Channel Myanmar

Ned Bellamy

Mystery Men (1999)
Mystery Men (1999) IMDbs 6.1/10 Rotten Tomatoes (60%)အူတက်အောင်ခွီချင်ရင် ဒီစူပါဟီးရိုးဟာသကားကြည့်.. ဇာတ်လမ်းအကျဥ်းကတော့ ချန်ပီယံမြို့တော်ကြီးမှာ သိပ်ကို စူပါဟီးရိုးဖြစ်ချင်တဲ့ စူပါဟီးရိုးရူးတစ်သိုက်ရှိကြပါတယ် အမျိုးမျိုးကြိုးစားပေမဲ့ တလွဲတွေချည်းလုပ်တော့ လူတွေရဲ့ စိတ်ဝင်စားအသိမှတ်ပြုခြင်းမခံရတဲ့တစ်သိုက်ပေါ့....တစ်နေ့ ဂန္ဓဝင်လူဆိုးတစ်ယောက်ထောင်ထဲကလွတ်လာပြီး တမြို့လုံးကိုကာကွယ်ပေးလေ့ရှ်ိတဲ့ တကယ့်စူပါဟီးရိုးအစစ်ကလဲ လူဆိုးဆီမှာဖမ်းခံထားရတဲ့အခါ လူရာဝင်ချင်တဲ့ သူတို့တစ်သိုက်ဟာ ချန်ပီယံမြို့တော်ကြီးကို လူဆိုးဖျက်ဆီးမဲ့ရန်က ကာကွယ်ဖို့ ကြိုးစားပါတော့တယ် ဖမ်းခံထားရတဲ့စူပါဟီးရိုးကို သူတ်ို့သွားကယ်တဲ့အခါရော​ ဂန္ဓဝင်လူဆိုးနဲ့ချတဲ့အခါရော အလွဲပေါင်းသောင်းခြောက်ထောင်နဲ့ အူတက်နေအောင်ရယ်ရမဲ့ သိပ္ပံအက်ရှင်ဟာသကားလေးဖြစ်ပါတယ်နော်...File size…(2.3 GB)/(1.2 GB) Quality….Webrip HEVC 1080p / 720p Format…mp4/ mkv Duration….01:48:00 Genre...Adventure, Fantasy, Action, Comedy, Science Fiction Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Shwe Eain Si 
movie

Mystery Men (1999)

Con Air (1997) 6.9
Con Air (1997) Con Air (1997) ****************** IMDb.....6.9  နီကိုးလတ်စ်ကေ့စ်ချ် ရဲ့ ဒီဇာတ်လမ်းကို တော်တော်များများကြည့်ဖူးကြမယ် ထင်ပါရဲ့....စစ်ပြန်ကြီးတစ်ယောက်ဖြစ်တဲ့ ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုး (နီကိုးလတ်စ်ကေ့စ်ချ်) ဟာသူအိမ်ပြန်ရောက်တဲ့နေ့မှာပဲ အရက်သမားတွေက ကိုယ်ဝန်သည်မိန်းမကို ထိကပါးရိကပါးပြောတာကိုကာကွယ်ရင်း လူသတ်မိသွားပြီးထောင်ကျသွားပါတယ်.. ထောင်နှစ်ရှည်ကျပြီး နောက်ဆုံးမှာတော့Jail Baird ဆိုတဲ့  ထောင်သားရွှေ့ပြောင်းမယ့် လေယာဥ်ကြီးကိုစီးပြီး အိမ်ပြန်ရတော့မှာပါ...ဒါပေမဲ့ လေယာဥ်ပေါ်မှာ အဆိုးတကာ့ အဆိုးဆုံးထောင်သားတွေပါ ပါလာတဲ့အခါမှာတော့...ရိန်းဂျားတပ်သားဟောင်း ကမ်မရွန်းပိုးတစ်ဖြစ်လဲ နီကိုးလတ်စ်ကေ့စ်ချ် ဟာ ကျွန်တော်တို့ရဲ့ ဟီရိုးဖြစ်ခဲ့တယ်....မတော်တဆကြောင့် ထောင်ကျသွားရလို့ မချင့်မရဲ ဖြစ်ခဲ့ရပြီး ထောင်ထဲမှာ ဆံရှည် မုတ်ဆိတ်ကျင်စွယ်ဗရပွနဲ့အေးစက်စက်စကားတွေပြောတတ်တဲ့ ဒီဘဲကြီးကို ဇာတ်လမ်းအစမှ အဆုံးထိ အားပေးခဲ့ရတာတွေပြန်ကြည့်လည်း ဒီအရသာကို ခံစားနေရတုန်းပါပဲ.... (ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Pyae Moe Han ပဲဖြစ်ပါတယ်)  File Size : 3.08GB/ 1.19GB Quality : Blu-Ray 1080p 5.1 CH/720p Format…mp4 Duration…02:၀၀:00 Genre ...
movie

