Channel Myanmar

Nine Yeon Joo

Deadzone (2024) 5.0
Deadzone (2024)  အပျင်းပြေအက်ရှင်ကားကြည့်ချင်သူတွေအတွက် အရမ်းကြီးမိုက်မနေပေမဲ့ အရမ်းကြီးလည်းမဆိုးလှတဲ့ Deadzone ဆိုတဲ့သိပ္ပံစိတ်ကူးယဉ်အက်ရှင်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။အမေရိကန် လော့စ်အိန်ဂျလိစ်မှာရိုက်ကူးထားတာဆိုပေမဲ့ အာရှသရုပ်ဆောင်တွေတော်တော်များများပါဝင်ထားပြီး တတ်နိုင်သလောက် အားထုတ်ကြိုးစားရိုက်ကူးထားတာကိုတွေ့ရမှာဖြစ်ပါတယ်။အဓိကအားဖြင့်တော့ သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်တွေရဲ့ထုံးစံအတိုင်း အနာဂတ်မှာ အန်းဒရွိုက်လို့ခေါ်တဲ့ စက်ရုပ်တွေတွင်ကျယ်လာပြီး သဘောကျတဲ့လူတွေနဲ့သဘောမကျတဲ့လူတွေကြားမှာ ပြဿနာတွေဖြစ်မှာမျိုးတွေကိုကြိုတင်မှန်းဆထားပြီးရိုက်ကူးထားတဲ့ပုံစံမျိုးဖြစ်ပါတယ်။အန်းဒရွိုက်စက်ရုပ်တွေက ဒီဇာတ်လမ်းထဲကခေတ်မှာ နေရာတိုင်းမှာရှိနေကြပြီး သူတို့ကိုအသုံးပြုတဲ့လူတွေလည်းအများအပြားရှိနေပါတယ်။ဒါပေမယ့်စက်တွေဆိုတာ ပျက်စီးနိုင်တယ်ဆိုတဲ့အတိုင်း တချို့စက်ရုပ်တွေမှာစက်ချို့ယွင်းပြီး ကိုယ်ပိုင်အသိစိတ်နဲ့လုပ်ချင်တာတွေလုပ်နေကြတဲ့ အန်းဒရွိုက်တွေလည်းရှိပါတယ်။အဲ့လိုပြဿနာတွေကို ဖြေရှင်းပေးဖို့အဖွဲ့အစည်းတစ်ခုရှိပြီးအဲ့ဒီအဖွဲ့အစည်းကိုတော့ RAU လို့အမည်ပေးထားပြီးဒီဇာတ်ကားရဲ့မင်းသားကတော့ အဲ့ဒီထဲကအေးဂျင့်တစ်ယောက်ပဲဖြစ်ပါတယ်။သူ့နာမည်ကတော့ ဆဲဗင်းဖြစ်ပြီး သူကိုယ်တိုင်ကလည်းလူသားနဲ့အန်းဒရွိုက်မျိုးစပ်တစ်ယောက်ပဲဖြစ်ပါတယ်။စစချင်းမှာတော့ ပျက်စီးနေတဲ့အန်းဒရွိုက်တွေကို လိုက်လံထိန်းသိမ်းရုံပဲဆိုပေမဲ့ အဲ့ဒီစက်ရုပ်တွေကိုဖမ်းဆီးပြီး သတ်ဖြတ်နေတဲ့လူတစ်ယောက်ပေါ်လာတဲ့အခါမှာတော့ ဆဲဗင်းနဲ့ RAUအဖွဲ့သားတွေ တရားခံကိုဘယ်လိုရှာဖွေဖော်ထုတ်သွားမလဲဆိုတာကို ရှုစားရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။  File size… (1.28 GB) / (774 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 20m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Deadzone (2024)