Channel Myanmar

Nicholas Asad

The Keeper (2024) 6.2
The Keeper (2024)  အလုပ်တစ်ခုကိုစလုပ်ပြီးရင် ပြီးအောင်လုပ်ဖို့ Moti လိုနေတဲ့သူတွေအတွက် ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးကတော့ ၂၀၂၁ ခုနှစ်တုန်းကဂျော့ဂျ်လို့ခေါ်တဲ့ အမေရိကန်စစ်ပြန်တစ်ယောက် လမ်းလျှောက်တောင်တက်ခဲ့တဲ့ခရီးစဉ်ကိုရိုက်ကူးတင်ဆက်ထားတာဖြစ်ပါတယ်။နာမည်ကိုတော့ The Keeper လို့ပေးထားပြီး လက်ရှိ IMDb Rating6.2 အထိရရှိထားပါတယ်။သူလမ်းလျှောက်တောင်တက်တာဘာထူးဆန်းလို့လဲမေးရင်တော့သူနဲ့အတူတူတိုက်ပွဲဝင်ခဲ့တဲ့ စစ်ပြန်ရဲဘော်တွေထဲကမှ ပြန်လာပြီးသိပ်မကြာခင်မှာ ကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်သွားခဲ့ကြတဲ့ စစ်ပြန်ပေါင်း၃၆၃ ယောက်ရဲ့နာမည်ပြားတွေကိုသူ့ရဲ့ခရီးသွားလွယ်အိတ်ကြီးမှာအလေးခံချိတ်ဆွဲပြီး အပလာချီယန်လမ်းကြောင်းကို မိုင်ပေါင်း ၂၁၉၃ မိုင်သွားခဲ့တဲ့ခရီးဖြစ်နေလို့ပဲဖြစ်ပါတယ်။သူ့ရဲ့အဓိကရည်ရွယ်ချက်ကတော့အဲ့ဒီနာမည်ပြားတွေထဲမှာပါတဲ့လူတွေအတွက်ရည်ရွယ်ပြီး ဂုဏ်ပြုဖို့အတွက်ပဲဖြစ်ပါတယ်။အသက်လည်းနည်းနည်းရနေပြီဖြစ်တဲ့ဂျော့ဂျ်တစ်ယောက်အတွက် ခရီးလမ်းကခက်ခဲပေမဲ့ လမ်းမှာတွေ့တဲ့တခြားသောစစ်ပြန်တွေပေးတဲ့ခွန်အားတွေနဲ့ရှေ့ဆက်ပြီး မလျှော့သောဇွဲနဲ့ပန်းတိုင်ကိုအရောက်လှမ်းခဲ့တဲ့ခရီးစဉ်ကိုစိတ်ဝင်စားစရာရှုစားရမှာဖြစ်တဲ့အတွက် ဖြစ်ရပ်မှန်ဇာတ်ကားလေးတွေသဘောကျတဲ့လူတွေအတွက်တော့ အကြိုက်တွေ့စေမှာအသေအချာပါပဲ။ File size… (1.56GB) / (855MB ) Quality… WEB-DL 1080p HEVC / 720p Format…mkv / mp4 Duration….1h 41m Genre ….. Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

The Keeper (2024)