Channel Myanmar

Niko El Santo Zavero

Bonhoeffer: Pastor. Spy. Assassin (2024) 6.3
Bonhoeffer: Pastor. Spy. Assassin (2024)  Bonhoeffer: Pastor. Spy. Assassin (2024)IMDb Rating (6.3) / Rotten Tomatoes (64%) ဒီဇာတ်ကားကတော့ ဒုတိယကမ္ဘာစစ်မစမှီ စစ်ပွဲအစချီလာတဲ့ ကာလကို မှီငြမ်းပြီးရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန်ပေါ်အခြေခံထားတဲ့ ဇာတ်လမ်းတစ်ပုဒ်ဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်း ဒုတိယကမ္ဘာစစ်ဆိုတာကတော့ ဟစ်တလာရဲ့ ဒိဌိတွေကြားကနေ အစပျိုးလာတာပေါ့။ဒီဇာတ်လမ်းထဲမှာတော့ ဂျာမနီမှာ ဟစ်တလာ အာဏာရလာပုံကို လူငယ်တစ်ယောက်နဲ့ ဇာတ်အိမ်တည်ပြီးတော့ ရိုက်ကူးတင်ဆက်ထားတာကိုတွေ့ရမှာပဲဖြစ်ပါတယ်။ ဇာတ်လမ်းအကျဉ်း ---------------------ဒီထရစ်ဆိုတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်လေးကတည်းက အဆော့သန်တဲ့သူပါ။ အစ်ကိုကို အရမ်းချစ်တဲ့ဒီထရစ်ဟာ တစ်နေ့မှာ သူ့အစ်ကို စစ်မှုထမ်းဖို့အကြောင်းဖန်လာတာကိုတွေ့ခဲ့ပါတယ်။စစ်ပွဲကနေ ပြန်မရောက်လာခဲ့တဲ့ ဒီထရစ်ဟာ သူ့အစ်ကိုအတွက် စိတ်မကောင်းဖြစ်ပြီး စစ်ပွဲတွေအကြောင်းကို လေ့လာခဲ့ပါတယ်။အချိန်အတော်အတန်ကြာသွားတဲ့အချိန်မှာအမေရိကကိုရောက်သွားတဲ့ ဒီထရစ်ဟာ ဂျာမနီမှာ ဟစ်တလာတဖြည်းဖြည်းအာဏာရလာတာကိုသိသွားပါတယ်။ဒီလိုနဲ့ အမေရိကမှာ ခရစ်ယာန်စစ်ဖြစ်သွားပြီး ဂျာမနီကို ပြန်ရောက်သွားတဲ့ ဒီထရစ်ဟာ ဂျာမနီမှာ ခရစ်ယာန်ဘာသာကိုတောင် မှားယွင်းတဲ့ဝါဒီကိုဖြန့်ပြီး လွှမ်းမိုးသွားတဲ့ ဟစ်တလာဝါဒကို ဘယ်လိုတိုက်ဖျက်မလဲဆိုတာကို ဒီဇာတ်ကားထဲမှာတွေ့မြင်ရမှာပဲဖြစ်ပါတယ်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ Mark ဖြစ်ပါတယ်။)File size…(1.8 GB) ...
movie

Bonhoeffer: Pastor. Spy. Assassin (2024)

