Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Norman Lehnert
7.5
127 Hours (2010)
127 Hours (2010)IMDb Rating (7.5) / Rotten Tomatoes (93%) 127 hours တောင်တက်သမားတစ်ယောက်ရဲ့ အကြောင်း ဖြစ်ရပ်မှန်ဇာတ်လမ်းကို ပြန်လည်ရိုက်ကူးထားတဲ့ 127 hours ဟာ Rating 7.5 ထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကား ဖြစ်ပါတယ်။အေရွန်ရော်စတန်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ James Franco ဟာ ဒီ 127 hours ဇာတ်ကားနဲ့ အကောင်းဆုံးသရုပ်ဆောင်ဆုကို ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ပိတ်ရက်မှာ အေရွန်တစ်ယောက် ဘယ်သူ့ကိုမှ မပြောဘဲ ကန်နွန်လမ်းကို ထွက်ခွာလာခဲ့ပါတယ်။လမ်းခရီးမှာ လမ်းပျောက်နေတဲ့ကောင်မလေးနှစ်ယောက်နဲ့ တွေ့ဆုံခဲ့ပြီး သူတို့ကို လမ်းပြပေးခဲ့ပါသေးတယ်။ခွဲခွာပြီးနောက် မကြာခင်မှာပဲ အေရွန်တစ်ယောက် ချောက်တစ်ခုထဲကို ပြုတ်ကျသွားခဲ့ပြီး သူ့လက်က ကျောက်တုံးကြားမှာ ညှပ်နေခဲ့ပါတယ်။အေရွန်တစ်ယောက် သူ့မှာပါလာတဲ့ပစ္စည်းလေးတွေနဲ့ ဒီချောက်ထဲကနေ အပေါ်ကို ပြန်ရောက်ဖို့ ဘယ်လိုကြိုးစားရုန်းကန်ခဲ့ရသလဲ?ငါးရက်ကြာအောင် ...
movie
127 Hours (2010)
2010
7.7
Wind River (2017)
Wind River (2017)IMDb Rating (7.7) / Rotten Tomatoes (87%)Hawkeye မင်းသားကြီး Jeremy Renner နဲ့ Wanda မင်းသမီး Elizabeth Olsen တို့ ဦးဆောင်ပါဝင်ထားတဲ့ ဒီဇာတ်ကားက အင်ဒီးယန်းနယ်မြေက ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ Rating မြင့် ရသစုံရုပ်ရှင်ကားကြီးပါ။ဇာတ်လမ်းကတော့... ကော်ရိုဟာ နှင်းတွေအမြဲဖုံးလွှမ်းနေတဲ့ အင်ဒီးယန်းရေခဲတောင်တွေပေါ်မယ် သားရဲမုဆိုးအဖြစ် အသက်မွေးနေသူတစ်ယောက်ဖြစ်ပါတယ်... တစ်နေ့မှာ သူခြင်္သေ့လိုက်ထွက်ရင်း နှင်းတောထဲမှာ မိန်းမပျိုလေးတစ်ဦးရဲ့အလောင်းကို တွေ့ရှိလိုက်ရပါတယ်...ဒီအမှုကိုစုံစမ်းဖို့အတွက် FBIက အတွေ့အကြုံမရှိတဲ့ စုံထောက်မလေး ဂျိမ်းကို စေလွှတ်လိုက်ပါတယ်... မနူးမနပ် ဆတ်ဆတ်ကြဲ ဂျိမ်းဟာ လူအင်အားကလည်းမလုံလောက် သူကလည်းအတွေ့အကြုံမရှိ အမှုကလည်းရှုပ်ထွေးလာနဲ့မကြံတတ် မစည်တတ်ဖြစ်လာရတဲ့အတွက် ကော်ရိုရဲ့အကူအညီကိုတောင်းခံပြီး အတူတကွ ဆက်လက်စုံစမ်းကြရတာပေါ့... ဒီလိုစုံစမ်းနေတဲ့အချိန်မှာပဲ ရေခဲတောင်ပေါ်မှာ နောက်ထပ်အလောင်းတစ်လောင်းကို ထပ်ပြီးတွေ့ရှိလိုက်ရတဲ့အခါမှာတော့ .........ဇာတ်အိမ်ဖွဲ့ပုံသေသပ်လှတဲ့အတွက် ဇာတ်ကားတလျှောက်လုံး ရင်တထိတ်ထိတ်နဲ့ တရားခံဘယ်သူဖြစ်နိုင်မလဲ.... ကိုယ့်ကိုယ်ကိုသတ်သေလိုက်တာရော မဖြစ်နိုင်ဘူးလား....စသဖြင့် စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်....ရုပ်ရှင်တစ်ခုလုံးမှာလည်း နှင်းတွေရေခဲတွေနဲ့အမြဲဖုံးလွှမ်းနေတဲ့အတွက် နှင်းတောင်တန်းရဲ့ ရသအပြည့်ပုံစံနဲ့ ခံစားရမှာပါ။ File size…(6.5 GB)/ ...