Con Air (1997)

The Player (1992) 7.5
The Player (1992) The Player (1992) အညွှန်း *************************** IMDb rating ...... 7.5/10 Rotten Tomatoes 98% (ဒီထဲကမင်းသားကThe Shawshank Redemption (1994)ထဲမှာ စကားလေးမပွင့်တပွင့်ပြောရင်းကျွန်တော်တို့နှလုံးသားကို သိမ်းပိုက်သွားတာအားလုံးသိကြမယ်ထင်ပါရဲ့)Hollywood ရဲ့ ရုပ်ရှင်ထုတ်လုပ်ရေးလောကမှာ ထုတ်လုပ်သူတစ်ယောက်လုပ်ရတာဟာ ထင်သလောက်မရိုးရှင်းလှပါဘူး....စာရေးဆရာတွေဆီက တစ်ရက်တစ်ရက်ကို ကမ်းလှမ်းလာတဲ့ ရာနဲ့ချီသော ဇာတ်လမ်းပေါင်းစုံကို နားထောင်ပြီး ဇာတ်ကားရိုက်သင့်မရိုက်သင့် ဆုံးဖြတ်ပေးရပါတယ်...ကမ်းလှမ်းလာသမျှဇာတ်လမ်းတိုင်းကို ထုတ်လုပ်သူတစ်ယောက်အနေနဲ့ လက်ခံဖို့မဖြစ်နိုင်တဲ့အခါစာရေးဆရာတွေရဲ့ မုန်းတီးမှုကိုခံကြရပါတယ်...ဂရစ်ဖင်န် မေးလ် ဟာလည်း ဟောလီးဝုဒ်နာမည်ကြီး ရုပ်ရှင်ထုတ်လုပ်ရေးစတူဒီယိုတစ်ခုရဲ့ အကြီးအကဲတွေထဲက တစ်ယောက်ပါ...တစ်နေ့မှာတော့ သူ့ဆီကို အမည်မသိ စာရေးဆရာတစ်ယောက်ဆီက ခြိမ်းခြောက်စာတွေ အဆက်မပြတ်ရောက်လို့လာခဲ့ပါတယ်...ဒီချိန်းခြောက်စာတွေဟာ တစ်ရက်ထဲမဟုတ် အကြိမ်ရေများလာတဲ့အခါမှာတော့ဂရစ်ဖင်တစ်ယောက် စိတ္တဇဖြစ်လာတယ်...အဲ့ဒီနောက် ဒီကိစ္စကို တစ်ယောက်ထဲဖြေရှင်းဖို့ကြိုးစားတော့တယ်...အဲ့ဒီအချိန်ကစပြီး မဟာပြဿနာပေါင်းစုံတက်တော့တာပါပဲ...…ဒီဇာတ်ကားဟာ တစ်ခေတ်တစ်ခါရဲ့ နာမည်ကျော်မင်းသားကြီး Tom Robbins ဦးဆောင်ထားပြီး Greta Scacchi နဲ့ အခြား နာမည်ကြီးသရုပ်ဆောင်များစွာပါ၀င်ထားပါတယ်... ဒါ့အပြင် ဆုပေါင်း (၁၄) ဆုအထိဆွတ်ခူးထားပြီး ၀က်၀က်ကွဲအောင်မြင်ခဲ့တဲ့ဇာတ်ကားကောင်း တစ်ကားလည်းဖြစ်ပါတယ်ဇာတ်လမ်းအစမှ အဆုံးအထိ ရင်တထိတ်ထိတ်ကြည့်ရမဲ့အပြင် ယနေ့ခေတ်နဲ့မတူ ...
movie

The Player (1992)

