Channel Myanmar

Nick Frost

How to Train Your Dragon (2025) 8.1
How to Train Your Dragon (2025)  How to Train Your Dragon (2025)IMDb Rating (8.1) / Rotten Tomatoes (77%) 2010 တုန်းက အရမ်းအောင်မြင်ခဲ့တဲ့ ကာတွန်းရုပ်ရှင်ကို လူတွေနဲ့ ပြန်ရိုက်ကူးထားတာပါ။ HDrip အဆင့်ကြည်ပြီမို့ တင်ပေးထားလိုက်ပါတယ်။ စာတန်းထိုးမထွက်သေးတော့ ဘာသာပြန်ကတော့ နားထောင်ရသလောက်ပါပဲ။ CM ကတင်တာဆိုတော့ လိုင်းပေါ်က ကြုံရာခိုးရိုက်တွေထက်တော့ ပိုကြည်ပြီး ဘာသာပြန်မှန်ပါတယ်။ကာတွန်းကနေ လူကို ကူးပြောင်းတဲ့နေရာမှာ စနိုးဝှိုက်လို ခွက်ခွက်လန်တာမျိုးတွေရှိသလို ဒီရုပ်ရှင်လိုပဲ မူရင်းအတိုင်း ကောင်းနေတာမျိုးတွေလည်း ရှိတတ်ပါတယ်။ ဒါဟာ DreamWorks Animation ရဲ့ ပထမဆုံး Live Action ဖြစ်ပြီး ထုံးစံအတိုင်း ဒစ္စနေးကို ဖြတ်ရိုက်လိုက်သလိုပါပဲ။မူလဒါရိုက်တာ Dean DeBlois ကပဲ ရိုက်ကူးထားတာပါ။ မင်းသားကြီး Gerard Butler က မူလကာတွန်းမှာ သရုပ်ဆောင်ခဲ့တဲ့အတိုင်း ဒီကားမှာလည်း စတိုးရစ်နေရာကနေ ...
movie

How to Train Your Dragon (2025)

2025
The Huntsman: Winter’s War (2016) 6.2
The Huntsman: Winter’s War (2016) The Huntsman: Winter's War (2016)IMDb Rating (6.2)ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေနဲ့ စနှိုးဝှိုက်ဇာတ်ကားဆိုရင်တော့ ဒီကားပဲ ပြရမှာဖြစ်ပါတယ်... မင်းသား Chris Hemsworth , မင်းသမီး Charlize Theron ,Emily Blunt , Kristen Stewart , Jessica Chastain စတဲ့ ဒိတ်ဒိတ်ကြဲတွေနဲ့ အမိုက်စားရိုက်ကူးထားတဲ့ ရုပ်ရှင်ကားကြီးပါ။ ဒီဇာတ်ကားက 2012 ခုနှစ်ကထွက်ခဲ့တဲ့ Snow White and The Huntsman ရဲ့ Prequel ရော Sequel အဖြစ်ပါ ပြောလို့ရတဲ့ Huntman ရဲ့ဇာတ်အိမ်ပါပဲ။ဇာတ်လမ်းအစောပိုင်းမှာ စုန်းမ၂ယောက်ဖြစ်တဲ့ ရဗန်နာ နဲ့သူ့ညီမ ဖရယ်ယာတို့နဲ့စတင်ထားပါတယ်။ ရဗန်နာဟာ snowwhite ကားထဲကစုန်းမဖြစ်ပြီး သူ့ညီမရဲ့ချစ်ခြင်းကိုပါ ဖျက်ဆီးခဲ့တယ်။ ဒါကြောင့်အကြီးအကျယ်ဒေါသထွက်ခဲ့တဲ့ ဖရယ်ယာ တစ်ယောက်သူ့ရဲ့ အင်ပါယာကိုစတင်တည်ထောင်မှုကနေ Huntsman ရဲ့ ဇာတ်လမ်းပါပေါ်ထွက်လာခဲ့ပါတယ်။ဒီဇာတ်ကားဟာ Snow White ကားမစတင်ခင်ကအဖြစ်အပျက်တွေနဲ့ Snow White ကားပြီးတော့ ...
movie

The Huntsman: Winter’s War (2016)

4K HEVC
Penelope (2006) 6.7
Penelope (2006)  Penelope (2006)IMDb Rating (6.7) / Rotten Tomatoes (53%) ခေတ်တွေက ဘယ်လိုတိုးတက်လာပါစေ နည်းပညာတွေက ဘယ်လောက်မြင့်လာပါစေ ဖျော်ဖြေရေးအတွက်ဖြစ်ဖြစ် အနုပညာအတွက်ဖြစ်ဖြစ် ဘယ်လောက်ပြောင်မြောက်တဲ့ ရုပ်ရှင်တွေ ထုတ်လာကြပါစေ ကျွန်တော်တို့အတိတ်က ရုပ်ရှင်တွေကိုတော့ ကျွန်တော်တို့ ဘယ်လိုပြစ်ချက်တွေရှိနေပါစေ ချစ်မိနေလောက်ဆဲပဲထင်တယ်။Shark boy and Lava Girl ရုပ်ရှင်ကို ကျွန်တော်မုန်းမရသလိုမျိုးပေါ့။ ခံစားချက်နဲ့ယှဉ်လာရင် စံနှုန်းတွေရဲ့ အလုပ်မဖြစ်တဲ့ အပိုင်းတွေပဲ။အဲဒီလိုရုပ်ရှင်တွေဆီ ရောက်ဖြစ်တိုင်း အတိအကျတော့မမှတ်မိပေမဲ့ ရမ်ဘိုကားကို ပိတ်ကားမှာ ကြည့်ခဲ့ရတဲ့အရသာက ဘာနဲ့မှမတူဘူး ဘာသာစကားတွေနဲ့ ဘာမှမဆိုင်ဘူးကွာ ဆိုတဲ့ ဦးလှိုင်စကားကို ပြေးမြင်တာပဲ။သူပြောတာတော့ ဒီထက်တော်တော်လှပါတယ်။ ရခဲ့တဲ့ ခံစားချက်ကိုတော့ မှတ်မိပေမဲ့ စကားလုံးကိုတော့ အတိအကျမမှတ်မိတော့ဘူး။ နှမြောစရာတော့ကောင်းတယ်။Penelopeထဲမှာ James McAvoyလည်း တော်တော်ငယ်သေးတယ်။ Casperတို့ Addams Familyတို့ Sleepy Hollowတို့နဲ့ ကလေးသရုပ်ဆောင်အနေနဲ့ တော်တော်အောင်မြင်ခဲ့တဲ့ Christina ...
movie

