Channel Myanmar

Nellore Sudharshan

Inti Number – 13 (2024)
Inti Number – 13 (2024) Inti Number 13 (2024) "အိမ်နံပါတ် ၁၃"ဒီတစ်ခါတော့ သဘာ၀လွန်ဖြစ်ရပ်တွေနဲ့ စိတ်၀င်စားစရာကောင်းတဲ့ တေလဂူစကားပြော horror ဇာတ်လမ်းတစ်ပုဒ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်။ဇာတ်လမ်းစစချင်းမှာ အသက် ၉၀ အရွယ်အဘိုးကြီးတစ်ယောက်က သဘာ၀လွန်ဖြစ်ရပ်အကြောင်းပြောတာနဲ့ အစပျိုးထားပါတယ်။ အဲဒါကတော့ အိမ်တစ်အိမ်နဲ့ ပတ်သက်နေတဲ့ဖြစ်ရပ်ပါ။အဲဒီအိမ်က အိမ်နံပါတယ် ၁၃...။တစ်နေ့တော့ အဲဒီအိမ်ကို လူအသစ်တွေရောက်လာကြပါတယ်။ သူတို့ကတော့ စာရေးဆရာလေးအာဂျွန်နဲ့ သူ့အစ်ကိုဆန်ဂျေးတို့လင်မယားပါပဲ။သူတို့တွေရောက်လာပြီးတဲ့နောက်ပိုင်း အိမ်မှာဘာတွေထူးခြားလာမလဲ၊ သူတို့တွေ အဲဒီအိမ်ကိုဘယ်လိုရောက်လာတာလဲ၊ နောက်ကွယ်မှာ ဘယ်လိုလျှို့ဝှက်ဆန်းကြယ်မှုတွေရှိနေမလဲ...ဇာတ်လမ်းအစက အဘိုးကြီးကရော ဘယ်လိုဆက်စပ်ပတ်သက်နေမလဲဆိုတာကို ကြောက်စရာ သည်းထိတ်ရင်ဖိုဇာတ်၀င်ခန်းတွေနဲ့အတူ ကြည့်ရှုကြရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းအတွက် အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ဖြစ်ပါတယ်။) File size…2.1 GB / 1.1 GB Quality…WEB DL 1080p HEVC / 720p Format…mkv/mp4 Duration….2h 7min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Inti Number – 13 (2024)

Manamey (2024) 6.1
Manamey (2024) Manamey 2024 (မိသားစု)ယခုတစ်ခါတင်ဆက်ပေးချင်တဲ့ ဇာတ်ကားကတော့ ဟာသမင်းသားကြီး Vennela Kishore ပါဝင်ထားတဲ့ ကလေးလေးတစ်ယောက်နဲ့တိုင်ပတ်ကြမဲ့ ဟာသဇာတ်လမ်းလေးဖြစ်ပါတယ်။ဘဝကို ပျော်ပျော်နေတတ်တဲ့ ပါတီဘွိုင်းလေး ဗစ်ကရမ့်မှာ အချစ်ဆုံးသူငယ်ချင်း အာနူရန်ဆိုသူရှိပါတယ်။အချစ်ရဆုံးသူငယ်ချင်းတွေဆိုပေမဲ့လည်း ဗစ်ကရမ်ကတော့‌ ပျော်ပျော်နေတတ်ပြီး ဘဝကို ပေါ့ပေါ့ပါးပါးပဲ နေတတ်သူတစ်ယောက်ပါ၊ အာနူရန်ကတော့ ချစ်ရသူရှိပြီး ချစ်ရသူနဲ့အတူတူဘဝကို ဖြတ်သန်းချင်တဲ့သူပေါ့။ သူတို့နှစ်ယောက်ဟာ ဘဝကို ပျော်ပျော်ကြီးဖြတ်သန်းနေကြရင်း ကံကြမ္မာဆိုးကြီးတစ်ခုက ရောက်လို့လာခဲ့ပါတယ်။အဲဒီကံကြမ္မာဆိုးကြီးကတော့ အာနူရန်နဲ့ သူ့ဇနီးသည်ဟာ အက်စီးဒန့်ဖြစ်ပြီးတော့ ဆုံးပါးသွားရတာပါပဲ။အာနူရန်တို့ ဆုံးပါးသွားခဲ့ပေမဲ့ အာနူရန်ရဲ့ကလေးလေး ခူရှီကတော့ သေကံမရောက်တဲ့အတွက် အသက်ရှင်ကျန်ရစ်နေခဲ့ပါတော့တယ်။ ဒီအခါမှာ ခူရှီလေးအတွက် ထည့်သွင်းစဉ်းစားလာရပါတော့တယ်။ခူရှီလေးကို အာနူရန်ရဲ့ဇနီးသည်ဖြစ်သူရဲ့သူငယ်ချင်းဖြစ်သူ စမီသာဟာ မွေးစားခွင့်တောင်းခံခဲ့ပေမဲ့ စည်းမျဉ်းဥပဒေတွေအရ မွေးစားမဲ့သူဟာ အိမ်ထောင်သည်ဖြစ်မှ မွေးစားလို့ရမယ်ဆိုတဲ့အတွက် အခက်ကြုံရပါတော့တယ်။စမီသာဟာလည်း စေ့စပ်ထားပေမဲ့ လက်မထပ်ရသေးတဲ့အတွက်ခူရှီလေးကို မွေးစားဖို့အတွက် စမီသာနဲ့အတူ ဗစ်ကရမ်ပါ ၆လကြာအောင် ကလေးကို ပျိုးထောင်ပေးတဲ့အပေါ်မှာ မူတည်ပြီး ဆုံးဖြတ်ချက်ချပေးဖို့ ဖြစ်လာပါတော့တယ်။ဒီလိုနဲ့ ပါတီဘွိုင်းလေး ဗစ်ကရမ်နဲ့ စေ့စပ်ထားပြီးသား စမီသာတို့နှစ်ယောက် ခူရှီလေးကို ဘယ်လိုပုံစံနဲ့ တစ်အိမ်တည်းအတူနေပြီး ပျိုးထောင်သွားကြမလဲ ...
movie

