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ဒီရုပ်ရှင်ဟာ slow burn ရုပ်ရှင်တွေကို ကြည့်ရတာ နှစ်သက်သူတွေအတွက် သဘောတွေ့စေမဲ့ ရုပ်ရှင်တစ်ကားဖြစ်ကြောင်းညွှန်းဆိုလိုက်ချင်ပါတယ်။  File ...
movie

Delicious (2025)