Channel Myanmar

Nigel Gibbs

The Adventures of Rocky & Bullwinkle (2000) 4.3
The Adventures of Rocky & Bullwinkle (2000)  The Adventures of Rocky & Bullwinkle (2000)IMDb Rating (4.3) / Rotten Tomatoes (42%) "The Adventures of Rocky & Bullwinkle" သည် ၁၉၆၀ ဝန်းကျင်က လူကြိုက်များခဲ့သော ကာတွန်းဇာတ်လမ်းအား အသက်သွင်းထားသော ရုပ်ရှင်ဖြစ်ပါသည်။ဤရုပ်ရှင်တွင် အနေထားခက်ခဲသော ရော့ကီနှင့် ဘူးလင်ကယ်တို့သည် ကာတွန်းကမ္ဘာမှ လက်တွေ့ကမ္ဘာသို့ ရောက်ရှိလာကာ မိုးရွေး၊ ဘိုရစ်နှင့် နတ်တာရှာတို့၏ အမေရိကန်နိုင်ငံအား ထိန်းချုပ်ရန် ကြံစည်မှုကို တားဆီးရန် ရဲအရာရှိကလေးတစ်ဦးနှင့် ပူးပေါင်းလုပ်ဆောင်ရသော ဇာတ်လမ်းဖြစ်ပါသည်။ (အညွှန်းနဲ့ဘာသာပြန်ကတော့ N Ⓞ NE ဖြစ်ပါတယ်။)File size…(3 GB) / (1.2 GB) Quality….Blu-Ray 1080p / 720p Format…. mp4 Genre….Adventure,Animation,Comedy,Family,fantasy Duration….01:32:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Thit San Khant Translated by N ...
movie

The Adventures of Rocky & Bullwinkle (2000)

2000
American Pie 2 (2001) 6.4
American Pie 2 (2001) American Pie ဇာတ်ကားတွေဆိုတာနဲ့ အူတက်အောင် ရယ်နေရတဲ့ ကျောင်းသားဟာသ အခွီကားတွေမှန်း သိကြမှာပါ။ ဒါပေမယ့် အဲ့လိုဟာသက်သက် အပြောင်အပျက်ဇာတ်ကားတွေမဟုတ်ဘဲ သူ့မှာ တခြားအဓိပ္ပါယ်ရှိတဲ့ ချစ်ခြင်းမေတ္တာ နွေးထွေးမှုတွေအကြောင်း အများကြီးပါဝင်နေပါတယ်။ ဒါကို ရှင်းပြဖို့ဆို American Pie ဇာတ်ကားတွေကို အပိုင်း (၂)ပိုင်းနဲ့ ရှင်းပြဖို့လိုပါတယ်။American Pie ရဲ့ Original မူလဇာတ်ကြောင်းက ဇာတ်ကား (၄) ကားပဲရှိတယ်။ - American Pie (1999) - American Pie 2 (2001) - American Wedding (2003) - American Reunion (2012) ဒီရုပ်ရှင်ကား ၄ ကားသာလျင် သရုပ်ဆောင်တွေရော ဇာတ်လမ်းရောက တဆက်တည်းဖြစ်ပါတယ်။လူငယ်သဘာဝ လူပျိုဖော်ဝင်စ အပျိုဖော်ဝင်စ ပြသနာတွေနဲ့ ကျောင်းသားဟာသတွေကို အစပြုထားပြီးတော့ သူငယ်ချင်းတွေကြားက ခင်မင်မှုတွေ၊ ချစ်သူတွေကြားက ကြင်နာယုယမှုတွေ၊ မိသားစုတွေကြားက နွေးထွေးတဲ့မေတ္တာတွေကို အဓိကထားတင်ဆက်ထားတာမလို့ ရယ်လဲရယ်နေရသလို နွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေအကြောင်းကိုလဲ ...
movie

American Pie 2 (2001)