Manamey (2024)

Game Changer (2025) 6.1
Game Changer (2025) Game changer (2025) ဝှက်ဖဲRRR၊ ဘိုင်ရာဗားကားတို့နဲ့ လူသိများတဲ့ မင်းသားရမ်ချာရန်ရဲ့ရုံတင်ကားသစ်လေးဒစ်ဂျစ်တယ်ဗားရှင်းနဲ့အတူပဲ ပရိသတ်ရှေ့မှောက်သို့ ရရှိလာပါပြီ။RRR ကားပြီးကတည်းက ထွက်သမျှကားတိုင်း ထင်သလောက်မပေါက်ဖြစ်နေတဲ့ ဘိုင်ရာဗားတို့ ဒီတကားတော့ ဘယ်လိုကြမ်းနိုင်ဦးမှာလဲ ….ရမ်ချာရန်ရဲ့ကောင်းမွန်တဲ့သရုပ်ဆောင်မှုတွေ တောင်ပိုင်းကားဆန်ဆန်ပဲ အိန္ဒိအစိုးရဘာညာရှိတာအကုန်ဖဲ့ တွေ့တာအကုန်ကြုံးတဲ့ အက်ရှင်ခန်းတွေနဲ့အတူ ဘိုင်ရာဗားပရိသတ်တွေတော့ အားပေးသင့်တဲ့ဇာတ်ကားကောင်းလေးပါပဲ။မင်းသမီးကတော့ ကျန်တဲ့သူတော့မသိ ကျွန်တော်တော့ Lust Stories ထဲမှာမှတ်မိနေတဲ့ ကီယာရာအဒ်ဘာနီက တွဲဖက်သရုပ်ဆောင်ထားပါတယ်။…..ဇာတ်လမ်းအကျဉ်းလေးကတော့ ရမ်နန်ဒန်ဟာ ရာထူးတိုးပြီးလို့ နယ်ပြောင်းတာကို နောက်ကလိုက်ရန်ရှာတဲ့လူမိုက်ငချွတ်လေးတွေရှိလို့ အေးဆေးရထားလေးစီးမသွားရပဲ ငချွတ်လေးတွေကို ဆုံးမပေးပြီးမှ ခရီးဆက်ရတဲ့ ဘက်စုံတော်ဖြောင့်မတ်တဲ့အရာရှိတစ်ဦးပါ။မိုပီဒေဗီကတော့ လက်ရှိပြည်နယ်မှာဝန်ကြီးချုပ်ဖြစ်ချင်နေပေမယ့် အဖေရောညီနဲ့ပါမတည့်တာကြောင့် ပါတီမှာ ပြသနာပတ်ရှာနေတဲ့ ဝန်ကြီးတစ်ယောက်ပေါ့ အဲ့ချိန်မှာ အားလုံးကိုပြုပြင်ပြောင်းလဲရေးဝင်မယ့် ခရိုင်မှူးကြီးရမ်နန်ဒန်နဲ့ ဟောက်စားတစ်သိုက် ရင်ဆိုင်ရတဲ့ပွဲမှာ ဘယ်သူ့လက်ထဲက ဘာဝှက်ဖဲတွေထုတ်လာပြီး ဘယ်လိုအနိုင်ကျဲကြမလဲဆိုတဲ့ နိုင်ငံရေးအက်ရှင်ဘောလိဝုဒ်ဇာတ်ကားလေးကို ပရိသတိကြီးအတွက် တင်ဆက်ပေးပါရစေအညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ်။ File size… 4 GB /2.3 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 45min Subtitle….Myanmar Subtitle (Hard ...
movie

Game Changer (2025)

