Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nicholas Farrell
6.9
Legend (2015)
Legend (2015)IMDb Rating (6.9) / Rotten Tomatoes (60%)Gangster ဇာတ်ရုပ်ကို ပိုင်ပိုင်နိုင်နိုင်သရုပ်ဆောင်နိုင်သူ မင်းသားတွေကို ပြပါဆိုရင် Tom Hardy ကိုလည်းချန်ထားခဲ့လို့ မရဘူးရယ်။ ဒီဇာတ်ကားမှာတော့ ၅၀ပြည့်နှစ်-၆၀ပြည့်နှစ်တွေမှာ လန်ဒန်မြို့ရဲ့ နာမည်ဆိုးနဲ့ကျော်ကြားခဲ့တဲ့ Gangsters တွေဖြစ်တဲ့ ခရေးအမြွှာညီနောင်ရဲ့ နေရာကနေ ပါဝင်သရုပ်ဆောင်ထားတယ်။ Identical twins ဖြစ်တဲ့အတွက် နှစ်ကိုယ်ခွဲသရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ရော်နယ်ခရေးနဲ့ ရတ်ဂျီနယ်ခရေးဆိုတဲ့ အမြွှာညီအစ်ကိုနှစ်ယောက်အကြား ရွန်လို့ခေါ်တဲ့ ရော်နယ်ကတော့ စိတ်ကစဉ့်ကလျားရောဂါကို ခံစားနေရသူပေါ့။ ဒီတော့ သွေးဆာတတ်တယ်၊ အကြမ်းဖက်တတ်တယ်၊ ထင်တိုင်းကြဲတတ်တယ်။ ရတ်ဂျီကတော့ ပိုက်ဆံကြိုက်တယ်၊ ကလပ်ပိုင်ရှင် ကာစီနိုပိုင်ရှင်ဖြစ်တဲ့အတွက် အဲ့ဂုဏ်ပုဒ်နဲ့ ထိုက်တန်တဲ့ လေးစားမှုကို ရချင်ပါတယ်တဲ့။ အကျဉ်းချုပ်လိုက်ရင်တော့ နှစ်ယောက်လုံးက ဂန်းစတားတွေပါ။ဒီရုပ်ရှင်ကို ရတ်ဂျီရဲ့ ချစ်ရသူ၊ သူ့ထက် ၁၀ နှစ်ငယ်တဲ့ ဖရန်စစ်ရှေယာ(Emily Browning)က ဇာတ်ကြောင်းကို ပြောပြနေဟန်ရိုက်ကူးထားတယ်။ ...
movie
Legend (2015)
4K HEVC
5.5
Mortdecai (2015)
ဒီဇာတ်ကားက ၂၀၁၅ခုနှစ်က ထွက်ရှိခဲ့တာဖြစ်ပြီး Johnny Depp,Paul Bettanyနဲ့ Gwyneth Paltrowတို့လို နာမည်ကြီးတွေပါဝင်ထားတဲ့ဟာသအက်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ပန်းချီပွဲစား၊နယ်စားမော့ဒီကိုင်းတစ်ယောက် လူမွဲစာရင်း သွင်းခံရမဲ့အချိန်ပန်းချီကား ပြုပြင်ထိန်းသိမ်းရေးသမားတစ်ဦး အသတ်ခံရပြီးပန်းချီကားတစ်ချပ်ပျောက်သွားတဲ့အမှုကို စုံစမ်းပေးဖို့MI5က သူ့ရဲ့ မိတ်ဆွေဟောင်းစုံထောက်မာ့တ်လန်းက အမှုလာအပ်ပါတယ်။အမှုလိုက်နေရင်းနဲ့ အဲဒီ ပန်းချီက ဟိုးယခင် စပိန်ဘုရင်ခေတ်ကတည်းကလက်ရာကောင်း တစ်ခုဖြစ်နေပြီး ဒုတိယကမ္ဘာစစ်ပြီးကထဲကပျောက်ဆုံးနေတဲ့ ပန်းချီကား ဖြစ်နေခဲ့တာပါ။ဒါ့အပြင် အဲဒီပန်းချီကားရဲ့ ကျောဘက်မှာ ပန်းချီကားကို နောက်ဆုံးပိုင်ခဲ့သူကသူ့ရဲ့လျှို့ဝှက်ဘဏ်နံပါတ်ကို ချရေးခဲ့တယ်ဆိုတဲ့ ကောလာဟလကြောင့်အဲဒီပန်းချီကားဟာ ပန်းချီလောကမှာ နာမည်ကြီးပြီး လိုချင်သူတွေ ဝိုင်းဝိုင်းလည်နေတာပါ။အဲဒီပန်းချီကားကို မော့ဒီကိုင်း တစ်ယောက် အရယူနိုင်ပါ့မလား။ဘယ်လိုလူမျိုးတွေ အခက်အခဲတွေကို ကျော်ဖြတ်ပြီး ပြိုင်လုရမလဲဆိုတာJonny Deppရဲ့ သရုပ်ဆောင်ချက်နဲ့ အတူ ခံစားလိုက်ပါဦး File Size : 1.9 GB, 792 MB Quality : Blu-Ray 1080p / 720p Running Time : 1hr 47min Format ...
