Channel Myanmar

Nicholas Fry

Out of My Mind (2024) 7.2
Out of My Mind (2024)  Drama အမျိုးအစားဖြစ်တဲ့ Out of My Mind ဟာစိတ်ဓာတ်လှုံ့ဆော်မှုပေးနိုင်တဲ့ကလေးကားလို့ပြောလို့ရပါတယ်။ ဦးနှောက်အကြောသေရောဂါကြောင့် စကားမပြောနိုင်ဘဲ ဘီးတပ်ကုလားထိုင်တစ်ခုနဲ့ပဲသွားလာရတဲ့ခြောက်တန်းကျောင်းသူလေးမယ်လိုဒီဟာ ဥာဏ်အရမ်းကောင်းပြီး ထူးချွန်ပေမယ့် သူ့ရဲ့မသန်စွမ်းတဲ့အခြေအနေကြောင့်ခွဲခြားဆက်ဆံခံရတဲ့အပြင် သက်တူရွယ်တူတွေလို တူညီတဲ့အခွင့်အရေးတွေလည်းမရခဲ့ပါဘူး။ တစ်ရက်မှာတော့ပညာရေးလေ့လာမှုအတွက်ကျောင်းကိုရောက်ရှိလာတဲ့ဒေါက်တာတစ်ယောက်ကြောင့် မယ်လိုဒီဟာ မသန်စွမ်းအတန်းမဟုတ်ဘဲ ပုံမှန်ကျောင်းသားတွေတက်တဲ့ခြောက်တန်းအခန်းထဲမှာ စာသင်ခွင့်ရရှိလိုက်ပါတယ်။အတန်းထဲမှာ မယ်လိုဒီဟာ တခြားကျောင်းသားတွေထက်ထူးချွန်ပေမယ့် ခွဲခြားဆက်ဆံမှုတွေကတော့ရှိနေဆဲပါပဲ။ဇာတ်လမ်းရဲ့အဆုံးပိုင်းမှာ တကယ်တော့ အသံမထွက်နိုင်တဲ့မယ်လိုဒီအတွက် ဘယ်လိုစကားပြောရမလဲဆိုတာကအရေးမကြီးဘဲ သူပြောစရာရှိတာကိုပြောနေဖို့ပဲလိုတယ်ဆိုတဲ့အချက်ကို မယ်လိုဒီတစ်ယောက်သဘောပေါက်နားလည်သွားခဲ့ပါတယ်။ အစစအရာရာလိုက်လုပ်ပေးဖို့လိုတဲ့ မယ်လိုဒီလိုကလေးတစ်ယောက်အတွက် မယ်လိုဒီရဲ့မိဘတွေရဲ့အပင်ပန်းခံပံ့ပိုးပေးမှုကလည်း မယ်လိုဒီရဲ့အောင်မြင်မှုနဲ့ထူးချွန်မှုအတွက်အဓိကအခန်းကဏ္ဍကပါဝင်နေတယ်ဆိုတာမြင်တွေ့နိုင်မှာဖြစ်ပါတယ်။ File size… (1.64GB) / (853MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 42m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JULY
movie

Out of My Mind (2024)

