Channel Myanmar

Nirmal Rishi

Ni Main Sass Kuttni 2 (2024) 7.3
Ni Main Sass Kuttni 2 (2024) Ni Main Sass Kuttni 2 (2024) "ယောက္ခမနဲ့ ချွေးမ"ဒီတစ်ခါမှာ ပရိသတ်တို့အတွက် ပန်ချာပီ မိသားစုဟာသကားလေးကို တင်ဆက်ပေးလိုက်ပါတယ်ဗျာအမျိုးသမီး ကျေးရွာလူကြီးဖြစ်တဲ့ ချွေးမလုပ်သူဟာဆိုရင် မြေးနှစ်ယောက်ရတဲ့အရွယ်အထိ အိမ်က အသက်အကြီးဆုံးအဘွားအိုဖြစ်တဲ့ ယောက္ခမနဲ့ မတည့်နိုင်ဘဲရှိပါတယ်ယောက္ခမလုပ်သူကလည်း အိမ်မှာ ရိုင်းရိုင်းစိုင်းစိုင်း စွာကျယ်စွာကျယ်လုပ်တဲ့ ချွေးမကို ပြန်နိုင်ဖို့ရာ အကြံထုတ်လျက်ရှိပါတယ်တစ်ဖက်မှာလည်း ရှေ့နေစုံတွဲနှစ်ယောက် တရားခွင်မှာ ပြိုင်ဘက်တွေဖြစ်ပေမယ့် တရားရုံးအပြင်မှာ တီတီတာတာလုပ်ကြတဲ့ အချစ်ဇာတ်လမ်းလေးနဲ့အတူတခြားသော ရပ်ရေးရွာရေး ပြဿနာတွေ ဘယ်လိုဖြေရှင်းကြမှာလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size…2.3 GB / 1.2 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 5m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Ni Main Sass Kuttni 2 (2024)

Godday Godday Chaa (2023) 7.1
Godday Godday Chaa (2023) Godday Godday Chaa (2023) "ပန်ချာပီမင်္ဂလာဆောင်"၁၉၉၀ ကာလက ပန်ချာပီလူမျိုးတွေရဲ့ ပေါ့ပေါ့းပါးပါး ဘဝနေထိုင်မှုနဲ့ ဓလေ့ထုံးတမ်းတွေအကြောင်း ရိုက်ကူးထားတဲ့ ပန်ဂျာဘီဇာတ်ကားလေးကို တင်ဆက်လိုက်ပါတယ်သူတို့ရွာမှာ ပညာသင်ဖို့ထက် ယောကျ်ားလေးဆိုရင် အိမ်ထောင်ပြုပြီး လယ်ယာလုပ်ဖို့ရယ် မိန်းကလေးဆိုရင်လည်း အိမ်ထောင်ပြုပြီး အိမ်မှုကိစ္စလုပ်ဖို့ရယ်ပဲ အားပေးတဲ့ကာလဘက်ဂါက လူကြီးဆုံရာတွေ့တဲ့အချိန်မှာ ထွက်ပြေးသွားတဲ့ ညီဖြစ်သူကြောင့် အစားထိုးမင်္ဂလာဆောင်ရမယ့်လူရာနီကလည်း ဘွဲ့တစ်ဘွဲ့ရပြီး မဟာဆက်တက်ချင်ပေမယ့်လို့ အိမ်ကယောကျ်ားအတင်းပေးစားတာခံရတဲ့ မိန်းကလေး သူတို့မင်္ဂလာဆောင်အတွက် ဘယ်လိုတွေပြင်ဆင်ကြမလဲ နောက်ပြီးထိုခေတ်က မင်္ဂလာစီတန်းလှည့်လည်ပွဲမျိုးမှာ မိန်းမတွေလိုက်ပါခွင့်မရှိတဲ့ ဓလေ့ကို ဘယ်လိုဘယ်ပုံ ဆန့်ကျင်သွားကြမလဲဆိုတာ ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 2.13 GB / 1.13 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 9m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Godday Godday Chaa (2023)

