Channel Myanmar

Nicholas Anscombe

Crocodile Swarm (2024)
Crocodile Swarm (2024) ဒီတစ်ခါမှာတော့ အရင်တုန်းက ကြည့်ခဲ့ဖူးတဲ့ The Descend လိုမျိုး ခပ်စဥ်စဥ်ဇာတ်ကားတစ်ကား ထွက်လို့လာပါပြီ။ ကာရာရဲ့ ကောင်လေးက လက်ထပ်ခွင့်တောင်းဖို့ Romatic ဆန်ဆန် အရင်ကပိတ်ချထားပြီဖြစ်တဲ့ မိုင်းတွင်းထဲကို သူငယ်ချင်းတစ်စုနဲ့ ရောက်လာခဲ့ကြပါတယ်။ သူတို့မသိသေးတဲ့အချက်က အဲ့ဂူကပိတ်ချထားတာမို့ လူတွေမရှိတော့တဲ့အတွက် မိချောင်းတွေရဲ့ ခိုလုံရာ ဖြစ်နေတာပါ။ဒီလိုထဲသူငယ်ချင်းတစ်စု ဂူထဲကိုသွားရင်း အထဲမှာမိချောင်းတွေရန်ကြောင့် ပိတ်မိနေခဲ့ပါတယ်။ အပြင်မှာ အမဖြစ်သူ စမ် ကသူ့ညီမ ကာရာကို အဆက်အသွယ်မရတော့တာကြောင့် အတော်လေးကိုစိတ်ပူနေတဲ့အခါ.... ဘာဖြစ်သွားမှန်းမသိရတဲ့ သူ့ညီမကိုကူညီကယ်တင်ဖို့ စမ် ကိုယ်တိုင်ဂူကြီးထဲကို လိုက်သွားတဲ့အခါမှာတော့ ဘာတွေဆက်ဖြစ်မလဲ......File size…(902 MB)/(530 MB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Horror  Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Karmt
movie

Crocodile Swarm (2024)

The Jack in the Box: Awakening (2022)
The Jack in the Box: Awakening (2022) The Jack in the Box: Awakening (2022)ဒီကားဟာ အကောင်းစားကားကြီးတော့မဟုတ်ပါဘူး။ ဒါပေမဲ့ ကြည့်ကောင်းတဲ့ Horror ကားတစ်ကားဆိုလည်း မမှားပါဘူး။ ပြောရရင် ဒီကားက အရသာက ခင်ဗျားတို့ ကျွန်တော်တို့ ငယ်ဘဝကို လွှမ်းမိုးခဲ့ဖူးတဲ့ Supernatural အစောပိုင်းအရသာလိုပဲ။ Supernatural ဟာ နောက်ပိုင်းမှသာ ဘုရားသခင်တွေ တမန်တော်တွေ အပြိုင်စကြဝဠာတွေနဲ့ တစ်မျိုးတစ်ဖုံပြောင်းလဲလာခဲ့ပေမဲ့ စစချင်းအပိုင်းတွေကတော့ အရမ်းအကြမ်းပတမ်းကြီးမဟုတ်နေရင်တောင် Dark ဆန်ဆန်ပြပြီး Horror Thriller အရသာ အပေါ့စားကို ကောင်းကောင်းပေးသွားခဲ့ဖူးတယ်။ ဒီကနေပဲ ကျွန်တော်တို့တွေ စကြိုက်ခဲ့ကြတာမလား။ ဒီရုပ်ရှင်ဟာလည်း Supernatural အစပိုင်းရဲ့အရသာကို ပြန်သတိရချင်တယ်ဆိုရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။ ကယ်တင်ရှင်တော့မပါဘူးပေါ့။ ဒါပေမဲ့ နတ်ဆိုးတွေ နတ်ဆိုးကို သွားကစားတဲ့လူတွေနဲ့ သဘာဝလွန်ဟော်ရာကားပါပဲ။၂၀၁၉မှာလည်း Jack in the Box တစ်ကားထွက်ခဲ့ပြီး ဒီကားကတော့ ၂၀၁၉ကားရဲ့အဆက် ဒုတိယကားပါပဲ။ ...
movie

The Jack in the Box: Awakening (2022)

2022
The Jack in the Box: Rises (2024) 5.0
The Jack in the Box: Rises (2024)  The Jack in the Box (2019) နဲ့ The Jack in the Box Awakening (2022)တို့ရဲ့ အဆက် The Jack in the Box Rises ကတော့ ထွက်ရှိလာခဲ့ပြီပဲဖြစ်ပါတယ်။Jack in the Box ဆိုတာကတော့ သေတ္တာကိုဖွင့်လိုက်ရင် စပရိန်တပ်ထားတဲ့လူပြက်အရုပ်လေးခုန်ထွက်လာတဲ့ ဂျာမန်ကစားစရာအရုပ်ကိုခေါ်တာဖြစ်ပါတယ်။ယုံတမ်းစကားတွေအရ Jack-in-the-box ဆိုတာ "သေတ္တာထဲကနတ်ဆိုး"လို့အဓိပ္ပါယ်ရပြီး အဓိပ္ပါယ်အတိုင်း နတ်ဆိုးကို သေတ္တာထဲထည့်ပိတ်ထားတယ်လို့မှတ်ယူကြပါတယ်။ဒီဇာတ်ကားထဲမှာလည်း ယက်စတီမာရာ (Jackestemara) လို့ခေါ်တဲ့ နတ်ဆိုးတစ်ကောင်ကို အစီအရင်နဲ့ သေတ္တာထဲထည့်ပိတ်ထားတာပါ။ နတ်ဆိုးဟာသေတ္တာဖွင့်ပေးတဲ့လူရဲ့ ဆုတောင်းတစ်ခုကိုဖြည့်ဆည်းပေးပါတယ်။ဒါပေမဲ့ အဲလိုဖြည့်ဆည်းပေးဖို့ရာအတွက် လူ ၆ယောက်ကို သတ်ပြီးမှသာဆုတောင်းပြည့်မှာဖြစ်ပါတယ်။ဝိသမာလောဘသားတွေဖြစ်တဲ့ လူတွေကတော့ ကိုယ်ကျိုးအတွက် နတ်ဆိုးသေတ္တာကိုဖွင့်လိုက်ကြရာကနေ အပြစ်မဲ့တဲ့လူ၆ယောက် နတ်ဆိုးလိုက်သတ်တာခံရတဲ့အကြောင်း ရိုက်ကူးထားတဲ့ Horror movie series ပဲဖြစ်ပါတယ်။ဒီတတိယမြောက်ကားမှာတော့ 2022တုန်းက ထွက်ရှိခဲ့တဲ့ ...
movie

The Jack in the Box: Rises (2024)