4K HEVC
Appudo Ippudo Eppudo (2024) 6
Appudo Ippudo Eppudo (2024) Appudo Ippudo Eppudo (2024) "တာရာနှင့်စသော ဇာတ်လမ်းတစ်ပုဒ်"အသစ်ထွက်ရှိလာတဲ့ တေလဂူး မှုခင်းဒရာမာ ဇာတ်လမ်းတစ်ပုဒ်ကို တင်ဆက်ပေးလိုက်ပါတယ်မင်းသမီးအချောအလှလေးဖြစ်တဲ့ Rukmini Vasant ပါဝင်ထားပြီး ဇာတ်လမ်းအကျဉ်းကတော့ ပြိုင်ကားမောင်းချင်တဲ့ အိပ်မက်တွေနဲ့ ပျော်ပျော်နေတတ်တဲ့ ရီရှီက တစ်နေ့မှာ ဆွဲကြိုးဖြတ်လုတဲ့ သူခိုးတစ်ယောက်ကို လိုက်ဖမ်းပေးရာကနေ တာရာဆိုတဲ့ အချောအလှလေးနဲ့ စတင်သိကျွမ်းခဲ့ပါတယ် မြင်မြင်ချင်းချစ်မိသွားခဲ့ပြီး ဖွင့်ပြောဖို့ တုံ့ဆိုင်းနေခဲ့တယ်နောက်တော့ သူ့မှာရည်းစားရှိနှင့်နေတာ သိသွားတဲ့အခါ လက်လျှော့လိုက်ပြီး အိပ်မက်တွေနောက်လိုက်ဖို့ ဘော်ဒါတစ်ယောက်နဲ့အတူ လန်ဒန်ကိုထွက်သွားခဲ့တယ်နှစ်နှစ်အကြာမှ တာရာ့ကိုမထင်မှတ်ထားဘဲ ပြန်တွေ့တဲ့အခါမှာတော့ ...အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team မှ ဖြစ်ပါတယ် File size… 2.5 GB / 1.5 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Appudo Ippudo Eppudo (2024)

Uruku Patela (2024) 7.7
Uruku Patela (2024) Uruku Patela 2024 ကြုံရာဆုံရာ ချစ်ဖူးစာအချစ်ဟာလိုက်လို့ပြေးတာလား ပြေးလို့လိုက်တာလားဆိုတဲ့သီချင်းက ပက်တယ်လာအတွက်လားလို့ ပြောရမယ့်ကိန်းဆိုက်နေရှာတဲ့ ချစ်ကံခေသူတစ်ယောက်ငယ်ငယ်ကတည်းက အချစ်ဦးနောက်လိုက်လိုက်တာ အချစ်ဦးက လက်ထပ်ပြီး ဗိုက်တစ်လုံးနဲ့ပြန်ပေါ်လာမှပဲ ပက်တယ်တစ်ယောက် လက်လျှော့ဖို့အတွေးပေါက်မိတော့တယ်။နှလုံးသားလမ်းကြောင်းမှာ ကျွန်းပဲခံနေသလား ဘာလားတော့မသိပေမဲ့ အဲဗားငြင်းခံ ပက်တယ်လာက သူကြီးသားဆိုတော့ ပညာတတ်မိန်းကလေးကိုပဲ လက်ထပ်ယူမှာဆိုတဲ့ မာနလေးကလည်း ရှိနေပြန်ပါသတဲ့။ ကိုယ်တိုင်ကတော့ ‌ဘွဲ့လေးရဖို့ကို 7 နှစ် 7 လီတက်ရတဲ့ ကျောင်းပျော်ကြီးဆိုပေမဲ့ပေါ့။ဒီလိုနဲ့ သူငယ်ချင်းမင်္ဂလာဆောင်မှာ အချစ်ဦးက ကိုယ်ဝန်ကြီးနဲ့မလို့ အသည်းကွဲပြီး မူးနေရင်းကနေ သတို့သမီးသူငယ်ချင်း အက်ရှ်ရှာရာဆိုတဲ့ ကောင်မလေးကို တွေ့သွားတဲ့အခါမှာတော့...အချစ်ကိုရဖို့ဆို နွားသိုးကြိုးပြတ် ကြိုးစားနိုင်လွန်းသူ ပက်တယ်လာနဲ့ ဆရာဝန်မလေးရဲ့ဇာတ်လမ်းကရော ဘယ်လိုရှေ့ဆက်မလဲ ရှုစားကြပါဦး။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှပဲဖြစ်ပါတယ်) File size… 2.25 GB / 1.12 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Uruku Patela (2024)

Mr Bachchan (2024) 4.5
Mr Bachchan (2024) Mr. Bachchan (2024) “ငါ့နာမည် မစ္စတာဘဂျမ်း” Genre – Action, Crime, Dramaအိန္ဒိယ စက်မှုလုပ်ငန်းရှင် Sardar Inder Singh ကို ငွေမည်းကိစ္စနဲ့ တကယ့်အပြင်မှာ ဝင်ရောက်စီးနင်းမှုအပေါ်ကို အခြေခံပြီး ရိုက်ထားတဲ့ ဇာတ်ကားသစ်လေး ဖြစ်ပါတယ်။ဒီအကြောင်းကိုပဲ ၂၀၁၈ ခုနှစ်တုန်းက မင်းသား Ajay Devgn က Raid ဆိုတဲ့နာမည်နဲ့ ရိုက်ကူးခဲ့ပါသေးတယ်။ အခု ဒီ Mr. Bachchan မှာတော့ မင်းသားကြီး Ravi Teja ပါဝင်သရုပ်ဆောင် အားဖြည့်ထားပါတယ်။ဘဂျမ်းဆိုတာ ဝင်ငွေခွန်ဌာနက မဟုတ်မခံ အမှန်တရားလက်ကိုင်ထားပြီး အကောင်ကြီးတွေကို လိုက်ဖြုတ်နေကြ အရာရှိဆရာကြီးပေါ့။ ဘဂျမ်းနာမည်ရလာတာလည်း ဖအေဖြစ်သူက မင်းသားကြီး အမီတာဘဂျမ်းကို အကြိုက်လွန်ရာကနေ သားဖြစ်သူကိုပါ နာမည်ပြောင်းပေးရတဲ့အထိပဲ ဒီလိုနဲ့ သူလည်း ဘဂျမ်း ဖြစ်လာခဲ့ရတာပေါ့။တစ်ရက်ကျ အကောင်ကြီးတစ်ကောင်ကို အလုပ်လွန်ပြီး ဟိုက အာဏာရှိတဲ့လူဖြစ်နေလို့ ဘဂျမ်းတစ်ယောက် တာဝန်ဆိုင်းငံ့ခံရပြီး မွေးရပ်မြေကို ပြန်လာရခဲ့တယ်။ အဲဒီမှာ ချစ်တဲ့ကောင်မလေးနဲ့တွေ့ပြီး အေးဆေးနေတော့မယ်ဆိုကာမှ မြို့ပေါ်က တကယ့်ဆိုးသွမ်းလာတဲ့ဆရာကြီးတစ်ပါးကို တာဝန်ယူဖို့အတွက် ဘဂျမ်းမှလွဲပြီး တခြားအရာရှိတွေ ...
movie