Shonk Sardari Da (2023)
Shonk Sardari Da (2023) Shonk Sardari Da (2023) ပန်ဂျက်လူငယ်ဒီတစ်ခါတင်ဆက်ပေးမယ့် ဇာတ်ကားကတော့ 2023 ခုနှစ်ထွက် ပန်ချာပီစကားပြော ဇာတ်ကားပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ တက္ကသိုလ်တစ်ခုလုံးရဲ့ ကျောင်းသားခေါင်းဆောင် ဂိုပီဟာ ရည်မှန်းချက်တွေအပြည့်နဲ့ ဝန်ကြီးချုပ်တစ်ဦးဖြစ်ဖို့ကြိုးစားနေပါတယ်။သူတို့ကျောင်းမှာ ကျောင်းသားခေါင်းဆောင်ရွေးချယ်ပွဲရောက်တာနဲ့ ကျောင်းသားတွေတစ်ဖွဲ့နဲ့တစ်ဖွဲ့ ရန်ဖြစ်ရိုက်နှက်ကြတဲ့ ထုံးစံကြီးရှိနေပါတယ်။ ဂိုပီကတော့ ကျောင်းသားအားလုံးကို စည်းလုံးစေချင်ပြီး ပန်ဂျပ်လူငယ်တိုင်းကို လမ်းမှန်ရောက်ဖို့ လမ်းညွှန်ပေးချင်တာကြောင့်သာ ရွေးကောက်ပွဲဝင်ဖို့ကြိုးစားခဲ့တာဖြစ်ပါတယ်။ ဒီတော့ ကျောင်းသားခေါင်းဆောင် ဂိုပီတစ်ယောက် ရည်ရွယ်ထားတဲ့အတိုင်း ရွေးကောက်ပွဲအောင်နိုင်မလား..ဒီခရီးလမ်းမှာ ဘယ်လိုအနှောင့်အယှက်တွေနဲ့ကြုံရဦးမလဲဆိုတာကိုတော့ အဆုံးထိဆက်လက်ကြည့်ရှုပေးပါဦးဗျာ။( ဇာတ်ကားနဲ့အညွှန်းကိုတော့ CM Bollywood Team မှ တင်ဆက်ပေးထားပါတယ် ) File size… 3.1 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 12m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team 
movie

Shonk Sardari Da (2023)

Jatt Nuu Chudail Takri (2024) 5
Jatt Nuu Chudail Takri (2024) Jatt Nuu Chudail Takri 2024 ချစ်ရပါသောမာယာရှင်IMDb-5.0/10အိမ်ထောင်သည်သူငယ်ချင်းများကြားက လူလွတ်အမောင်ဂျာလာလူကတော့ သူငယ်ချင်းတွေကို ကွာရှင်းဖို့တိုက်တွန်းတတ်တဲ့ အဖွဲ့ထဲကဇိုးတစ်ကောင်ပေါ့။တိုတောင်းလှတဲ့ဘဝကြီးမှာ စုန်းမနဲ့တူတဲ့ မာယာများတဲ့ မိန်းမဆိုတာ တစ်ယောက်တည်းထားရတာ မတန်ဘူး လိုက်ပွဲလေးတွေနဲ့ပျော်ပါးရမှာဆိုပြီး ဂျင်းသိပ်ကောင်းလို့ သူငယ်ချင်းတွေလည်း သူနဲ့စော်ကြူရင်း မိန်းမဆီမှာ အတွယ်ခံရတာပေါ့။ဒီလိုနဲ့ အလံနီကောင်ဆိုးလေး ဂျာလာလူရဲ့ဘဝထဲက ရာနီဆိုတဲ့မိန်းမချောလေး ‌ ဝင်ရောက်လာပြီးတော့ အိပ်မက်ထဲအထိပါစိုးမိုးပြီး တစ်ကိုယ်တော်ဝါဒီကို ချေချွတ်ပြီးသကာလမှာ၊ ရာနီက တကယ်ပဲ စုန်းမလေးဖြစ်နေတာကို တစ်စတစ်စ သတိထားမိလာချိန်မှာတော့....(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 2.3 GB / 1.2 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 35m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Jatt Nuu Chudail Takri (2024)