Penelope (2006)

2006
Get Away (2024) 5.5
Get Away (2024)  ဒီတစ်ခါ cm ပရိသတ်ကြီးကို အင်္ဂလိပ်စကားပြော ဆွီဒင်ဇာတ်ကားလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အားလပ်ရက် ပိတ်ရက်ခရီးထွက်လာကြတဲ့ မိသားစုတစ်စုဟာ ဆွီဒင်နိုင်ငံက အစွန်အဖျားကျွန်းလေးတစ်ခုဖြစ်တဲ့ ဆဗယ်တာဆိုတဲ့ ကျွန်းဆီကို ခရီးထွက်လာခဲ့ကြတာပါ။ ဒီကျွန်းမှာ ဆယ်နှစ်တစ်ကြိမ် ကျင်းပမြဲဖြစ်တဲ့ကရန်တန်ပွဲကို ဆင်နွှဲလေ့ရှိပါတယ်။ကရန်တန်ပွဲတော်ဆိုတာက လွန်ခဲ့တဲ့ နှစ် ၂၀၀ ကျော်က ကူးစက်ရောဂါကြီး ဖြစ်ပွားနေကြချိန် တစ်ကျွန်းလုံးကို အားလုံးနဲ့အဆက်အသွယ်ဖြတ် ကွာရန်တင်းလုပ်ခဲ့တာကို အစွဲပြုပြီးခေါ်ဆိုတဲ့ နာမည်တစ်ခုပါ။ ဒီမိသားစုဟာ ကရန်တန်ပွဲတော်ချိန်ခါဒီကျွန်းကို ရောက်လာချိန်မှာ နယ်ခံအားလုံးက သူတို့ကို မလိုလားဟန်ပြပေမယ့် အရေးမစိုက်ဘဲ ခေါင်းမာမာနဲ့ ဆက်ပြီး နေခဲ့ကြပါတယ်။ဒီလိုနဲ့ ကရန်တန်ပွဲနေ့ကို ရောက်လာချိန်မှာတော့....။ဒီဇာတ်ကားလေးမှာ လူတွေဟာ အချိန်မရွေး သားကောင်ကနေ မုဆိုး၊မုဆိုးကနေ သားကောင်ဘဝကိုရောက်သွားနိုင်တယ်ဆိုတာ ထင်ဟပ်ပြသထားနိုင်သလို စိတ္တဇ လူသတ်သမားဆိုတာ ထင်မထားသူဖြစ်နေနိုင်ပြီး ချိုပေါက်နေတာ မဟုတ်ဘူးဆိုတာပါပဲ။ File size… (1.25GB) / (661MB) Quality… WEB-DL 1080p HEVC / ...
movie

Get Away (2024)

Timestalker (2024) 5.6
Timestalker (2024)  ဒီဇာတ်ကားလေးကတော့ 2024 october တုန်းက ထွက်ရှိထားတဲ့sci-fi romance အမျိုးအစား ဇာတ်ကားတစ်ကားဖြစ်ပါတယ်။Director အဖြစ်ရော writer အဖြစ်ရော အဓိကသရုပ်ဆောင်အဖြစ်ပါ Alice Lowe က ပါဝင်ထားပြီးတော့ တခြားသရုပ်ဆောင်တွေအဖြစ် Aneurin Barnard, Jacob Anderson နဲ့ Nick Frost တို့ကဝင်ရောက်အားဖြည့်ထားပါတယ်။ဇာတ်လမ်းအကျဉ်းကို ပြောပြရမယ်ဆိုရင် Agnes ဟာ Alex ဆိုတဲ့ယောကျ်ားတစ်ယောက်ကို ချစ်မိသွားပြီးတော့ ကံမကောင်းစွာနဲ့ပဲပေါင်းဖက်ခွင့်မရခဲ့ပါဘူး။ အဲဒါနဲ့ ဖြစ်သမျှဘဝတိုင်းမှာ Alex ကိုပဲလိုက်ရှာနေပြီးတော့ နှစ်ယောက်အတူပေါင်းဖက်ဖို့ ကြိုးစားရင်းသမိုင်းတစ်လျှောက် ဘဝပေါင်းများစွာ ဒီတစ်ယောက်တည်းကိုပဲချစ်နေတဲ့ Agnes ရဲ့တစ်ဖက်သက်အချစ်သံသရာကို ပရိသတ်တွေအနေနဲ့ ကြည့်ရှုကြရမှာပါ။IMDb မှာ 5.7/10 ဆိုတဲ့ rating ကောင်းတစ်ခုကို ရရှိထားကာစိတ်ဝင်စားစရာကောင်းပြီးတော့ ကြည့်ရှုသူတွေကို ရသပေါင်းစုံပေးစွမ်းနိုင်တဲ့ ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ File size… (1.36GB) / (724MB ) Quality… WEB-DL 1080p ...
movie

Timestalker (2024)