Mr Bachchan (2024)

Geetasakshigaa (2023) 6.9
Geetasakshigaa (2023) Geeta Sakshigaa (2023) အမှန်တရားIMDb 7.3/10 နာကျင်မှုနဲ့မွေးဖွားလာပြီးတော့ အမျိုးသမီးအဖြစ်ဆက်လက်ရှင်သန်ရတဲ့ မိန်းမသားတွေ.. ကိုယ်ထွက်လာတဲ့သားအိမ်ကို ကိုယ်ပြန်ဓားထိုးတတ်ကြတဲ့ လူမဆန်တဲ့ ယောကျာ်းတွေဆိုတာ ကမ္ဘာအနှံ့မှာရှိနေတတ်ပါတယ်အမျိုးသမီးတွေကို နတ်ဘုရားမလိုကိုးကွယ်ကြတဲ အိန္ဒိယမှာ လူမဆန်စွာနဲ့ မုဒိမ်းကျင့်သတ်ဖြတ်ခံလိုက်ရတဲ့ မာနီရှာလေး မွေးနေ့မှာပဲ အမျိုးသမီးဘော်ဒါဆောင်မှာအသတ်ခံလိုက်ရပြီး ဖြစ်ချင်တော့ ဒီပါဝလီပွဲနေ့ဖြစ်လို့ အဆောင်သူအတော်များများအိမ်ပြန်နေချိန် ဒီဖြစ်ရပ်ဆိုးကိုသူမကြုံတွေ့သွားခဲ့ရတယ်အဆောင်ထဲထိ ဒီလိုဝင်လုပ်သွားလို့ ဒီသတင်းက ဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့ပြီး သတင်းတွေထဲမှာပါ ပါလာခဲ့ပြီးနောက် ဝန်ကြီးကိုယ်တိုင်က ဖြေရှင်းချိန် ၄၈နာရီပေးခဲ့ပြီး တရားခံရှာမတွေ့ရင် သူကိုယ်တိုင်ရာထူးကနုတ်ထွက်မယ်လို့ မီဒီယာ‌ရှေ့ကတိပေးခဲ့တယ်အာဂျွန်_ ဟိုက်ဒရာဘတ်ကနာမည်ကြီး‌ဒီဂျေသမားလေး မိသားစုနဲ့ နာမည်ဂုဏ်နဲ့ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေရင်းနဲ့ ကံဆိုးမိုးမှောင်ကျပြီး ရဲတွေက လာဖမ်းခဲ့ကြတယ် အကြောင်းကတော့ မုဒိမ်းကျင့် လူသတ်ခဲ့လို့ပါတဲ့ တကယ်ပဲအာဂျွန်သတ်ခဲ့တာလား ၅ နှစ်ကြာပြီးမှ ပြန်လည်ထွက်ပေါ်လာမဲ့ ဒီဇာတ်လမ်းမှာ ဘယ်သူကမှန်ပြီး ဘယ်သူကမှားမယ်ဆိုတာကိုတော့။(အညွှန်းကိုတော့ Yunni ကရေးသားပေးထားပြီး CM Bollywood Team ကဘာသာပြန်ဆိုပေးထားပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> ...
movie

Geetasakshigaa (2023)