Django Unchained (2012) 8.4
Django Unchained (2012) Django Unchained (2012)IMDb Rating (8.5) / Rotten Tomatoes (87%)ဘဝမှာ ရုပ်ရှင် ၁၀ ကားပဲရိုက်မယ်လို့ ကြွေးကြော်ထားတဲ့ ဂန္တဝင်ဒါရိုက်တာကြီး Quentin Tarantino ရဲ့  နာမည်ကျော် Western ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။Leonardo DiCaprio, Christoph Waltz , Samuel L. Jackson , Jamie Foxx တို့လို သူနဲ့တွဲရိုက်နေကျ သရုပ်ဆောင်တွေအပြင် တခြားသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။ဇာတ်လမ်းဟာ လူမည်းကျွန်စနစ်ရှိတဲ့ ခေတ်ကာလကို တည်ထားတယ်။ နောက်ပြီးဒီဇာတ်ကားက တကယ့် Black Comedy။Dr. King Schultz ဆိုတာ နယ်လှည့်သွားလာနေတဲ့ သွားဆရာဝန်အမည်ခံ ဂျာမန်လူမျိုး bounty hunter တစ်ယောက်ပဲ။ သူရှာနေတာက မြေပိုင်ရှင် ညီအစ်ကို ၃ ယောက်။ သူတို့ကို ရှာမယ်ဆိုပေမယ့် တွေ့လည်း မတွေ့ဖူးဘူး။ ညီအစ်ကို ...
movie

Django Unchained (2012)

2012
4K HEVC
The Ice Harvest (2005)
The Ice Harvest (2005)  ခရစ္စမတ်​ဇာတ်လမ်း​လည်းဖြစ်၊ Comedy​ အမျိုး​အစား​လည်း​ဖြစ်​ပေမဲ့ Home Alone လို ပျော်ရွှင်​ကြည်နူး​ရမှာမျိုးမဟုတ်ဘဲ မသတီစရာဇာတ်ကောင်တွေက မမျှော်လင့်​ထားတဲ့ အခင်းအကျင်းတွေမှာ ရုန်းကန်​ရှင်သန်​ဖို့ကြိုးစားပုံကို လက်ရာ​မြောက်​စွာ ရိုက်ကူး​တင်ဆက်​ထားတဲ့ Black Comedy​ / Crime ရုပ်ရှင်​ကောင်း​တစ်ခုဖြစ်​ပါတယ်။ John Cusack က အဓိက​ဇာတ်​ကောင်​ Charlie အဖြစ် သရုပ်ဆောင်​ထားပါတယ်။ဇာတ်လမ်းအကျဥ်းကတော့​ Charlie က ကလိမ်​ကကျစ်ကျတဲ့ ရှေ့နေလူလည်ဖြစ်ပြီး Wichita မြို့​မှာနေထိုင်​ပါတယ်။ ​ခရစ္စမတ်အကြိုညမှာ Charlie နဲ့ Vic တို့နှစ်ယောက်သား ဒုစရိုက်​လုပ်ငန်း​ရှင်သူဌေး Bill ဆီက ဒေါ်လာ​နှစ်သန်းအလစ်သုတ်လာခဲ့ပြီး Bill မရိပ်မိခင် Wichita က လစ်ပြေးဖို့ကြံပေမဲ့ ရာသီဥတု​အခြေအနေကြောင့် ချက်ချင်း​ပြေး​လို့​မရဘဲ ခရစ္စမတ်​အ​ကြို​ညကို Wichita မှာပဲကုန်ဆုံးဖို့ဖြစ်လာပါတော့တယ်။ အဲဒီ​အချိန်​မှာ​ပဲ သူတို့​နှစ်ယောက်​ကို Bill​ ရဲ့တပည့်လူဆိုး Roy က စုံစမ်း​နေတာကို Charlie သိရှိသွားတဲ့အချိန်မှာတော့ ဘာတွေ​ဆက်​ဖြစ်​မလဲ ...
movie

The Ice Harvest (2005)

