Channel Myanmar

Nika King

50 First Dates (2004) 6.8
50 First Dates (2004) 50 First Dates (2004)IMDb Rating (6.8)- " မင်းရယ်နေတာလေးကို ကိုယ်သဘောကျတယ် "- " ရှင် ကျွန်မကို ရယ်အောင်လုပ်တာကိုလဲ ကျွန်မက သဘောကျပါတယ်"Henry Roth ဆိုတဲ့ တိ/မွေးကုဆရာဝန်တစ်ယောက်ဟာ Oahu ကျွန်းလေးပေါ်က အဏ္ဏဝါပြတိုက်တစ်ခုမှာ အလုပ်လုပ်နေပါတယ်။ သူဟာ မိန်းမအင်မတန်ပွေရှုပ်တဲ့လူတစ်ယောက်ဖြစ်ပြီး ဘယ်မိန်းကလေးကိုမှ အတည်တကျတွဲလေ့မရှိတဲ့ Womanizer တစ်ယောက်ပါပဲ။ တစ်နေ့တော့ သူဟာ ကျွန်းကိုပတ်ပြီး ရွက်လှေစီးလို့ အပန်းဖြေထွက်နေစဉ်မှာ သူ့ရွက်လှေ ပျက်သွားပါတယ်။ အဲဒီတော့ ကမ်းကိုကပ်၊ Hukilau ဆိုတဲ့ ကော်ဖီဆိုင်လေးမှာ ထိုင်ပြီး သူ့ကိုအကူအညီပေးနိုင်မယ့် ကမ်းရိုးတန်းစောင့်ရဲတပ်ဖွဲ့ကို မျှော်နေတဲ့အချိန် အိပ်မက်နတ်သမီးလေးကို သူတွေ့လိုက်ရတာပါပဲ။ လှလိုက်တဲ့ မိန်းကလေးရယ်။ နတ်သမီးလေးများ ကိုယ့်ရှေ့မှာလာပြီး ကိုယ်ထင်ပြနေသလို။ ရွှေရောင်ဆံပင်လေးနဲ့၊ လိုက်ဖက်တဲ့သမင်မျက်လုံးလေးနဲ့၊ အပြစ်ကင်းစင်တဲ့ မျက်နှာလေးနဲ့၊ ဝေဖာချောင်းလေးတွေကို အိမ်လုပ်ပြီးဆော့နေတဲ့ ဒီမိန်းကလေးကို Henry တစ်ယောက် ...
movie

50 First Dates (2004)

2004
Sound of Hope: The Story of Possum Trot (2024) 7.1
Sound of Hope: The Story of Possum Trot (2024)  ဒီဇာတ်ကားလေးဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးပါ ဒိုနာနဲ့ သင်းအုပ်ဆရာမာတင်တို့လင်မယားနှစ်ယောက်ဟာ ထိန်းသိမ်းရခက်တဲ့မိဘမဲ့ကလေးတွေကို သူတို့ကိုယ်တိုင်မွေးစားခဲ့တဲ့အပြင် တခြားသူတွေကိုပါမွေးစားချင်လာအောင် တိုက်တွန်းပေးနိုင်ခဲ့ပါတယ် ဒိုနာတစ်ယောက် သူမရဲ့မိခင်ကြီးဆုံးပါးသွားတဲ့အခါမှာ ဖြေဆည်မရတဲ့ပူဆွေးသောကြီးနဲ့လေးလံဖိစီးနေခဲ့ပါတယ် ဒါပေမဲ့တစ်နေ့မှာတော့ သူမရဲ့ပူဆွေးမှုတွေကိုဖြေဖျောက်နိုင်မယ့်နည်းလမ်းတစ်ခုရှာတွေ့သွားခဲ့ပါတယ် အဲ့ဒါကတော့ဘသူမတို့မောင်နှမတွေအများကြီးကို သူမရဲ့မိခင်ကမေတ္တာတွေပေးပြီးပြုစုစောင့်ရှောက်ခဲ့သလိုမျိုး သူမကလည်း ခိုကိုးရာမဲ့နေတဲ့ကလေးတွေကိုပြုစုစောင့်ရှောက်ပေးချင်တာပါသူမရဲ့အမျိုးသားနဲ့တိုင်ပင်ပြီး မိဘမဲ့ကလေးနှစ်ယောက်ကိုအရင်ဆုံးမွေးစားလိုက်ပါတယ် နောက်ပိုင်း ထိုကလေးငယ်တွေရဲ့ဝမ်းနည်းကြေကွဲစရာအကြောင်းတွေကိုသိလာရတဲ့အခါမှာ အဲ့လိုကလေးမျိုးတွေအတွက်သာယာလှပတဲ့ဘဝလေးပေးနိုင်ဖို့ သူတို့ဘုရားကျောင်းကလူတွေကိုစည်းရုံးပြောဆိုနိုင်ခဲ့ပြီး အဲ့ကမိသားစု 22စုဟာ ကလေးမွေးစားပေးခဲ့ကြပါတယ်ဒါပေမဲ့ ထိန်းသိမ်းအုပ်ချုပ်ဖို့ခက်ခဲတဲ့ကလေးတွေလည်းပါနေတော့ ရင်ဆိုင်ရတဲ့ပြဿနာတွေရော လူများလာတာနဲ့အမျှငွေကြေးမလုံလောက်မှုတွေရောဖြစ်လာပေမဲ့ သူတို့ကဟာ သူတို့ယုံကြည်တဲ့ဘုရားသခင်ရဲ့လမ်းညွှန်မှုအတိုင်းလုပ်ခဲ့တာဖြစ်လို့ အဆင်ပြေမယ်ဆိုတဲ့ယုံကြည်ချက်နဲ့လက်မလျှော့ဘဲရှေ့ဆက်ခဲ့ကြပါတယ်....... File size…(1.8 GB)/(930 Mb) Quality….Webrip 1080p / 720p Format… mp4 Duration…. 02:10:00 Genre... Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Rubyjane
movie