2023
Rules Ranjann (2023) 6.9
Rules Ranjann (2023) Rules Ranjan (2023) "ငယ်ချစ်ဦးနှင့် ပြန်လည်တွေ့ဆုံခြင်း" IMDb 6.9ရုံးပိတ်ရက်မှာ အမောပြေရယ်မောလို့ရမယ့် ပေါ့ပေါ့ပါးပါး rom-com တစ်ကားဖြစ်ပါတယ် Telugu သရုပ်ဆောင်တွေဖြစ်ကြတဲ့ Kiran Abbavaram နဲ့ Neha Shetty တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်ဇာတ်လမ်းအကျဥ်းကတော့ မန်နိုရန်ဂျန် ဆိုတဲ့ ရိုးရိုးအေးအေး အင်ဂျင်နီယာ ဘွဲ့ရလေးတစ်ယောက်က မွန်ဘိုင်းက ဆော့ဖ်ဝဲလ်ကုမ္ပဏီ တစ်ခုမှာ အလုပ်ရသွားပါတယ် တစ်ရုံးလုံးက သူ့ကို ဟင်ဒီစကားမတတ်လို့ ဝိုင်းအနိုင်ကျင့်ကြပြီး တစ်နေ့မှာတော့ အဲလက်ဆာ ဆိုတဲ့ AI စက်ကလေးရဲ့ အကူအညီနဲ့ ဟင်ဒီလို နားလည်ဖို့ ကြိုးစားပါတယ် အဲလက်ဆာရဲ့ အကူအညီနဲ့ ဆော့ဖ်ဝဲလ်မိတ်ဆက်ပွဲတစ်ခုမှာ မသမာမှုတစ်ခုကို အများရှေ့ ဖော်ထုတ်လိုက်နိုင်တာကြောင့် ရာထူးတိုးသွားပြီး သာမန် ရိုးရိုးအအ ဝန်ထမ်းလေး ရန်ဂျန်ကနေ ဘော့စ်ကပါ ကြောက်ရတဲ့ စည်းစနစ်ကျတဲ့ စာအုပ်ကြီးရန်ဂျန် ဖြစ်လာပါတော့တယ်အရာရာကို စည်းနဲ့ကမ်းနဲ့ လှေနံဓားထစ်လုပ်တတ်တဲ့ ရန်ဂျန်တစ်ယောက် တစ်နေ့မှာတော့ ကျောင်းတုန်းက ကြိတ် crush ...
movie

Rules Ranjann (2023)

2023
Prem Kumar (2023) 6.7
Prem Kumar (2023) Prem Kumar (2023) သို့ မချောနှစ်ယောက် ကိုယ်တစ်ယောက်IMDB 6.7 ရထားတဲ့ Telugu ကားသစ်ဖြစ်ပါတယ် Telugu မျက်နှာသိ မင်းသား Santosh Sobhan ပါဝင်ထားတဲ့ အချစ်ဟာသ ကားပါကျွန်တော်တို့ အိန္ဒိယရုပ်ရှင်လောက က romantic comedy အများစုမှာ ဇာတ်သိမ်းဆို မင်းသမီးက မင်္ဂလာဆောင်၊ မင်းသားက လက်ထပ်ပွဲကိုလာပြီး ပွဲဖျက်၊ မင်းသမီးရဲ့ မိဘတွေကို တရားချ၊ အားလုံးက ကြွေဆင်းပြီး သတို့သမီးကို လွှတ်ပေး၊ မင်းသားနဲ့ မင်းသမီးနဲ့ ဆည်းဆာချိန်ကို အတူတူလက်တွဲပြီး ပြေးသွား၊ ပိတ်ကားချ၊ ပြီးပါပြီ ဒါတွေနဲ့ပဲ သံသရာလည်နေတာပါဘယ်သူကမှ မင်းသမီးနဲ့ လက်ထပ်မယ့် သတို့သားက ဘယ်ပုံ ဘယ်ချမ်းသာ သူရဲ့ အိမ်မက် ရည်မှန်းချက်တွေ ခံစားချက်တွေ အသာထား မင်္ဂလာဆောင်ခမ်းခမ်းနားနားကြီးဖြစ်အောင် ဘယ်လို အကုန်အကျခံပြီး ပြင်ဆင်ထားလဲ ဆိုတာတောင် ဂရုစိုက်ကြမှာ မဟုတ်ပါဘူးဇာတ်လိုက် PK ဆိုတဲ့ ပရမ်ကူမာ ကတော့ ...
movie

Prem Kumar (2023)

2023
Bhaag Saale (2023) 7.0
Bhaag Saale (2023) Bhaag Saale 2023 (IMDb 7/10)CM ဘောလိဝုဒ် ပရိသတ်ကြီးကို ယခုပဲထွက်ရှိလာတဲ့ comedy-crime ဇာတ်ကားကောင်းလေးတစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်အာဂျွန်နဲ့မာယာက ချစ်သူတွေပါ မာယာထင်နေတာ‌ကတော့ အာဂျွန်ကို ချမ်းသာတဲ့မိသားစုရဲ့သားလေး အောင်မြင်တဲ့စီးပွားရေးသမားလေးပေါ့ အဲ့လိုထင်အောင်လည်း ဟိုငတိက ရှစ်စပ်ကဂျင်ခြေလည်သလိုကို မွှတ်ထွက်နေတဲ့အပြင် မှင်မောင်းလဲကောင်းပြီး အရမ်းကို ချမ်းသာချင်နေတဲ့ လူလည်တစ်ယောက်ပါအဲ့ဇာတ်လမ်းထဲမှာ အဓိကပါဝင်အသုံးတော်ခံမှာကတော့ လက်စွပ်တစ်ကွင်းပါ one ring to rule them all ဘာညာဆိုတဲ့ LOTR ထဲက လက်စွပ်တော့မဟုတ်ပါဘူး ဒါပေမဲ့ ဒီလက်စွပ်ကလဲမခေပါဘူး ကိုလိုနီခေတ်ဗြိတိသျှလက်ထက်တည်းက လူအဆင့်ဆင့် တိုင်းပြည်အနှံ့ရောက်နေတဲ့ စိန်ကြီးကိုကွပ်ထားတဲ့ စိန်လက်စွပ်ပါ ဒီလက်စွပ်ကိုပိုင်ဆိုင်သူဟာ ကံကောင်းခြင်းများစွာရရှိမှာဖြစ်သလို ကံဆိုးမှုတွေလည်း ဒွန်တွဲပါလာပါတယ်တဲ့....ကဲ အဲ့တော့ ဒီလက်စွပ်က အာဂျွန်ရဲ့ဘဝနဲ့ အချစ်ရေးနဲ့ ဘယ်လိုသက်ဆိုင်လာမလဲ တခြားဘယ်လိုလူတွေကရော ပါဝင်ပတ်သတ်နေလဲ စသည်ဖြင့် ဇာတ်လမ်းအမိုက်‌စားလေးကို ကြည့်ရှုရမှာဖြစ်ပြီး ပေါ့ပေါ့ပါးပါးနဲ့ ဟာသလေးတွေလည်း ပါတာမို့ ပရိသတ်ကြီး အကြိုက်တွေ့စေမဲ့ ဇာတ်ကားလေးပဲဖြစ်ပါတယ်အညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…2.13GB / 1022MB Quality…1080p  WEB ...
movie