Wind Chill (2007)
Wind Chill (2007) Wind Chill (2007) ==============မင်းသမီးကြီး Emily Blunt ရဲ့ငယ်ဘ၀က Horror ဇာတ်ကားကောင်းတစ်ကားပါ။ Emily Blunt ကိုနုပျိုလန်းဆန်းနေတဲ့ ဆယ်ကျော်သက်ကျောင်းသူလေးအဖြစ်မြင် တွေ့ရမှာဖြစ်ပါတယ်။ပင်ဆယ်ဗေးနီးယားတက္ကသိုလ်ကျောင်းသူလေးတစ်ဦးဟာ ခရစ်စမတ်ကျောင်းပိတ် ရက် အိမ်အပြန်မှာ ကျောင်းသားတစ်ဦးနဲ့ Rideshare အဖြစ်ကားကြုံလိုက်ခဲ့ပါတယ်။ အရင်ကသတိမထားမိခဲ့ပဲ ကျောင်းရဲ့ကြေညာဘုတ်က သူနေတဲ့မြို့ကိုပြန်မှာဖြစ်လို့ လမ်းကြုံလိုက်မယ့်သူတွေ လိုက်လို့ရကြောင်းစာကပ်ထားရာကတစ်ဆင့်သိခဲ့ရတဲ့ အဲ့ဒီကျောင်းသားဟာ သူ့အကြောင်းအတော်များများကိုသိနေပုံရပါတယ်။အတူတူခရီးဆက်လာရာကနေ တစ်နေရာမှာတော့ အဝေးပြေးလမ်းကနေ တောလမ်း တစ်ခုကိုဆင်းချသွားတဲ့ အချိန်မှာ ကောင်မလေးကထိတ်လန့်စပြုလာပြီး ကောင်လေး ကို မေးခွန်းထုတ်ခဲ့ပေမယ့်ဒီလမ်းက အမြန်ရောက်ဖို့ဖြတ်လမ်းလို့ပဲပြောပါတယ်။ ဒါပေ မယ့်လည်း နှစ်ဘက်လုံးတောအုပ်ကြီးတွေပဲရှိတဲ့နေရာတစ်ခုမှာ ရှေ့ကလာတဲ့ ကားတစ် စီးကိုရှောင်ရာကနေလမ်းဘေးနှင်းပုံနဲ့ဝင်တိုက်မိပြီးကားပျက်သွားချိန်မှာတော့ သူတို့ နှစ်ယောက်အတွက် အိမ်မက်ဆိုးတွေစတင်ဖို့ဖြစ်လာပါတော့တယ်။အဲ့ဒီလမ်းဟာ မတော်တဆမှုတွေအမျိုးမျိုးဖြစ်လေ့ရှိပြီး လူသေဆုံးမှုတွေအမြဲရှိတတ်တဲ့ နေရာတစ်ခုပါ။အဲ့ဒီအဖြစ်အပျက်တွေက မကျွတ်မလွတ်သေးတဲ့ဝိဉာဉ်တွေ၊ မကြာခင် လာတော့မယ့်နှင်းမုန်တိုင်း၊ အနားမှာရှိနေတဲ့ ကိုယ်နဲ့မရင်းနှီးပေမယ့် ကိုယ့်အကြောင်းတွေ အကုန်သိနေတဲ့ သူစိမ်းတစ်ယောက် အစရှိတာတွေကို ကောင်မလေးတစ်ယောက် ဘယ်လို ရင်ဆိုင်ဖြတ်ကျော်မလဲ၊ ဇာတ်လမ်းထဲမှာဆက်ပြီးရှုစားကြပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Alias ဖြစ်ပါတယ်)File Size..........(1.4 GB) / (521 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 31Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Adventure, Drama, Horror Translator.......Alias Encoder..........SWM
movie

Wind Chill (2007)