Sound of Hope: The Story of Possum Trot (2024)

65 (2023)
65 (2023) မင်းသား အဒမ်ဒရိုင်ဘာရဲ့ သိပ္ပံစိတ်ကူးယဉ် အက်ရှင် ရုပ်ရှင်ကားအသစ်လာပါပြီ။ ဒါရိုက်တာနဲ့ ဇာတ်ညွှန်းရေးဆရာကတော့ Scott Beck ဖြစ်ပြီး A Quiet Place ရဲ့ဇာတ်ညွှန်းဆရာပဲဖြစ်ပါတယ်။ ဒါကြောင့်ပဲ ဒီရုပ်ရှင်မှာလည်း အသံမထွက်ရတဲ့အခန်းတွေ များတာလားတော့မသိပါဘူး။ဇာတ်လမ်းအကျဉ်းမေးစ်ဟာ လခစားဝန်ထမ်းတစ်ဦးပါ။ သူ့ရဲ့ အလုပ်ကတော့ အခြားဂြိုလ်တွေကို စူးစမ်းလေ့လာရတာတွေ ရိက္ခာပို့ရတာတွေလုပ်တဲ့ အာကာသယာဉ်မှူးပါပဲ။ ပုံမှန်အားဖြင့် နှစ်ပတ် တစ်လ ခရီးတွေကို ထွက်ရတာဖြစ်ပေမဲ့ ဒီတစ်ကြိမ်မှာတော့ နှစ်နှစ်တောင်ကြာမယ်ခရီးစဉ်တစ်ခုကြုံလာရပါတယ်။ နှစ်နှစ်ခရီးစဉ်ကိုသွားရတဲ့အကြောင်းကလည်း သူ့ရဲ့သမီးမှာ ရောဂါရှိနေပြီ ဆေးကုသဖို့ ငွေလိုလို့ လစာ ၃ ဆလောက်ရမယ့် ဒီခရီးကို လက်ခံလိုက်တာပါ။ ဒါပေမဲ့ လမ်းမှာ ဂြိုလ်သိမ်မွှားအပဲ့တွေနဲ့ တိုက်မိပြီး အမည်မသိတဲ့ဂြိုလ်ပေါ်ကို ပျက်ကျသွားခဲ့ပါတယ်။ ယာဉ်တစ်စီးလုံးမှာ သူတစ်ယောက်ပဲ အသက်ရှင်ကျန်ခဲ့ပြီး အိမ်ကိုပြန်နိုင်ဖို့ အန္တရာယ်တွေကို ကျော်ဖြတ်ရင်းနဲ့ အဲဒီဂြိုလ်ပေါ်မှာ သူတစ်ယောက်တည်းကျန်တာမဟုတ်ကြောင်း သိလိုက်ရတဲ့အခါ...... File size…(1.5 GB)/(855 GB)/(400 ...
movie

65 (2023)