Bhaag Saale (2023)

2023
Samajavaragamana (2023) 8.0
Samajavaragamana (2023) Samajavaragamana(2023) IMDb-8.1/10ရုံတင်ငွေ ရူပီးသန်းငါးဆယ်ပြန်ရခဲ့တဲ့ တလေဂူးစကားပြော အိန္ဒိယဟာသကားလေးကို ဘောလိဝုဒ်ပရိတ်သတ်ကြီးအတွက် အပျင်းပြေကြည့်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။အဘိုးဖြစ်သူရဲ့သေတမ်းစာကြောင့် အဖေကို ဘွဲ့ရဖို့ကြိုးစားပေးနေရတဲ့ ဘာလူ။ ဘာလူက ရုပ်ရှင်ရုံကလက်မှတ်ဖြတ်တဲ့ကောင်တာမှာ အလုပ်လုပ်နေတဲ့ဝန်ထမ်းတယောက်။ မိသားစုငါးယောက်စားအိုးကို တာဝန်ယူထားရတဲ့အပြင် အဖေလုပ်သူကိုလည်း ကျူရှင်ထားရ စာမေးပွဲဖြေဖို့လုပ်ရနဲ့ ဂရုစိုက်နေရပါတယ်။သူ့အဖေကို ဘွဲ့ရဖို့ကြိုးစားပေးရင်းနဲ့ပဲ ကျောင်းသူမိန်းမချောလေးနဲ့ဆုံဆည်းခဲ့ပါတော့တယ်။ အဖေလုပ်သူဘွဲ့ရဖို့က ဘယ်လောက်အရေးကြီးလို့ အသည်းအသန်ကြိုးစားနေရတာလဲ။ ဆုံဆည်းခဲ့ရတဲ့ မိန်းမချောလေးနဲ့ရော အဆင်ပြေမှာလားဆိုတာကို ရယ်ရင်း ပြုံးရင်း ကြည့်လိုက်ကြပါဦး။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V~Zwe~BpL~Cherry~Yunniတို့ပါပဲ) File size…2.63GB  / 1.24GB  Quality…1080p WEBDL  / 720p Format…mp4 Duration….2h 20mins Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  V~Zwe~BpL~Cherry~Yunni
movie

Samajavaragamana (2023)

2023
Boyfriend For Hire (2022) 7.6
Boyfriend For Hire (2022) Boyfriend for hire (BFH) 2022 IMDb - 7.6/10 (1.1k)ဇာတ်လမ်းအကျဉ်း ငယ်ငယ်တုန်းက မိန်းကလေးရဲ့လှည့်စားခြင်းခံခဲ့ရပြီး စိတ်ဒဏ်ရာရကာ မိန်းကလေးတွေဆိုလုံး၀မယုံကြည်တော့တဲ့ အာဂျွန်၊ တစ်နေ့မှာအာဂျွန်တစ်ယောက် အိမ်ကပေးစားတဲ့သူနဲ့ လက်ထပ်ရတော့မယ့်အချိန်မှာ မိန်းမတွေကိုအယုံအကြည်မရှိတော့တဲ့ အာဂျွန်က "ငါမိန်းမတွေကို လုံး၀မယုံဘူး" ဆိုတဲ့သူ့ရဲ့စည်းမျဉ်းကိုဖောက်ဖို့ဖြစ်လာပြီး လက်ထပ်ရမယ့်သူကိုရှာဖို့ဖြစ်လာပါတော့တယ်။မိန်းမတွေကိုမယုံတဲ့ အာဂျွန်က မိန်းမအကြောင်းတွေကိုသိဖို့ အငှားရည်းစားလိုက်ရမှ သူပဲမိန်းမတွေကိုပလေးသွားမလား မိန်းမတွေကပဲ သူ့ကိုပလေးသွားမလားဆိုတာ....အလောင်တစ်လိုင်းတွေကိုခဏထားပြီး ရိုဆန်ဆန်နဲ့ကြည့်ရမယ့် တေလဂူး rom-com ဇာတ်ကားတစ်ကားကို ပိတ်ရက်မှာ အပန်းဖြေကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ပါတယ်။ File size…2GB / 1GB Quality…1080p  WEB DL /720p Format…mp4 Duration…2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL~ Cherry~Yunni ~Nyein Aye
movie