Black Cab (2024) 4.2
Black Cab (2024)  Black Cab (2024)IMDb Rating (4.2) / Rotten Tomatoes (36%) ဒီတစ်ခေါက်ကတော့ Black Cab ဆိုတဲ့ ၂၀၂၄ ထွက် Horror ရုပ်ရှင် တစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ ရန်ဖြစ်ထားခါစ စုံတွဲတစ်တွဲဟာ ညစာစားပြီး တက္ကစီ နဲ့ ပြန်ရင်းတက္ကစီ ဆရာ ရဲ့ ပြန်ပေးဆွဲတာကို ခံလိုက်ရတာနဲ့ စ ထားပါတယ်။စုံတွဲထဲက ကောင်မလေးဟာ ကိုယ်ဝန်သည် ဖြစ်နေပြီး သူတက္ကစီထဲ မဝင်ခင်မှာလည်း ကားနောက်ခန်းမှာမိန်းမတစ်ယောက်ကို ဖြတ်ခနဲ မြင်လိုက်ရပါတယ်။တက္ကစီသမားဟာ သူတို့ကို ဖမ်းခေါ်လာပြီး မေဘယ်ဟေး ဆိုတဲ့ နေရာကို သူတို့ကို ခေါ်သွားပါတယ်။တက္ကစီသမားရဲ့ အကြံကဘာလဲ?ကားနောက်ခန်းမှာ ဖျက်ခနဲ မြင်လိုက်ရတဲ့ မိန်းမ ကရောဘယ်သူလဲ?သူတို့ကိုမှ ဘာလို့ ပြန်ပေးဆွဲရတာလဲ?ဆိုတဲ့ မေးခွန်းတွေနဲ့အတူ စိတ်ဝင်စားစွာ ကြည့်ရှုရမှာပါ။  (အညွှန်းနဲ့ဘာသာပြန်ကတော့ Marco ဖြစ်ပါတယ်။)File size…(1.3 GB) / (640 ...
movie

Black Cab (2024)

2024
Krazy House (2024) 5.0
Krazy House (2024)  Krazy House (2024) မင်းသမီးကြီး Alicia Silverstone နဲ့ ဟာသမင်းသားကြီး Nick Frost ပါဝင်ထားတဲ့ Comedy/Horror ရုပ်ရှင်ကားဖြစ်ပါတယ်။90s sitcom တွေ vibe မျိုး အပြည့်အဝ ရပြီး Christians မိသားစုနဲ့ ဇာတ်အိမ် တည်ထားပါတယ်။Bernie Christians ဟာ နာမည်အတိုင်းပဲ ဘာသာရေးကိုင်းရှိုင်းတဲ့ ခရစ်ယာန် ကောင်းတစ်ယောက်ဖြစ်ပါတယ်။မိန်းမဖြစ်သူ Eve ကတော့ အလုပ်ပဲ စိတ်ဝင်စားပြီး တခြားဘာကိုမှ စိတ်မဝင်စားပါဘူး။သားနဲ့ သမီး နှစ်ယောက်ကလည်း သူ့စကားကို နားမထောင်တဲ့အပြင် အဖေကို လေးလေးစားစားမရှိကြပါဘူး။ဒီလိုနဲ့ သူတို့အိမ်ကို ရေပိုက်ပြင်ဖို့ Russia လူမျိုး သားအဖ သုံးယောက် ရောက်လာကြပါတယ်။ရေပိုက်ပြင်တဲ့ အကြောင်းပြချက်နဲ့ မီးဖိုခန်းတစ်ခုလုံး အိမ်တစ်ခုလုံးက နံရံတွေကို ဖြိုချကြပါတယ်။အလုပ်အလွန်အကျွံလုပ်လွန်းလို့ ကျန်းမာရေး မကောင်းဖြစ်သွားတဲ့ မိန်းမကို ပြုစုရတာ တစ်ဖက်၊စကားနားမထောင်တဲ့ သားသမီးတွေကို ထိန်းကျောင်းရတာ တစ်ဖက်အပြင် ...
movie

Krazy House (2024)

2024
Seize Them! (2024) 5.1
Seize Them! (2024)  2024 ခုနှစ်ထွက် အသစ်စက်စက် ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးပါရစေ။ ကျွန်တော်တို့လို ခေတ်ဟောင်း မင်းညီမင်းသား ဘုရင်တွေအုပ်စိုးတဲ့ခေတ်ကို နောက်ခံထားပြီး ကြိုက်တတ်တဲ့လူတွေ ပေါ့ပေါ့ပါးပါးနဲ့ ကြည့်သင့်တဲ့ ဇာတ်ကောင်းကောင်းလေးတစ်ကား ဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကိုပြောရမယ်ဆိုရင်ဒေဂန်ဆိုတဲ့ ဘုရင်မငယ်ငယ်လေးတစ်ယောက်ရှိပါတယ်။ တစ်ဦးတည်းသောသမီးဖြစ်ပြီး တိုင်းရေးပြည်ရေးလေး ဘာမှသေချာမသိတဲ့ မိန်းမငယ်လေးတစ်ယောက်ဖြစ်တာနဲ့အညီ ထုတ်ထားတဲ့ ဥပဒေတွေဟာလည်း ပြည်သူတွေကိုအတော်လေးအကြပ်ရိုက်နေစေခဲ့တာပါ။အဲဒီအချိန်မှာပဲ ကြောင်သူတော်လုပ်ပြီး ပြည်သူတွေကိုကယ်တင်ဖို့ တော်လှန်တာပါဆိုပြီး ဟမ်းဘဲဂျုန်းဆိုတဲ့ အမျိုးသမီးက ဦးဆောင်ပြီးတော်လှန်တာ အောင်မြင်သွားခဲ့ပါတယ်။ ဆိုတော့ ထီးနန်းကျပြီး သတ်မှာစိုးလို့ ထွက်ပြေးသွားတဲ့ ဘုရင်မဒေဂန်ဟာ သူ့ကိုကယ်တင်ပေးမယ်ဆိုတဲ့ အိမ်နီးချင်းဘုရင် ၂ပါးဆီအကူညီတောင်းဖို့ မိုင်တစ်ရာ့လေးဆယ်ရှိတဲ့ ခရီးကို ကုန်းကြောင်းလျှောက်သွားပြီး စွန့်စားခန်းဖွင့်ပါတော့တယ်။အဲဒီတော့ ဘယ်သူတွေက သူ့ကိုကူညီပေးမှာလဲ ဘယ်လိုလူတွေနဲ့တွေ့ပြီး ဘယ်လိုတွေဆက်ဖြစ်မှာလဲ။ သူ့ရဲ့ထီးနန်းရော ပြန်ရမှာလားဆိုတာကိုတော့ ဒီဇာတ်ကားလေးကို ဒေါင်းလုပ်ဆွဲပြီးကြည့်ရှုနိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာ။ File size…(1.5 GB)/(800 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre... Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by ...
movie

