Channel Myanmar

Nora Mcadam

Cold Road (2023) 5.0
Cold Road (2023)  ဒီကားကိုတော့ ဒါရိုက်တာ Kelvin Redvers ရိုက်ကူးထားပြီးမင်းသမီး Roseanne Supernault က အဓိကပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီဇာတ်ကားလေးမှာတော့ နာမည်အတိုင်း အဓိကဇာတ်ကောင်ထရေစီရဲ့ သည်းထိပ်ရင်ဖို စိတ်လှုပ်ရှားစေတဲ့ ဆောင်းတွင်းခရီးလမ်းအကြောင်းကို ကြည့်ရှုရမှာပါ။ထရေစီကတော့ မြို့လေးမှာမနေချင်တာကြောင့် မွေးရပ်မြေဇာတိနဲ့ဝေးရာမှာ အကြာကြီးနေထိုင်နေတဲ့သူပါ။ ယောက်ျားဖြစ်သူကအလုပ်တွေပဲလုပ်ပြီး သူ့ကိုဂရုမစိုက်ပါဘူး။ ဒီလိုနဲ့ အမေဖြစ်သူလေဖြတ်ပြီး သေခါနီးအချိန်မှာတော့ အမေဖြစ်သူရဲ့ အသက်ကိုမီအောင်ထရေစီတစ်ယောက် ဆယ့်နှစ်နာရီကြာ ကားမောင်းပြီး မွေးရပ်မြေကိုပြန်ရဖို့ဖြစ်လာပါတယ်။ယောက်ျားဖြစ်သူကလဲ အဖော်မလိုက်ပေးပဲ ခွေးလေးကိုပဲအဖော်အဖြစ်ခေါ်ခဲ့ရတဲ့ ထရေစီတစ်ယောက် ကားမောင်းရမယ့်လမ်းမကြီးကထူးဆန်းတဲ့ မတော်တဆမှုတွေ မကြာခဏဖြစ်နေခဲ့တာကို သိခဲ့ရပါတယ်။ဒီလိုနဲ့ လမ်းမှာ‌နှောင့်နှေးမှုတွေ ကြုံရတဲ့အပြင် အေးစက်နေတဲ့ရာသီဥတုကြား ထရပ်ကားတစ်စီးနဲ့ယောက်ျားတစ်ယောက်ကလိုက်သတ်တာကို ကြုံတွေ့ရပါတော့တယ်။ခရီးလမ်းက စီစဉ်ထားတဲ့အတိုင်း မဖြစ်လာပဲ အန္တရာယ်ကြုံနေရတဲ့ထရေစီတစ်ယောက် လူသတ်သမားလက်ကလွတ်အောင် ပြေးနိုင်မလား...သူ့အမေရဲ့ အသက်ကိုရော မီနိုင်မှာလား...ဘယ်လိုနည်းတွေသုံးပြီးလူသတ်သမားကို ရင်ဆိုင်မှာလဲ...ရင်ခုန်လှိုက်မောဖွယ် ခရီးတစ်ခုကိုထရေစီနဲ့အတူ သွားရောက်ရင်း ကြည့်ရှုခံစားရမှာပါ။ File size… (1.38GB) / (800MB ) Quality… WEB-DL 1080p HEVC / ...
movie

Cold Road (2023)

Peter Pan & Wendy (2023)
Peter Pan & Wendy (2023) PeterPeter Pan & Wendy (2023)ပီတာပန်က J.M.Barrie ဖန်တီးထားတဲ့ဇာတ်ကောင်လေးဖြစ်ပြီး ပြဇာတ်ကနေစပြီး ရုပ်ရှင်ပေါင်းများစွာရိုက်ကူးထားတာမို့ ရုပ်ရှင်ချစ်ပရိသတ်တွေနဲ့ တစ်ခုမဟုတ်တစ်ခုမှာရင်းနှီးပြီးသားနေမှာပါ။ အခြေခံအားဖြင့်ဇာတ်ကားတွေမှာ ပီတာပန်က မကြီးပြင်းချင် အရွယ်မရောက်ချင်တဲ့ကောင်လေး၊ နဲဗားလန်းမှာသူ့လိုကလေးတစ်သိုက်နဲ့အတူနေတယ်။ သူ့ရန်သူကတော့ ပြောစရာမလိုပါဘူး ကပ္ပတိန်ဟုခ်ပေါ့။ သူကတစ်နေ့မှာဝင်ဒီ့ကို ကလေးငယ်တွေရဲ့မိခင်ဖြစ်ပေးဖို့လာခေါ်တယ်။ အဲ့လိုပေါ့။J.M.Barrie ရဲ့ မူရင်းပြဇာတ်နဲ့ဝတ္ထုမှာတော့ ပီတာပန်က ဗီလိန်ပါ။ တကယ်ဆိုနဲဗားလန်းကလုံးဝမကြီးပြင်းတာမျိုးမဟုတ်ပဲ ကြီးပြင်းမှုနှေးတာပါ။ အဲ့တော့ ပီတာပန်က ကြီးပြင်းတဲ့ကလေးတွေကို ပြဿနာရှာတယ်။ တစ်ခါတလေ သူ ပျင်းရင် အချင်းချင်းပြန်သတ်ကြတယ်။ ပီတာပန်က ဂျစ်တစ်တစ်ငဆိုးလေးပေါ့။ နောက်ပိုင်းမှာမှကလေးတွေကြားမှာ ပင်လယ်ဓားပြတွေရေပန်းစားလာတာကြောင့် စာရေးဆရာက ကပ္ပတိန်ဟုခ်ကိုဗီလိန်အနေနဲ့ထည့်ခဲ့တာပါ။ဒီ Peter Pan & Wendy ဇာတ်လမ်းမှာတော့ အပေါ်ကပြောခဲ့တဲ့ဇာတ်လမ်းသွားနှစ်ခုကြားမှာ မယုတ်မလွန်စည်းချထားတယ်ပြောရမယ်။ ပီတာပန့်ကို လူဆိုးဇာတ်မသွင်းသလို ဟီးရိုးအဖြစ်လဲပုံမဖော်ထားပါဘူး။ ပြီးတော့ ဝင်ဒီ။ တကယ်ဆိုပီတာပန်ဇာတ်လမ်းက အဓိကဝင်ဒီ့ရဲ့ဇာတ်လို့ပြောလို့ရတယ်။ လောကကြီးထဲကိုဝင်ရတော့မယ့် ကလေးတစ်ယောက်ရဲ့အကြောက်တရား မကြီးပြင်းချင်စိတ်တွေကနေ နဲဗားလန်းဆိုတဲ့အယူအဆကဖြစ်တည်လာတာပါပဲ။ ဒီဇာတ်လမ်းမှာ ဝင်ဒီ့ကိုလဲ တော်တော်အသားပေးထားသလို အရင်ကားတွေမှာမပါခဲ့တဲ့ ကွက်လပ်တွေကိုလဲဖြည့်ပေးထားပါသေးတယ်။ ရှေးရှေးကလက်ရာကောင်းများစွာလဲရှိတော့ အခုထွက်ရှိတဲ့ Peter Pan & Wendy ပေါ်ဝေဖန်သံ ...
movie

Peter Pan & Wendy (2023)

2023