Channel Myanmar

Nicholas Hope

Contagion of Fear (2024) 5.0
Contagion of Fear (2024)  သြစတေးလျနိုင်ငံရဲ့ သာယာတဲ့ နွေဦးရာသီမနက်ခင်းလေးတစ်ခုမှာ ဆိုးရွားတဲ့ ရထားမတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။အဆိုပါ မတော်တဆမှုနဲ့ အတူ မီးခိုးလုံးကြီးတွေလည်းလိပ်တက်လာခဲ့ပြီးတော့ အငွေ့ကို ရှူမိကြတဲ့သူတိုင်းဟာအရည်ကြည်ဖုတွေပေါက်ပြီး မိနစ်ပိုင်းအတွင်း ရုပ်ပျက်ဆင်းပျက် သေဆုံးသွားကြရတယ်။ဒီကူးစက်မြန်ဗိုင်းရပ်စ်ကြောင့် ဆစ်ဒနေးမြို့ခံတစ်ဝက်လောက်ကူးစက်ခံလိုက်ရပြီး ကူးစက်မှုကလည်း အရှိန်မကျဘဲဆက်လက်ဖြစ်ပွားနေခဲ့ပါတယ်။ အဲဒီအချိန်ဟာ သြစတေးလျနိုင်ငံအနေနဲ့ အရှေ့အလယ်ပိုင်းဒေသမှာ တိုက်ပွဲဝင်နေချိန်လည်းဖြစ်တာမို့ အစွန်းရောက်အကြမ်းဖက်အဖွဲ့အစည်းတွေရဲ့ဇီဝတိုက်ခိုက်မှုအဖြစ် သံသယတွေတိုးပွားလာခဲ့တယ်။ဒီလိုနဲ့ ပြင်းထန်တင်းမာလာတဲ့ အခြေအနေတွေကြားမှာလူမျိုးရေးဝါဒတွေ အားကောင်းလာခဲ့ပြီး နိုင်ငံအနှံ့မှာ အထိကရုဏ်းတွေဖြစ်ပေါ်လာပါတယ်။ ဖက်ဒရယ်ရဲတပ်ဖွဲ့ဝင်ဖြစ်သူလေလာနက်ဆာ ဟာ တာဝန်က ဆိုင်းငံ့ခံထားရသူပါ။သူမရဲ့ အဖေဖြစ်သူ ယူဆက်ဖ်နက်ဆာ ဟာ ရထားမတော်တဆမှုဖြစ်ပွားခဲ့ချိန်မှာ ဘူတာရုံအနားမှာရှိနေခဲ့တာဖြစ်ပြီးလူမျိုးစွဲဝါဒီတွေကြောင့် အကြမ်းဖက်သမားအဖြစ် ပုံဖော်ခံထားရသူပါ။ ဒီရုပ်ရှင်လေးမှာတော့ ဒီလို ရှုပ်ထွေးလှတဲ့ လူမျိုးရေးနိုင်ငံရေးအရှုပ်တော်ပုံကြီးကို လေလာ အနေနဲ့ ဘယ်လိုဖော်ထုတ်ဖြေရှင်းဖို့ ကြိုးစားမလဲဆိုတာကို စိတ်ဝင်စားဖွယ်ကြည့်ရှရမဲ့ ဇာတ်ကားကောင်းလေးဖြစ်ပါတယ်။  File size… (1.40 GB) / (721 MB) Quality… WEB-DL 1080p HEVC / 720p Format…mkv / ...
movie

Contagion of Fear (2024)