2024
Arena Wars (2024) 5.8
Arena Wars (2024)  ဒီဇာတ်ကားကတော့ ဒါရိုက်တာ Brandon Slagle ရိုက်ကူးထားပြီးSheri Davis, Jon Wells စတဲ့ နာမည်ကြီး မင်းသား၊ မင်းသမီးကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ psychological thriller သည်းထိတ်ရင်ဖိုလူသတ်ဂိမ်းဇာတ်လမ်းလေးဖြစ်ပါတယ်...တိုက်ရိုက်ထုတ်လွှင့်တဲ့ အစီအစဉ်တစ်ခုဖြစ်ပေမယ့် ဒီဂိမ်းကတော့ထူးဆန်းတဲ့ပုံစံနဲ့ ပြုလုပ်ကျင်းပပါတယ်။ ထောင်အသီးသီးကတစ်သက်တစ်ကျွန်းနဲ့ သေဒဏ်ကျနေတဲ့ အကျဉ်းသားတွေကိုခေါ်ယူပြီးတော့ ကမ္ဘာ့အဆိုးဆုံးလို့ပြောလို့ရတဲ့ စိတ္တဇလူသတ်သမားတွေနဲ့ ကွင်းပြင်တစ်ခုထဲမှာ ယှဉ်သတ်ခိုင်းတာပါ။အနိုင်ရတဲ့သူတွေကတော့ လွတ်လပ်မှုကိုပြန်ရနိုင်မှာပါ။ဒီလိုနဲ့ ဂိမ်းစီစဉ်သူတွေက ကြည့်ရှုသူများအောင် အထက်လူကြီးအတွက်အပြစ်ဝင်ခံ‌‌ပေးထားတဲ့ ရေတပ်သားဟောင်း လုခ်ဘန်ဒါကိုအပြစ်ကင်းတဲ့ပထမဆုံး ယှဉ်ပြိုင်သူအနေနဲ့ ထည့်ချင်တဲ့အခါမှာတော့သတို့သမီးလောင်းနဲ့ ပြန်‌တွေ့ချင်နေတဲ့ လုခ်က ပါဝင်သတ်ဖြတ်ဖို့ဖြစ်လာပါတယ်။လုခ်တစ်ယောက် ဂိမ်းတွေကိုဘယ်လိုဖြတ်ကျော်မလဲ...။ဂိမ်းစီစဉ်သူကရော ဒီဂိမ်းကိုဘယ်လိုထိန်းချုပ်ထားတာလဲ...။လုခ်ကရော ပြန်ပြီးလွတ်လပ်နိုင်မှာလား...။လုခ်နဲ့အတူ ဆိုးရွားတဲ့လူမိုက်တစ်ဖွဲ့က စိတ္တဇလူသတ်သမားတွေလက်က ရှင်သန်နိုင်အောင် ဘယ်လိုလုပ်ကြမလဲ...။ဒီဇာတ်ကားလေးထဲမှာ သွေးသံရဲရဲသတ်ဖြတ်ခြင်းတွေကြားကြည့်ရှုအဖြေရှာရမှာပါ။ File size… (1.41GB) / (844MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 36m Genre ….. Action , ...
movie

Arena Wars (2024)

Crackcoon (2024)
Crackcoon (2024)  အဆိပ်ပြင်းစွမ်းအားပြင်းတဲ့မူးယစ်ဆေးတမျိုးက မရောက်သင့်တဲ့သူတွေလက်ထဲကို ရောက်သွားခဲ့ရင်ဘာဖြစ်မလဲ။ဒီရုပ်ရှင်မှာ ကြည့်ရှုခံစားကြည့်ပါမိတ်ဆွေ။အမေရိကရဲ့ မြို့ငယ်လေးတစ်မြို့မှာ လိမ္မော်ရောင် ကိုကိန်းမူးယစ်ဆေးဝါးတမျိုး ပြန့်နှံ့နေပါတယ်။ ဒီ ဆေးအသစ်က အရမ်းကိုအစွမ်းထက်ပြီး သုံးမိတဲ့လူတွေက စိတ်ဖောက်ပြန်ပြီး အချင်းချင်းကိုက်ဖြတ်စားသောက်ကြတဲ့အထိဖြစ်စေပါတယ်။ဒီလိုနဲ့ပဲ ဒီမူးယစ်ဆေးဝါးက တနေ့မှာ မတော်တဆမှုတစ်ခုကြောင့်ရက်ကွန်းတစ်ကောင်ရဲ့လက်ထဲကိုရောက်သွားပါတော့တယ်။ဘယ်လိုတွေများဆက်ဖြစ်ကြမလဲ။ရင်တထိတ်ထိတ်နဲ့ခံစားကြည့်ရှုကြရမှာပါ။ဒီရုပ်ရှင်မှာတော့ သွေးသံရဲရဲနဲ့ ညစ်ညမ်းပြကွက်တွေအများအပြားထည့်သွင်းရိုက်ကူးထားတာဖြစ်လို့ မိသားစုနဲ့အတူကြည့်ရှုရန်မသင့်တော်ပါခင်ဗျာ။ File size…2.44GB / 1.21GB Quality…WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 28m Genre ….. Comedy  , Horror Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Wil
movie