movie
Mortdecai (2015)
6.3
Mindhorn (2016)
စုံထောက်အမှုလိုက်ဟာသဇာတ်လမ်းလေးဖြစ်ပြီး ပေါ့ပေါ့ပါးပါးဟာသတွေစိတ်လှုပ်ရှားစရာဇာတ်ကွက်အစုံကို ရုပ်တည်ကြီးနဲ့သရုပ်ဆောင်ပြသွားတဲ့ဇာတ်လမ်းလေးပါ...။ဇာတ်လမ်းအကျဥ်းလေးကတော့...ရစ်ချက် သွန်းခရက်ဟာ ၁၉၈၀ ပြည့်နှစ်များဆီက ဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့သရုပ်ဆောင်တစ်ယောက်ပါ...။သူနာမည်ကြီးခဲ့တဲ့ရုပ်ရှင်နာမည်က အမှန်တရားကို မြင်နိုင်တဲ့ "စက်မျက်စိ စုံထောက်မိုင်းဟွန်း"....ရုပ်ရှင်ကအောင်မြင်ခဲ့ပေမယ့်လည်း ရစ်ချက်ဟာ ဘဝင်မြင့်အောက်ခြေလွတ်ပြီးလေကြီးလေကျယ်ပြောတတ်တဲ့သူဖြစ်လေတော့ လက်ရှိကာလမှာ ဘယ်သူမှသူ့ကိုရုပ်ရှင်ခေါ်မရိုက်ကြတော့ပါဘူး...။ဒီတော့ ရစ်ချက်ခမျာ အလုပ်လက်မဲ့ မင်းသားအဖြစ်ပေတေလေလွင့်နေရတာပေါ့...ကံကောင်းချင်တော့ ရစ်ချက်ရဲ့ မွေးရပ်မြေကျွန်းလေးမှာ လူသတ်မှုတစ်ခုဖြစ်ပါတယ်...။လူသတ်တရားခံက ရဲတွေဆီဆက်သွယ်ပြီးတော့ သူနဲ့ညှိနှိုင်းချင်ရင်စုံထောက်မိုင်းဟွန်းကိုခေါ်ပေးလို့ပြောပါတယ်...။စုံထောက်မိုင်းဟွန်းဆိုတာ လက်တွေ့ဘဝမှာတကယ်မရှိတဲ့အတွက် ရဲတွေလည်းကြံရာမရမယ့်အတူတူ စုံထောက်မိုင်းဟွန်းအဖြစ်သရုပ်ဆောင်ခဲ့တဲ့ ရစ်ချက်ကိုပဲအကူအညီလှမ်းတောင်းပါတယ်...ရစ်ချက်ကလည်း အလုပ်မရှိတဲ့အပြင် တီဗီထဲကစုံထောက်က တကယ့်စုံထောက်စစ်စစ်တွေကိုကူညီပြီးအမှုဖြေရှင်းနိုင်ရင် နာမည်ကြီးမှာပဲဆိုပြီး လက်ခံလိုက်ပါတယ်....စိတ်ကူးယဥ်ရုပ်ရှင်ဇာတ်ကောင်တဖြစ်လဲ စုံထောက်မိုင်းဟွန်းတစ်ယောက် လက်တွေ့ဘဝမှာဘယ်လိုအမှုလိုက်မလဲဆိုတာကို ရယ်ရင်းမောရင်းကြည့်ရှုရမယ့်ဇာတ်လမ်းလေးပဲဖြစ်ပါတယ်....။ File size…1.51GB / 712MB Quality…Blu-Ray 1080p 5.1 CH/ 720p Format…mp4 Duration….1h 29m Genre ….. Comedy , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie
Mindhorn (2016)
7.2
Testament of Youth (2014)
