Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Niniek Arum
5.9
The Haunted Apartment “Miss K” (2025) Panggonan Wingit 2: Miss K
The Haunted Apartment “Miss K” (2025)IMDb Rating (5.9) နာမည်ကျော်အင်ဒိုနီးရှားဟော်ရာတွေဖြစ်ခဲ့တဲ့ The 3rd Eye 1-2, Sabrina, Sumala တို့ရဲ့ပဲ့ကိုင်ရှင် Hitmaker Studio ရဲ့နောက်ဆုံးထွက်လည်းဖြစ် The Haunted Hotel 2023 ရဲ့ Standalone sequel လည်းဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဆူရာဘာယာမြို့မှာ ဆက်စ်မာယာ ဆိုတဲ့ အဆင့်မြင့်တိုက်ခန်းတွဲကြီးတစ်ခုရှိပြီး မကြာသေးခင်က အဲ့ဒီတိုက်ခန်းမှာနေထိုင်သူတစ်ဦး သူ့ညီမအိမ်မှာ ခြေလက်တွေဖြတ်ပြီး ရက်ရက်စက်စက်အသတ်ခံရတဲ့အမှုတစ်ခုဖြစ်ပွားခဲပါတယ်။အဲ့ဒီအမှုကို ကိုင်တွယ်နေတဲ့ ရဲအရာရှိရဲ့ချစ်သူဟာ သူ့ညီမနဲ့အတူ အဲ့ဒီတိုက်ခန်းတွဲကြီးကိုမန်နေဂျာအဖြစ်ပြောင်းလာခဲ့ပြီးနောက်မှာတော့ အဲ့ဒီတိုက်ခန်းတွဲကြီးရဲ့အသုံးမပြုပဲ အသေပိတ်ထားတဲ့ အထပ်တစ်ထပ်၊ အဲ့ဒီအထပ်မှာရှိနေတဲ့ ဝင်ရောက်သူတိုင်းလေးရက်အတွင်းသေဆုံးရမယ်လို့ ကျိန်စာတိုက်ပြီးလိုက်သတ်တတ်တဲ့ သရဲသားအမိကို ကိုယ်တွေ့ကြုံရာကနေ ကျိန်စာကလွတ်မြောက်ဖို့အတွက် အဲ့ဒီသရဲသားအမိအကြောင်းကို စုံစမ်းဖော်ထုတ်ပြီး ဖြေရှင်းရမှာတွေကိုရှုစားကြရမှာပါ။စတူဒီယိုကြီးက ထုတ်တဲ့ဇာတ်ကားပီပီ ဇာတ်လမ်းဇာတ်အိမ်ခိုင်ခိုင်မာမာ၊ သရုပ်ဆောင်ချက်ကောင်းကောင်း၊အထူးပြုလုပ်ချက် လှည့်ကွက် visual အမိုက်စားတွေနဲ့အချိန်ပေးရကျိုးနပ်မယ့် ဟော်ရာကားကောင်းတစ်ကားဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Alias ဖြစ်ပါတယ်။)File ...