Crackcoon (2024)

22 Bullets (2010) 6.6
22 Bullets (2010)  ဒီရုပ်ရှင်ကတော့ တကယ့်လက်တွေ့ဘဝမှာရှိခဲ့တဲ့ကျည်ဆံ၂၂တောင့်ထိသော်လည်း အသက်မပျောက်ခဲ့သူပြင်သစ်မာဖီးယားဂိုဏ်းခေါင်းဆောင်တစ်ယောက်အကြောင်းကိုအခြေပြုပြီးရိုက်ကူးထားတာပါ...။လက်တွေ့ဘဝမှာဆိုရင် "Jacky Imbert"၊ ရုပ်ရှင်ထဲမှာဆိုရင်တော့"ချာလီမာတီ"ဆိုသူဟာ ပြင်သစ်ပြည်၊ မာစီလီမြို့မှာ အုပ်စိုးနေတဲ့ဂိုဏ်းခေါင်းဆောင်တစ်ယောက်ပါ။တစ်နေ့သူဟာ ကားပါကင်တစ်ခုမှာ ကားရပ်ရင်း ရန်သူတွေရဲ့ပစ်ခတ်လုပ်ကြံတာခံရပါတယ်။ခန္ဓာကိုယ်ထဲကို ကျည်ဆံ ၂၂တောင့်ဝင်သွားပေမယ့်ကံကောင်းချင်တော့ အသက်မသေခဲ့ပါဘူး...။ဒီလိုနဲ့ ဆေးရုံကနေ ဆင်းလာပြီးနောက် သူ့ကိုလုပ်ကြံတဲ့သူတွေဟာဘယ်သူတွေမှန်းသိအောင်ရှာကာတစ်ယောက်ချင်းစီလက်စားချေဖို့ကြံပါတော့တယ်။မင်းသားကြီး Jean Renoက အဓိကသရုပ်ဆောင်အဖြစ်ပီပီပြင်ပြင်သရုပ်ဆောင်ထားပြီ ရာဇဝတ်ကားတွေ၊လက်စားချေကားတွေမှကြည့်ချင်သူတွေ အကြိုက်တွေ့မယ့်ကားလေးတစ်ကားလည်းဖြစ်ပါတယ်...။ File size…2.17GB / 1.03GB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….1h 57m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