𝑻𝒆𝒔𝒕𝒂𝒎𝒆𝒏𝒕 𝒐𝒇 𝒀𝒐𝒖𝒕𝒉(ငယ်ရွယ်သူ့သက်သေ)ဟာ 1933ခုနှစ်မှာထုတ်ဝေခဲ့တဲ့ နာမည်ကျော်စစ်ပွဲကိုယ်တွေ့မှတ်တမ်းတစ်ခုရဲ့စာမူခေါင်းစဥ်ဖြစ်ပါတယ်...။စာရေးဆရာမ Vera Brittainရဲ့ ပထမကမ္ဘာစစ်အတွင်းကိုယ်တွေ့အဖြစ်အပျက်များကို ရေးသားထားတာဖြစ်ပြီး...Veraဟာစစ်ကြီးအပြီးနှောင်းပိုင်းကာလတွေမှာ စစ်ဆန့်ကျင်ရေးငြိမ်းချမ်းရေးလှုပ်ရှားသူအဖြစ် တက်ကြွလှုပ်ရှားခဲ့သူပါ...။သရုပ်ဆောင်တွေအနေနဲ့ Veraနေရာမှာ The Man from U.N.C.L.E.ထဲကမင်းသမီးချော Alicia Vikanderကသရုပ်ဆောင်ထားပြီးGOTထဲ YOU KNOW NOTHINGမင်းသား ဂျွန်စနိုးကလည်းပါဝင်အားဖြည့်ထားပါတယ်ဗျ...။ဇာတ်အိမ်လေးကိုပြောပြရမယ်ဆိုရင် ပထမကမ္ဘာစစ်ကြီးစဖြစ်တဲ့အချိန်အခါတုန်းပေါ့...စစ်ကြီးဖြစ်လာပြီဆိုရင် ထုံးစံအတိုင်း လူငယ်လူရွယ်လေးတွေဟာတိုင်းပြည်အတွက် သမိုင်းပေးတာဝန်ထမ်းမယ်...ဒီအခွင့်အရေးအရေးမျိုးက မျိုးဆက်တိုင်းမရနိုင်ဘူး၊ စစ်ဆိုတာလည်းခဏနဲ့ပြီးမှာပါလေဆိုပြီး ယုံကြည်ချက်ကိုယ်စီနဲ့ ရှေ့တန်းကို အလုအယက်ထွက်ကြပါတယ်...။ဘဝအတွေ့အကြုံနုနယ်သေးတဲ့ လူငယ်သဘာဝပါပဲ...။အမျိုးသားလူငယ်လေးတွေ ရှေ့တန်းကို ထွက်သွားချိန်မှာတော့ အနောက်မှာမျှော်တရစ်ရစ်နဲ့ ကျန်နေခဲ့သူတွေကတော့...အမေတွေ၊ အစ်မတွေ၊ ဇနီးမယားတွေပါပဲ...ပြန်လာနိုးနိုးနဲ့ မျှော်နေမိကာမှ ထွက်သွားတုန်းက လူတစ်ယောက်ပြန်လာတော့ စာတစ်စောင်ဖြစ်နေတဲ့ အဖြစ်မျိုးက မနည်းပါဘူး...။မျှော်ရတာ ရင်ပူလွန်းလို့ထင်ပါရဲ့... ချစ်သူရှိရာ ရှေ့တန်းကို သူနာပြုအဖြစ်ပါရမီဖြည့်လိုက်ကြတဲ့ ဇာတ်လမ်းတွေလည်းရှိပါတယ်...။ဘာတွေပဲဖြစ်နေနေ တစ်ချိန်မှာတော့ အားလုံးပြန်ဆုံနိုင်ဦးမှာပါ....ဒီဘဝ ဒါမှမဟုတ် တမလွန်မှာပေါ့လေ...။ခံစားချက်တသောသောကို အချိန်ပေးခံစားကြည့်ရှုရမှာဖြစ်တာမို့လက်မလွတ်တမ်းကြည့်ရှုသင့်တဲ့ Biographgy Drama History movieလေးပါပဲ...။ File size…1.82GB / ...