2007
Universal Soldier (1992) 6.1
Universal Soldier (1992) 90 ခုနှစ်​တွေက ထွက်​ရှိခဲ့တဲ့ ဗန်ဒိန်းရဲ့ Universal Soldier​ ဇာတ်ကား​တွေကို ကြည့်ဖူးကြမှာပါ။၁၉၉၂ မှာထွက်ရှိခဲ့တဲ့ ​ဒီဇာတ်ကားက​ Universal Soldier​ ရုပ်ရှင်​တွေရဲ့ ပထမဆုံး​ရုပ်ရှင်​ဖြစ်ပြီး​ Action/Sci-fi အမျိုးအစား​ဖြစ်ပါတယ်။ ဗန်ဒိန်းရဲ့​နာမည်​ကျော်​ရုပ်ရှင်တွေထဲကတစ်ခုဖြစ်ပြီး ငွေကြေး​အရလည်းအောင်မြင်မှုရရှိခဲ့ပါတယ်။ ရုရှား​အာနိုးလို့လူသိများတဲ့ Dolf Lundgren ကလည်း ဗီလိန်​အဖြစ်အပြိုင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်း​အကျဉ်းကတော့ဗီယက်နမ်​စစ်ပွဲ​အတွင်း​မှာ Luc (ဗန်ဒိန်း) နဲ့ ဆာဂျင် Andrew Scott တို့အ​ချင်း​များပြီးပစ်ခတ်ကြရာကနေ နှစ်ယောက်​လုံး​သေဆုံးသွားကြပါတယ်။ သူတို့အလောင်းတွေကို အမေရိကန်​အစိုးရ​က ပြန်​အသက်​သွင်း​ပြီး မှတ်​ဉာဏ်​တွေဖျက်သိမ်းကာ Unisol စစ်သည်တွေအဖြစ် ဖန်တီး​ခဲ့ပါတယ်။ တစ်နေ့မှာတော့ Luc တစ်ယောက်တာဝန်ထမ်းဆောင်နေချိန်မှာ မှတ်ဉာဏ်​ဟောင်းတွေကို သတိရလာပြီး သတင်း​ထောက်​မလေး Veronica Robert နဲ့အတူထွက်ပြေးပါတယ်။ Luc ရဲ့ရန်သူဖြစ်တဲ့ ဆာဂျင်​ Andrew Scott ကလည်း Luc လိုပဲ မှတ်ဉာဏ်​တွေပြန်ရရှိပြီး အထိန်း​အကွပ်မဲ့သွားပါတယ်။ Luc ကိုသတ်ဖြတ်ဖို့ ဆုံး​ဖြတ်​ထားတဲ့ ...
movie

Universal Soldier (1992)

Being John Malkovich (1999) 7.7
Being John Malkovich (1999)  ဒီတစ်ခါမှာတော့ 1999ခုနစ်က ထွက်ရှိထားပြီး IMDb 7.7 နဲ့ Rotten Tomatoes မှာ 94%ထိ ရရှိထားတဲ့ အပြင် ဆုပေါင်းများစွာ ရရှိထားတဲ့ Comedy/Fantasy ဇာတ်ကားတစ်ကားကို တင်ဆက်ပေးသွားမှာပါ။ခရစ်ဟာ ရုပ်သေးဆရာတစ်ယောက်ဖြစ်ပြီး လက်ရှိမှာ အလုပ်လက်မဲ့ ဖြစ်နေသူတစ်ယောက်ပါ တစ်ရက်မှာတော့ သူဟာ လက်စတာကော့ လို့ခေါ်တဲ့ ကုမ္ပဏီမှာ အလုပ်တစ်ခု ရရှိသွားပါတယ်။ ဒီလိုနဲ့ သူ့ရဲ့ ရုံးခန်းအသစ်မှာ ထူးဆန်းတဲ့ အပေါက်တစ်ခုကို ရှာတွေ့သွားပါတယ်။ အဲ့ဒီ အပေါက်ကို ဝင်လိုက်တဲ့သူဟာ နာမည်ကြီး ရုပ်ရှင်မင်းသားရဲ့ ခန္ဓာကိုယ်ထဲကို ရောက်ရှိသွားတာပါ။သာမန်လူတွေအတွက်တော့ အပေါက်ထဲကို ဝင်သွားလိုက်ရင် မင်းသားရဲ့ ကိုယ်ထဲကို ၁၅ မိနစ် ရောက်ရှိသွားပြီး သူ့နေရာမှာ ဝင်ပြီးခံစားခွင့်ရပေမဲ့ ရုပ်သေးဆရာ ခရစ်ကတော့ မင်းသားကြီးရဲ့ ခန္ဓာကိုယ်ကို ကြိုက်သလို ထိန်းချုပ်လို့ရပြီး နေချင်သ‌လောက် နေလို့ရတာပါပဲ ဒီလိုနဲ့ ခရစ်ဟာ ...
movie

Being John Malkovich (1999)