Seize Them! (2024)

Hot Fuzz (2007) 7.9
Hot Fuzz (2007) သရော်ထားတဲ့ရုပ်ရှင်များထဲမှာ အရယ်ရဆုံး အကောင်းဆုံးလို့ရှာရင် Hot Fuzz ဆိုတဲ့ရုပ်ရှင်ကားက ထိပ်ဆုံးကပါတတ်ပါတယ်။သရော်ထားချက်တွေရော သရုပ်ဆောင်တွေရော အက်ရှင်တွေရော ကြည့်လို့အင်မတန်ကောင်းတဲ့ရုပ်ရှင်ပါ။ဇာတ်လမ်းကတော့....ထူးချွန်လွန်းတဲ့ရဲတစ်ယောက်ဖြစ်တဲ့ Nicholas Angel ဟာ ဥပဒေကလွဲရင် ဘယ်သူ့ကိုမှ ဂရုမစိုက်တဲ့ စာအုပ်ကြီးသမားအဖြစ် လန်ဒန်ရဲတပ်ဖွဲ့မှာအသက်ဘေးအန္တရာယ်တွေလဲ မမှုဘဲ ရဲလုပ်ငန်းတာဝန်တွေကို ရွပ်ရွပ်ချွံချွံထမ်းဆောင်နေသူပါ။ဒီလိုထူးချွန်လွန်းလို့ ဆုတံဆိပ်ပေါင်းများစွာ အကြိမ်တိုင်းရရှိနေသူဖြစ်ပါတယ်။ဒါပေမယ့် ရဲဌာနတစ်ခုလုံးက လုပ်ဖော်ကိုင်ဖက်တွေကတော့ သူ့ကိုမမြင်ချင်တော့ပါဘူးတဲ့...ဘာလို့လဲဆိုတော့ သူတစ်ယောက်ပဲ ထူးချွန်လွန်းနေပြီး ကျန်တဲ့ရဲတွေ အသုံးမကျသလိုခံစားလာရလို့ပါတဲ့....LoL...ဒါကြောင့်သူ့ကို ရာထူးအတင်းတိုးပေးပြီး သူ မပြောင်းရွှေ့ချင်တဲ့နယ်ဖက်ကိုပို့လိုက်ပါတယ်...သူက မပြောင်းရွှေ့ချင်ကြောင်း ရဲချုပ်ဆီ စောဒကတက်တဲ့အခါမှာတော့ သူရှိနေရင် ရဲချုပ်ကိုယ်တိုင်အသုံးမကျသလိုခံစားနေရလို့ တမင်ကိုပို့ခံရမှန်းသိလိုက်ရပါတော့တယ်....ဒါနဲ့ပဲ ထူးချွန်လွန်းတဲ့ဝန်ထမ်းတို့ ထုံးစံအတိုင်း ချောင်ခြိုချောင်ကြား နယ်မြို့လေးတစ်ခုကို ပြောင်းရွှေ့သွားရပါတော့တယ်။နယ်မြို့လေးဟာလဲ ထူးဆန်းစွာပဲ ဆယ်နှစ်နေလို့ အမှုတစ်ခုတောင်မရှိပါဘူးတဲ့။ကောင်းသတင်းတွေမွှေးပြီး အေးချမ်းလွန်းတဲ့ မြို့ကလေးလို့ အများသူငှာက အားကျနေရပေမယ့် တကယ့်တကယ် အတွင်းထဲမှာကျက်သရေမင်္ဂလာအဖြာဖြာ ယုတ်လျော့နေတာကို ကိုထူးချွန်တစ်ယောက် သိသွားတဲ့အခါမှာတော့.....တစ်မြို့လုံးနဲ့ တစ်ယောက် ဘယ်လိုတွေ ချကြမလဲဆိုတာ.........။လူ့သဘောတွေကို သရော်ထားတဲ့ ...
movie

Hot Fuzz (2007)

2007
4K HEVC
How to Date Billy Walsh (2024) 5.6
How to Date Billy Walsh (2024)  ဒီဇာတ်ကားလေးကတော့အထက်တန်းကျောင်းနောက်ခံအချစ်ဟာသဒရာမကားလေးတစ်ကားဖြစ်ပါတယ်။အာချီနဲ့မီလီဟာတစ်ဆေးရုံတည်းမွေးပြီးမိဘချင်းသာမကခွေးတွေချင်းပါရင်နှီးနေတဲ့အထိခင်မင်ကြတဲ့ငယ်သူငယ်ချင်းအရင်းကြီးတွေဖြစ်ကြပါတယ်။ အာချီကမီလီကိုငယ်ငယ်ကနေကြိတ်ချစ်လာခဲ့ပေမဲ့ဖွင့်မပြောနိုင်တာတော့အထက်တန်းနောက်ဆုံးနှစ်အထိပါပဲ။ဒီလိုနဲ့တစ်ရက်မှာတော့အာချီတစ်ယောက်သေချာအစီစဉ်ချပြီးမီလီဖွင့်ပြောဖို့ကြံပါတယ်။အဲဒီနေ့မှာပဲသူတို့ကျောင်းကိုဘီလီဝါ့ရှ်ဆိုတဲ့ပျိုတိုင်းကြိုက်တဲ့နှင်းဆီခိုင်ကျောင်းသားသစ်တစ်ယောက်ပြောင်းလာပါတယ်။ဘီလီကိုမီလီကလည်းအဲဒီနေ့မှာတင်ကြွေသွားပါတော့တယ်။ဒီတော့အာချီကပဲသူငယ်ချင်းကနေချစ်သူအဆင့်တက်သွားနိုင်မလားအသည်းကွဲပဲကျန်ခဲ့ရမလားကိုယ်တိုင်ပဲကြည့်ရှုခံစားလိုက်ပါရှင့်။ File size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:38:00 Genre...Comedy, Romance Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by May Khant
movie