Shinda Shinda No Papa (2024) 5.8
Shinda Shinda No Papa (2024) Shinda Shinda No Papa (2024) “ဖအေထက် သားတစ်လကြီး”ဂိုပီဆိုတာ ငယ်စဉ်ကတည်းက သူတို့ ပန်ချာပီရိုးရာအတိုင်း လူကြီးတွေက ရိုက်နှက်ဆုံးမတာခံယူပြီး ကြီးပြင်းလာတဲ့လူတစ်ယောက်။ဒါပေမဲ့ အသက်ကြီးလာတော့ ကနေဒါမှာ အိမ်ထောင်ကျပြီး သားတစ်ယောက် ထွန်းကားခဲ့တာပေါ့။ အဲဒီမှာ သူ ငယ်ငယ်တုန်းကလိုပဲ ပန်ချာပီရိုးရာ အဆုံးအမတွေနဲ့ သွန်သင်ချင်ပေမဲ့လည်း သူ ရောက်နေတာက ကနေဒါဆိုတော့ မိဘက သားသမီးကို ခက်ခက်ထန်ထန် ကြည့်ရုံနဲ့ ဖအေခမျာ အချုပ်အောင်းရတဲ့ထိ ကလေးတွေကို ဦးစားပေးထားတဲ့ ဥပဒေတွေရှိနေတော့ ဂိုပီတစ်ယောက် သားဖြစ်သူက ဘာတွေပဲလုပ်လုပ် ပြန်မလုပ်နိုင်ပဲ ခြေချုပ်မိနေခဲ့တာပေါ့။သူကိုယ်တိုင်လည်း အချုပ်ထဲ ခဏခဏဝင်ရပြီး ငွေကုန်ရပေါင်းလည်း မနည်းတော့ဘူး။ ဒီလိုနဲ့ တစ်စထက်တစ်စ ဆိုးသွမ်းလာတဲ့ သားတော်မောင်ကို အိန္ဒိယကို အလည်ပြန်ခေါ်ရင်း ဆုံးမမယ်ဆိုတဲ့ အကြံဆိုးနဲ့ ဂိုပီတို့ မိသားစုတစ်သိုက် အမိမြေ ပြန်လာခဲ့ကြတဲ့အခါမှာ ဘယ်လိုတွေ ကြုံရဆုံရ ဖြစ်ပျက်ကြဦးမယ်ဆိုတာကို ဟာသလေးနှောပြီး သားသမီး ပြုစုပျိုးထောင်နည်းကို ပညာပေးသွားတဲ့ အိန္ဒိယ ပန်ချာပီကားလေးပဲ ဖြစ်ပါတယ်။(အညွန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်) File size… ...
movie

Shinda Shinda No Papa (2024)

Lambran da Laana (2024) 5.8
Lambran da Laana (2024) Lambram Da Laana (2024) "အစဥ်အလာနဲ့ ချစ်ခြင်းတရားလွန်ဆွဲပွဲIMDB 5.8/10 ရရှိထားတဲ့အပြင် အသစ်စက်စက်ထွက်ရှိထားတဲ့ ဘောလီးဝုဒ်ဟာသဒရမ်မာကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။မိသားစုအကြားကျိန်စာမိပြီး လပြည့်ညရောက်တိုင်း ဖခင်ဖြစ်သူနဲ့ ဦးလေးဖြစိသူထံဝိဉာဥ်ဝင်ပူးပြီး တစ်ရွာလုံးကို ခြောက်လှန့်နေလို့ ဗျာများနေရတဲ့ လမ်ဘာမိသားစု....မိသားစုထဲမှာ သားအကြီးဆုံးလည်းဖြစ်တဲ့အပြင် စစ်သည်တော်အဖြစ်နယ်စပ်မှာတာဝန်ထမ်းဆောင်နေပြီး ခေတ်အသိခေတ်အမြင်ရှိတဲ့ Jeet ...ရွာကိုပြန်လာပြီး ဖခင်နဲ့ဦးလေးကိုဆေးကုသပေးဖို့ပြောဆိုရင်း လိုက်ပို့ရာက ဆေးခန်းက Rano ဆိုတဲ့ကောင်မလေးကိုချစ်ကျွမ်းဝင်မိသွားခဲ့ရာက မိသားစုနဲ့အချစ်နဲ့အကြားမှာလွန်ဆွဲပွဲဆင်နွဲရဖို့ ဖြစ်လာတဲ့အခါမှာတော့.....ဇာတ်ကားလေးက အချစ်၊ ဟာသတွေနဲ့ ကြွကြွရွရွပေါင်းစပ်ထားတာမလို့ ကြည့်ရှုသင့်တဲ့ကားကောင်းလေးတစ်ကားဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကို CM Bollywood Team က ရေးသားပေးထားပါတယ်) File size… 2.14 GB/ 1.01 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 10m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Lambran da Laana (2024)