movie
Testament of Youth (2014)
7.4
Amazing Grace(2006)
Amazing Grace(2006)*********************IMDB...7.4၁၇ရာစုနှစ်အလယ်ပိုင်းလောက်က ကမ္ဘာကြီးမှာ ကိုလိုနီနယ်မြေတွေ၊အင်ပါယာတွေကြောင့်ကျွန်ကူးသန်းရောင်းဝယ်ရေးဆိုတာ ပေါ်ထွန်းလာခဲ့ပြီး အဓိကအချက်ကတော့ လုပ်ခသက်သာတာရယ် စိုက်ပျိုးရေးလုပ်ငန်းအမျိုးမျိုးအတွက် ခေါင်းပုံဖြတ်လို့ရတာတွေကြောင့်ပါ။ ဒီထဲမှာမှ ဗြိတိန်အင်ပါယာဟာလည်း ကိုလိုနီနယ်မြေတွေမှာ ကြံပင်၊ကော်ဖီပင်စတဲ့စိုက်ပျိုးရေးတွေလုပ်ပြီး တိုင်းပြည်စီးပွားရေးအတွက် ကျွန်တွေအပေါ်မှီတည်ထားပါတယ်။ ၁၈ရာစုနှစ်အရောက်မှာတော့ William Wilberforceဆိုတဲ့ ဗြိတိန်ပါလီမန်အမတ်တစ်ဦးဟာကျွန်ကူးသန်းရောင်းဝယ်မှုကို ဖျက်သိမ်းဖို့ ဦးဆောင်လှုပ်ရှားခဲ့ပြီး ဒီဇာတ်လမ်းဟာ သူ့ရဲ့ကြိုးစားအားထုတ်မှုတွေ၊ ကျွန်စနစ်အပေါ် အဲ့ခေတ်ကပါလီမန်အမတ်တွေရဲ့အမြင်၊ လူထုအမြင်တွေကို သိသာအောင်ရိုက်ကူးပြထားတာပါ။ စနစ်တစ်ခု ပြုပြင်ဖို့ ဖျက်သိမ်းဖို့ လွှတ်တော်မှာတင်ပြကြတဲ့အခါ လက်ခံတဲ့သူတွေရှိသလိုဒီစနစ်ကနေအကျိုးအမြတ်ရနေသူတွေကတော့ ကန့်ကွက်ကြမှာပါပဲ။ ဒါဟာ ဖြစ်နေကျ နိယာမပါပဲ။ ဒါကို William Wilberforceဦးဆောင်တဲ့လူတစ်စုကအကြိမ်ကြိမ်ကျရှုံးရင်း ဘယ်လိုရင်ဆိုင်သွားကြလဲဆိုတာ ဇာတ်ကားထဲမှာကြည့်ရှုနိုင်ပါပြီ။ သရုပ်ဆောင်တွေအနေနဲ့ အားလုံးသိပြီးသားဖြစ်တဲ့ Fantastic Four မင်းသား Ioan Gruffuddကအဓိကဇာတ်ဆောင်နေရာကပါဝင်ထားပြီး Doctor Strange မင်းသားBenedict Cumberbatchလည်းပါဝင်သရုပ်ဆောထားပါတယ်..File Size :(3.07GB) and (1.01GB) Quality : Blu-Ray 720p Format…mp4 Duration…01:48:00 Genre : Biography, Drama , History Subtitle : Myanmar Subtitle (Hard ...