How to Date Billy Walsh (2024)

Kinky Boots (2005) 7.1
Kinky Boots (2005) Kinky Boots (2005)IMDb - 7.1 Rotten Tomatoes - 58% “စီးထားတဲ့ဖိနပ်ကိုကြည့်ရုံနဲ့ လူတစ်ယောက်ကိုခန့်မှန်းနိုင်တယ်” ငယ်စဉ်ကတည်းက အဖေဖြစ်သူရဲ့ဖိနပ်စက်ရုံမှာ ရွေးချယ်ခွင့်မရှိဘဲအလုပ်သင်ဆင်းခဲ့ရတဲ့ ချာလီတစ်ယောက် အရွယ်ရောက်လာတဲ့အချိန်မှာသတို့သမီးလောင်းနဲ့အတူ လန်ဒန်ကိုသွားဖို့အတွက် စက်ရုံကို စွန့်ခွါလာခဲ့ပါတယ်။ ကံဆိုးချင်တော့ သူ ထွက်လာတဲ့ရက်မှာပဲ အဖေဖြစ်သူ ဆုံးပါးသွားခဲ့ပြီးဖိနပ်စက်ရုံကို အမွေဆက်ခံလိုက်ရပါတော့တယ်။စက်ရုံက အကြပ်အတည်းတွေနဲ့ ကြုံတွေ့ရတဲ့အတွက် မတတ်နိုင်ဘဲအလုပ်သမားလျှော့ချရင်း ထက်မြက်တဲ့လော်ရန်ဆိုတဲ့ကောင်မလေးဆီက ဘာမှမလုပ်ကြည့်ရသေးဘဲ ဘာမှမတတ်နိုင်ဘူးလို့ ထိုင်ညည်းနေတယ်လို့သူ့ကိုအပြစ်တင်ဝေဖန်သွားပါတယ်။  တစ်ဖက်မှာ ကလပ်တစ်ခုမှာ သီချင်းဆိုကပြဖျော်ဖြေတဲ့မိန်းမလျာဖြစ်သူ လိုလာတစ်ယောက်ကလည်းဒေါက်မြင့်ဖိနပ်က ခဏခဏဒေါက်ကျိုးလို့ဖိနပ်ခဏခဏလဲရတာကို အဆင်မပြေဖြစ်နေပါတယ်။ ဒီလိုမျိုး ဖိနပ်အခက်တွေ့နေတဲ့ လိုလာနဲ့ ဈေးကွက်အသစ်ထွင်ဖို့အကြံဉာဏ်လိုနေတဲ့ ချာလီတို့ မထင်မှတ်ဘဲတွေ့ကြတဲ့အခါဘာတွေကြုံတွေ့ရပြီး သူတို့ရဲ့ကိုယ်စီလိုအပ်ချက်တွေကိုဘယ်လိုဖြည့်ဆည်းကြမလဲဆိုတာကို 2005 ခုနှစ်က ထွက်ရှိခဲ့တဲ့Kinky Boots ဇာတ်လမ်းလေးထဲမှာ ဆက်လက်ကြည့်ရှုကြပါစို့ဗျာ File size…    1.3 GB /  781 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 47m Genre ..... ...
movie

Kinky Boots (2005)

Ice Age: Continental Drift (2012) 6.5
Ice Age: Continental Drift (2012) ဒီဇာတ်ကားက Ice age franchiseရဲ့ စတုတ္ထဇာတ်ကား ဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့ပါတယ်။ ဒီဇာတ်လမ်းကြီးတစ်ခုလုံးမှာ အစကတည်းက ပါဝင်ခဲ့တဲ့ ဝက်သစ်ချသီးကိုမှ အရူးအမူးစွဲလမ်း ​နေတဲ့ ရှဉ့်​လေး​ကြောင့်ပဲ ဒီဇာတ်လမ်း မြစ်ဖျားခံလာခဲ့တယ်လို့ ​ပြောရမှာပါပဲ။ အမြဲတမ်း ကိုရီးယားကားလိုမျိုး တေ့လွဲလွဲ​နေတဲ့ ဝက်သစ်ချသီးကို လိုက်ဖမ်းရင်း အဆိုပါရှဉ့်ဟာ ကမ္ဘာ့ဗဟိုချက် အူတိုင်ထဲကို ​ကျသွားပြီး သူ့ရဲ့ဂယက်​ကြောင့်ပဲ ကမ္ဘာဦး​ခေတ်ရဲ့ ကုန်း​မြေ​တွေ တစ်စစီပြိုကွဲသွားကာ ယ​နေ့​ခေတ် တိုက်ကြီး၇ခုရဲ့ ကနဦးဗားရှင်း​​တွေ ဖြစ်လာခဲ့ပါတယ်။ဒီသက်​ရောက်မှုကို အဓိကခံခဲ့ရတာက ​ကမ္ဘာပေါ်က တိရစ္ဆာန်​တွေ ဖြစ်ပြီး ​မြေလွှာပြတ်​ရွေ့မှု​တွေ​ကြောင့် ​​နေရပ်​ဌာနတွေ ပျက်စီးကာ မိသားစုပြိုကွဲမှု​တွေ ကြုံခဲ့ရပါတယ်။ အဲဒီထဲမှာ ဇာတ်လိုက်​ကျော် မန်နီတို့ မိသားစုလည်း ပါဝင်ခဲ့ပြီး ဇနီးအယ်လီ၊သမီးပိချက်စ်တို့ရဲ့ အ​ဝေးကိုရောက်သွားခဲ့တာ​ကြောင့် မိသားစုဆီပြန်ဖို့ မန်နီတို့အဖွဲ့ရဲ့ ကြိုးစားအားထုတ်မှု​တွေ၊ ခရီးမှာကြုံရတဲ့ ဓါးပြ​အဖွဲ့ရဲ့ အန္တရာယ် ​တွေကို ​ကျော်ဖြတ်ဖို့ကြိုးစားမှု​တွေကို မြင်​တွေ့ရမှာပါ။ ဒီကားမှာ character အသစ်​တွေအဖြစ် ဒီ​ယေဂိုရဲ့ချစ်သူဖြစ်လာမယ့် ရှီရာ ဆိုတဲ့ ကျားမ​လေးနဲ့ ဆစ်ဒနီရဲ့ အဘွားဖြစ်သူပါ ပါလာတာ​ကြောင့် အလွဲအ​ချော်​တွေ၊ဟာသ​တွေနဲ့ Ice age​တွေရဲ့အရသာ မပျက်တဲ့ Animationဇာတ်ကား​ကောင်းပဲ ဖြစ်ပါတယ်။ File size…  ...
movie

