Channel Myanmar

Nik Dodani

The Parenting (2025)
The Parenting (2025) IMDB Rating 5.7 / 10ဂျော့ရှ်နဲ့ရိုဟန်ဆိုတဲ့ ဂေးစုံတွဲလေးတစ်တွဲဟာ ပိတ်ရက်မှာ မိဘချင်းမိတ်ဆက်ကြဖို့အတွက် စံအိမ်ကြီးတစ်လုံးကိုငှားလိုက်တာကနေ ထုံးစံအတိုင်း သရဲပြဿနာကစပါတယ် ။ ဖြစ်ချင်တော့ အဲ့အိမ်မှာ သုံးလောင်းပြိုင်လူသေမှုတစ်ခုဖြစ်ထားပြီး နတ်ဆိုးတစ်ကောင်ကပါနေနေသေးတယ် ။ ရို့ဟန်အဖေကို သရဲပူးသလိုနတ်ပူးသလိုလိုဖြစ်သွားတာကနေစပြီး ထူးဆန်းတဲ့အရာတွေတစ်ခုပြီးတစ်ခုဖြစ်ပျက်လာတဲ့အပြင် နွေခေါင်ခေါင်နှင်းတွေက အိမ်ကြီးတစ်ဝိုက်ကိုဖုံးလွှမ်းသွားတဲ့အခါ သရဲခြောက်တဲ့အိမ်ကြီးထဲပိတ်မိသွားတဲ့မိသားစုနှစ်စုက ဘာတွေကိုရင်ဆိုင်လာရမလဲ ။လွတ်မြောက်ဖို့အတွက် ဘယ်လိုတွေရုန်းကန်ရမလဲဆိုတာကို ဟာသလေးတွေနှောပြီး ကြည့်ရှု့သွားရမှာပဲဖြစ်ပါတယ် ။ Horror ပေမယ့် light hearted movie လေးတစ်ခုဖြစ်တာကြောင့် အချိန်ပေးရတန်ပါတယ် ။File size…(1.3 GB)/(688 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Horror, Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Phu Thet Khin 
movie

The Parenting (2025)

Twisters (2024) 7.1
Twisters (2024) နာမည်ကြီး သဘာဝဘေးအန္တရာယ်ရုပ်ရှင် Twister 1996 ရဲ့နောက်ဆက်တွဲအဖြစ် ထွက်လာတဲ့ ရုပ်ရှင်အသစ်ပါပဲ။ IMDb 7.1 အထိရသွားပြီး မူလပရိသတ်ရောပရိသတ်အသစ်တွေရော အကြိုက်တွေ့တဲ့ရုပ်ရှင်ပဲဖြစ်ပါတယ်။  "ဇာတ်လမ်းအကျဉ်း"ကိတ်ဟာ မိုးလေဝသပညာရှင်တစ်ယောက်ဖြစ်ပြီးလေဆင်နှာမောင်းတွေကို အရှိန်သတ်နိုင်မဲ့နည်းကို ရှာနေတဲ့သူပါ။အရှိန်သတ်မဲ့နည်းကို လက်တွေ့စမ်းသပ်ရင်း လေဆင်နှာမောင်းထဲမှာသူငယ်ချင်းတွေနဲ့ချစ်သူကို ဆုံးရှုံးလိုက်ရလို့ နယူးယောက်မှာပဲသာမန်မိုးလေဝသပညာရှင်အဖြစ်နဲ့ ဇာတ်မြှပ်နေတာပါ။ဒါပေမဲ့ တစ်နေ့မှာတော့ လေဆင်နှာမောင်းထဲမှာ အသက်ရှင်ကျန်ခဲ့တဲ့သူငယ်ချင်းတစ်ယောက်က လေဆင်နှာမောင်းတွေကိုနည်းပညာအသစ်တွေနဲ့လေ့လာဖို့ အကူအညီတောင်းလာပါတယ်။ကိတ်တစ်ယောက် လေဆင်နှာမောင်းတွေကြားထဲမှာစွန့်စားခန်းပြန်ဖွင့်ရင်း အရင်တုန်းက ကြိုးစားခဲ့တဲ့ သုတေသန အောင်မြင်သွားမလားလူတွေကို ကယ်နိုင်မလားဆိုတာ ဆက်ကြည့်ရမှာပါပဲ။ သဘာဝကပ်ဘေးနဲ့ဆိုင်တဲ့ရုပ်ရှင်တွေကို ကြိုက်တဲ့သူတွေအတွက်တော့ ဒီနှစ်ထဲမှာ ရွှေပါပဲ။မုန်တိုင်းနဲ့လေဆင်နှာမောင်းတွေကို ကြောက်တတ်တဲ့သူတွေအတွက်တော့အတော်လေး ကြောက်ဖို့ကောင်းပါလိမ့်မယ်။ ကြည့်ကြည့်လိုက်ကြပါဦး။  File size…    6.80GB / 2.85GB /  1.39GB   Quality… WEB-DL 4K HEVC  1080p / 720p Format… mp4 Duration…. 2h 2m Genre ..... Action /Adventure / Thriller Subtitle…. Myanmar Subtitle (Hard ...
movie