You Gotta Believe (2024) 5.8
You Gotta Believe (2024)  ဒါကတော့ ဒါရိုက်တာ Ty Roberts ရိုက်ကူးထားပြီး မင်းသားကြီးLuke Wilson နဲ့ Greg Kinnear တို့ အဓိကပါဝင်ထားတဲ့ဘေ့စ်ဘောအသင်းတစ်သင်းရဲ့ ဖြစ်ရပ်မှန် အားကစားဇာတ်လမ်းကောင်းပါ All-Stars ဘေ့စ်ဘော့အသင်းဟာ ရာသီပွဲတွေမှာ ရှုံးပွဲတွေဆက်နေခဲ့ပြီး နည်းပြဂျွန်ကလဲ ရှေ့နေအလုပ်နဲ့ပဲ အလုပ်တွေရှုပ်နေခဲ့ပါတယ်။ အသင်းသားတွေဟာလဲ စည်းလုံးမှုမရှိပဲ အချင်းချင်းရန်ဖြစ်နေကြပြီး ရာသီနောက်ဆုံးပွဲကိုပါ ရှုံးနိမ့်သွားပါတော့တယ်။ပြဿနာကိုယ်စီနဲ့ အသင်းသားတွေဟာ ပန်းတိုင်မရှိပဲလမ်းပျောက်နေကြတဲ့ချိန်မှာ နည်းပြဂျွန်က ဘေ့စ်ဘောလူငယ်အသင်းကမ္ဘာ့စီးရီးပြိုင်ပွဲ ဝင်ပြိုင်ဖို့ ကမ်းလှမ်းချက်ရခဲ့ပါတယ်။ငြင်းဖို့ပြင်နေချိန် နည်းပြ‌လဲဖြစ် ကစားသမား ရောဘတ်ရဲ့ အဖေလည်းဖြစ်တဲ့ နည်းပြဘော်ဘီက ကင်ဆာနောက်ဆုံးအဆင့်လို့ သိလိုက်ရတဲ့အခါ.....ပန်းတိုင်ပျောက်နေတဲ့ လူငယ်လေးတွေဖို့ နည်းပြဘော်ဘီအတွက်နိုင်ပွဲယူဖို့က ပန်းတိုင်ဖြစ်လာတဲ့အခါ..... အကောင်းဆုံးသူငယ်ချင်းရဲ့အိပ်မက်တွေဖြစ်လာဖို့ နည်းပြဂျွန်ဟာ မိတ်ဆွေတွေရဲ့အကူအညီနဲ့အသင်းကိုလေ့ကျင့်ပေးပြီး ပြိုင်ပွဲဝင်ဖို့ ဖြစ်လာပါတော့တယ်။All-Starsအသင်းရဲ့ ပြိုင်ပွဲတစ်လျှောက် အတွေ့အကြုံတွေ ၊လူငယ်လေးတွေရဲ့ ရင့်ကျက်လာမှုတွေ တွေ့ရမဲ့အပြင် ကမ္ဘာ့စီးရီးမှာဘယ်အဆင့်ထိ တက်လှမ်းနိုင်မလဲ.....ဘော်ဘီကရော ဘာဆက်ဖြစ်မလဲ......အိပ်မက်အတွက်တိုက်ပွဲနဲ့ ဘဝအတွက်တိုက်ပွဲ နှစ်ခုလုံးမှာအောင်မြင်သွားမလား ရှုံးနိမ့်သွားမလားဆိုတာကိုတော့.....။ File size…(1.71GB) / ...
movie

You Gotta Believe (2024)

Burden (2022) 7.8
Burden (2022) Burden (2022)ဘေ့စ်ဘောကစားသမား ဒေးဗစ်ဟာ ငယ်စဉ်က အိမ်တွင်းအကြမ်းဖက်မှုခံခဲ့ရသူပါ။သူ့မှာ အေဗာဆိုတဲ့ ငယ်သူငယ်ချင်းမလေး ရှိပါတယ်။ မိခင်ရယ် ညီလေးရယ်နဲ့အတူကြီးပြင်းလာရင်း တစ်နေ့မှာတော့ သူ့ညီမောင်းလာတဲ့ကားက မတော်တဆမှုဖြစ်ပြီး တစ်ဖက်ကားပေါ်ကသူ သေဆုံးသွားခဲ့ပါတယ်။ သေဆုံးသူက တခြားသူမဟုတ်ဘဲ အေဗာရဲ့ အမျိုးသား ဖြစ်နေခဲ့ပါတယ်။ဒေးဗစ်က သူ့ညီအစား ထောင်ထဲဝင်ပေးလိုက်တော့ သူ့ရဲ့ ဘေ့စ်ဘောကစားသမားဘဝမှာ ကမောက်ကမတွေ ဖြစ်ကုန်ပါတယ်။ဒီလို အခက်အခဲတွေကြားကနေမှ ဒေးဗစ်တစ်ယောက် သူ့အဖေ သူ့ညီလေးတို့နဲ့ မိသားစုကို ဘယ်လိုမျိုး ပြန်လည်တည်ဆောက်ကြမလဲ? အေဗာနဲ့ရောဘယ်လိုရှေ့ဆက်ကြမလဲ? ဆိုတာ ဆက်လက် ကြည့်ရှုလိုက်ကြရအောင်ပါ။(ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Poant ပါ။)File Size :  1.5GB, 547MB, 268MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format : mp4 Duration : 1hr & 35mins Genre : Drama, ...
movie

Burden (2022)

2022