Ice Age: Continental Drift (2012)

2012
4K HEVCHDR
Grindhouse (2007) 7.5
Grindhouse (2007) ဒီ၂၀၀၇ ခုနှစ်ထွက်ဇာတ်ကားကတော့ ၃နာရီကျော်ကြာမြင့်ပြီး ရုပ်ရှင်ဖန်တီးသူနှစ်ဦးတို့ရဲ့  ရုပ်ရှင်တစ်ကားစီပေါင်းထားတဲ့ နှစ်ကားပါတစ်ကားရုပ်ရှင်လေးဖြစ်ပါတယ်၊ပထမကားမှာက ဖုတ်ကောင်ရှင်းခန်းဇာတ်လမ်းတစ်ခု ၊ ဒုတိယကားမှာက ကားနဲ့ လိုက်အသတ်ခံရတဲ့ မိန်းမပျိုလေးတို့ အုပ်စုနှစ်စုအကြောင်းပါ၊ ပုံမှန်ဒီလိုကားတွေဆို ကြားထဲမှာဘာမှမခံအမဲကြီးပေါ်လာပြီးနောက်တစ်ကားထပ်ရောက်တာပေါ့နော်။ ဒီကားကျ နာမည် Grindhouse ဆိုတဲ့အတိုင်း အမေရိကမှာဆို ဒီ Grindhouse က တန်ဖိုးနည်းရုပ်ရှင်ရုံ။အထူးသဖြင့် လူကြီးကားတွေ ၊ ပေါပေါပဲပဲဘတ်ဂျက်အနည်းငယ်ပဲသုံးရိုက်ထားတဲ့ သည်းထိတ်ရင်ဖိုကားတွေ ၊ မသတီစရာရုပ်ရှင်တွေ ၊ အထူးသဖြင့်လူကြီးတွေအတွက်ရည်ရွယ်တဲ့ကားတွေ တစ်ကားပြီးတစ်ကား မနားတမ်းပြတယ်။ အဲ့ရုံမှာပြနေသလိုကြည့်ရတာပါ။ဆိုတော့ရုပ်ရှင်စလာတည်းက တခြားပြနေတဲ့ကားကြော်ငြာတွေလာမယ် ။ တစ်ကားနဲ့တစ်ကားကြားမှာ ကြော်ငြာလေးတွေနဲ့ဆိုတော့ ပုံမှန်ကားမှာမရတတ်တဲ့theater vibe ခံစားရမှာပါ ၊ Rating အနေနဲ့ IMDb 7.5 , Rotten tomatoes 84% အသီးသီးရရှိထားပြီး တမူထူးတဲ့တင်ဆင်ပုံတွေနဲ့ ကြည့်ပျော်တဲ့အနေအထားရှိပါတယ် ။ ပါသမျှ ဣတ္ထိယတို့ကလည်း အနှစ်တွေပါ၊ (ရုပ်ရှင်ကတော့ Rated ...
movie

Grindhouse (2007)