Twisters (2024)

4K HEVC
The Good Neighbor (2016) 6.3
The Good Neighbor (2016)  The Good Neighbor ဒီဇာတ်ကားကတော့ ၂၀၁၆ ခုနှစ်ကထွက်ရှိခဲ့တာဖြစ်ပြီး လူငယ်တွေရဲ့ စူးစမ်းလေ့လာမှုနဲ့အဖိုးကြီးတယောက်ရဲ့ ဘဝနေထိုင်မှုပုံစံကြားက မထင်မှတ်တဲ့အားပြိုင်မှုတွေကို မြင်တွေ့ခံစားရမှာဖြစ်ပါတယ်။ ဒီကားကိုဒါရိုက်တာ Kasra Farahani က ရိုက်ကူးထားတာဖြစ်ပြီးဝါရင့်ဂန္တဝမင်းသားကြီး James Caan က အဓိကပါဝင်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။Ethan ဟာ နည်းပညာတတ်ကျွမ်းတဲ့ အထက်တန်းကျောင်းသားဦးဖြစ်ပြီး သူ့အမေနဲ့အတူတူ နေထိုင်နေတာပါ။သူနေတဲ့ လမ်းတဖက်ခြမ်းမှာတော့ Harold ဆိုတဲ့ လူ့ဂွစာအဖိုးကြီးတဦးနေထိုင်နေဝာာဖြစ်ပြီး ဒီအဖိုးကြီးကလူတိုင်းအပေါ် ရိုင်းရိုင်းစိုင်းစိုင်းဆက်ဆံတတ်သလိုနေကုန်နေခမ်း အရက်သောက်မူးရူးပြီး အိပ်ပျော်နေတတ်သူပါ။ သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စေရင်ခွေးကိုတောင် သတ်ပစ်မယ်လို့ ခြိမ်းခြောက်တတ်သူပဲဖြစ်ပါတယ်။Ethan နဲ့ သူ့ရဲ့သူငယ်ချင်း Sean တို့ဟာ ကျောင်းပရောဂျက်တခုလုပ်ဆောင်ဖို့ရှိနေပြီး သူတို့က ကမ္ဘာကျော် Little Albertစမ်းသပ်မှုကို လူတိုင်းအမြင်ကပ်ကြတဲ့ အဖိုးကြီး Haroldအပေါ်အသုံးချကြမှာဖြစ်ပါတယ်။ဒီစမ်းသပ်မှုမှာတော့ အဖိုးကြီးရဲ့အိမ်ထဲကို ခိုးဝင်ပြီးကင်မရာတွေတပ်ဆင်ပြီး သူ့အိမ်မှာ သရဲခြောက်နေတယ်လို့ယုံကြည်လာအောင် လုပ်ဆောင်ကြမှာဖြစ်ပြီးတော့အဖိုးကြီးရဲ့ တုန်လှုပ်ခြောက်ခြားတဲ့ တုံ့ပြန်မှုတွေကိုကွန်ပျူတာကနေတဆင့် စောင့်ကြည့်ကြမှာဖြစ်ပါတယ်။ဒါပေမဲ့ ဒီစမ်းသပ်မှုက ထင်ထားသလို ဖြစ်လာပါ့မလား။အရင်က ...
movie

