Channel Myanmar

Nova Eliza

Rumah Teteh: Story of Helena (2025)
Rumah Teteh: Story of Helena (2025) RumahTeteh Story of Helena (2025)"ထူးဆန်းတဲ့အဆောင်" =============================================အသစ်ထွက်ထားတဲ့ အင်ဒိုဟော်ရာရုပ်ရှင်တစ်ခုကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ဟာ ယူကျုပေါ်မှာ ကြည့်ရှုသူ နှစ်သန်းကျော်ခဲ့တဲ့ ဗွီဒီယိုတစ်ခုကို ဇာတ်ညွှန်းပြန်ရေးကာ ရိုက်ကူးထားတာဖြစ်ပြီး ဖြစ်ရပ်မှန်ကို အခြေခံထားတယ်လို့ဆိုပါတယ်။နန်ဒိုနဲ့ တခြားသူငယ်ချင်းသုံးယောက်က အဆောင်တစ်ခုမှာ အတူနေကြတဲ့ တက္ကသိုလ်ကျောင်းသားတွေပါ။သူတို့အဆောင်မှာ သူတို့ လေးယောက်တည်းနေတာဖြစ်ပြီး တစ်ခါတလေ လူတူနှစ်ယောက် မြင်ရတာမျိုး၊ ဂါဝန်ဝတ်ထားတဲ့အမျိုးသမီးတစ်ယောက်ကို မြင်ရတာမျိုးလို ထူးဆန်းတာတွေ ကြုံတွေ့ရတတ်ပါတယ်။အဲဒီလို ထူးဆန်းတဲ့အဆောင်မှာနေရင်း သူတို့ထဲကတစ်ယောက်က ထူးဆန်းတဲ့မိန်းကလေးတစ်ယောက်နဲ့ ဆုံတွေ့ပြီးတဲ့နောက်မှာတော့ ထူးဆန်းတာတွေ ဆက်တိုက်ထပ်မံကြုံတွေ့ရပုံကို စိတ်ခြောက်ခြားဖွယ်ရာ မြင်တွေ့ကြရမှာပါ...။(ဒီရုပ်ရှင်အတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Team ပါ။) File size… 920 MB / 450 MB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 26min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Team
movie

Rumah Teteh: Story of Helena (2025)

The Deceased  (aka) Almarhum (2025) 5.6
The Deceased (aka) Almarhum (2025) The Deceased (aka) Almarhum (2025) "မရဏကျိန်စာ"CM ပရိသတ်ကြီးအတွက် စိတ်၀င်စားစရာကောင်းတဲ့ အင်ဒိုနီးရှားဟော်ရာဇာတ်လမ်းတစ်ပုဒ် တင်ဆက်ပေးချင်ပါတယ်။ဟော်ရာဆိုပေမဲ့ ထိတ်လန့်ချောက်ချားစရာအပြင် စိတ်၀င်စားစရာ ဒေသတွင်းအယူအဆနဲ့ မိသားစုဒရာမာကိုပါ နှောထားတာမို့ တကယ်ကြည့်လို့ကောင်းပါတယ်။ကျေးလက်ဒေသက စိုက်ခင်းရှင် မူးလ်တို့ဇနီးမောင်နှံမှာ ဆီဆာ၊ နူရီနဲ့ ယန်ဒါ ဆိုတဲ့သားသမီးသုံးယောက် ရှိပါတယ်။ အကြီးဆုံးသားကဆရာ၀န်၊ သမီးလတ်က အင်ဂျင်နီယာကျောင်းဆင်းဖြစ်ပြီး အငယ်ဆုံးသားကတော့ ကောလိပ်ဆက်မတက်ဘဲ ဖခင်နဲ့အတူ စိုက်ခင်းကိစ္စတွေကိုပဲ ကူညီပေးနေ‌သူပါ။မိဘနဲ့သားသမီးကြား မပြောပလောက်တဲ့ အသေးအဖွဲကိစ္စလေးတွေကလွဲရင် ဘာကြီးကြီးမားမားပြဿနာမှမရှိဘဲ သာယာတဲ့ သာမန်မိသားစုလေးတစ်ခုပါပဲ။တစ်နေ့တော့ အဲဒီမိသားစုလေးထဲ မုန်တိုင်းထန်ဖို့အကြောင်းဖန်လာခဲ့ပါတယ်။ အဲဒါကတော့ ဖခင်ဖြစ်သူသေဆုံးသွားတာကြောင့်ပါပဲ။ သေဆုံးတာကလည်း ကံဆိုးတဲ့ရက်လို့ ယူဆကြတဲ့နေ့မှာပါ။သူတို့ဒေသအယူနဲ့ဆိုရင် ဒေသတွင်းပြက္ခဒိန်အရ ကလီ၀န်-အင်္ဂါနေ့မှာ သေဆုံးရင် အဲဒီသေဆုံးသူရဲ့ မိသားစုပါခိုက်တတ်တယ်လို့ အများကယုံကြည်ထားကြပါတယ်။မူးလ်ဟာလည်း အဲဒီနေ့မှာမှ သေဆုံးသွားတာကြောင့် ကျန်ရစ်တဲ့မိသားစုကို တကယ်ပဲထိခိုက်စေမှာလား၊ ဘယ်လိုချောက်ချားစရာအဖြစ်တွေကြုံရမလဲ၊ မိသားစုကအဲဒီအဖြစ်ကိုတားဆီးနိုင်ပါ့မလားဆိုတာ ရင်တထိတ်ထိတ်နဲ့ ကြည့်ရှုကြရမှာ ဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်တွေကတော့ CM Team ဖြစ်ပါတယ်။) File size…1.1 GB / 550 ...
movie