Dragonfly (2002) 6.1
Dragonfly (2002) Dragonfly ကတော့ ဖြစ်ရပ်ဆန်းကျယ် ဇာတ်လမ်းတစ်ပုဒ်လို့ ဆိုရမယ့် ဇာတ်ကားလေးလည်း ဖြစ်ပါတယ်။ အဓိကသရုပ်ဆောင် အနေနဲ့ Kevin Costner က ပါဝင်သရုပ်ဆောင်ထားပါတယ်။ ကိုယ်ဝန်ဆောင်ဇနီးဖြစ်သူ အမ်မလီကို ပူပူနွေးနွေးဆုံးရှုံးထားရသူ ဒေါက်တာဂျိုးဒဲလ်ရိုးဟာ ပူဆွေးဖို့ အချိန်မယူဘဲ ဆရာဝန်အလုပ်ကိုသာ ပြန်ဝင်ခဲ့ပါတယ်။ နာကျင်မှုများစွာနဲ့ လုံးပန်းနေရသူ ဂျိုးဟာ သူ့ဇနီးဖြစ်သူကို ကတိပေးထားတဲ့အတိုင်း ဇနီးသည် တာဝန်ယူထားတဲ့ ကလေးသူငယ်ကင်ဆာကုသဆောင်က ကလေးတွေကို ကြည့်ရှုစောင့်ရှောက်ဖို့ ဆေးရုံကို ပြန်လာခဲ့ပါတယ်။ တစ်ရက်မှာ ကလေးတွေထဲက တစ်ယောက် သတိလစ်မေ့မျောနေခဲ့တာကို တွေ့ရပါတယ်။ အဲဒီကလေးရဲ့ အသံနဲ့ သူ့နာမည်ကို ခေါ်နေတာ ကြားလိုက်ရချိန်မှာတော့ အရေးပေါ်ကုသဆောင်ထိပါ လိုက်ပါသွားခဲ့မိပါတယ်။ ကလေးရဲ့ နှလုံးခုန်နှုန်းအပြီးသတ် ရပ်တန့်သွားပေမယ့် သူ ကုတင်နားကို ကပ်သွားတဲ့အချိန်မှာ နှလုံးပြန်ခုန်လာ ခဲ့ပါတယ်။ အဲဒီနေ့ညနေခင်းမှာပဲ ဂျိုးက သေရွာပြန်ကလေးလေးကို သွားရောက်တွေ့ဆုံချိန်မှာ သူ့ကို ဇနီးဖြစ်သူ "အမ်မလီရဲ့ ဂျိုး" လားလို့ မေးမြန်းပြီးတော့ ဂျိုးကို တစ်ခုခုပြောပြဖို့ သူ့ကို ပြန်ပို့ခဲ့တာဖြစ်ကြောင်း ပြောပြခဲ့ပါတယ်။ အခန်းတစ်ခုလုံးမှာလည်း တွန့်လိမ်နေတဲ့ကြက်ခြေခတ်ပုံတွေ ပြည့်နေပြီး ဆွဲတဲ့ကလေးကိုယ်တိုင်ကလည်း ဘာအဓိပ္ပါယ်ရှိမှန်း သိမနေခဲ့ပါဘူး။ ...
movie

Dragonfly (2002)

Dark Blue (2002) 6.6
Dark Blue (2002) အယ်ဒွန်ပယ်ရီ နဲ့ ဘော်ဘီကီရယ် တို့ဟာLAPD အထူးစုံစမ်းရေးတပ်ဖွဲ့က စုံထောက်တွေပါ။ ပယ်ရီဟာ ရဲအလုပ်ကို မျိုးရိုးစဉ်ဆက်အမွေအဖြစ်လုပ်ခဲ့သူဖြစ်ပြီး ဘာမဆို သွေးအေးအေးလက်ရဲ ဇတ်ရဲ ရှိလှပါတယ်။ ဘော်ဘီ ရဲ့ဦးလေး ဂျက်ဟာ ရဲဌာနရဲ့ အကြီးအကဲဖြစ်ပြီးဒုစရိုက်သမားတွေ နဲ့ လက်တွဲနေသူပါ။ဘော်ဘီဟာ အထူးစုံစမ်းရေးအဖွဲ့ကို ရောက်ရောက်ချင်းမှာပဲသံသယရှိသူကို ပစ်ခတ်မှု နဲ့ စစ်ဆေးခြင်းခံရပါတော့တယ်။တကယ်ပစ်ခတ်ခဲ့သူက ပယ်ရီဖြစ်ပြီးဂျက် ရဲ့ ခိုင်းစေမှုနဲ့ ဘော်ဘီကို အရှက်မရအောင်လို့ဟုအကြောင်းပြကာ တာဝန်ခံခိုင်းခဲ့ပါတယ်။ ဒါပေမယ့် ဂျက်ရဲ့ စီမံမှုကြောင့်ပဲ ပြစ်ဒဏ်တော့မကျခဲ့ပါဘူး။ပယ်ရီ လုပ်တာမှန်း သတိထားမိသွားသူကလူမည်းရဲမှူး ဟောလန်းပါ။ သက်သေပြလို့မရတာကြောင့် ဒီတိုင်း ကြည့်နေရပါတယ်။ဂျက် နဲ့ ဟောလန်း ကြားမှာလည်း အားပြိုင်မှုတွေရှိပြီးတစ်ဦးနဲ့တစ်ဦး မျက်ခြေမပြတ်စောင့်ကြည့်နေကြတာပါ။အဲဒီလို အခြေအနေမှာပဲစတိုးဆိုင်ကို ဖောက်ထွင်းဝင်ရောက်ပြီး ရဲဝန်ထမ်း အပါအဝင်လူလေးယောက်အသတ်ခံရမှု ကို စုံစမ်းဖို့ဖြစ်လာပါတော့တယ်။ အဲဒီအမှုကို ဂျက် က ပယ်ရီတို့ နှစ်ယောက်ကို လိုက်ခိုင်းတဲ့အခါပယ်ရီက ဘာတွေ တွေ့ရှိသွားမလဲ။ဂျက် ကရော ဘယ်လိုပါဝင် ပတ်သတ်နေလဲ။မနူးမနပ် ဘော်ဘီရော ဘယ်လိုသင်ခန်းစားတွေရသွားလဲဆိုတာအပြင် ...
movie