The Good Neighbor (2016)

Strange World (2022)
Strange World (2022)  ဒီနှစ်ထဲမှာထွက်ရှိထားတဲ့ ဝေါ့လ်ဒ်ဒစ္စနေးရဲ့ သိပ္ပံစိတ်ကူးယဉ် animation ဇာတ်ကားကောင်းလေးတစ်ကားလာပါပြီ။ ဇာတ်လမ်းအကျဉ်းကတော့ ဂျေဂါကလေ့ဒ်ဟာ အဗာလိုနီးယားဆိုတဲ့ပြည်က နာမည်ကြီးစူးစမ်းရှာဖွေသူတစ်ယောက်ပါ။ အဗာလိုနီးယားဟာ ‌တောင်အထပ်ထပ်ကာရံထားတဲ့ တိုင်းပြည်တစ်ခုဖြစ်ပြီး အဲ့ဒီတောင်တွေရဲ့ဟိုဘက်မှာ ဘာတွေရှိမလဲဆိုတာ ဘယ်အဗာလိုနီးယားပြည်သူမှမသိကြသလို သိရအောင်စူးစမ်းတဲ့ စူးစမ်းရှာဖွေသူတိုင်းဟာလည်း မအောင်မြင်ခဲ့ကြပါဘူး။ အဲ့လိုခက်ခဲကြမ်းတမ်းပြီး မရေရာတဲ့စိတ်ကူးအိပ်မက်ကို မက်နေသူကတော့ ဂျေဂါကလေ့ဒ်ပဲဖြစ်ပါတယ်။ ဂျေဂါကလေ့ဒ်ဟာ ဇွဲကြီးကြီးထားကြိုးစားပြီး တောင်တန်းတွေကို ဖြတ်ကျော်နိုင်ဖို့ ကြံစည်အားထုတ်ခဲ့ရမှာ တစ်နေ့မှာတော့ မထင်မှတ်ထားတာတစ်ခုဖြစ်လာခဲ့ပါတယ်။ အဲ့ဒါကတော့ ‌တောင်တန်းတွေကိုကျော်နိုင်မယ့် မိုးကုပ်စက်ဝိုင်းကို လှမ်းမြင်ရချိန်မှာ သူ့ရဲ့လက်ထောက်လည်းဖြစ်၊ သားလဲဖြစ်တဲ့ ဆာချာကလေ့ဒ်ဟာ ထူးဆန်းပြီးလက်လက်ထနေတဲ့ အပင်တစ်မျိုးကိုတွေ့ခဲ့ပါတယ်။ အဲ့ဒီမှာပဲ ဂျေဂါရဲ့အိပ်မက်ကို အကောင်အထည်မဖော်သေးပဲ အဆိုပါအပင်ကို အဗာလိုနီးယားဆီပြန်ပို့သင့်၊ မပို့သင့် အငြင်းပွားရာကနေ သားအဖနှစ်ယောက် သဘောထားကွဲလွဲပြီး ဂျေဂါကတစ်ဘက်၊ သားဖြစ်သူ ဆာချာနဲ့ အဖွဲ့သားတွေကတစ်ဘက် ဖြစ်သွားကြပါတော့တယ်။ အဲ့ဒီမှာပဲ ခေါင်းမာတဲ့ဂျေဂါဟာသူတစ်ဦးတည်း ခရီးဆက်ထွက်ပြီး သားဖြစ်သူနဲ့အဖွဲ့သားတွေကို အိမ်ပြန်စေပါတယ်။ အဲ့နောက်ပိုင်း ဂျေဂါရဲ့သတင်းမကြားရတော့သလို သားဖြစ်သူဆာချာဟာလည်း သူတွေ့ရှိခဲ့တဲ့ အဆိုပါလက်လက်ထနေတဲ့ ...
movie

Strange World (2022)