Limbo (2023) 6.3
Limbo (2023) Limbo (2023) ===========IMDb Rating 6.3, Rotten Tomatoes 96% ရရှိထားတဲ့ စုံထောက်ဇာတ်ကားကောင်းလေး တင်ဆက်ပေးလိုက်ပါတယ်။ Australia နိုင်ငံက ရိုက်ကူးထုတ်လုပ်တာမို့ မြင်နေကြ Hollywood ရုပ်ရှင်တွေနဲ့ ကွဲပြားပါတယ်။ ထို့အပြင် အဖြူအမည်းနဲ့ပဲ တင်ဆက် ထားတဲ့အတွက် အမြင်ထူးခြားနေပါတယ်။ ကိုယ့်အကြိုက်ပေါ် မူတည်ပြီး ‌ကောင်းတယ် မကောင်းဘူး ဖြစ်သွားနိုင်တဲ့ ဇာတ်ကား လို့ပဲညွှန်းဆိုချင်ပါတယ်။ တကယ်လို့ Slow burn ဖြစ်တဲ့ Crime/ Drama/Mystery ရုပ်ရှင်မျိုးကြိုက်တယ်ဆိုရင် ကြည့်လိုက်ပါလို့ပဲ ပြောချင်ပါတယ်။လွန်ခဲ့တဲ့ နှစ် ၂၀ က ပျောက်ဆုံးသွားတဲ့ ရှားလက် ဆိုတဲ့ လူမည်း ကောင်မလေးအမှုကို ပြန်လည်စုံစမ်းသုံးသပ်ဖို့ မြို့ငယ်လေးကို ထရာဗစ်ဟာလီဆိုတဲ့ စုံထောက်တစ်ယောက် ရောက်လာပါတယ်။ မြို့လေးကိုလာရောက်စုံစမ်းရင်း ကားထဲက ပစ္စည်းတွေ အခိုးခံရကာ မြို့ကို မပြန်နိုင်ဘဲသောင်တင်သွားပါတော့တယ်။ ဒီလိုနဲ့ ထရာဗစ် တစ်ယောက် အမှုကို ပြန်လည်သုံးသပ်ဖို့အချိန်ရသွားပါတော့တယ်။ ဒီမှာသူတွေ့လိုက်ရတာက လူမျိုးရေးခွဲခြားမှုတွေ ကြားမှာ ဘယ်လို တွေဖြစ်ခဲ့တယ်ဆိုတာကိုပါပဲ . ကျန်တာတော့ဇာတ်ကားထဲမှာ ဆက် လက်ကြည့်ရှု့ခံစားလိုက်ပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Leonard Lin မှဖြစ်ပါတယ်)File Size..........(1.37 GB) ...
movie

Limbo (2023)

2023
The Drover’s Wife: The Legend of Molly Johnson (2021) 6.3
The Drover’s Wife: The Legend of Molly Johnson (2021) The Drover's Wife: The Legend of Molly Johnson (2021)၁၈၉၁ ခုနှစ် ဗြိတိသျှတွေ သြစတြေးလျကို ကိုလိုနီပြုထားချိန်။ မော်လီဂျွန်ဆန်ဆိုတဲ့ အမျိုးသမီးတစ်ယောက်ဟာ ခင်ပွန်းဖြစ်သူ ဂျိုး သိုးကျောင်းထွက်နေတဲ့အချိန်မှာ ကလေးတွေကို ပြုစုစောင့်ရှောက်ရင်း လူသူမနီးတဲ့ သူတို့ရဲ့အိမ်မှာ နေထိုင်လျက်ရှိပါတယ်။တစ်နေ့တော့ သူတို့ရဲ့အိမ်ရှေ့ကို လှည်းလေးတစ်စီးပေါ်မှ လူနှစ်ယောက် ဆင်းလာပါတယ်။ အဲဒီလူနှစ်ယောက်ကတော့ ဆာဂျင် ကလင့်တော့ပ် ဆိုတဲ့ မြို့ကို တာဝန်ကျလို့ ပြောင်းလာရတဲ့ ရဲအရာရှိနဲ့ သူ့အမျိုးသမီးဖြစ်တဲ့ လူဝီဆာ တို့ပဲ ဖြစ်ပါတယ်။ မော်လီလည်း သူတို့နှစ်ယောက်နဲ့ ခင်မင်သွားပြီး ကိုယ်ဝန် မီးဖွားရက်လည်း နီးတာမို့လို့ ကလေးတွေကို စောင့်ရှောက်ပေးသူရှိတဲ့ မြို့ကို ထည့်ပေးလိုက်ပါတယ်။ တစ်ညမှာတော့ သြစတြေးလျဒေသခံတိုင်းရင်းသား ဝရမ်းပြေးတစ်ယောက်ဟာ သူ့အိမ်ကိုရောက် လာပါတော့တယ်..... လူဖြူလူမည်းခွဲခြားမှုတွေ၊ ဒေသခံတိုင်းရင်းသားများအပေါ် လူဖြူတွေရဲ့ လူမျိုးရေးခွဲခြားမှုတွေကို ကွက်ကွက်ကွင်းကွင်း ရိုက်ပြထားပြီး တကယ်ကို စိတ်ဝင်စားနဲ့ ကြည့်ရှု့နိုင်မယ့် သမိုင်းအခြေခံ ဒရာမာဇာတ်ကားကောင်းလေးဖြစ်ပါတယ်။Rotten tomatoes 81% နဲ့ IMDb rating ...
movie