The Possession (2012) 6.9
The Possession (2012)  ဘက်စကတ်ဘောနည်းပြ ကလိုက်ဒ်နဲ့ သူ့ဇနီး စတက်ဖနီတို့ကကွာရှင်းလိုက်ကြပြီး ကလေးနှစ်ယောက်ကို ကလိုက်ဒ်က ခေါ်သွားခဲ့ပါတယ် ။အိမ်ပြောင်းလာတာဖြစ်တဲ့ ကလိုက်ဒ်တို့ သားအဖသုံးယောက်ဟာခြံဝန်းတစ်ခုမှာ ပစ္စည်းအဟောင်းတွေ ရောင်းနေတာနဲ့ လိုတာတွေဝင်ဝယ်ကြပါတော့တယ် ။အဲဒီနေရာမှာ ကလိုက်ဒ်ရဲ့ သမီးငယ်လေး အမ်မလီ မျက်စိကျသွားတဲ့ပစ္စည်းကတော့ ရှေးဟောင်းသေတ္တာတစ်လုံးပါပဲ ။ သေတ္တာအဖုံးပေါ်မှာဟီဘရူးဘာသာစကားနဲ့ “ သတိပေးချက် : မဖွင့်ရ သေတတ်သည်” လို့ရေးထားတဲ့ သေတ္တာကို အမ်မလီလေး ဖွင့်နိုင်သွားတဲ့အခါ ဘာတွေဖြစ်လာမလဲ ။သေတ္တာထဲမှာရှိနေတာကရော ဘာဖြစ်မလဲ ။ ရုတ်တရက်ကြီး ပြောင်းလဲသွားတဲ့အမ်မလီကို ကလိုက်ဒ်တို့ မိသားစု ကယ်နိုင်ပါ့မလားဆိုတာကို ၂၀၁၂ ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ The Possession ရုပ်ရှင်မှာ ရင်ခုန်စိတ်လှုပ်ရှားစွာ စောင့်ကြည့်ရမှာပါ ။အဓိက ဇာတ်ဆောင် တဖြစ်လဲ အမ်မလီ့အဖေ ဘတ်စကတ်ဘောနည်းပြကလိုက်ဒ်အနေနဲ့ကတော့ Walking Dead နဲ့ Grey’s Anatomy တို့မှာ ပါဝင်ထားတဲ့မင်းသားကြီး Jeffrey Dean ...
movie

The Possession (2012)

Family Switch (2023) 5.7
Family Switch (2023) Family Switch (2023)အခုလို ဒီဇင်ဘာအခါသမယလေးမှာ ခွီဖို့အတွက် မိသားစုဟာသကားတစ်ကားရောက်ရှိလို့လာပါပြီ။ ဒီဇာတ်ကားထဲမှာဆိုရင် Wednesday ထဲမှာ "Enid Sinclair" အနေနဲ့ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ မင်းသမီးချောလေး Emma Myers အပြင် မူလဘူထ Elektra ဖြစ်ခဲ့တဲ့ Jennifer Garner နဲ့ The Hangovers သုံးကားထဲမှာ Stu အဖြစ်သရုပ်ဆောင်ခဲ့တဲ့ Ed Helms တို့ ပါဝင်ထားတာဖြစ်တဲ့အတွက် ကြည့်ရှုသူအားလုံးကို Entertain ဖြစ်စေမှာတော့ အမှန်ပါပဲ။ ခရစ္စမတ်ရာသီအလျောက် ခရစ္စမတ်ရဲ့ မြူးမြူးကြွကြွ Vibe လေးပါဝင်ထားတဲ့အပြင် ဒီ ၂၀၂၃ ခုနှစ်မှာ Netflix က ထုတ်ထားတဲ့ Family Genre ဇာတ်ကားတွေရဲ့ အကောင်းဆုံး ဇာတ်ကားတစ်ကားဖြစ်တာမို့ ကိုယ့်ရဲ့ Must Watch စာရင်းထဲထည့်ထားသင့်ပါတယ်။~ ဇာတ်လမ်းအကျဉ်း ~ဝေါလ်ကာမိသားစုဝင်တွေထဲမှာဆိုရင် အလုပ်လည်းကြိုးစား တစ်ချိန်ထဲမှာ ...
movie

Family Switch (2023)