Boyfriend For Hire (2022)

2022
Repeat (2022) 7.7
Repeat (2022) Repeat 2022Crime/Thriller/Mystery (IMDb-7.8/10)တစ်ညမှာ ရဲစခန်းကို မူးပြီး စာရေးဆရာတစ်ယောက်ရောက်လာတယ်။ သူ့ဝတ္ထုထဲက ဇာတ်ကောင်က သူ့ကိုခြိမ်းခြောက်နေလို့တဲ့လေ။ မယုံကြည်နိုင်ဖြစ်နေတဲ့ ရဲတွေကြုံလိုက်ရတာက သူ့ဝတ္ထုထဲကနဲ့ တစ်ပုံစံတည်းတူတဲ့ ပြန်ပေးဆွဲ/ လူသတ်မှုတစ်ခု။ပြန်ပေးဆွဲခံရတဲ့ ပူဂျာဆိုတဲ့ မိန်းကလေးကလည်း ရဲချုပ်ရဲ့သမီးဖြစ်နေပြီး၊ ရွေးကောက်ပွဲမတိုင်ခင် ကာလဖြစ်တာမို့ ဒီအမှုဟာ ဟိုးလေးတကျော်ကျော်ဖြစ်လာတော့တာပေါ့။ဒါဟာတကယ်ပဲ Parallel universe တွေထဲကလို စာရေးဆရာဝတ္ထုထဲက ဇာတ်ကောင်တွေရဲ့မှုခင်းလား။ ဒါဆိုရင် ပျောက်ဆုံးနေတဲ့ ပူဂျာကရော အဲဒီဇာတ်လမ်းနဲ့ဘယ်လိုပတ်သတ်နေတာလဲ။ တရားခံအစစ်ကဘယ်သူလဲ၊ ဒီမေးခွန်းတွေကို အဖြေရှာဖို့ ရောက်လာတဲ့ လျှို့ဝှက်အေးဂျင့်တစ်ယောက်။ အဓိကဇာတ်ဆောင်အနေနဲ့ Naveen Chandra ကနေပြီး ပါဝင်ထားပါသေးတယ်။မဖြေရှင်းနိုင်တဲ့ရှုပ်ထွေးမှုတွေကြားက သဲလွန်စတွေကို တစ်စချင်းဆွဲထုတ်ရင်း ရင်တထိတ်ထိတ်ကြည့်ရမယ့် ရုပ်ရှင်မျိုးမို့ ခုပဲ Channel Myanmar မှာ ရှူစားလိုက်ပါတော့ခင်ဗျာ။ File size…1.9GB / 900MB Quality…1080p WEB DL HQ  /720p Format…mp4 Duration….2h 4min Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Ko ~ BpL ~HayMan~OeliuJ~Yunni
movie

Repeat (2022)

2022
Saakini Daakini (2022) 5.9
Saakini Daakini (2022) ကောင်မလေးနှစ်ယောက်ရှိတယ် သူတို့က ရဲသင်တန်းကျောင်းမှာ ကျောင်းလာအပ်ရင်းနဲ့ ဆုံကြတာ နှစ်ယောက်သားက စစဆုံကတည်းက ဘယ်လိုမှမတည့်ကြဘူး မတည့်တဲ့သူနှစ်ယောက်က အဆောင်မှာကျတော့လည်း အခန်းအတူတူကျပြန်ရောကြောင်နဲ့ကြွက် သူတို့နှစ်ယောက် သင်တန်းဆင်းနေရင်းနဲ့ တစ်ယောက်ကိုတစ်ယောက် အမြဲ ချောက်တွန်း၊ ချောက်ချကြရင်း ခင်မှန်းမသိ ခင်လာကြတာပေါ့အဲဒီလိုနဲ့ သူတို့တွေ လက်တွေ့ကွင်းဆင်းရမယ့် အချိန်ကိုရောက်လာပြီး တစ်ရက် သူတို့ရဲ့ အိမ်ပြန်လမ်းမှာ ကောင်မလေးတစ်ယောက် ပြန်ပေးဆွဲခံရတာကို မြင်လိုက်ရတယ်ကောင်မလေးရဲ့ နောက်ကြောင်းကို စုံစမ်းကြည့်တော့ ကောင်မလေးက မိသားစုမရှိတဲ့ တစ်ကောင်ကြွက်အဲဒီမှာ သူတို့သိသွားတာက အဲဒီပြန်ပေးဆွဲသမားတွေက မိသားစုမရှိတဲ့ မိန်းကလေးတွေကိုပဲ ပစ်မှတ်ထားပြီး ဖမ်းနေတယ်ဆိုတာပဲ ဘာလို့ဆို မိသားစုမရှိတော့ သူတို့အတွက် တိုင်ချက်ဖွင့်မယ့်သူလည်းမရှိဘူးလေ တိုင်ချက်တွေမရှိတော့ အဲဒီဒုစရိုက်ဂိုဏ်းကြီးရဲ့လုပ်ရပ်ကို သိသူလည်းမရှိတော့ဘူးပေါ့အဲဒါကို စုံစမ်းဖော်ထုတ်မှာက ဒီလေ့ကျင့်ရေးဆင်း မိန်းကလေးနှစ်ယောက်ပေါ့ ရဲအစစ်မဟုတ်သေးတဲ့ သူတို့နှစ်ယောက်.. ဒုစရိုက်ဂိုဏ်းအကြီးကြီးကို ဘယ်လိုဖော်ထုတ်အရေးယူမလဲ အဲဒီဒုစရိုက်လုပ်ငန်းကရော ဘာကြောင့် မိန်းကလေးတွေကိုပဲ ဖမ်းနေတာလဲဆိုတာ ဒီဇာတ်ကားထဲမှာ စိတ်ဝင်စားဖွယ် ဟာသအနှောလေးနဲ့ကြည့်ရှုရမှာပဲဖြစ်ပါတယ် File size…1.9GB / 914MB Quality…1080p True WEB DL / 720p Format…mp4 Duration….2h 24m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Thet Kko & BpL & Sora
movie