Dark Blue (2002)

City of Angels (1998) 6.7
City of Angels (1998) City of Angels (1998)အထိအတွေ့၊ အနံ့အသက်၊ အရသာ အစရှိတာတွေအပြင် နာကျင်ခြင်း ကြောက်ရွံ့ခြင်းကိုပါ ခံစားလို့မရတဲ့ နတ်သားတစ်ပါး...လူတွေသေဆုံးခါနီးတိုင်း သူသွားခေါ်ပေး နှစ်သိမ့်ပေးနေကျ...ဒါပေမယ့် တစ်ရက်မှာတော့ ဆေးရုံမှာ သူသွားခေါ်ရတဲ့ သေဆုံးခါနီးလူနာတစ်ယောက်ကြောင့် စိတ်ဓာတ်ကျပြီး ဝမ်းနည်းပူဆွေးသွားတဲ့ ခွဲစိတ်ဆရာဝန်မလေးကိုတွေ့လိုက်ရချိန်မှာတော့ နတ်သားလေးရဲ့ဘဝက လုံးဝကိုပြောင်းလဲသွားပါ​တော့တယ်...အချစ်ဆိုတာကို သူနားမလည်သေးပေမယ့် ကောင်မလေးနားမှာပဲ သူနေချင်တယ်၊ အကြောင်းအရာတွေကိုသိချင် စပ်စုချင်တယ်... ဒါပေမယ့် သူဟာ နတ်သားတစ်ပါးဖြစ်ပါတယ်ဆိုတာ ပြောပြဖို့ခက်ခဲနေခဲ့တယ်... အဲဒီလိုနဲ့ ဆေးရုံမှာ နတ်သားဘဝကနေ လူ့ပြည်ဆင်းလာပြီး ဘဝကို ဖြတ်သန်းနေတဲ့ လူတစ်ယောက်နဲ့တွေ့တဲ့အခါ နတ်သားလေးက ဆရာဝန်မလေးနဲ့ နီးစပ်ဖို့ ကြိုးစားပါတော့တယ်..."သူ့ကို မထိတွေ့ရတဲ့ ထာဝရဘုံမှာ နေမယ့်အစား သူ့ဆံနွယ်လေးကို တစ်ခါလေး ရှူရှိုက်ရဖို့ သူ့ နှုတ်ခမ်းလေးကို တစ်ခါလေး နမ်းရဖို့ သူ့လက်ကလေးကို တစ်ခါလေး ကိုင်ရဖို့အတွက် ငါ လုပ်မှာပါ" တဲ့...မင်းသားကြီး Nicolas Cage ဘယ်လိုတွေ ဘယ်လောက်အထိရိုမလဲ ...
movie

City of Angels (1998)

