Channel Myanmar

Nicholas Art

The Nanny Diaries (2007) 6.2
The Nanny Diaries (2007) The Nanny Diaries (2007)မိမိကိုယ်ကို ဘယ်သူလဲ၊ ဘယ်လိုလူလဲဆိုတာ တိတိကျကျ သိကြပါသလား။ The Nanny Diaries ထဲက ဘွဲ့ရပြီးခါစ အသက် ၂၁ အရွယ်ကောင်မလေးကတော့ သူ့ကိုယ်သူ ဘယ်လိုလူလဲဆိုတာကို အဖြေရှာရင်း နာနီလို့ခေါ်တဲ့ ကလေးထိန်းဘဝကို ရောက်ရှိသွားခဲ့ပါတယ်။ အဲဒီအကြောင်းကို The Nanny Diaries ဆိုတဲ့ ဟာသ-ဒရမ်မာ ဇာတ်လမ်းမှာ စိတ်ဝင်စားစရာကောင်းအောင် ဟာသလေးနှောပြီး ရိုက်ကူးထားတာပါ။အန်နီဘရတ်ဒေါ့ခ်ဟာ ဘွဲ့ရပြီးချိန်မှာ အလုပ်ရှာဖွေရင်းနဲ့ မထင်မှတ်ဘဲ အထက်တန်းလွှာမိသားစု တစ်ခုရဲ့ ကလေးထိန်းဘဝကို ရောက်ရှိခဲ့ပါတယ်။ အဲဒီလိုနဲ့ အန်နီဟာ အားကျစရာကောင်းလောက်အောင် ပြီးပြည့်စုံနေပြီလို့ ထင်ရတဲ့ အိမ်ထောင်သည် အမျိုးသမီးမှာလည်း လူမသိတဲ့ ဒုက္ခတွေ ရင်ဆိုင်နေရကြောင်း သိမြင်လာခဲ့ရပါတယ်။ ငွေကြေးချမ်းသာ သလောက် မိဘတွေရဲ့ ဂရုစိုက်ခြင်းကိုမခံရဘဲ၊ အိမ်ထောင်ရေးအဆင်မပြေတဲ့ မိဘတွေကြားမှာ မြေစာပင် ဖြစ်နေရတဲ့ ဂရေယာလေးကို သံယောဇဉ် ...
movie

The Nanny Diaries (2007)

2007
Taking Chance (2009) 7.4
Taking Chance (2009) ဒီဇာတ်ကားက မြန်မာမင်းသားဖိုးကျော် နဲ့တူတဲ့ Kevin Bacon ရဲ့ဇာတ်ကားလေးပါ။ဒီဇာတ်က စစ်ကားဆိုပေမဲ့ စစ်တိုက်တာ မပါတဲ့ War Drama အမျိုးအစားလေးပါ။9/11 ကိစ္စအပြီးမှာ US ရဲ့ Marine တပ်တွေက အီရတ်နဲ့ အာဖဂန်နစ္စတန်မှာ တပ်တွေချထားပြီး အဲ့က သူပုန်သောင်းကျန်းသူတွေနဲ့ တိုက်ကြပါတယ်။ဒါပေမဲ့ ဒီဇာတ်လမ်းမှာတော့ ဘယ်သူကမှန်တယ် မှားတယ်ဆိုတာထက်စစ်ပွဲထဲမှာ သေသွားရတဲ့စစ်သားတွေ ဘက်ကနေ ရိုက်ပြထားပါတယ်။ဖြစ်ရပ်မှန်ဇာတ်ကားလည်းဖြစ်ပြီး အီရန်မှာ တိုက်ပွဲကျသွားတဲ့တပ်ကြပ် ချန့်ဖက်ပ် က သူသေဆုံးသွားတဲ့ အချိန်မှာ အသက် ၁၉ ပဲ ရှိပါသေးတယ်။သူရဲ့ အလောင်းကို သူ့မွေးရပ်မြေကို ပြန်ပို့ပေးဖို့ ဗိုလ်မှူးမိုက်ကယ်စတိုဘီ( Kevin Bacon ) ကကိုယ်တိုင် တောင်းဆိုပြီး လိုက်ပို့ပေးတဲ့ ဇာတ်လမ်းလေးကို ရိုက်ထားတာပါ။ဗိုလ်မှူးမိုက်ကယ်စတိုဘီက တိုက်ပွဲကနေအနားယူပြီးစစ်သား စိစစ်သူအနေနဲ့ လုပ်ကိုင်နေရင်း ရှေ့တန်းမှာ အသက်ငယ်ငယ်နဲ့ တပ်သားတွေသေဆုံးနေရတာကို အပြစ်ရှိသလိုခံစားနေရသူပါ။ဒီ ဇာတ်လမ်းနဲ့ Kevin ...
movie