Saakini Daakini (2022)

2022
A1 Express (2021) 6.3
A1 Express (2021) ဘောလိ၀ုဒ်ကားသစ်လေးတွေကို စောင့်မျှော်နေကြတဲ့ ပရိသတ်ကြီးအတွက် ဒီတစ်ခေါက်မှာတော့ sport - drama ဇာတ်ကားလေးတစ်ကားဖြစ်တဲ့ A1 Express လေးကို တင်ဆက်ပေးလိုက်ပါတယ် ။( IMDB 6.3/10 ) ဒီရုပ်ရှင်ကားလေးကိုတော့ ဝါရင့် ဘောလိ၀ုဒ် မင်းသားကြီးတွေဖြစ်တဲ့ Krishna Murali နဲ့ Murali Sharma တို့က ပါဝင်အားဖြည့်သရုပ်ဆောင်ထားတာဖြစ်ပါတယ်။ ပျော်ပျော်နေတတ်ပြီး ဘ၀မှာ ပြင်သစ်ကိုသွားဖို့ ရည်ရွယ်ချက်တစ်ခုထဲသာရှိတဲ့ လူငယ်လေး Naidu ..... Naidu တစ်ယောက် ကောလိပ်ကျောင်းအုပ်ဖြစ်တဲ့ ဦးလေး ရှိရာ ရာနမ်ကို ရောက်လာတဲ့အချိန် ဟော်ကီကစားသမား ကောင်မလေး Lavanya Rao နဲ့ အကြည့်ချင်းဆုံ ရင်တွေခုန်ပြီးသဘောကျမိသွားတာကြောင့် ပိုးပန်းဖို့ ကြိုးစားပါတော့တယ်Naidu ရဲ့ဦးလေးကတော့ ငယ်ငယ်တုန်းထဲက ကြီးလာရင် သူ့သမီးကို ယူမယ်လို့ လက်ခမောင်းခတ်ပ​ြီး ပြောထားတယ့် Naidu ရဲ့စကားကြောင့် သမီးဖြစ်သူ Divya Naidu လက်ထဲပါသွားမှာ စိုးရိမ်ပြီး Lavanya နဲ့ Naidu အမြန်ဆုံးနီးစပ်ရေးကို အစွမ်းကုန် ကူညီပေးတဲ့ အောင်သွယ်တော် ...
movie

A1 Express (2021)

2021
Hippi (2019) 8.0
Hippi (2019) ဗြိတိန်ကဗျာဆရာကြီး ဂျွန်မီလ်တန်က ပြောဖူးတယ်။မိန်းကလေးတစ်ယောက်ကို စချစ်မိရင် "နိဗ္ဗာန်"ပဲ။ မိန်းကလေးတစ်ယောက်နဲ့  ချစ်သူဖြစ်သွားပြီဆိုရင်တော့ "နိဗ္ဗာန် ပျောက်ဆုံးသွားပြီ"တဲ့။ဂျွန်မီလ်တန်မှ မဟုတ်ပါဘူး။အချစ်ကို အဓိပ္ပာယ်ဖွင့်ဆိုခဲ့သူတွေဆိုတာ ဟိုးအရင်ကလည်း ရှိခဲ့တယ် ၊ အခုလည်း ရှိနေတယ် ၊ နောင်လည်း ရှိနေဦးမှာပဲ မလား. ?တစ်စုံတစ်ယောက် . . . ကိုယ့်သူငယ်ချင်းရဲ့  ချစ်သူဖြစ်ခဲ့ဖူးတဲ့ တစ်စုံတစ်ယောက်က သင့်ကိုလာပြီးတော့ ချစ်ရေးဆိုမယ်ဆိုရင်....အဲ့ဒီလူကို သင့်ဘက်က ချစ်နေရင်တောင် သူငယ်ချင်းကို ငဲ့ကွက်ပြီး ငြင်းပယ်မှာလား . . .?ဒါမှမဟုတ် သင့်နှလုံးသား အလိုအတိုင်း အဲ့ဒီလူကို ပြန်ချစ်လိုက်မှာလား ?အရှုပ်အထွေးတွေကြားမှာ နေပျော်တတ်ကြတဲ့ ကျွန်တော်တို့ ပုထုဇဉ်တွေကြားမှာ ဒီလိုမျိုး လွန်ဆွဲမှုတွေနဲ့  မကြာမကြာဆိုသလို ကြုံတွေ့ ရတတ်ပါတယ် ...
movie

Hippi (2019)

2019