Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nina Sosanya
7.6
Love Actually (2003)
Love Actually (2003)IMDb Rating (7.6) / Rotten Tomatoes (64 %)နာမည်ကျော်သရုပ်ဆောင်ကောင်းတွေဖြစ်တဲ့ မင်းသားကြီး Liam Nesson , Alan Rickman,Bill Nighy ,Hugh Grant Kingsman မင်းသားကြီး Colin Firth, မစ္စတာဘင်းမင်းသားကြီး Rowan Atkinson ချစ်စရာမင်းသမီးချောလေး Keira Nightly နဲ့ Laura Linney တို့ကိုတစ်နေရာထဲမှာမြင်လိုက်ရတာနဲ့တင် အချိန်ပေးရကျိုး နပ်မယ့်ရုပ်ရှင်ဖြစ်တဲ့အပြင် ဖွဲ့စည်းထားတဲ့ဇာတ်လမ်းအသွားအလာလေးကလဲ အပြစ်ဆိုရက်စရာမရှိ နှစ်လိုဖွယ်ကောင်းလွန်းတယ်လို့ညွှန်းရမယ့် ဇာတ်ကားလေးတကားပါ။intertwined stories လို့ခေါ်တဲ့ ဇာတ်လမ်းတစ်ခုထဲမှာမတူညီတဲ့ဇာတ်လမ်းလေးတွေကို ယှက်နွယ်ပြီးပြသွားလေ့ရှိပုံစံရုပ်ရှင်ကားမျိုးတွေကို သဘောကျတတ်တဲ့သူတွေပိုပြီးအကြိုက်တွေ့မှာပါ ဝမ်းသာခြင်း ကြည်နူးခြင်း ဝမ်းနည်းရခြင်းတွေနဲ့ Love actually ဇာတ်ကားဟာ Drama/Comedy/ Romance စသဖြင့် ရသမျိုးစုံကိုပေးတဲ့ Family Type Friendship အသားပေးထားတာဖြစ်တဲ့အတွက် မိသားစုနဲ့အတူ အချိန်ပေးပြီးကြည့်ရန်လည်းအသင့်တော်ဆုံးပါပဲအညွှန်းလေးအကျဉ်းချုပ်ပြောရရင်....မူးယစ်ဆေးဖြတ်ပြီးအဆိုတော်ပြန်လုပ်ခပ်ကြောင်ကြောင်စကားလုံးတွေပြောပြီး ခရစ္စမတ်သီချင်းတစ်ပုဒ်ကိုဆိုနေတဲ့ခေတ်ဟောင်းအဆိုတော်အဘိုးကြီးတစ်ယောက်အမေရိကားကိုရောက်မှစော်ကြည်မယ်ထင်ပြီးမိမိမွေးရပ်မြေကိုစွန့်ခွာချင်နေတဲ့ဗြိတိန်သားငနဲလေးတစ်ယောက်အချစ်ဆုံးသူငယ်ချင်းရဲ့မင်္ဂလာပွဲကိုအခမ်းအနားဆုံးဖြစ်အောင်ပြင်ဆင်ပေးပြီးကင်မရာလေးနဲ့ရိုက်ပြီး အမှတ်တရပုံရိပ်ကိုတိတ်တခိုးခံစားချက်တွေနဲ့အတူ ခိုးပြီးသိမ်းဆည်းထားတဲ့ကောင်လေးတစ်ယောက်ဝန်ထမ်းကောင်မလေးကိုအပေါ်မှာ ချစ်စိတ်ဝင်မိရာကနေ အမေရိကန်သမ္မတကိုတောင် ချေပနိုင်တဲ့စကားတွေပြောဖြစ်သွားရာကနေ ပြည်သူရဲ့အချစ်တော်အင်္ဂလန်ဝန်ကြီးချုပ်တစ်ယောက်ဖောက်ပြန်တဲ့မိန်းမကိုလက်ပူးလက်ကြပ်မိပြီး စိတ်နာနာနဲ့ ပြင်သစ်ကတော့ရွာလေးဘက်ကို ခရီးထွက်အနားယူရာမှတွေ့ဆုံခဲ့သော ပေါ်တူဂီမလေးကိုချစ်မိသွားတဲ့လူတစ်ယောက်Real sex ...