The Drover’s Wife: The Legend of Molly Johnson (2021)

2021
Anacondas 2: The Hunt for the Blood Orchid (2004) 5.7
Anacondas 2: The Hunt for the Blood Orchid (2004) [Unicode]Anacondas:The hunt for the Blood Orchid(2004) ===========-================== ဒီကားလေးကတော့ (၂၀၀၄) ခုနှစ်ကထွက်ခဲ့တဲ့ Anacondaမြွေကြီးတွေအကြောင်း ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအစမှာ ဒေါက်တာဂျွန်ဘိုက်ရွန် ဂေါ်ဒွန်မစ်ချယ် ဆမ်ရော်ဂျာ ဂေးစထရင်း ကိုးလ်ဘားရစ်တို့နဲ့အတူ ဒေါက်တာဘန်ဒေါက်ဂလပ်စ်တို့ဟာ နယူးယောက်ခ်မြို့ရဲ့ ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ ဝက်ဆဲဟော ရဲ့ရန်ပုံငွေနဲ့ အင်ဒိုနီးယားနိုင်ငံ ဘော်နီယိုမှာရှိတဲ့ တောထဲကို ပန်းရှာဖို့ထွက်လာခဲ့ပါတယ်ဒီပန်းဟာလည်း တစ်ခြားတော့မဟုတ်ပါဘူး လူ့သက်တမ်းတွေကိုဆွဲဆန့်ထားနိုင်တဲ့အစွမ်းရှိတဲ့ တစ်နည်း အသက်ရှည်နုပျိုနေနိုင်တဲ့ အနီရောင်သစ်ခွပန်းပဲဖြစ်ပါတယ်ဒီပန်းထဲမှာပါဝင်တဲ့ ဓာတုပစ္စည်းတွေဟာ လူ့သက်တမ်းကိုရှည်ပြီး ငယ်ရွယ်နုပျိုနေစေနိုင်တဲ့ အစွမ်းရှိတဲ့ဆေး ဖော်စပ်ရာမှာ အသုံးပြုရမှာပဲဖြစ်ပါတယ်သူတို့ဟာပန်းရှိရာတောနက်ထဲကိုရေကြောင်းလမ်းကနေသွားဖို့လှေငှားရင်းနဲ့ပဲ ကပ္ပတိန် ဘေလ်ဂျွန်ဆင်နဲ့သူ့ရဲ့ လုပ်ဖော်ကိုင်ဖက် ထရန်ဝူတို့နဲ့ဆုံခဲ့ပါတယ်ကပ္ပတိန်ဘေဟာသူတို့ကိုအန္တရာယ်ကင်းကင်းခေါ်ဖို့ကြိုးစားရာကနေ မတော်တဆရေတံခွန်အောက် ပြုတ်ကျရာမှစပြီး တစ်ဖွဲ့လုံးငါးပါးမှောက်ကာ မြွေကြီးနဲ့တိုးတဲ့အထိဖြစ်လာခဲ့ပါတော့တယ် ကပ္ပတိန်ဘေလ်ဂျွန်ဆက်နဲ့အဖွဲ့ဟာ မြွေကြီးတွေရန်ကနေပဲ လွတ်မလား သစ်ခွပန်းအနီတွေကိုပဲပိုက်ပြီးပြန်ရမလား ဘယ်သူတွေကအသက်ရှင်နိုင်ကြမလဲ ဘယ်သူတွေ‌ရှောဘရားသားဘောကားမလဲဆိုတာကတော့ ဆက်လက်ပြီးရင်ခုန်စိတ်လှုပ်ရှားပေးပါဦးဗျာ့( ဘာသာပြန်ပြီး အညွှန်းရေးသားထားသူကတော့ T Lone ပါ ) [Zawgyi]Anacondas:The hunt for the Blood Orchid(2004) ===========-================== ဒီကားလေးကတော့ (၂၀၀၄) ခုနှစ်ကထွက်ခဲ့တဲ့ Anacondaမြွေကြီးတွေအကြောင်း ရိုက်ကူးထားတဲ့ကားလေးပဲဖြစ်ပါတယ်ဇာတ်လမ်းအစမှာ ...
movie