Taking Chance (2009)

Syriana (2005) 6.9
Syriana (2005) ဒီဇာတ်ကားကတော့ အရှေ့အလယ်ပိုင်းဒေသမှာရှိတဲ့ အာရေးဗျနိုင်ငံနှင့် အီရတ်နိုင်ငံတို့ရဲ့ သဘာဝသယံဇာတဖြစ်တဲ့ ရေနံထွက်ရှိတဲ့နယ်မြေတွေကို လက်ဝါးကြီးအုပ် ပိုင်ဆိုင်ချုပ်ကိုင်နိုင်ဖို့အတွက် နိုင်ငံချင်းအားပြိုင်ရုံတင်မကဘဲ နောက်ကွယ်မှာ အမေရိကန်တို့လို အင်အားကြီးနိုင်ငံတွေပါ ကြိုးကိုင်ခြယ်လှယ်နေတယ်ဆိုတာကိုပါ ရိုက်ပြထားတာပါဒီဇာတ်လမ်းမှာ ပါဝင်တဲ့ဇာတ်ကောင်တွေဖြစ်တဲ့ အာရပ်တော်ဝင်စော်ဘွားတွေ၊ ရေနံတူးဖော်ရေးကုမ္ပဏီနှစ်ခု ပေါင်းစည်းနိုင်ဖို့ကြိုးပမ်းနေတဲ့ ရှေ့နေဖြစ်သူ ဘင်းနက်ဟောလီးဒေး၊ ဆွစ်ဇာလန်အခြေစိုက်စွမ်းအင်ကုမ္မဏီရဲ့ လေ့လာဆန်းစစ်ရေးပညာရှင် ဘရိုင်ယန်ဝုဒ်မန်းတို့ဟာ နောက်ကွယ်မှာပါဝင်ကြိုးကိုင်နေတဲ့ စီအိုင်အေ၊ အကျိုးအမြတ်ပဲကြည့်တဲ့ ရေနံကုမ္မဏီကြီးတွေအစရှိတဲ့ အင်းအားကြီးအစုအဖွဲ့ကြားမှာ ဘယ်လိုမြေစာပင်ဖြစ်သွားကြလဲ ဘယ်လိုနယ်ရုပ်ကလေးတွေလိုရွှေ့ခံရလဲဖွံ့ဖြိုးဆဲနိုင်ငံတွေကို ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့လွှမ်းမိုးချုပ်ကိုင်မှုက ဘယ်လောက် အင်အားကြီးလဲ၊ မဖွံ့ဖြိုးသေးတဲ့နိုင်ငံရဲ့သယံဇာတတွေကို ဘယ်လောက်နှိုက်ထုတ်ရလွယ်လဲဆိုတာကို ဗဟုသုတရဖွယ် ကြည့်ရှုခံစားရမှာဖြစ်ပြီး သမိုင်းကြောင်း၊ နိုင်ငံရေးရာစိတ်ဝင်စားတဲ့သူတွေဆို အကြိုက်တွေ့မှာအသေအချာပါပဲ။ IMDb Rating 6.9/10 ရရှိထားပြီး Tomatoes Metre မှာ Rating 73% ရရှိထားတဲ့ အတွက် တော်တော်လေးကြည့်ပျော်မဲ့ကားလေးလို့ဆိုရပါမယ်။ File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….02:08:00 Genre...Drama, Thriller Subtitle….Myanmar Subtitle ...
movie

Syriana (2005)