Attack the Block (2011) 6.7
Attack the Block (2011)  ပရိသတ်ကြီးကို 2011 ကထွက်ရှိခဲ့တဲ့ Attack The Blockဆိုတဲ့ရုပ်ရှင်ကားလေးနဲ့မိတ်ဆက်ပေးလိုက်ပါတယ်။ဒီကားကတော့လူငယ်တွေပေါင်းပြီးအကောင်တွေကိုဆော်တာ ၊အမျိုးအမည်မသိသတ္တဝါတွေ ကမ္ဘာပေါ်ကျရောက်လာတာ ဂြိုဟ်သားကျူးကျော်တဲ့ကားတွေကြည့်ချင်သူတွေအတွက်တော့ အရွေးမမှားသင့်တဲ့ကားတစ်ခုပါ။ ဇာတ်လမ်းကတော့ ဒီလိုစပါတယ်။လန်ဒန်တောင်ပိုင်းက ဘရစ်စတွန်လို့ခေါ်တဲ့ မြို့ငယ်တစ်ခုမှာ တိုက်ခန်းတွဲကြီးတစ်ခုရှိပါတယ်။အဲ့ပတ်ဝန်းကျင်တစ်ဝိုက်မှာတော့ မိုးဇက် ၊ ပက်ဇ် ၊ ဂျရုန်း ၊ ဘစ်ဇ် ၊ ဒန်းနစ်လို့ခေါ်တဲ့ကလေးတစ်အုပ်ပါဝင်တဲ့ BLOCK အမည်ရအဖွဲ့က ဉာဉ့်နက်သန်းခေါင်တွေကျ ရပ်ကွက်ထဲကျင်လည်ရင်း ကြုံရင်ကြုံသလို ခိုးဆိုးလုနှိုက်နေတတ်ကြတဲ့ ကလေးတွေပါ။တစ်ရက်မှာ အလုပ်ကပြန်လာတဲ့​ဆမ်ဆိုတဲ့ သူနာပြုမလေးကို ဓားပြတိုက်နေကြတုန်း သူတို့နားကကားတစ်စီးဆီ ကောင်းကင်ပေါ်ကမီးလုံးကြီးတစ်ခုကျလာပါတယ်။ပစ္စည်းတစ်စုံတစ်ရာ ရလိုရငှားသွားကြည့်တော့ မျောက်ဝံသဏ္ဍာန်ကိုယ်ထည်နက်မှောင်နေတဲ့ အမျိုးအမည်မသိသတ္တဝါတစ်ကောင်က သူတို့ကိုရန်ပြုတိုက်ခိုက်ခဲ့ပါတယ်။မိုးဇက်တို့အဖွဲ့လည်း အခဲမကျေထိုသတ္တဝါကိုလိုက်လံနှိမ်နင်းပြီး ပိုက်ဆံရမယ်အထင်နဲ့ အကောင်သေကိုပြန်သယ်လာခဲ့ပါတယ်။ အကောင်ကိုတိုက်ခိုက်နိုင်ခဲ့လို့ပျော်ရွှင်မြူးထူးနေကြပေမဲ့ ပြဿနာက ဒီမှာတင်မဆုံးသေးပါဘူး။နောက်ထပ်အကောင်ပေါင်းမြောက်မြားစွာက သူတို့မြို့ကိုထပ်မံရောက်လာခဲ့ပါတယ်။ဒါပေမဲ့ ပွဲတော်ညဖြစ်ပြီးမီးရှူးမီးပန်းတွေ ဖောက်နေကြလို့ တခြားသူတွေအပြင် ရဲတွေတောင်ဒါကိုသတိမထားမိပါဘူး။တစ်ဖက်ကလည်း ဓားပြမှုကြောင့်ရဲလက်ကပြေးရင်းနဲ့ အကောင်တွေနဲ့ထပ်မံရင်ဆိုင်ရပါတော့တယ်။ ဒီလိုလူမသိ သူမသိကြားက အကောင်တွေကိုရင်ဆိုင်တိုက်ခိုက်နေရရင်း ထိုညအဖို့ အသက်ဘေးကနေဘယ်လိုလွတ်မြောက်အောင် ကြိုးစားကြမလဲ။ အကောင်တွေကိုအပြတ်ရှင်းပြီး သူတို့နေရာကို ...
movie

Attack the Block (2011)

Asterix: The Mansions of the Gods(2014) 6.7
Asterix: The Mansions of the Gods(2014) Asterix: The Mansions of the Gods(2014)**************************************ရောမဘုရင် ဂျူးလီယက် ဆီဇာဟာတိုက်ပွဲတိုင်းကိုနိုင်ကာနယ်မြေများစွာသိမ်းပိုက်နိုင်ပေမဲ့လည်း ဂေါလ်လူမျိုးတွေနေထိုင်ရာအာမိုးရခ်ဒေသကရွာလေးကိုတော့ မသိမ်းပိုက်နိုင်ပါဘူး။ အကြောင်းအရင်းကတော့ ဂေါလ်သူရဲကောင်း အက်စတီးရစ်နဲ့ လူသန်ကြီး အော့ဘလိဇ်တို့က ကာကွယ်ပေးနေလို့ပါပဲ။ ရွာကဆရာတော်ရဲ့မှော်ဆေးရည်အစွမ်းကိုလည်းကြောက်ရသေးတာကိုး။ ဒီဇာတ်ကားမှာတော့ ဘုရင် ဆီဇာဟာ အာမိုးရခ်ဒေသကတောအုပ်ထဲမှာ သူ့အိမ်တော်လာဆောက်ချင်တာပါ။ ဘုရင်ဖြစ်တဲ့အတိုင်း အတင်းအကြပ်လာဆောက်တော့ နယ်ခံဖြစ်တဲ့ အက်စတီးရခ်တို့ကလည်း တောအုပ်ကိုကာကွယ်ရင်း ရွာသားတွေနဲ့ ရောမသားတွေ ကြားအလွဲလွဲအချော်ချော်တွေကို ထိုင်ခွီရမယ့်ကားလေးပဲဖြစ်ပါတယ် File Size : (1.3GB) and (652MB) Quality : Blu-Ray1080p, 720p Format…mp4 Duration…01:25:00 Genre : Animation, Adventure , Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by Themes Encoded by Phyo Pyae    
movie

Asterix: The Mansions of the Gods(2014)

