Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Neva Leoni
6.0
William Tell (2024)
ဒီတစ်ခေါက်တင်ဆက်ပေးမယ့်ဇာတ်ကားလေးကတော့အလယ်ခေတ်နှောင်းပိုင်း Action အမျိုးအစားဇာတ်ကားလေးပဲဖြစ်ပါတယ်...ဒီဇာတ်ကားလေးမှာဆိုရင် ၁၄ ရာစုက ဥရောပသားတို့ရဲ့အားကြီးသူအနိုင်ယူတဲ့ ဘဝပုံရိပ်ကို ဒဏ္ဍာရီသူရဲကောင်းWilhelm Tell ရဲ့ ဘဝဇာတ်ကြောင်းနဲ့အတူ တင်ဆက်ပြသထားပြီး အလယ်ခေတ်နှောင်းပိုင်းပုံရိပ်တွေကို နှစ်ခြိုက်ဖွယ်ရိုက်ကူးပုံဖော်ထားတာပဲဖြစ်ပါတယ်...Wilhelm Tell ဟာ ဂျေရုစလင်တိုက်ပွဲကနေ ပြန်လာပြီးအမဲလိုက်သမားဘဝနဲ့ ရိုးရိုးကုပ်ကုပ်မိသားစုတစ်စုကို ထူထောင်ထားသူစစ်ပြန်တစ်ယောက်ဖြစ်ပါတယ်...စစ်ပွဲရဲ့အနိဋ္ဌာရုံတွေကို မမြင်ချင်မတွေ့ချင်တော့လို့ ဆွစ်ဇာလန်တောင်ကြားထဲမှာ မိသားစုနဲ့အတူ ဘဝကို အေးအေးချမ်းချမ်းဖြတ်သန်းနေသူတစ်ယောက်ဟာ ဘုရားသခင်ကိုလည်းယုံကြည်သူဖြစ်ပြီး သူတစ်ပါးကိုပါ ကူညီတတ်သူဖြစ်ပါတယ်ထိုသို့နေထိုင်ရင်း အခွန်တော်ကောက်တစ်ယောက်အားသတ်ဖြတ်ခဲ့သူကို မုန်တိုင်းထန်နေတဲ့ကန်ရေပြင်ကိုဖြတ်ကာကူညီပေးဖို့ ဖြစ်လာခဲ့ရာမှာလည်း ဘုရားသခင်ရဲ့လမ်းစဉ်ကိုလိုက်နာသူဖြစ်တဲ့ Tell ဟာ မုန်တိုင်းထန်နေတဲ့ ရေကန်ထဲကိုအကြောက်အလန့်မရှိ ဖြတ်ကူပေးပါတယ်...တစ်ဖက်မှာလည်း ၎င်းကူညီပေးခဲ့သူ သတ်ဖြတ်ခဲ့တဲ့ အခွန်တော်ကောက်ဟာ တန်ခိုးထားနေတဲ့ ဩစတြီးယားဘုရင့်လူဖြစ်တာကြောင့်ဘုရင်ဟာ အမျက်ရှလျက် တရားခံကို ဖမ်းဆီးပြီး သူ့သိက္ခာကိုဆယ်ဖို့ မြို့စားဖြစ်သူကို စေခိုင်းခဲ့ပါတယ်...ထိုမြို့စားဟာ ရက်စက်ကြမ်းကြုတ်သူပီပီ တရားခံကိုမမိမချင်းဆွစ်ဇာလန်ရွာမှန်သမျှကို လိုက်လံရှင်းလင်း မီးရှို့ဖျက်ဆီးပြီးအာဏာပြရာမှာတော့ မူလက လူမျိုးစုပြဿနာများကြောင့်အချင်းချင်းမသင့်မြတ်ကြသူ ဆွစ်ဇာလန်လူမျိုစုများအချင်းချင်းသွေးစီးကာ ဩစတြီးယားရဲ့ အုပ်ချုပ်မှုကို စုပေါင်းတွန်းလှန်ကြဖို့အကြောင်းဖန်တီးလာပြီး ဩစတြီးယားစစ်တပ်များကို တိုက်ခိုက်ဖို့ပြင်ဆင်ကြရာမှာတော့…ဒီကားလေးမှာဆိုရင် ...
movie
William Tell (2024)