movie
Amazing Grace(2006)
7.6
Bloody Sunday (2002)
Bloody Sunday (2002) ဒီဇာတ်ကားလေးကတော့ ၁၉၇၂ ခု ဇန်နဝါရီလ ၃၀ ရက်မှာဖြစ်ပွားခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်အခြေတည်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ဗြိတိန်လက်အောက်ခံ အိုင်ယာလန်နိုင်ငံမြောက်ပိုင်းဒေသမှာ အဲဒီအချိန်က ကက်သလစ်ဘာသာဝင်တွေအပေါ် ခွဲခြားဆက်ဆံခံရမှုတွေကြောင့် ပြည်သူအများစုက ဗြိတိန်ကနေ ခွဲထွက်ချင်နေပါတယ်။ဖိနှိပ်မှု နဲ့ ဖမ်းဆီးခံရမှုတွေကြောင့် အိုင်ဗန်ခေါင်းဆောင်တဲ့ ဒယ်ရီမြို့သားတွေက သူတို့လိုချင်တာကို ညှိညှိနှိုင်းနှိုင်းနဲ့ တောင်းဆိုဖို့ ကြိုးစားခဲ့ကြပေမဲ့ တစ်ဖက်က ဗြိတိသျှတွေကတော့ ဒါမျိုး တောင်းဆိုမှုတွေ ထပ်မံ မပေါ်ပေါက်လာဖို့အရေးကိုပဲ ကြိုးပမ်းခဲ့ကြပါတယ်။ဒီလိုနဲ့ တစ်နေ့သော တနင်္ဂနွေ မနက်ခင်းတစ်ခုမှာတော့ ...ခွဲခြားဆက်ဆံခံခဲ့ရတဲ့ အိုင်ယာလန်မြောက်ပိုင်းဒေသက ကက်သလစ်ဘာသာဝင်တွေ သူတို့ လိုချင်တာတွေ ဖြစ်ချင်တာတွေကို ညှိနှိုင်းတောင်းဆိုလို့ရသွားမလားဆိုတာကိုတော့ ဒီ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးထဲ ဆက်ကြည့်ရှုခံစားလိုက်ကြရအောင်ပါ။ (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်ကတော့ Poant ပါ။) File Size : 4.3GB, 1.7GB, 611MB Quality : 1080p WEB-DL AC3 5.1CH, 720p WEB-DL, 480p Format ...
movie
Bloody Sunday (2002)
2002
7
Munich: The Edge of War (2022)
ဒီရုပ်ရှင်ဟာ ၂၀၁၇ တုန်းက Gary Oldman ကြီး အော်စကာတွေသိမ်းပိုက်ခဲ့တဲ့ The Darkest Hour ဆိုတဲ့ ဒုတိယကမ္ဘာစစ်ရုပ်ရှင်ရဲ့ ရှေ့ကား ( Prequel) ဆိုပြီးပြောနေကြတယ်..ပထမကမ္ဘာစစ်အပြီးနောက်ပိုင်း နာဇီတို့အင်အားကြီးလာပြီး ဟစ်တလာအာဏာအထွတ်အထိပ်ရောက်နေချိန် ဖြစ်ပါတယ်။ ဂျာမနီရဲ့ တိုးပွားလာတဲ့ လူဦးရေ ၈၅ သန်းကျော်နဲ့အတူ ဂျာမနီပြည်ထောင်သစ်အတွက် နယ်မြေချဲ့ထွင်ဖို့ ဟစ်တလာရဲ့ကြွေးကြွော်သံတွေနဲ့ ဂျာမန်သားတွေလည်း သွေးဆူနေခဲ့ပြီဖြစ်ချင်တော့ ချက်ကိုစလိုဗားကီးယားရဲ့ ဆူဒန်တေနယ်မြေအရေးဟာ ပေါ်ပေါက်လာတယ် ဆူဒန်တေဆိုတာ ချက်ကိုစလိုဗားကီးယားနဲ့ဂျာမနီကြားက နယ်စပ်နယ်မြေဖြစ်ပါတယ် ဒီနယ်မြေကို ဂျာမနီနဲ့ ချက် ၂ နိုင်ငံလုံးက လက္မလွှတ်နိုင်ကြတဲ့အတွက် ဟစ်တလာကတော့ အင်အားသုံးပြီး ချက်ကိုစစ်ကြေြငာဖို့အသင့်ဖြစ်နေပါပြီ ဒါပေမယ့် ချုပ်ဆိုထားတဲ့သဘောတူညီမှုအတိုင်း ချက်နဲ့ဂျာမန်စစ်ဖြစ်တာနဲ့ ဗြိတိန်၊ပြင်သစ်တို့ကပါ မဟာမိတ်နိုင်ငံများစည်းမျဉ်းရ ချက်ဘက်က ဝင်ရောက်တိုက်ခိုက်ပေးရမှာပါ....နာဇီတွေနဲ့စစ်မဖြစ်ချင်တဲ့ ဗြိတိန်ဝန်ကြီး နဗလီချိန်ဘာလိန်ဟာ မြူးနစ်ကိုသွားပြီး ဟစ်တလာနဲ့တွေ့ကာ ဆူဒန်တေဒေသကို ဂျာမန်လက်ထဲထည့်ဖို့သဘောတူစာချုပ်ချုပ်လိုက်ပါတယ်ဒါ့အပြင် ဟစ်တလာနဲ့ချိန်ဘာလိန်ဟာ ဂျာမနီ-အန်ဂလို ဆိုတဲ့ ဗြိတိန်နဲ့ဂျာမနီ ၂ နိုင်ငံ ထာဝရငြိမ်းချမ်းရေး သဘောတူညီမှုကိုပါ တမင်ယူခဲ့ပါတယ် ဒါကိုလုပ်ခဲ့တဲ့အကြောင်းက ဟစ်တလာက ဒီသဘောတူညီမှုကို ဖောက်တာနဲ့ မဟာမိတ်နိုင်ငံများအသင်း တစ်ဖွဲ့လုံး ဂျာမန်ကိုအာခံကြတော့မှာပါ... ဒါပေမယ့် ...