Wild Child (2008) 6
Wild Child (2008) Wild Child (2008)မိတဆိုးမလေး ပေါ်ပီဟာ ဖခင်ဖြစ်သူကို အရွဲ့တိုက်ပြီး သောင်းကျန်းချင်တိုင်း သောင်းကျန်းနေတဲ့ မာလီဘူး သူတစ်ယောက်ပါ တစ်ရက်မှာတော့ အရွဲ့တိုက် သောင်းကျန်းတာ အရှိန်လွန်သွားတဲ့အတွက် သူ့အဖေက အင်္ဂလန်က အက်ဘီမောင့်ကျောင်းကို ကျောင်းအိပ်ကျောင်းစား ပို့လိုက်ပါတော့တယ်အက်ဘီမောင့်ကျောင်းကို ရောက်ပြီးတဲ့နောက် ပြစ်မှုပေါင်းစုံ ကျူးလွန်ပြီး ကျောင်းကနေ ထွက်ရဖို့အရေး အားကြိုးမာန်တက် ကြိုးပမ်းပေမဲ့ ဂရုဏာရှင်ကျောင်းအုပ်ကြီးက မိတဆိုးသမီးလေးဆိုပြီး ခွင့်လွှတ်ပေးနေတာကြောင့် နောက်ဆုံးမှာ အခန်းဖော်လေးယောက်ရဲ့ အကူအညီနဲ့ ကျောင်းအုပ်ကြီးရဲ့ သားဖရက်ဒီကို ဆွဲဆောင်ပြီး ကျောင်းထုတ်ခံရဖို့ ကြံစည်ပါတော့တယ်ပေါ်ပီတို့ရဲ့ အကြံအစည်အောင်မြင်သွားမလား? လူချောလေး ဖရက်ဒီနဲ့ ပေါ်ပီတို့ ဘာတွေဆက်ဖြစ်ကြမလဲ? ဖရက်ဒီကို တစ်ဖက်သတ်ကြိုက်နေတဲ့ ဟာရီရက်ဆိုတဲ့ ကျောင်းသူနဲ့ရော ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာတွေကို အခွီတလိုင်းနဲ့ ကြည့်ရှူကြရမှာပါအညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre.....Comedy, Drama, Romance Quality….1080p | 720p| 480p File size…2GB | 1.1GB | 286MB Format…mp4 Duration….1h 38min Subtitle….Myanmar Subtitle (Hardsub) Translator ..... Roman ...
movie

Wild Child (2008)

2008
Tomb Raider (2018) 6.3
Tomb Raider (2018) လာရာခရော့ဖ်ဟာ ဖခင် ရစ်ချက် ပျောက်ဆုံးသွားပြီးတာ တောင်မှ ဘဝကို ပူပင်ကြောင့်ကြ မဲ့ နေနေတာပါ။ တစ်ရက်မှာတော့ ယာဉ်တိုက်မှုတစ်ခုကြောင့် အ ဖမ်းခံရပြီး သူ့အဖေရဲ့ စီးပွား ဖက် အန်နာမစ်လာက လာရာကို အာမခံနဲ့ လာထုတ်ခဲ့ပါတယ်။ ရစ်ချက်ရဲ့ စီးပွားရေးလုပ်ငန်းတွေ ဟာ လာရာအမွေဆက်ခံမလုပ် ကိုင်ဘူးဆိုရင် ရောင်းပစ်ရမယ့် အနေအထားဖြစ်နေပြီလို့ သတိ ပေးခဲ့တာကြောင့် လာရာတစ် ယောက် သူ့အဖေရဲ့ရုံးခန်းဆီ သွားခဲ့ပါတယ်။အဲဒီမှာ သူ့အဖေထားခဲ့တဲ့ ဗီဒီယိုဖိုင်တစ်ခုကို ရှာတွေ့ခဲ့ပြီး ဒဏ္ဍာရီဘုရင်မ ဟီမီကိုနဲ့ပတ် သက်ပြီး သုတေသနလုပ်ထားတာ တွေကို ပြောပြထားကာ အန္တ ရာယ်များလွန်းတဲ့အတွက် ဆက် မလုပ်ဖို့နဲ့ ဖျက်ဆီးပစ်ဖို့ မှာခဲ့ပေ မယ့် လာရာကတော့ ရှေ့ဆက်ဖို့ ဆုံးဖြတ်ခဲ့ပါတယ်။အဲဒါနဲ့ လာရာဟာ ဟောင် ကောင်ကို ခရီးထွက်ခဲ့ပြီး ဟီမီကို ဘုရင်မ အုတ်ဂူရှိနိုင်မယ့် ကျွန်း ...
movie

Tomb Raider (2018)

2018
4K HEVC
Monster Family 2 (2021) 6.2
Monster Family 2 (2021) Monster Family 1အပြီးမှာ မိသားစုရဲ့ပျော်ရွှင်မှုကို ပြန်လည်ရှာတွေ့အပြီး မကောင်းဆိုးဝါးဘဝမှ ကျိန်စာပြယ်ကာ လူသားအဖြစ်ကို ပြန်လည်ရောက်ရှိလာတဲ့ Wishboneမိသားစုတသိုက်ဟာ စုန်းမကြီး Baba Yagaနဲ့ ခင်ပွန်းလောင်း Renfieldတို့ အဖမ်းခံရတဲ့ကိစ္စကြောင့် မကောင်းဆိုးဝါးအဖြစ် ပြန်အသွင်ပြောင်းကာ ကယ်တင်ဖို့ ကြိုးစားရပြန်ပါပြီစုန်းမကြီးတို့ကို ဖမ်းဆီးသွားသူက Mila Starrလို့ခေါ်တဲ့ Monster Hunter ဖြစ်နေပြီး Baba Yagaတို့အပြင် ကမ္ဘာတစ်ဝှမ်းလုံးက မကောင်းဆိုးဝါးပေါင်းစုံကို လိုက်လံဖမ်းဆီးနေတဲ့အခါ...ဘာလို့ Mila Starrက မကောင်းဆိုးဝါးတွေကို လိုက်လံဖမ်းဆီးနေရတာလဲ၊ သူ့ရဲ့ရည်ရွယ်ချက်ကရော ဘာလဲ Wishboneမိသားစု ဘယ်လိုတွေ စွန့်စားခန်းဖွင့်ကြမလဲဆိုတာကို Animationတို့ ထုံးစံအတိုင်း ချစ်စရာကာတွန်းရုပ်လေးတွေ၊ အလွဲတွေနဲ့ ရယ်ရယ်မောမောကြည့်ရှုရမယ့်အပြင်တကယ်ကောင်းတဲ့ သင်ခန်းစာတွေလည်း ပါသေးတာကြောင့် ပိတ်ရက်မှာ မိသားစုနဲ့အတူ ပျော်ပျော်ရွှင်ရွှင်ကြည့်ရှုရမယ့် မိသားစုAnimationကားလေးပဲ ဖြစ်ပါတယ် ။( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ Jim X ပါ )File Size__1.75 GB , ...
movie

Monster Family 2 (2021)