Balle O Chalaak Sajjna (2023) 7.3
Balle O Chalaak Sajjna (2023) Balle O Chalaak Sajjna (2023) "ကြင်စဦးမောင်နှံ"CM ပရိသတ်ကြီးအတွက် ပန်ဂျာဘီစကားပြော ဟာသ ဒရာမာရုပ်ရှင်လေးကို တင်ဆက်ပေးလိုက်ပါတယ် ကျေးလက်နေ ပန်ဂျာဘီလူမျိုးတို့ရဲ့ ဓလေ့ထုံးတမ်းတွေ မြင်တွေ့ရမယ့် ဇာတ်ကားလေးပါဇာတ်လမ်းအစမှာတော့ ရွာတစ်ရွာမှာ ညီအစ်ကိုနှစ်ယောက် တပြိုင်နက် ခြိမ့်ခြိမ့်သဲ မင်္ဂလာဆောင်ကြပြီး အများအားကျစရာဖြစ်လို့နေပါတယ်ပေးစားတဲ့ သတို့သမီးတွေနဲ့လည်း စကားအပြောအဆို အဆင်ပြေအဝေတည့်တဲ့အတွက် သူတို့ရဲ့ ကြင်စဦးမောင်နှံဘဝတွေဟာ ချောမွေ့သယောင်ရှိခဲ့ပေမယ့်ထုံးစံအတိုင်း ရွာထဲက အတင်းအဖျင်းတွေကြားမှာ ဖြစ်ပေါ်လာတဲ့ အခက်အခဲမျိုးစုံကို သူတို့တွေ ဘယ်လိုရင်ဆိုင်ကျော်လွှားကြမလဲဆိုတာ ပရိသတ်ကြီး ဆက်လက်ကြည့်ရှုပေးပါဦးတစ်ဦးပေါ်တစ်ဦးယုံကြည်မှုနဲ့ ပွင့်ပွင့်လင်းလင်းစကားပြောဆိုဖို့ ဘယ်လောက်အရေးပါတယ်ဆိုတာကို တွေ့မြင်ရမယ့် ဇာတ်ကားလေးဖြစ်ပါတယ်ခင်ဗျာအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size… 2.58GB / 1.23GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 11m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Balle O Chalaak Sajjna (2023)

Annhi Dea Mazaak Ae (2024) 5
Annhi Dea Mazaak Ae (2024) Annhi Dea Mazaak Ae (2023) "အချစ်ဖြင့်စတင်သော..." IMDb - 5.7/10အိန္ဒိယရုပ်ရှင်ချစ်ပရိသတ်တို့ စိတ်အပန်းဖြေစရာ အချစ်ဟာသရုပ်ရှင်ကားလေးတစ်ကား တင်ဆက်ပေးလိုက်ပါတယ်။ရာဂျာဆိုတာ တာဘန်ပေါင်းတဲ့နေရာမှာ ဆရာတစ်ဆူ။ မင်္ဂလာပွဲတွေမှာပါ ဧည့်ပရိသတ်နဲ့ သတို့သားထိ သူပေါင်းပေးတဲ့တာဘန်ကို သဘောကျနှစ်သက်ကြတာပါ။ တစ်နေ့တော့ ကံတရားက စွဲလန်းသွားစေမဲ့ မိန်းကလေးတစ်ယောက်ကို ဆုံတွေ့ခွင့်ပေးပေမဲ့ ကံတရားကြောင့် အက်စီးဒန့်တစ်ခုနဲ့ကြုံပြီး မြင်နိုင်ခွင့်ဆုံးရှုံးခဲ့ရပါတယ်။မြင်မြင်ချင်းစွဲလန်းခဲ့ရတဲ့ ကောင်မလေးကို အမြင်အာရုံဆုံးရှုံးသွားတဲ့ ရာဂျာရဲ့ခေါင်းထဲမှာတော့ ကောင်မလေးရဲ့ပုံရိပ်တွေပဲ ရှိနေခဲ့တယ်။ မျက်စိပြန်မြင်ရဖို့အရေး အစ်မဖြစ်သူတို့လင်မယားရှိတဲ့ အင်္ဂလန်နိုင်ငံကို ရာဂျာတစ်ယောက် ထွက်လာခဲ့ပါတော့တယ်။ရာဂျာတစ်ယောက် မျက်စိပြန်မြင်မှာလား...။ မြင်မြင်ချင်းချစ်ရတဲ့ မိန်းကလေးနဲ့ဆုံတွေ့နိုင်ပါ့မလားဆိုတာတော့။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamပဲဖြစ်ပါတယ်) File size…2.3GB / 979MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 31m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Annhi Dea Mazaak Ae (2024)