The Deceased (aka) Almarhum (2025)

Yuni (2021) 7.7
Yuni (2021) Yuni (2021)"လက်ထပ်ထိမ်းမြားဖို့ လာရောက်ကမ်းလှမ်းတာကို နှစ်ကြိမ်ထက်ပိုပြီးငြင်းပယ်ရင် ကံဆိုးတတ်တယ်။ ဆိုလိုတာက နောက်ပိုင်းမှာ လင်ယောက်ျားရဖို့ ခက်ခဲလိမ့်မယ်" တဲ့။ ဒါကတော့ အင်ဒိုနီးရှားနိုင်ငံမှာ အမျိုးသမီးငယ်လေးတွေ ကြားရလေ့ရှိတဲ့စကားပါပဲ။ လူကြားထဲသွားရင် ဆံပင်၊ အရေပြား ပေါ်နေလို့မရဘူး။ မိတ်ကပ်၊ ရေမွှေး၊ လက်ဝတ်တန်ဆာတွေ မသုံးရဘူး။ ယောက်ျားတွေထက် အသံပိုမကျယ်ရဘူး။ အိမ်ထောင်သည်မိန်းမက ခြုံထည်မပါဘဲ အပြင်မထွက်ရဘူး... စသဖြင့် ကန့်သတ်ချက်တွေက များလှတယ်။ အထူးသဖြင့် အမျိုးသမီးတွေရဲ့ ကိုယ်ပိုင်ရွေးချယ်ခွင့်နဲ့ လွတ်လပ်ခွင့်ကို အလွန်အကျွံကန့်သတ်ချုပ်ချယ်ထားတယ်။အင်ဒိုနီးရှားနိုင်ငံမှာ လူအများစုက အစ္စလာမ်ဘာသာကို ကိုးကွယ်ကြတာမလို့ နိုင်ငံတွင်းမှာ အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းတွေလည်း များပြားတယ်။ အဲထဲကမှ Rohani Islam (ROHIS) ဆိုတာက တစ်ခုအပါအဝင်ပေါ့။ အဲအဖွဲ့အစည်းက အလယ်တန်း၊ အထက်တန်းကျောင်းတွေကိုသွားပြီး အစ္စလာမ်သွန်သင်ချက်တွေနဲ့အညီဖြစ်ဖို့ အစ္စလာမ်သာ‌သာရေးနဲ့ပက်သက်တဲ့အသိပညာတွေ လူငယ်တွေရရှိစေဖို့ ကျောင်းတွင်းသင်ရိုးနဲ့ လှုပ်ရှားမှုတွေမှာ ထဲထဲဝင်ဝင် ပါဝင်လုပ်ဆောင်တတ်တယ်။ဒီရုပ်ရှင်မှာတော့ ဆယ်ကျော်သက်အရွယ်မိန်းကလေးတစ်ယောက် မိရိုးဖလာကန့်သက်ချက်တွေနဲ့ သူ့ရဲ့စိတ်ဆန္ဒတွေကြားမှာ ခက်ခက်ခဲခဲ အားပြိုင်ရပုံကို တွေ့မြင်ရမှာပါ။ သူ့နာမည်က ယူနီ၊ ရင်းနှီးတဲ့သူတွေက ယွန်လို့ခေါ်ကြတယ်။ အသက်က ၁၆ နှစ်၊ အထက်တန်းကျောင်းပြီးခါနီးပြီ။ မိသားစုက သာမန်။ မိဘတွေက အဝေးမှာမလို့ ရှေးရိုးဆန်တဲ့ ...
movie

Yuni (2021)

2021