Dear Evan Hansen (2021) 5.6
Dear Evan Hansen (2021) Dear Evan Hansen (2021)"ဘယ်သူမှ အနားမှာ မရှိဘူးလို့ ခံစားနေရပါသလား ..... ဘယ်မှာရှိမှန်းမသိဘဲ အမေ့ခံဘဝလို့ ခံစားရဖူးပါသလား ..... ပျောက်ကွယ်သွားရင် ကောင်းမယ်လို့ ခံစားခဲ့ရဖူးပါသလား ..... ငါသာ လဲကျသွားရင် ဘယ်သူမှ ကြားမှာ သိမှာ မဟုတ်ဘူး ဆိုတာမျိုးပေါ့"အဲဒီလို ခံစားနေရပြီ ဆိုရင် ဒီ Musical Drama လေးကို ကြည့်လိုက်ပါ။ကိုယ်က တစ်ယောက်ထဲ မဟုတ်ဘူးဆိုတဲ့ ခံစားချက် ကို ရလာမှာပါ။ အထီးကျန်တယ်ဆိုတဲ့ ခံစားချက်ကို ဟိုးဝေးဝေးထိ လွင့်ဖျောက်နိုင်မှာပါ။ဇာတ်လမ်းအစကတော့ချစ်သော အယ်ဗန် ဟန်ဆန် ..... ဆိုပြီး ဒီလိုမျိုး စထားပါတယ်။Movie တွေထဲမှာ ရှားရှားပါးပါး Musical Genre ပဲ ဖြစ်ပါတယ်။အယ်ဗန် ဟန်ဆန် ဆိုတာကတော့ ..... လူမှုရေးအားနည်းသူ တစ်ယောက် ဖြစ်ပြီး လူတွေနဲ့ စကားပြောရမှာကို ကြောက်တဲ့လူတစ်ယောက် ဖြစ်ပါတယ်။ဒီတော့ စိတ်ရောဂါကုဆရာဝန် နဲ့ ပြသပြီးတော့ သူ့ကိုယ်သူ စာပြန်ရေးတဲ့ အိမ်စာကို ...
movie

Dear Evan Hansen (2021)

2021
Escape Room (2019) 6.4
Escape Room (2019) Escape room ဆိုတာ အခန်းတစ်ခန်းထဲမှာအပိတ်အလှောင်ခံ၊အထဲမှာ သဲလွန်စတွေရှာပြီး ပေးထားတဲ့အချိန်မပြည့်ခင်အခန်းထဲက လွတ်အောင်ထွက်ရတဲ့ game တစ်ခု။အခုရုပ်ရှင်က escape room ဟာလည်း အဲလိုပဲ entertain လည်းဖြစ်၊ပါဝင်ကစားတဲ့သူတွေကလည်း တွေးတောကြံဆရတယ်ဆိုတဲ့သာမန် game တစ်ခုလို့ ထင်နေကြပေမဲ့ တကယ်တမ်းတော့ မလွတ်ရင်တကယ်သေကြရမဲ့ အကွက်တွေဖြစ်နေတဲ့အတွက် player ၆ ယောက်ဟာလည်းတစ်ယောက်နဲ့တစ်ယောက်ကြား ယုံကြည်မှုတွေ၊အားကိုးမှုတွေ မရှိရှိအောင် တည်ဆောက်ကြရင်း လွတ်မြောက်အောင် ဝိုင်းကြိုးစားကြရပါတော့တယ်။Review (Minor Spoiler alert) … Minor Spoiler alert လု့ိသာ တပ်ထားတာပါ။ဒီလိုကားမျိုးက (trailer အရရော) spoil လည်း ဖြစ်စရာသိပ်မရှိသလောက်ပါပဲ။Escape room က လူအများနားလည်အောင် အကြမ်းပြောရမယ်ဆိုရင် Saw နဲ့ ခပ်ဆင်ဆင်ပါပဲ။သူကတော့ ဟိုမှာလို near-impossible choice တွေပေးပြီးအချင်းချင်းသတ်ခိုင်းတာမျိုးမဟုတ်ဘဲ အချိန်တိုအတွင်း clue တွေလိုက်ရှာရတာမျိုးပေါ့။Big budget ကားကြီးလည်းမဟုတ်၊ သရုပ်ဆောင်တွေလည်း ဒိတ်ဒိတ်ကြဲတွေမပါ။Plot ...
movie

Escape Room (2019)

2019