2023
Buhe Bariyan (2023) 7.7
Buhe Bariyan (2023) Buhe Bariyan (2023)အဘွားဘူရိုနဲ့ ရဲမေပရမ်ကောလ် IMDb-7.6/10 ယောက်ျားမိန်းမ သာတူညီမျှရေး ၊ ဖိုဝါဒလွှမ်းမိုးလွန်းတာတွေကို ရင်ဆိုင်တိုက်ခိုက်လာကြတာ ဟိုးအရင်တည်းကနေ ခုထိမပြီးကြသေးတဲ့အရာတစ်ခုပါပဲဒီကားကလည်း ဒီအကြောင်းကိုရိုက်ပြထားတာပဲဖြစ်ပါတယ် ဒါပေမဲ့ ပြင်းပြင်းထန်ထန် ပြိုင်ဆိုင်မှုပလော့တွေနဲ့မဟုတ်ဘဲ သူတို့နေ့စဉ်ဘဝမှာတစ်ဆင့်ချင်း ရင်ဆိုင်တိုက်ခိုက်သွားကြတာမျိူး ရိုက်ကူးပြထားတဲ့ကား။ပန်ဂျာပီရွာလေးတစ်ရွာမှာ အဘွားဘူရိုဆိုတာ ရွာအပြင်မှာသူ့လိုခင်ပွန်းသည်တွေစွန့်ခွာသွားတဲ့ အမျိုးသမီးတွေနဲ့အတူနေ ကိုယ့်အားကိုယ်ကိုး ရှာဖွေစားသောက်နေကြတဲ့ ၄၀ ကျော်အမျိုးသမီးအဖွဲ့ ၊ သူတို့ကိုယ်တိုင်ရုန်းကန်သူတို့ဘဝနဲ့သူတို့ ပျော်အောင်နေကြသူတွေ ၊ သူတို့ဘဝနဲ့သူတို့နေကြရင်း ပတ်ဝန်းကျင်ကယောက်ျားသားတွေကလာလွှမ်းမိုးတာမကြိုက်တဲ့သူ၊ ရပ်ထဲရွာထဲမှာ ယောက်ျားသားတွေ လွှမ်းမိုးချုပ်ကိုင်လွန်းတာတွေကို အသာကြည့်မနေနိုင်ဘဲဝင်ပါပါနေမိတဲ့သူတွေ ဒီလူတွေနဲ့ဝင်ပေါင်းမိတာကတော့ အလုပ်ကျလာတဲ့ ရဲမေမလေး ပရမ်ကောလ် မိန်းမဖြစ်ပေမဲ့ ယောကျာ်းသားတွေနဲ့ တန်းတူရင်ပေါင်တန်းနိုင်သူလေး ဒီတော့တစ်ရွာလုံးနဲ့ သူတို့အဖွဲ့ ထိပ်တိုက်တွေ့ကြတဲ့အကြိမ်ရေပေါင်းများစွာကို ဘယ်လိုရင်ဆိုင်ကြမလဲ သူတို့လိုချင်တဲ့ သာတူညီမျှအခွင့်အရေးကိုရော ရနိုင်ကြမလားဆိုတာတော့...(အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ BpL ~ Yunni ~ Alex ~ ToMo ~ Cherry တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File ...
movie

Buhe Bariyan (2023)