1998
Matchstick Men(2013) 7.3
Matchstick Men(2013) Matchstick Men(2013) အညွှန်း***************************IMDb...7.3ဒါကတော့ မင်းသားကြီး Nicolas Cage အကြွေးနွံထဲနစ်ပြီး ပေါချာချာကားတွေရိုက်တဲ့ကာလမတိုင်ခင်ကရိုက်ခဲ့တဲ့ဇာတ်ကားကောင်းတစ်ကားပါ။ရိုင်း (Nicolas Cage)နဲ့ ဖရန့်(Sam Rockwell) တို့နှစ်ဦးက ရိုက်စားလောကမှာ အကွက်သေးသေးလေးတွေကနေ အချီကြီးတွေအထိဂွင်ဖန်ရင်း ကျင်လည်နေကြတဲ့လူလိမ်ဝိဇ္ဇာတွေပါ။ ရိုင်းကဉာဏ်ပြေးပေမယ့်အသန့်ကြိုက်လွန်တာတွေ၊ ပစ္စည်းတွေအစီစဉ်တကျဖြစ်မှကြိုက်တာတွေ၊အပြင်ထွက်ရတာမနှစ်သက်တာတွေစတဲ့ OCDတွေ Phobiaတွေရှိနေတဲ့သူပေါ့။ဒီလို တမူထူးတဲ့ အရည်အချင်းတွေကြောင့်ပဲလားမသိ... မိန်းမနဲ့လည်းကွဲခဲ့သလိုဒီလောကထဲမှာပဲ ဆက်ကျင်လည်နေခဲ့တယ်...တစ်နေ့တော့ ‌မမျှော်လင့်ဘဲနဲ့ သူ့ဘဝထဲကိုဆယ်ကျော်သက်အရွယ်သမီးလေးရောက်ရှိလာတဲ့အခါသူ့ဘဝနဲ့အလုပ်ပေါ် ဘယ်လိုရိုက်ခတ်ရှုပ်‌ထွေးမှုတွေကြုံလာရမလဲဆိုတာကိုတော့.....    File Size : (2.2GB)(0.9GB) and (359 MB) Quality : Blu-Ray1080p5.1ch, 720p Format…mp4 Duration…01:56:00 Genre : Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Phyo Pyae    
movie

Matchstick Men(2013)

Naked Gun 33⅓: The Final Insult (1994) 6.5
Naked Gun 33⅓: The Final Insult (1994) Naked Gun 33⅓: The Final Insult (1994) IMDb - 6.5/10_____Rotten - 54%   Naked Gun ကားရဲ့ နောက်ဆုံးကားပါ။ ဒီကားမှာတော့ ကျွန်တော်တို့ရဲ့ ဖရန့်ဒရက်ဘင်ကြီး ရဲလောကက အနားယူ သွားပါပြီ။ ဂျိမ်းနဲ့လည်း ပြန်အဆင်ပြေ သွားပြီဖြစ်လို့ နှစ်ယောက် အေးဆေးတဲ့ဘဝလေးတစ်ခုကိုထူထောင်နေကြပါပြီ။ ဂျိမ်းကလည်း ကလေးလေးတစ်ယောက် ယူပြီး အေးဆေး နေချင်နေတဲ့ အချိန်ပေါ့ အဲ့အချိန်မှာပဲ ရဲဋ္ဌာနမှာ ဗုံးဖေါက်ခွဲမှု့နဲ့ပတ်သတ်လို့ အရေးတကြီး ဖရန့်ရဲ့ အကူအညီကိုတောင်းခံပါတယ်။ ဒါပေမဲ့ ဖရန့်က ရဲ အလုပ် လုံးဝမလုပ်တော့ပါဘူး လို့ ဂျိန်းကိုကတိပေးထားပြီးသားပါ။ သို့ပေမဲ့ ဝါသနာ ဗီဇဆိုတာဖျောက်ရခက်တော့လည်း ကူညီမိရာကနေ ဂျိမ်းတစ်ယောက် စိတ်ဆိုးပြီး ဖရန့်ဆီကနေ ထွက်သွားပါတော့တယ်။ ဒီတော့ ဖရန့်လည်း စိတ်နှစ် ပြီး ရဲ အလုပ်ဆက်လုပ်တာပေါ့။ဖရန့်ရဲ့ တာဝန်က ဒီလိုပါ ဗုံးဖောက်ခွဲမှု့ အကြီးစားတစ်ခု လုပ်မယ်လို့ သတင်း ရရှိပါတယ် အဲ့ ဖောက်ခွဲမှု့ကိုလည်း ထောင်ထဲရောက်နေတဲ့ ရိုကို ဆိုတဲ့ နာမည်ကျော် ရာဇဝတ်သားတစ်ဦးက ကြိုးကိုင်နေတာဖြစ်လို့ ...
movie

Naked Gun 33⅓: The Final Insult (1994)

1994