movie
Munich: The Edge of War (2022)
6.2
Pearl Harbor (2001)
Pearl Harbor 2001 ==================== ၁၉၄၁ ခုနှစ်က အမေရိကန်နိုင်ငံ၊ပုလဲဆိပ်ကမ်းကိုဂျပန်တွေလာရောက်တိုက်ခိုက်ခဲ့တဲ့ဖြစ်ရပ်မှန်အပေါ်မူတည်ပြီးရိုက်ကူးထားတဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ဖြစ်ရပ်မှန်ဆိုပေမယ့်အဓိကဇာတ်ကောင်တွေကတော့စိတ်ကူးယဥ်သာဖြစ်ပြီးအချစ်ဇာတ်လမ်းအပိုင်းပါထည့် သွင်းထားတာဖြစ်ပါတယ်။ ရေ့ဖ်နဲ့ဒန်နီဟာ ငယ်စဥ်ကတည်းကအချစ်ဆုံးသူငယ်ချင်းတွေဖြစ်ပြီး အမေရိကန်လေတပ်ပိုင်းလော့တွေလည်းဖြစ်ကြပါတယ်။ ရေ့ဖ်ဟာ အက်ဗလင်း ဆိုတဲ့ စစ်သူနာပြုနဲ့ချစ်ကြိုက်ပြီးနောက် ဥရောပမှာဖြစ်ပွားနေတဲ့ဒုတိယကမ္ဘာစစ်အတွက် ဗြိတိန်ဘက်မှဝင်တိုက်ပေးဖို့အခွင့်အရေးကိုရရှိသောအခါလက်လွှတ်မခံနိုင်၍ ချစ်သူအက်ဗလင်းကိုနှုတ်ဆက်ကာ အင်္ဂလန်သို့ထွက်သွားပါတော့တယ်။ ရေ့ဖ်တစ်ယောက် အင်္ဂလန်မှာဂျာမန်တွေကိုတိုက်ခိုက်နေချိန်မှာ အင်အားနည်းနေတဲ့ပုလဲဆိပ်ကမ်းကို ထင်မှတ်မထားတဲ့အန္တရာယ်ကြီးကျရောက်လာပါတော့တယ်။ ဒီဇာတ်လမ်းကိုရိုက်ကူးခဲ့တဲ့ဒါရိုက်တာဟာ Transformers ဇာတ်လမ်းတွေနဲ့နာမည်ကြီးခဲ့တဲ့ Michael Bay ဖြစ်တာမို့သူ့ရဲ့အက်ရှင်ပေါက်ကွဲမှုလက်ရာတွေကိုဇာတ်လမ်းတစ်လျှောက် အားရပါးရမြင်တွေ့ရမှာပါ။ အက်ရှင်ကားကြမ်းကြမ်းကြိုက်သူတွေ၊ စစ်ဇာတ်လမ်းကြိုက်သူတွေ၊ ဒါရိုက်တာ Michael Bay ရဲ့လက်ရာတွေကြိုက်သူတွေအဖို့တော့ ကြည့်သင့်တဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ Translated by : Pyi T Nyein Encoded by : YK Quality : 1080p blueray and 720p
movie
Pearl Harbor (2001)
2001
5.9
Hurricane (2018)