2023
Kanjoos Majnu Kharchili Laila(2023) 5.1
Kanjoos Majnu Kharchili Laila(2023) Win Lae Yi Khaing Kanjoos Majnu Kharchili Laila (2023)ပိတ်ရက်မှာဘာကြည့်ရမလဲမသိဖြစ်နေသူတွေအတွက် မင်းသမီးချောလေးSehar Shehnaz ပါဝင်ထားပြီး လောကမှာတွေ့ရလေ့ရှိတဲ့ ကပ်စေးနှဲလူတွေကိုဘယ်လိုကိုင်တွယ်ရမယ်ဆိုတာ အရွှန်းဖောက်ထားတဲ့ဇာတ်ကားလေးပဲဖြစ်ပါတယ်ရီသိက်တို့ မိသားမှာရှိတဲ့ ယောက်ျားလေးတွေဟာ ချမ်းသာပေမဲ့ အင်မတန်မှကပ်စေးနှဲကြတဲ့သူတွေဖြစ်ပါတယ်။ အဘိုးကစပြီး မြေးအထိ ရည်းစားထားတာကအစ ဈေးတွက်တွက်ပြီး တစ်ပြားကို နှစ်ပြားဖြစ်အောင်ခွာနေကြတဲ့ ကမ္ဘာကျော်ကော်တရာများဖြစ်ကြပါတယ်ဗျ။ တစ်နေ့မှာတော့ သူတို့မိသားစုက အမျိုးသမီးတွေဟာ သူတို့ကပ်စေးနှဲယောက်ျားတွေကို သည်းမခံနိုင်ကြတော့ဘဲ ကွာရှင်းခွင့်တောင်းကြပါတော့တယ်။ရီသိက်ဟာ ကပ်စေးအင်မတန်နည်းပေမဲ့ သူနဲ့ အိမ်ထောင်ကျတဲ့ သူ့ဇနီးကတော့ အကောင်းဆုံးတွေကိုမှ ကြိုက်တတ်တဲ့ လက်ဖွာတဲ့မိန်းကလေးဖြစ်နေပါတယ်ဗျ။ ဒါပေမဲ့ ရီသိက်ရဲ့အမျိုးသမီးမှာလည်း လျို့ဝှက်ချက်တွေရှိနေပါသေးတယ်။ ရီသိက်ဇနီးရဲ့ လျှို့ဝှက်ချက်က ဘာတွေလဲ၊ ကပ်စေးနဲတဲ့ယောက်ျားတွေကရော မိသားစုအပေါ် ပျက်ကွက်မိတာတွေအတွက် သင်ခန်းစာရကြမလား၊ ကပ်စေးနဲ ရီသိက်နဲ့ လက်ဖွာတဲ့ သူ့ရဲ့ဇနီးတို့ ဘယ်လို ဖူးစာပါခဲ့ကြလဲဆိုတာတွေကို ရယ်ရယ်မောမော၊ ပေါ့ပေါ့ပါးပါးနဲ့ ခံစားကြည့်ရှုရမယ့် ရုပ်ရှင်လေးပဲဖြစ်ပါတယ်ဗျ...။ File size…1.57GB / 738MB Quality…1080p NF WEB DL /720p Format…mp4 Duration….1h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated ...
movie

Kanjoos Majnu Kharchili Laila(2023)