movie
Love Actually (2003)
4K HEVC
Manderlay (2005)
၁၉၃၀ ပြည့်နှစ်ကာလတွေက အမေရိကန်နိုင်ငံမှာရှိတဲ့ လူမည်းကျွန်တွေရဲ့ဘဝကို ရိုက်ကူးထားတဲ့ Drama/Thriller ဇာတ်ကားကောင်းလေးတစ်ကားပါ Dogville 2003 ရဲ့ Trilogy တစ်ကားလည်းဖြစ်ပါတယ်အလာဘားမားပြည်နယ်က မန်းဒလေး ဆိုတဲ့ ဝါဂွမ်းစိုက်ပျိုးရေးခြံကြီးကိုပိုင်ဆိုင်တဲ့ လူဖြူမိသားစုတစ်စုဟာ လူမည်းကျွန်တွေကို သူတို့ရဲ့ ကိုယ်ပိုင်ဥပဒေဖြစ်တဲ့ ဆိုရှယ်လစ်/ကွန်မြူနစ် ဆန်ဆန် Mam's Law ဆိုတဲ့ဥပဒေနဲ့ အုပ်ချုပ်နေတာပေါ့....တစ်နေ့မှာ ဂရေ့စ် ဆိုတဲ့ ဂိုဏ်းစတားခေါင်းဆောင်ရဲ့ သမီးတစ်ယောက်ဟာ အဲဒီခြံကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာပြီး မတရားမှု၊ ညှင်းပန်းနှိပ်စက်မှု၊ ကျွန်ဝါဒ၊ အရင်းရှင်ဝါဒတွေကို လက်မခံတော့တဲ့ အမေရိကန်နိုင်ငံရဲ့ ဒီမိုကရေစီကျကျအတွေးအခေါ်တွေနဲ့ ကျွန်လူတန်းစားနဲ့ သခင်လူတန်းစားနှစ်ရပ်စလုံးကို မြေလှန်ပစ်ဖို့ အစီအစဉ်ချပြီးကြိုးစားရုန်းကန်မှာပဲဖြစ်ပါတယ်ဇာတ်ကားရဲ့ထူးခြားချက်ကလည်း Studio ထဲမှာပဲ Setting တစ်ခုတည်းနဲ့ရိုက်ကူးထားတဲ့ Directior ကြီး Lars von Trier ရဲ့စိတ်ကူးပဲဖြစ်ပါတယ်...... Argylle ၊ Jurassic World 1,2 ထဲက မင်းသမီးချော Baryce ...