Hurricane(2018) က ဒုတိယ ကမ္ဘာစစ်က ဖြစ်ရပ်မှန်ပေါ် အခြေခံပြီး ရိုက်ကူးထားတာပါ။ဗြိတိန် တော်ဝင်လေတပ်ရဲ့ အင်အား ၂၀% ဖြစ်တဲ့ ပိုလန်သားတိုက်လေယာဉ်မှုးတွေနဲ့ဖွဲ့စည်းထားတဲ့ ရန်သူတွေကိုချေမှုန်းနိုင်စွမ်းအမြင့်ဆုံးအဖွဲ့ဖြစ်တဲ့ ၃၀၃ တပ်ဖွဲ့အကြောင်း တစေ့တစောင်းပြသထားပါတယ်။ဒီဇာတ်ကားရဲ့အဓိကဇာတ်ကောင်ဖြစ်တဲ့ Jan Zumbach က ဇာတ်ကားအစမှာအသိမ်းခံထားရတဲ့ ပြင်သစ်နိုင်ငံထဲက ဂျာမန်လေယာဉ်တစ်စင်းကိုခိုးယူပြီးအင်္ဂလန်ကိုခိုလှုံဖို့ရောက်လာပါတယ်။အရင်ရောက်နေတဲ့ ရဲဖော်ရဲဖက်တွေနဲ့ ပြန်တွေ့ပြီးတော်ဝင်လေတပ် တစ်နေရာမှာ တာဝန်ထမ်းခွင့်ရပါတယ်။လူမျိုးကြီး ဝါဒကို လက်ကိုင်ထားတဲ့ အင်္ဂလိပ်တွေက ပိုလန်သားလေယာဉ်မှုးတွေကိုအထင်သေးပြီး နှိမ်ထားကြပေမဲ့ သူတို့ရဲ့ အရည်အချင်းက ထင်ရှားနေတာကိုတွေ့လာရတဲ့အတွက် ၃၀၃ ဆိုတဲ့ တပ်ဖွဲ့က နာမည်ကြီးလာပါတယ်။ဒုတိယကမ္ဘာစစ်အကြောင်း၊ လေကြောင်းတိုက်ပွဲတွေကို စိတ်ဝင်စားသူများအတွက်တော့ကြည့်ကောင်းမယ့်ဇာတ်ကားလေးတစ်ကားဖြစ်ပါတယ်။ File Size : (1 GB) & ( 345 ...
movie
Hurricane (2018)
2018
6.4
The Iron Lady (2011)
The Iron Lady (2011) IMDb - 6.4/10_____Rotten - 52% Won 2 Oscars. Another 23 wins & 47 nominations. ဒီရုပ်ရှင်ကား ဇာတ်ကားက တော့ ဖြစ်ရပ်မှန် ကိုပြန်ရိုက်ကူးထားတယ့် ကားဖြစ်ပါတယ်။ ဗြိတိန် သမိုင်း ကိုတစ်ဆစ်ချိုးပြောင်းလဲ ခဲ့ပြီး ရာဇဝင်တွင်ကျန်နေခဲ့တယ့် ဗြိတိန် နိုင်ငံရဲ့ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်ခဲ့တယ့် မာဂရက်သက်ချာ အကြောင်းဖြစ်ပါတယ်။ သက်ချာလို့ပြောလိုက်ရင် လူခွန်တောင်ကောက် တယ့်သူဆိုပြီး တစ်ချို့ ကြားဖူးကြပါလိမ့်မယ်။ ဒီဇာတ်ကားက Biography/Drama အမျိုးအစားဖြစ် ပြီး IMDb Rating 6.4 ၊ Rotten Tomatoes 52% ၊ Roger Ebert 2 /4 ရရှိထားပါတယ်။ တစ်ကားလုံးကြာမြင့်ချိန် ၁၀၄ မိနစ်ရှိ ပြီးတော့ Budget ၈.၂ မီလီယံဒေါ်လာနဲ့ရိုက်ကူး ထားပြီး Box Office မှာ ၁၁၅ မီလီယံပြန်လည် ရှိရှိခဲ့ပါတယ်။ 20th Century Fox က ဖြန့်ချီထားပါတယ်။ အဓီက ...
movie
The Iron Lady (2011)
2011