HEVC 1080p 5.1
The Invisible Man (2020) 7.5
The Invisible Man (2020) The Invisible Man (2020)===================IMDb Rating 7.5/10 ထိရရှိထားပါတယ် . . .#UnicodeFebruary လကုန်ခါနီးမှာ ရုံတင်သွားတဲ့ ပရိတ်သတ်တွေစောင့်မျှော်နေတဲ့ The Invisible Man ကတော့ အကြည်ထွက်ရှိလို့လာပါပြီ။ ဒီကားကလည်း ပရိတ်သတ်အကြိုက်ဖြစ်စေခဲ့တဲ့ နောက်ထပ် ဟော်ရာ ရုပ်ရှင်ကားကောင်းတစ်ကားပါပဲ။ ဇာတ်ကားကနာမည်အတိုင်းပါပဲ ကိုယ်ပျောက်နိုင်တဲ့လူတစ်ယောက်အကြောင်းပါ။ ဇာတ်လမ်းအစမှာ ဆယ်စီလီရယ် ဆိုတဲ့ မိန်းကလေးဟာသူ့ကို အရာရာချုပ်ကိုင်ထားချင်တဲ့ ရည်းစားဖြစ်သူ အေဒရီယန်ကို အတင်းစွန့်ခွာထားခဲ့ပါတယ်။ အေဒရီယန်ဟာ အမြင်အာရုံပိုင်းကင်မရာပိုင်းမှာ ကမ္ဘာ့အတော်ဆုံးလို့ပြောလို့ရတဲ့ သိပ္ပံပညာရှင်ပါ။ အေဒရီယန်ဟာ အစွဲအလန်းကြီးပြီး ခေါင်းမာလွန်းတဲ့သူ ဖြစ်တာမို့ ဆယ်စီလီရယ်ကို အလွတ်မပေးခဲ့ပါဘူး။ ဒါပေမယ့် အေဒရီယန် သေဆုံးသွားခဲ့ပြီးနောက်မှာတော့ ဆယ်စီလီရယ်တစ်ယောက်ဘဝသစ်ကို စိတ်ရှင်းရှင်းနဲ့စနိုင်လာခဲ့ပါပြီး။ ဒါပေမယ့် အေဒရီယန်ဟာ တကယ်သေတာမဟုတ်သလို ဆယ်စီလီရယ်ကို ဒုက္ခမျိုးစုံပေးပြီး သူ့ဆီကိုပြန်ရောက်လာဖို့ ကြောက်စရာကောင်းတဲ့ လုပ်ရပ်တွေလုပ်လာတဲ့အခါမှာတော့ ဇာတ်ကားထဲမှာ ဆက်လက်ကြည့်ရှုရမှာပဲဖြစ်ပါတယ် . . ...
movie

The Invisible Man (2020)

2020