movie
Manderlay (2005)
The End We Start From (2023)
အခြေအနေအကြောင်းကြောင့် မိုတီပျောက်နေသူတွေအတွက် reviewကောင်းတွေပိုင်ဆိုင်ထားတဲ့ The End We Start from ဆိုတဲ့ Survival ရုပ်ရှင်လေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကျွန်တော်တို့ရဲ့ဦးထူးဆန်းBenefict Cumberbatch လည်း supportingအနေနဲ့ ပါဝင်ထားတာဖြစ်လို့ မကြည့်ရသေးရင်တော့ tryကြည့်ဖို့ ညွှန်းလိုက်ပါတယ်။မိန်းမတစ်ယောက်အတွက် အနာကျင်ရဆုံး သေမင်းနဲ့အနီးဆုံးကာလတစ်ခုဖြစ်တဲ့ မီးဖွားချိန်ကျမှပဲ ကံဆိုးမသွားရာ မိုးလိုက်ရွာဆိုတဲ့အတိုင်းပဲ လန်ဒန်မြို့မှာ မုန်တိုင်းထန် ရေလွှမ်းပြီး ကပ်ဆိုက်ပါတော့တယ်။ သွေးနုသားနုမှာ ပြုစုယုယတာခံရမယ့်အစား ခင်ပွန်းဖြစ်သူနဲ့အတူ ရေဘေးကနေပြေးပြီး ယောက္ခမတွေနဲ့ အတူနေဖို့ဖြစ်လာတာပေါ့။သဘာဝကပ်ဘေးနဲ့အတူလိုက်လာတဲ့ အစာရေစာရှားပါးခြင်းနောက်မှာ ခင်ပွန်းဖြစ်သူရဲ့မိဘနှစ်ပါးက အသက်ဆုံးသွားတာနဲ့အတူ ခင်ပွန်းကလည်း စိတ်ဓာတ်ကျပြီး သွေးနုသားနုဇနီးနဲ့သားလေးကိုထားရစ်ခဲ့တာခံရ၊ ကိုယ်တိုင်လည်း သေခြင်းတရားကို နဖူးတွေ့ဒူးတွေ့ကြုံထားရတော့ နှလုံးသားမှာ ကြောက်ရွံ့တုန်လှုပ်မှု အားငယ်မှုတွေပြည့်နေတဲ့တော့တာပေါ့။ဒါပေမဲ့ သူကတော့ သူ့ကိုပဲအားကိုးရှင်သန်ရမယ့် ရင်ခွင်ပိုက်ကလေးငယ်လေးရဲ့မိခင်ဖြစ်နေတာကြောင့် ကြောက်ရွံ့တုန်လှုပ်ရင်း ပုန်းခိုနေလို့မရပါဘူး။ ဒီလို ငတ်မွတ်ခေါင်းပါးတဲ့ဘေး သူခိုးဓားပြတွေရဲ့ဘေးရန်အသွယ်သွယ်ကနေ အရရုန်းကန်လို့ ဒီကလေးငယ်လေးကို ကပ်ဘေးအသွယ်သွယ်ကနေအရကယ်ထုတ်မယ့် မိခင်တစ်ယောက်ရဲ့သတ္တိကို ဒီရုပ်ရှင်လေးကနေ ...
movie
The End We Start From (2023)
6.7
Brian and Charles (2022)
Brian and Charles (2022) ================== IMDb Rating - 6.7/10တစ်ခါတစ်လေ တစ်ယောက်တည်းနေတာကြာလာတဲ့အခါ အဖော်တစ်ယောက်လောက်လိုချင်မိတယ်။ ကိုယ့်အကြောင်းကို နားလည်ပေးမယ့်သူ၊ ကိုယ့်ကိုဂရုစိုက်ပေးမယ့်သူ ပြီးတော့ ကိုယ် ဂရုစိုက်တာကိုလည်း လက်ခံနိုင်မယ့်သူမျိုးပေါ့ ။ လွယ်လွယ်နဲ့တော့ ဘယ်ရပါ့မလဲ.... အဲ့ဒီလောက်ထိ ကံမကောင်းတတ်ကြဘူးလေ။ကံကောင်းသွားတဲ့သူတော့ ရှိတယ်ဗျာ။ ကျွန်တော်တို့ရဲ့ ဇာတ်လိုက် ကျော်ကြီး ဘရိုင်ယန်ပေါ့။ သူက ရွာမှာတစ်ကိုယ်တည်းသမား၊ ဟိုဟာ လေးထွင်လိုက် ဒီဟာလေးဖန်တီးလိုက်နဲ့ ရွာထဲကလူထူးဆန်းတစ်ယောက် ပေါ့။ ပြီးတော့ သူ့အိမ်ထဲမှာကြွက်လေးတစ်ကောင်ရှိတယ်။ အဲ့ဒီကြွက် ကောင်းမှုနဲ့ပဲ မအောင်မြင်ခဲ့တဲ့သူ့စက်ရုပ်လေးက အသက်ဝင်သွားပါ လေရော။ဘရိုင်ယန်အရမ်းပျော်ပြီလေ။ သူနဲ့အတူတူနေပြီးတော့ သူဂရုစိုက်ရမယ့်သူ ရှိလာပြီ။ အတူတူနေလာတော့ တစ်ခါတစ်လေတော့လည်း ရန်ဖြစ်ကြတာပေါ့။ ဒီလိုပဲ ရန်ဖြစ်လိုက် ပြန်တည့်လိုက်နဲ့ စက်ရုပ်ချားလ်က အိမ်ပေါ်ကဆင်းသွား ချင်ပါတယ်တဲ့။ ပြသာနာကအဲ့ဒီကစတော့တာပဲ... အဲ့ဒီပြသာနာကို ဘယ်လို ဖြေရှင်းမလဲဆိုတာကတော့ ကိုယ်တိုင်ပဲဆက်ကြည့်လိုက်ပါ။ ပေါ့ပေါ့ပါးပါးလေးနဲ့ မိဘနဲ့သားသမီးတို့ကြားက ဖြစ်ပျက်တတ်တဲ့သဘောတရားကို စက်ရုပ်လေးနဲ့အစားထိုးပြီးရိုက်ပြထားတယ်လို့ ခံစားရပါတယ်။ အဲ့ဒါကြောင့် မိသားစု အချင်းချင်းလည်း အတူတူကြည့်ရှုရင်ပိုပြီးကောင်းပါတယ်။ (ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ပေးသူကတော့ Jo Jo Va ဖြစ်ပါတယ်) File Size..........(1.57 GB) / (650 MB) ...
movie
Brian and Charles (2022)
2022
6.6
Juliet, Naked (2018)
အခု မိတ်ဆက်ပေးမယ့် ဇာတ်ကားလေးကတော့ 2018 ခုနှစ်မှာ ထွက်လာတဲ့ Juliet, Naked ဆိုတဲ့ အင်္ဂလိပ်ဒရမ်မာကားလေးပါဒန်ကန်ဆိုတဲ့ လူဟာ တပ်ကာခရိုးဆိုတဲ့ ရော့ခ်အဆိုတော်ဟောင်းကို အရမ်းစွဲလမ်းပြီး ကြိုက်နှစ်သက်တဲ့ သူပါသူ့ရဲ့ စွဲလမ်းမှုတွေဟာ သူနဲ့အတူနေတဲ့ သူ့ရည်းစား အန်နီကို အရမ်းလွှမ်းမိုးခဲ့ပါတယ်အန်နီကတော့ သူ့အဖေပိုင်တဲ့ ပြတိုက်ကို ဦးစီးလုပ်ကိုင်ရင်းရော့စ်ဆိုတဲ့ မိန်းကလေးချင်းစိတ်ဝင်စားသူ ညီမဖြစ်သူကို အုပ်ထိန်းနေသူပါတစ်နေ့မှာတော့ Juliet, Naked ဆိုတဲ့ ခွေအကြမ်းသွင်းထားတဲ့ ခွေတစ်ခွေ ဒန်ကန်ဆီကို ရောက်လာရာကသူတို့နှစ်ေယာက်ရဲ့ အချစ်ရေးမှာ ဆူးညောင့်ခလုတ်တစ်ခု ဖြစ်လာပါတော့တယ်ဒီအခါ သူတို့ ဘယ်လိုဖြေရှင်းကြလဲဆိုတာနဲ့ မျှော်လင့်မထားတာတွေ ဖြစ်လာတဲ့အခါဇာတ်ကားက ပိုအသက်ဝင်လာပြီး စိတ်ဝင်စားဖို့ ကောင်းလာပါတော့တယ်IMDB 6.6 ထိရထားတဲ့ ဒရမ်မာကားကောင်းတစ်ကားဖြစ်လို့လက်မလွတ်တမ်း ကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားလို့ ညွှန်းပေးပါရစေ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်ပေးထားသူကတော့ မေသရဖီလွင်ပါ) File Size : (800 MB) and (380 MB) Quality ...
movie
Juliet, Naked (2018)
2018