movie
The Haunted Apartment “Miss K” (2025) Panggonan Wingit 2: Miss K
2025
5.9
Bangsal Isolasi (2024)
Bangsal Isolasi ( 2024 ) အမှန်တရား IMDb – 6.3/10 ဒီတစ်ခါတော့ အင်ဒိုနီးရှား ထောင်ကားအကြမ်းစားလေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဝင်နီဟာ ဆေးမှုသံသယရှိသူအနေနဲ့ ရာတူ အက်ဒေး အကျဉ်းထောင်ထဲကို ရောက်လာပါတယ်။ ထောင်ဆိုတဲ့အတိုင်းပဲ အမှုမျိုးစုံနဲ့ရောက်လာကြတဲ့ ဇိုးလေးတွေ အကုန်စုနေကြတဲ့နေရာပေါ့။ဝင်နီနဲ့ တစ်ခန်းတည်းနေရမဲ့ ထောင်အခန်းဖော်ကတော့ ယန်တီလို့ခေါ်တဲ့ တစ်ယောက်ပါ။ ယန်တီက လောလောဆယ် ပေါင်းသင်းကြည့်ရသလောက်တော့ ထောင်အကြောင်း ထောင်မှူးအကြောင်းတွေပြောပြပေး ကူညီပေးနဲ့ မိတ်ဆွေကောင်းတစ်ယောက်လိုပါပဲ။ဒီထောင်မှာ ပဟေဠိအဆန်ဆုံးသော အခန်းတစ်ခန်းလည်းရှိပါသေးတယ်။ အဲဒါက သီးသန့်ထောင်လို့ခေါ်တဲ့ ဝင်နီတို့နားလေးက အခန်းပါ။ ညညဆိုရင် အဲဒီအခန်းကနေ အော်ညည်းသံတွေကြားနေရပြီး သီးသန့်ထောင်အကြောင်း ကောလာဟလတွေကလည်း မဆုံးနိုင်အောင်ပါပဲ။ ဝင်နီတစ်ယောက် တကယ်ပဲ အပြစ်ကျူးလွန်ခဲ့လို့ ထောင်ထဲကိုရောက်လာတာဖြစ်မလား။ ဒီထောင်ကိုလာရတဲ့ သူ့ရည်ရွယ်ချက်က ဘာဖြစ်နေမလဲ။ အဆုံးမှာ သူလိုချင်နေတဲ့အဖြေတွေကို ရသွားမလားဆိုတာတော့…(ဘာသာပြန်နဲ့အညွှန်းကတော့ Eaindra ~ ToMo ~ KKKZ ~ Yunni တို့ပဲဖြစ်ပါတယ်) File size…898 MB / 476 MB Quality…WEB DL 1080p HEVC / ...
movie
Bangsal Isolasi (2024)
6.3
Funny Couple (2024)
Funny Couple (2024) Pasutri Gaje ********************************* သိပ်မကြာသေးခင်ကတင် အသစ်ထွက်ထားတဲ့အင်ဒိုမိသားစုဟာသကားလေးနဲ့မိတ်ဆက်ပေးပါစေ.ဒီကားလေးတော့ နာမည်ကြီး webtoon တစ်ခုဖြစ်တဲ့Pasutri Gaje ကိုဇာတ်ကားအနေနဲ့အသက်သွင်းထားတာလည်းဖြစ်ပါတယ်ဇာတ်လမ်းပုံစံလေးကတော့ အဒီးမတ်စ်နဲ့ အဒီလီယာဆိုတဲ့ကြင်စဦးဇနီမောင်နှံနှစ်ယောက် တစ်ဦးထံတစ်ဦးကိုချစ်ပြီးချစ်ဇာတ်ကြောင်းတွေကို ရယ်ရမြူးရစေတဲ့ ဇာတ်လမ်းလေးပါဒါပေမယ့် လင်မယားနှစ်ဦးကိုပတ်ဝန်းကျင်က ကလေးယူဖို့အတွက် ဖိအားတွေပေးလာတဲ့အချိန်မှာဖြစ်ပေါ်လာတဲ့အခါမှာတော့…………….မိသားစု ဟာသကားလေးတင်မဟုတ်ပဲ အင်ဒိုတွေရဲ့ယဉ်ကျေးမှုပတ်ဝန်းကျင်ကိုလည်းတွေ့မြင်ရမှာဖြစ်ပြီးမြန်မာပရိတ်သတ်တွေအကြိုက်ဆုံးပွဲတော်တစ်ခုကိုလည်းဇာတ်ကားထဲမှာတွေ့မြင်ရမှာပါဒီခေတ်ကြီးထဲ အမောပြေစေတဲ့ အချစ်ရေးနဲ့ပတ်သတ်ရင်healing ဖြစ်စေမဲ့ ဇာတ်ကားလေးတစ်ကားကြည့်ချင်ရင်တော့ဒီကားလေးကိုမလွတ်တမ်းကြည့်ဖို့ ညွန်းလိုက်ရပါတယ်.. File size…1.74GB / 898MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 49m Genre ….. Comedy , Drama , Romance Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Aung Khant Paing