22 Bullets (2010)

Bermuda Island (2023)
Bermuda Island (2023) ဘာမြူဒါတြိဂံဆိုတာကို အားလုံးပဲ ကြားဖူးကြမှာပါ။ မရဏလမ်းဆုံလို့တောင် တင်စားခေါ်ဝေါ်ကြပါသတဲ့။အတ္တလန်တစ်သမုဒ္ဒရာရဲ့ အနောက်မြောက်ဘက် တစ်နေရာမှာရှိပြီး အဲဒီအနီးကိုရောက်လာတဲ့ သင်္ဘောတွေ လူတွေတင်မကဘဲ ကောင်းကင်မှာ ပျံသန်းနေတဲ့ လေယာဉ်တွေပါမကျန် ပျောက်ချင်းမလှ ပျောက်ဆုံးသွားခဲ့ရတာပါ။ဒီရုပ်ရှင်မှာတော့ ခရီးသည်တင်လေယာဉ်တစ်စင်းပျက်ကျပြီး ဘာမြူဒါကျွန်းပေါ်မှာ သောင်တင်ခဲ့တဲ့ ရှင်ကျန်ရစ်သူတွေကြုံတွေ့ရပုံကို တင်ဆက်ထားပါတယ်။ခရီးစဉ်မှာ လိုက်ပါလာသူတွေ ရာနဲ့ချီတဲ့ထဲမှာ အက်ဖ်ဘီအိုင်အေးဂျင့်တွေနဲ့အတူ ရာဇဝတ်သားတစ်ယောက်ပါလာခဲ့တယ်။ လေကြောင်းခရီးစဉ် တည်ငြိမ်အေးဆေးနေရာကနေ ဗြုန်းခနဲ ဘယ်ကရောက်လာမှန်းမသိတဲ့ မုန်တိုင်းတစ်ခုထဲမှာ လေယာဉ်ကရောက်နေပြီး ပျက်စီးခြင်းငါးပါးဆိုက်ပါတော့တယ်။သမုဒ္ဒရာထဲမှာ လေယာဉ်ပျက်ကျသွားပြီး ကမ်းမမြင် လမ်းမမြင် ကျွန်းလေးတစ်ကျွန်းပေါ်မှာ လေယာဉ်ပေါ်လိုက်ပါလာတဲ့ ခရီးသည်တချို့ အသက်ရှင်ကျန်ခဲ့တယ်။ဒါပေမဲ့လည်း ကျွန်းပေါ်မှာ မမျှော်လင့်ထားတဲ့ အန္တရာယ်တွေနဲ့ရင်ဆိုင်ရတဲ့အခါ။ သူတို့တွေ ကြုံတွေ့ရတဲ့ အန္တရာယ်တွေကို ရင်ဆိုင်အောင်မြင်နိုင်ပြီး ကျွန်းကနေ ထွက်ခွာနိုင်ပါ့မလားဆိုတာကို ခံစားကြည့်ရှုကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoဖြစ်ပါတယ်) File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Mystery, Thriller, Drama, Horror Subtitle….Myanmar ...
movie

Bermuda Island (2023)

My Best Friend’s Wedding (1997) 6.3
My Best Friend’s Wedding (1997) My Best Friend's Wedding (1997)~ IMDb - 6.3/10, Rotten Tomatoes - 74% ~တစ်ခေတ်တစ်ခါက ပုရိသတို့ရဲ့အသည်းကျော် မမဂျူလီယာရောဘတ်နဲ့ ကင်မရွမ်ဒီယက်ဇ်တို့ကို အတူတူတွဲမြင်ရမှာဖြစ်ပြီး Dermot Mulroney နဲ့ Rupert Everett တို့နုစဥ်က Visual တွေနဲ့ 90s ခေတ်ရဲ့အဖိုးတန်ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပါတယ်။ဂျူလီယန်: "မိုက်ကယ်ရေ ငါတို့တက္ကသိုလ်ဒုတိယနှစ် ညတစ်ညက နင်ပြောခဲ့တာမှတ်မိသေးတယ် ''ငါတို့ ၂၈ နှစ်ထိအိမ်ထောင်မပြုဖြစ်ကြသေးရင် ငါတို့ချင်းလက်ထပ်ရအောင်'' ဆိုပြီးလေ။ မကြာခင် ၂၈ ပြည့်တော့မှာဆိုတော့ ဒီရက်ပိုင်းအဲဒီစကားကို ငါပြန်တွေးဖြစ်နေတယ်။ နင့်ဆီကအရေးကြီးကိစ္စပြောစရာရှိတယ်ဆိုပြီး Voicemail ရတော့ပျော်လိုက်တာ ငါလက်ခံဖို့အဆင်သင့်ဖြစ်နေပါပြီ။ တကယ်တမ်းကြားလိုက်ရတာက ချစ်ခွင့်ပန်စကားမဟုတ်ဘဲ နင့်ရဲ့မင်္ဂလာသတင်းဖြစ်နေခဲ့တယ်။ ကိုယ်ချစ်တဲ့သူကတခြားမိန်းကလေးနဲ့လက်ထပ်တော့မှာကို လက်ခုပ်တီးပေးနိုင်လောက်အောင် ငါသဘောထားကြီးပေးနိုင်ပါ့မလားမသေချာဘူး မိုက်ကယ်..."မိုက်ကယ်: "ဂျူလီယန် ငါအဲဒီညကိုဘယ်တုန်းကမှမမေ့ခဲ့ပါဘူး။ မင်းကလှပတယ် ထက်မြက်တယ် ကိုယ်ဘာလိုချင်လဲသေချာသိပြီး ပြီးပြည့်စုံတဲ့မိန်းမတစ်ယောက်။ နင့်ဘဝရဲ့ဦးစားပေးတွေက မိန်းကလေးအများစုလို ...
movie

