Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Neels Van Jaarsveld
5.5
Semi-Soeter (2025)
ဂျေစီနဲ့ဂျေပီဆိုတဲ့ အလုပ်ကြိုးစားတဲ့ အောင်မြင်တဲ့ စုံတွဲဟာ ကလေးမယူဖို့ ကတိပြုထားသူတွေ။ပြောရရင် ကလေးယူဖို့ထက် အလုပ်ကိုပဲ ဖိလုပ်နေကြတဲ့သူတွေပေါ့။ဒါပေမယ့် ဘေဘီထုတ်ကုန်ကုမ္ပဏီတစ်ခုနဲ့ အလုပ်သဘောတူညီဖို့ သူတို့ဟာ ပြီးပြည့်စုံတဲ့ မိဘတွေလို ဟန်ဆောင်ရတဲ့ အခြေအနေထဲရောက်သွားပြီး အလွဲအချော်တွေ၊ ဟာသတွေနဲ့ ပြည့်နှက်နေတဲ့ အခြေအနေက သူတို့ရဲ့ ကတိကဝတ်တွေကို စမ်းသပ်ရင်း အချစ်နဲ့ ဘဝရဲ့အဓိပ္ပါယ်ကို ပြန်လည်ဆန်းစစ်စေမယ့်ဇာတ်လမ်းတစ်ပုဒ်ဖြစ်နေတာကြောင့် ကြည့်ရှုလိုက်ကြပါဦး...File Size… (2.07 GB) / ( 1.04 GB) Quality… WEB-DL 1080p HEVC /720p Format…mkv / mp4 Duration….1h 33m Genre …..Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by ZWT
movie
Semi-Soeter (2025)
6.9
The Bang Bang Club (2010)
The Bang Bang Club (2010)အာဖရိကတိုက်ဟာ လူမျိုးရေးပြဿနာတွေ၊ ပဋိပက္ခတွေ၊ ငတ်မွတ်ခေါင်းပါးခြင်းနဲ့ သွေးသံရဲရဲသတ်ဖြတ်မှုတွေကြောင့် တကမ္ဘာလုံးက စောင့်ကြည့်ခဲ့ရတဲ့ နေရာတစ်ခုပါ။ နေ့တိုင်း တစ်ခုမဟုတ် တစ်ခုဖြစ်နေတဲ့အရပ်မို့လို့လဲ သတင်းသမားတွေရဲ့ ရတနာသိုက်ကြီးတစ်ခု ဖြစ်လာတော့တာပေါ့။သတင်းသမားဆိုတာနဲ့ လူ့ကျင့်ဝတ်ကို ဘေးဖယ်ထားလိုက်ရတော့တာပါပဲလေ။ ကိုယ့်ရှေ့မှာ လူသတ်နေရင် ဝင်ကူညီဖို့ထက် ရှင်းလင်းပြတ်သားမြင်သာတဲ့ ဓာတ်ပုံတစ်ပုံ ရိုက်နိုင်ဖို့က ပိုအရေးကြီးတာကိုး။ ဒါ့ကြောင့်ပဲ သတင်းထောက်တွေကို နှာခေါင်းရှုံ့ကြတယ်ပဲ ထင်ပါရဲ့။သတင်းသမားတွေအတွက် ဓာတ်ပုံတစ်ပုံဟာ ရွှေထက်ပိုတန်ဖိုးရှိတာပေါ့။ သတင်းဓာတ်ပုံဆု ပူလစ်ဇာ ဆိုတာက သတင်းထောက်တစ်ယောက်ကို စင်ပေါ်တင်ပေးလိုက်ပြီး ငွေပုံပေါ် ထိုင်လို့ရသွားစေတာကိုး။ သတင်းဌာနတွေက အလုအယက်ဝိုင်းခေါ်၊ လစာတွေတပုံကြီးပေးပစ်လိုက်ကြတာမျိုးပဲ။ကဲ ဒီလောက်ဆိုရင် အမြည်းသဘော သိရပြီမလို့ အကြောင်းအရာလေးတစ်ခု ထပ်ပြောပါ့မယ်။ လူကြီးမင်းတို့ထဲမှာ မှတ်မိလိုက်ကြသူတွေလည်း ရှိမှာပေါ့။ အာဖရိက ဆူဒန်တောင်ပိုင်းမှာ ငတ်မွတ်ခေါင်းပါးမှု အကြီးအကျယ်ဖြစ်တော့ လူအမြောက်အများ သေကြေခဲ့ရဖူးတယ်။ ထမင်းငတ်လို့ သေတဲ့မသာတွေပေါ့ဗျာ။ အဲဒီထဲမှာမှ ...
movie
The Bang Bang Club (2010)
2010