2023
Honeymoon (2022) 6.2
Honeymoon (2022) Honeymoon (2022) Comedy, Drama IMDb 6.2/10ကဲ အခုတစ်ခါတင်ဆက်ပေးမယ့်ကားလေးကတော့ ပန်ချာပီအချစ်ဟာသကားလေးပဲဖြစ်ပါတယ်နော်စစ်ပွဲကာလအတွင်း ဗုံးကိုဘာမှန်းမသိဘဲ ပျော်ပြီး အိမ်ယူပြေးမိနေရင်းနဲ့မှ လမ်းမှာတင် ဗုံးပေါက်သေသွားခဲ့ရတဲ့ လူတစ်ယောက်ရဲ့နောင်လာနောက်သားတွေအကြောင်းပေါ့။ အူတူတူ အတတ မိသားစုလေး။အဲ့ဒီမိသားစုအတွင်း အနူတောမှာ လူချောဖြစ်နေတဲ့ နည်းနည်းဉာဏ်ရှိတဲ့ကောင်လေးရဲ့ နာမည်ကတော့ ဒီပ်ပဲဖြစ်ပါတယ်။အိမ်မှာမီးဖြတ်ခံရလို့ မီတာသွားဆောင်ရင်း မီတာရုံးမှာ စွတ်ခ်ဆိုတဲ့ ကောင်မလေးနဲ့ သွားဆုံမိတယ်။ဒီပ်ဟာ စွတ်ခ်ကို မြင်မြင်ချင်းပဲ ကြွေဆင်းမိသွားပါတော့တယ်။အဲ့ဒီမှာပဲ သူတို့နှစ်ယောက်ရဲ့အချစ်ရေးနဲ့ အိမ်ထောင်ရေးမှာ နှစ်ဖက်မိဘတွေရဲ့ရိုက်ခတ်မှုနဲ့ လွဲချော်မှုလေးတွေကို တလွဲဟာသလေးတွေနဲ့ ကြည့်ရှုရမှာပဲဖြစ်ပါတယ်နော်။သူတို့နှစ်ယောက်ရဲ့အိမ်ထောင်ရေးမှာ အဓိကအလွဲကြီးတစ်ခုဖြစ်တဲ့ ဟန်းနီးမွန်းအလွဲကိုတော့ တစ်ဝကြီးခွီရဦးမှာဖြစ်လို့ ဇာတ်ကားကြည့်ရင်းနဲ့ ရယ်မောလိုက်ကြပါဦးလို့ ညွှန်းဆိုပေးလိုက်ပါတယ်။ File size…2.5GB  / 1.2GB Quality…1080p NF WEB DL / 720p Format…mp4 Duration….2h 14m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Cherry ~ Taylor ~ Yunni
movie

Honeymoon (2022)

2022
Saunkan Saunkne (2022) 6.3
Saunkan Saunkne (2022) Saunkan Saunkne 2022=====================IMDb 6.4 ရရှိထားပြီး တစ်ချိန်လုံးထိုင်ရယ်နေရမယ့် Romance/Comedy ကားလေးလာပါပြီလက်ထပ်ပြီးတာနှစ်ကြာနေပေမယ့် ကလေးမရတဲ့လင်မယားနှစ်ယောက်..ကလေးရဖို့ဆရာဝန်တွေပယောဂဆရာတွေဆီ စုံနေအောင်ပတ်ပြပေမယ့် အကုန်လက်လျော့နေတဲ့အနေအထားမှာယောက္ခမဖြစ်သူကချွေးမကို ကိစ္စတစ်ခုတိုင်ပင်လာပါတယ် တခြားတော့မဟုတ်ပါဘူးသူ့သားမျိုးဆက်ပြတ်သွားမှာစိုးတာကြောင့် နောက်အိမ်ထောင်ထပ်ပြုခိုင်းဖို့ပါမျိုးဆက်ကြောင့်ရော သူကိုယ်တိုင်ကြောင့်ပါ ကလေးမရဖြစ်နေတဲ့ချွေးမလုပ်သူကမတတ်သာတဲ့အဆုံးသဘောတူလိုက်ပြီး တစ်ရွာဝင်တစ်ရွာထွက် ဒုတိယမိန်းမကိုသူကိုယ်တိုင်လိုက်ရှာပါတော့တယ် မယားငယ်ကို မယားကြီးကိုယ်တိုင်ကလိုက်ရှာနေရတဲ့အဖြစ်ဟာတွေးကြည့်ရုံနဲ့တင် ဂွကျနေမှာပါ ဒီမှာလည်းအလွဲအလွဲအမှားမှားတွေနဲ့နောက်ဆုံး အပြင်လူထက် အတွင်းလူကပိုစိတ်ချရတယ်ဆိုပြီး ညီမဖြစ်သူကိုသွားတွေးမိတဲ့အခါ...ဘာတွေဆက်ဖြစ်လာမလဲ ညီမဖြစ်သူကရော သူတို့အကြံကိုသဘောတူပါ့မလားတစ်လင်တစ်မယားစနစ်မဟုတ်ဘဲ တစ်လင်နှစ်မယားစနစ်နဲ့ ဗရုတ်ကျစရာမိသားစုကြောင့်၂နာရီခွဲကြာချိန်လေးမှာ ရယ်မောနိုင်စေရန်တင်ဆက်ပေးလိုက်ရပါတယ်ရှင်   File size…2.3GB / 1.09GB Quality…1080p WEB DL AAC5.1CH / 720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & Yunni & OeliuJ & Honeyey  
movie

Saunkan Saunkne (2022)

2022