2023
Saw (2004) Saw 1 7.6
Saw (2004) Saw 1 Saw Collection ==============CM ကနေ နာမည်ကျော် Saw ဇာတ်ကားတွေကို ဆင်ဆာမဖြတ်ထားတဲ့ Version တွေဖြစ်တဲ့ Unrated/Director's cut Version တွေနဲ့ ပြန်လည် Update လိုက်ပါတယ်။Saw ဇာတ်လမ်းတွေရဲ့အစကတော့ ရုပ်ရှင်ကျောင်းကနေ သင်တန်းဆင်းလာတဲ့ ဒါရိုက်တာပညာသင်ထားတဲ့ James Wan နဲ့ ဇာတ်ညွှန်းပညာသင်ထားတဲ့ Leigh Whannell  တို့ ၂ ယောက် ရုပ်ရှင်လောကထဲဝင်ဖို့ လုံလောက်တဲ့ ငွေကြေးမရှိရာကနေ စပါတယ်။ ရုပ်ရှင်ရိုက်ဖို့ ပိုက်ဆံမရှိတော့ ဘတ်ဂျက်နည်းနည်းနဲ့ Twist များတဲ့ ဇာတ်ညွှန်းကို နှစ်ယောက်သားဖန်တီးရိုက်ကူးခဲ့ရာကနေ Saw 2004 ပထမဆုံးရုပ်ရှင်ဖြစ်လာခဲ့ပါတယ်။ လူမငှားနိုင်လို့ ဇာတ်ညွှန်းဆရာ Leigh Whannell ကိုယ်တိုင်သရုပ်ဆောင်ဝင်ရိုက်ခဲ့ရပြီး အခန်းတစ်ခန်းအတွင်းမှာပဲ ရိုက်ကူးခဲ့ရတဲ့ Saw 2004 ရုပ်ရှင်ဟာ ဘတ်ဂျက် ၁ သန်းပဲ ကုန်ကျခဲ့ပေမယ့် ရုံတင်ဝင်ငွေ သန်း ၁၀၀ ကျော်ပြန်လည်ရရှိသည်အထိ ...
movie

Saw (2004) Saw 1

4K HEVC
Dragon Blade (2015) 5.9
Dragon Blade (2015) Dragon Blade (2015) =============== IMDb Rating - 5.9/10ဒီကားကို ငွေရှာဖို့ရည်ရွယ်ချက် ခပ်များများနဲ့ ရိုက်ကူးခဲ့သလို ငွေလည်း တော်တော်ပြန်ရလိုက်တဲ့ဇာတ်ကားပါ။ Battle Scene တွေ တော်တော်ကောင်းတယ်လို့ ပြောနိုင်သလို တဆိတ်ရှိရင် ဖုန်တလုံးလုံးထ CGI တွေပဲ တွင်တွင်သုံးထားတယ်လို့လည်း ပြောလို့ရပါရဲ့။ ဘယ်လိုပဲပြောပြော တရုတ်ကားတွေထဲမှာ သူတို့ ယဉ်ကျေးမှုပဲအ‌ကောင်း၊ သူတို့ပဲ အာဇာနည်၊ သူတို့ပဲ ပညာရှိတဲ့ ဇာတ်ကွက်ကသွေဖည်လို့ နှစ်ဖက်မျှမျှတတ သမိုင်းစစ်စစ်ကို ထုတ် ပြသွားတယ်လို့ ယူဆရပါလိမ့်မယ်။ တရုတ်သိုင်းနဲ့ ရောမအသတ် အပုတ်ကို ယှဉ်ပြတဲ့အခါ အလှအပဟန်ကဲတဲ့ တရုတ်သိုင်းဟန်နဲ့ အင်အားသုံးပြီး ရန်သူကို အချိန်တိုအတွင်း အပြီးသတ်လိုတဲ့ ရောမ ဂလက်ဒီယေတာဟန်ကိုလည်း ကွဲကွဲပြားပြား မြင်ခဲ့ရပါတယ်။မြို့တော်တည်ဆောက်ရေးလုပ်ငန်းမှာ ဗိသုကာပညာပိုင်းယှဉ်လာတော့ ရောမမြို့ကြီးကို လှပခံ့ညားစွာဆောက်ခဲ့တဲ့ ရောမသားတွေရဲ့ သိပ္ပံနည်း စနစ်ကျကျ တည်ဆောက်ရေးပညာက တရုတ်တို့ ရက် ၁၀၀ စီမံကိန်းကို ၁၅ ရက်နဲ့ အပြီးသတ်တည်နိုင်ခဲ့တာမျိုး။ ကျောက်တုံးကြီးတွေနေရာမှာ ကျောက်စရစ်ခဲသံသေတ္တာနဲ့ အစားထိုးပြီး မြို့တံတိုင်းထိုးခဲ့ပုံတွေ။ တရုတ် တွေ အလေးအပင်တွေကို လူအားနဲ့ ကြိုးဆွဲပြီး မချိမဆန့်တင်နေရချိန်မှာ ရောမသားတွေရဲ့ အားပြောင်းအားလွှဲဝန်ချီစက်ကြောင့် ...
movie

