Channel Myanmar

Noel Conlon

Poltergeist (1982) 7.3
Poltergeist (1982)  ပုဏ္ဏကတိုက်ခြင်းလို့ အနီးစပ်ဆုံး ပြန်ဆိုလို့ရမဲ့ Poltergeist ရုပ်ရှင်ဟာ အထွေအထူး ပြောစရာမလိုလောက်အောင် အောင်မြင်မှုရရှိခဲ့ပြီး ဂန္တဝင် Horror ရုပ်ရှင်အဖြစ် သတ်မှတ်ခြင်းခံခဲ့ရတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။ သည်းထိတ်ရင်ဖိုဆန်ဆန် ပြကွက်တွေ၊ တိတ်ဆိတ်ငြိမ်သက်ပြီး စိတ်ထဲ မတင်မကျဖြစ်စေတဲ့ atmospheric tension တွေကို တုန်လှုပ်သွေးပျက်ဖွယ် ဇာတ်ဝင်ခန်းတွေနဲ့ ထည့်သွင်းပေါင်းစပ်ခဲ့တဲ့အပြင် အဲဒီခေတ်ကာလအရ ပီပြင်ပြောင်မြောက်တဲ့ visual effects တွေကိုပါ အသုံးပြု ရိုက်ကူးခဲ့တဲ့အတွက် နောင်လာမဲ့ Horror ရုပ်ရှင်တွေအတွက် စံပြုစရာ Guideline တစ်ခု ချမှတ်ပေးခဲ့တဲ့အထိ သြဇာကြီးခဲ့တဲ့ ရုပ်ရှင်လည်းဖြစ်ပါတယ်။ဒါရိုက်တာကတော့ နာမည်ကျော် ဂန္တဝင် Horror ရုပ်ရှင်ဖြစ်တဲ့ Taxas Chainsaw Massacre (1974) ရဲ့ ပဲ့ကိုင်ရှင် Tobe Hooper ဖြစ်ပြီး ထုတ်လုပ်သူကတော့ ဂန္တဝင်ဒါရိုက်တာ Stephen Spielberg ဖြစ်ပါတယ်။ Spielberg ဟာ ...
movie

Poltergeist (1982)

Hail, Caesar! (2016) 6.3
Hail, Caesar! (2016) ၁၉၅၀ ခုနှစ် ဟောလိဝုဒ်ရုပ်ရှင်လောကကို ထင်ဟပ်ထားတဲ့Dark Comedy အမျိုးအစား ဇာတ်လမ်းတစ်ပုဒ်အနေနဲ့ Hail Ceasar! ကို တင်ဆက်ပေးလိုက်ရပါတယ်။ကတ်ပီတော်ပစ်ချားရုပ်ရှင်ထုတ်လုပ်ရေးရဲ့ fixer ဖြစ်တဲ့အက်ဒီမန်းနစ်စ်ရဲ့ တစ်နေ့စာအလွဲများလို့ ဆိုရမယ့် ဇာတ်ကားလည်းဖြစ်ပါတယ်။ရုပ်ရှင်လောကကို ဖော်ပြတဲ့ဇာတ်ကားဖြစ်တာနဲ့အမျှA-List Actor အများစုကို အသုံးပြုထားတာတွေ့ရပါတယ်။ သရုပ်ဆောင်တွေအနေနဲ့ Josh Brolin, George Clooney, Alden Ehrenreich, RalphFiennes, Jonah Hill, Scarlett Johannsson, Frances McDorman,Tilda Swinton နဲ့ Channing Tatumအထိ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းအနေနဲ့ ကတ်ပီတော်ပစ်ချား ရဲ့ထုတ်လုပ်ရေးဦးစီးဖြစ်တဲ့ အက်ဒီမန်းနစ်စ်ဟာစတူဒီယိုရဲ့ အရှုပ်တော်ပုံများကိုလိုက်လံဒိုင်ခံ ဖြေရှင်းရသူ တစ်ဦးလည်း ဖြစ်ပါတယ်။တစ်ရက်မှာ စတူဒီယိုရဲ့အဓိကပရော်ဂျက်ဖြစ်တဲ့ “Hail Ceasar” ရဲ့ အဓိကသရုပ်ဆောင်ဘာ့တ်ဝှစ်လော့တ် ရိုက်ကွင်းကနေ ဆေးခတ်ပြီး ပြန်ပေးဆွဲခံခဲ့ရပါတယ်။စတူဒီယိုအပေါ်မကျေနပ်ချက်တွေကြားမှာ မြေစာပင်ဖြစ်ခဲ့ရသူ ဘာ့တ်ဝှစ်လော့တ်ကလည်းစာရေးဆရာကွန်မြူနစ်အုပ်စု ကြားထဲကို ရောက်သွားခဲ့ပါတယ်။ဒီလိုနဲ့ အက်ဒီမန်းနစ်စ်ဟာ ပြန်ပေးငွေ ...
movie

Hail, Caesar! (2016)

2016