movie
Wind River (2017)
2017
4K HEVC
7.0
Pawn Sacrifice (2014)
[Unicode]ကမ္ဘာအကောင်းဆုံး စစ်တုရင်ဆရာကြီး ဆယ်ဦးထဲက တစ်ဦးဖြစ်တဲ့ ဘော်ဘီဖစ်ရှာရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ပါ။အခြားအကောင်းဆုံးစာရင်းဝင်တွေကတော့ မက်ဂ်နက် ကာဆန် တို့ ဂယ်ရီ ကတ်စပါးရော့တို့လိုလူတွေပါပဲ။ဘော်ဘီကတော့ အမေရိကန်ရဲ့ အတော်ဆုံး စစ်တုရင်သမားအဖြစ် အများက သတ်မှတ်ခံရတဲ့သူပါပဲ။ဒါ့အပြင် သူ ကမ္ဘာ့ချန်ပီယံအဖြစ် ပြိုင်ဆိုင်ခဲ့တဲ့ ကာလက စစ်အေးတိုက်ပွဲကာလဖြစ်နေတဲ့အတွက် သူ့ရဲ့ပြိုင်ပွဲဟာ နိုင်ငံနဲ့ချီတဲ့ စစ်ပွဲလို ဖြစ်နေခဲ့တာပါပဲ။စစ်အေးတိုက်ပွဲကာလအတွင်းမှာ အမေရိကန်နဲ့ ဆိုဗီယက်တို့ဟာ ဘက်ပေါင်းစုံ ရှုထောင့်ပေါင်းစုံမှာ ယှဉ်ပြိုင်နေကြတာပါ။ အပြိုင်အဆိုင်လည်း ဝါဒဖြန့်နေကြတာပါ။ဒီတော့ အဲဒီကာလမှာ ရုရှားတွေဟာ စစ်တုရင်လောကကို စိုးမိုးထားပြီး ကမ္ဘာ့ချန်ပီယံကလည်း ရုရှားလူမျိုးပဲ ဖြစ်နေတာကြောင့် ဆိုဗီယက်ဟာ အမေရိကန်ထက် ဉာဏ်ရည်သာတယ်ဆိုတဲ့ ဝါဒမျိုး ဖြန့်လို့အကောင်းဆုံး အချိန်ပါပဲ။ ဘော်ဘီဖစ်ရှာဟာ စစ်အေးတိုက်ပွဲကာလာမှာ အသက် ၁၄ နှစ်နဲ့ အမေရိကန် စစ်တုရင်ချန်ပီယံဖြစ်လာခဲ့ပြီး ဂရန်းမာစတာဖြစ်လာခဲ့တာပါ။ကမ္ဘာ့ချန်ပီယံဘွဲ့အတွက် ဘိုးရစ်စပက်စကီးနဲ့ ၂၄ ပွဲ ဆက်တိုက် အမှတ်နဲ့ ကစားခဲ့ရတာဖြစ်ပြီး ...
movie
Pawn Sacrifice (2014)