movie
Funny Couple (2024)
Kapan Hamil? (2023)
Kapan Hamil [2023]အယ်လန်နဲ့ နာဒရာတို့ လက်ထပ်ထားတာ ၃နှစ်ရှိပြီဖြစ်သည့်တိုင် ကလေးမထွန်းကားသေးတာက သူတို့အတွက် ပြဿနာတစ်ခုဖြစ်လို့နေပါတယ်... ပြဿနာဖြစ်ရခြင်းရဲ့ အဓိကလက်သည်ကတော့ အယ်လန့်အမေပါ .. အယ်လန့်အမေက တချိန်လုံး နာဒရာ့ကို ကိုယ်ဝန်ရှိမရှိနဲ့ ပက်သက်ပြီးတော့ စစ်လားဆေးလားမေးလားမြန်းလား လုပ်လွန်းတဲ့အတွက် သူတို့လင်မယားအဖို့ စိတ်ဖိစီးစရာ ဖြစ်နေပါတော့တယ်... ဒီလိုနဲ့ တနေ့မှာ သူတို့နှစ်ဦး ဆေးခန်းပြဖို့ သဘောတူလိုက်ကြပါတော့တယ်... အယ်လန်ရဲ့မိခင်က သူ့သားဟာ သားသမီးအရမ်းထွန်းကားတဲ့ မျိုးရိုးကဆင်းသက်လာသူမို့ ကိုယ်ဝန်မရရခြင်းဟာ နာဒရာ ချို့ယွင်းနေတာကြောင့်လို့သာ တစ်ထစ်ချ ယုံကြည်ထားပါတယ်... တကယ်တော့ ချို့ယွင်းနေတာဟာ အယ်လန်သာ ဖြစ်ပါတယ်... အယ်လန်ကိုယ်တိုင်ကလည်း စီးပွားရေးလုပ်ငန်းရှင် Social influencer တစ်ယောက်ဖြစ်နေတာမို့ သူ့ရဲ့ မြုံနေတဲ့ အားနည်းချက်ကို ဖုံးဖိဖို့ နည်းမျိုးစုံနဲ့ ကြိုးစားပါတော့တယ်... ဒါပေမယ့်လည်း အဆုံးမှာ ဇနီးသည်က ဖန်ပြွန်သန္ဓေသားကုထုံးကို လက်ခံလိုက်တာမို့... ကိုယ့်သွေးရင်းသားရင်းကသာ လိုချင်တဲ့ အယ်လန်တစ်ယောက် အခက်ကြီးကြုံရပါတော့တယ်... ဒီလိုနဲ့ အယ်လန့်အနေနဲ့ ဒီအခက်အခဲတွေကြားက ဘယ်လိုကျော်လွှားသွားမလဲ ကြည့်ရှုရမှာပဲ ဖြစ်ပါတယ်အညွှန်း နဲ့ ဘာသာပြန်ကတော့ Tun Aung Kyaw ပဲ ဖြစ်ပါတယ်။Genre..... ...
movie
Kapan Hamil? (2023)
2023
5.1
Makmum (2019)
Makmum 2ကို ဆက်လက်ကြည့်ရှုလိုပါက ဒီလင့်လေးကနေ ကြည့်ရှုနိုင်ပါတယ်>> Makmum2(2021) Horror ရုပ်ရှင်ကား ကြိုက်နှစ်သက်သူ ပရိတ်သတ်ကြီးအတွက် အင်ဒိုနီးရှား သရဲကားလေး တစ်ကားဖြစ်တဲ့ Makmum ဆိုတဲ့ ကားလေးကို တင်ဆက်ပေးလိုက်ပါရစေ ။ ဒီကားလေးဟာဆိုရင် ၂၀၁၉ မှာတစ်ကား ၂၀၂၁မှာ တစ်ကား ထွက်ရှိထားတာဖြစ်ပြီး ၂၀၁၉ထွက် ကားလေးရဲ့ ဇာတ်အိမ်လေးကတော့ စီတရာ မိန်းကလေး ကျောင်းအိပ်ကျောင်းစားကျောင်းက အဆောင်နေ ကျောင်းသူမလေး သုံးဦးရဲ့ ခြောက်လှန့်ခံရမှုကို အခြေပြုရိုက်ကူးထားတာဖြစ်ပါတယ်Makmum (နောက်ကလိုက်သူ ) လို့အမည်ရတဲ့ သရဲဟာ စီတရာရဲ့ အဆောင်နေ ကျောင်းသူမလေးတစ်ယောက်ဖြစ်တဲ့ပူတရီကို ဝတ်ပြုချိန်တိုင်း ပူးကပ်ခြောက်လှန့်တတ်ပါတယ်။ ဒီကျောင်းရဲ့ ကျောင်းအုပ်ကြီးဟောင်း ဖြစ်တဲ့ဆရာမကြီး ကီနန်တီဟာ ဒီအကြောင်းတွေကို သိနေတဲ့အတွက် ကျောင်းသူဟောင်း ရင်နီကို ခေါ်ယူခဲ့ပါတယ်ရင်နီဟာ လက်ရှိမှာလူသေတွေကို ပြင်ဆင်ပေးတဲ့ အလုပ်ကို လုပ်ကိုင်နေပြီး ပရလောကသားတွေနဲ့ မကြာခဏကြုံတွေ့ရတတ်တဲ့သူပါ အဲဒီလိုနဲ့ ရင်နီတစ်ယောက် ငယ်ငယ်က တက်ခဲ့တဲ့ ကျောင်းကို ပြန်ရောက်လာတဲ့အချိန် ဘယ်လို အဖြစ်မျိုးတွေ ခြောက်လှန့်မှုမျိုးတွေနဲ့ကြုံရမလဲ သရဲ ပူးကပ်ခြင်းခံနေရတဲ့ ကျောင်းသူလေးတွေကို သူဘယ်လိုကယ်တင်သွားမလဲ သူမသိထားခဲ့တဲ့ ကျောင်းတော်ကြီးရဲ့ ...
movie
Makmum (2019)
2019
5.3
Ghibah (2021)
ဒီတစ်ခါတော့ CMကနေ အင်ဒိုးနီးရှားသရဲကားလေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်နတ်ဆိုးဆိုတာ ဘယ်အချိန်မှာပေါ်လာတာလဲ ညအချိန်လား နေဝင်ရီတရော အချိန်လား နှစ်ခုလုံးမဟုတ်ပါဘူးတကယ်က ကိုယ်သူများရဲ့ နောက်ကွယ်မှာ မှန်လားမသိမမှန်လားမသိနဲ့ အတင်းပြောတဲ့အချိန် ကိုယ့်ဆီမှာ မကောင်းတဲ့အတွေးတွေများနေတဲ့အချိန်မှာ ပေါ်လာတတ်တာပါတဲ့ အဲ့လိုမျိုးအတင်းပြောတာကို အစ္စလန်ဘာသာမှာ ဂီဘာလို့ခေါ်ဝေါ်ကြပါတယ် ဒီဇာတ်ကားလေးကတော့... ဖီလီတို့ တက္ကသိုလ်ကျောင်းသူကျောင်းသားတသိုက်ဟာ ကျောင်းမဂ္ဂဇင်းအတွက် ကျောင်းသူနဲ့ ပါမောက္ခဖောက်ပြန်တဲ့အကြောင်းကို သတင်းယူရင်း ဂီဘာဆိုတဲ့ မဟုတ်မမှန်အတင်းပြောတဲ့ အပြစ်ကို မတော်တဆ ကျူးလွန်မိခဲ့ကြပါတယ်အဲ့ဒီအချိန်မှာ လူတွေဂီဘာအပြစ်ကို ကျူးလွန်ဖို့ အမြဲစောင့်မျှော်နေတဲ့ အီဖရစ်နတ်ဆိုးက ကြားသိသွားပြီး သူတို့ရဲ့နောက်ကို တစ်ကောက်ကောက် ကပ်ပါလာပါတော့တယ် ကပ်ပါလာပြီးနောက်ပိုင်း အီဖရစ်နတ်ဆိုးဟာ ဖီလီတို့ သူငယ်ချင်းတစ်စုကို တစ်ယောက်ချင်းစီ ဘယ်လိုမျိုးပြင်းပြင်းထန်ထန် နှောင့်ယှက်အပြစ်ပေးမလဲဆိုတာကို ထိတ်လန့်ခြောက်ခြားဖွယ် ဆက်လက်ကြည့်ရှုလိုက်ကြပါဦးနော်...။( အညွှန်းရေးသားထားသူကတော့ Yamin Ei ပါ )Quality__720p IMDb Rating__5.3/10 Format__mp4 Duration__01:33:00 Type__Horror , Thriller Subtitle__Myanmar Subtitle (Hardsub) Translated by Yamin Ei Encoded by Naing Aung ...
movie
Ghibah (2021)