My Best Friend’s Wedding (1997)

1997
The Unseen (2023)
The Unseen (2023) The Unseen (2023)အခု မိတ်ဆက်ပေးမှာကတော့ Horror နဲ့ Thriller ဖန်တွေအကြိုက်ဇာတ်ကားပဲဖြစ်ပါတယ်။တွမ်မီဆိုတဲ့ကောင်လေးတစ်ယောက်ကို ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ တွမ်မီရဲ့ အဖေက သူတို့မြို့နာမည်ကြီး ရှေ့နေတစ်ယောက်ပေါ့။ သူ့အဖေလောင်းရိပ်ကမိနေတဲ့ တွမ်မီဟာ ငယ်စဉ်ကတည်းကနေ တက္ကသိုလ်ကျောင်းသားအရွယ်ရောက်တဲ့အထိ ဖိအားတွေအများကြီးခံစားနေရတာပေါ့။ အဲဒါအပြင် သူဟာ ငယ်ငယ်ကလည်း Trauma ရထားဖူးတဲ့အတွက် တစ်ချက်တစ်ချက် Trauma ပြန်ထလာပြီး Delusional ဖြစ်ဖြစ်လာတတ်တဲ့အကျင့်ရှိပါတယ်။ ဖြစ်ချင်တော့ တွမ်မီရဲ့ မြို့မှာ လူသတ်ကွင်းဆက်ကြီးဖြစ်နေပါတယ်။ တစ်ရက်ပြီး တစ်ရက် လူတစ်ယောက်ပြီးတစ်ယောက် ဆက်တိုက်သေသလိုဖြစ်လာပါတယ်။ တွမ်မီဟာ သူ့ရှေ့နေကျောင်းပြီးသွားပြီး အလုပ်ရသွားတဲ့အချိန် အမှုလိုက်ရတော့ မြို့ထဲက လူတွေသေဆုံးမှုနဲ့ ပတ်သက်မှုရှိနေတာကိုသတိထားမိသွားတယ်။ အဲ့တော့ သူဟာအဖြေတွေလိုက်ရှာရင်း ဘယ်လိုအဖြစ်ဆိုးတွေနဲ့ တွေ့သွားမလဲ... သူငယ်ငယ်ကရောဖြစ်ခဲ့တဲ့ Trauma နဲ့လည်း အခုဖြစ်နေတဲ့ လူသတ်မှုတွေက ဘယ်လိုပတ်သက်မှုရှိနေတာလဲ... အဲဒါအပြင် သူမထင်မှတ်ထားတဲ့သူတွေကပါ ဘယ်လိုတွေပါဝင်ပတ်သက်နေလဲ... ဆိုတာကိုတော့ ဒီဇာတ်ကားထဲမှာတွေ့နိုင်မှာပဲဖြစ်ပါတယ်။ဒီဇာတ်ကားတစ်ခုလုံးနီးပါးကို ပြန်အကျဉ်းချုပ်ရမယ်ဆိုရင်တော့ တွမ်မီနေရာအဖြစ်သရုပ်ဆောင်ထားတဲ့ ...
movie

The Unseen (2023)

2023