Dragon Blade (2015)

2015
Tenacious D in The Pick of Destiny (2006) 6.8
Tenacious D in The Pick of Destiny (2006) Tenacious D In the Pick of Destiny (2006) Genre - Comedy, Adventure, Music IMDB - 6.8/10မင်းသားကြီး ဂျက်ဘလက်ခ်ဆိုတာနဲ့ ကွန်ဖူးပန်ဒါကိုပြေးမြင်ကြမယ်ထင်ပါတယ် နောက်ပြီး သူရိုက်ထားတဲ့တခြားဟာသကားတွေကလည်း နာမည်ကြီးပါပဲSchool of Rock တို့ Jumaji တို့ Goosebump တို့ စသဖြင့် အများကြီး ရှိပါတယ်။ဇာတ်လမ်းအကြောင်းမပြောခင် မင်းသား ဂျက်ဘလက်ခ်ကတကယ်သီချင်းဆိုပါတယ် လက်တွေ့လောကမှာလည်းဒီရုပ်ရှင်နာမည်အတိုင်း Tenacious D ဆိုပြီး Rock အဖွဲ့လေးထောင်ထားတာပါနောက်အဖွဲ့ဝင်တစ်ယောက်က ဒီရုပ်ရှင်ထဲမှာပါတဲ့သရုပ်ဆောင် ကိုင်းဂတ်စ်ပါပဲနောက်ပြီး သူတို့ဟာ သီချင်းတွေဆိုလည်းကိုယ်တိုင်ရေး ကိုယ်တိုင်ဆို ကိုယ်တိုင်တီးတွေပါ။ဒီရုပ်ရှင်ရဲ့ ဇာတ်လမ်းအကျဉ်းကတော့ သာမန်မြို့ငယ်လေးမှာဘာသာတရာကိုင်းရှိုင်းကြတဲ့ မိသားစုလေးရှိပါတယ်ဒီမိသားစုလေးထဲက JB ဆိုတဲ့ ဖက်တီးလေးကတော့မိရိုးဖလာကို ဆန့်ကျင်ပြီး အင်မတန်မှ Rock ဂီတကို ကြိုက်တာပေါ့အဲဒါကြောင့် သူနေထိုင်ရာပတ်ဝန်းကျင်က Rocker တစ်ယောက်မဖြစ်နိုင်တဲ့အတွက် Rock ဆရာကြီး အဆိုတော် ...
movie

Tenacious D in The Pick of Destiny (2006)

The Contract(2006) 5.6
The Contract(2006) ဝါရင့်မင်းသားကြီး Morgan Freeman နဲ့ John Cusack တို့ရဲ့ ဇာတ်ကားကို တင်ဆက်ပေးလိုက်ပါပြီ။ ဒီမင်းသားတွေရဲ့ဇာတ်ကားဆိုတော့ ဇာတ်ကားကောင်းပါတယ်ဆိုပြီး အထွေအထူးပြောနေစရာတောင် မလိုတော့ပါဘူး။ဇာတ်လမ်းအကျဉ်းကိုပြောရရင် ရေး ဟာ ဇနီးသည်မရှိတော့ဘဲ ကျန်ခဲ့တဲ့သားတဲ့အတူ နေထိုင်တဲ့သူဖြစ်ပါတယ်။ ဇနီးသည်သေဆုံးပြီးကတည်းက အဆင်မပြေနေခဲ့တဲ့ သူတို့ဘ၀ကို ပြန်ပြီးအဆင်ပြေအောင်လုပ်ဖို့အတွက် တောတွင်းစခန်းချဖို့ လာခဲ့ကြပါတယ်။ တစ်ဖက်မှာလည်း စစ်တပ်ကအနားယူပြီးနောက်ပိုင်း နာမည်‌တုတွေနဲ့လှုပ်ရှားတဲ့ ကြေးစားအဖွဲ့တစ်ဖွဲ့ဟာ သူတို့စာချုပ်ချုပ်ထားတဲ့ ‌အလုပ်တစ်ခုအတွက် လူတစ်ယောက်ကိုလုပ်ကြံဖို့ စီစဉ်နေကြပါတယ်။ ဒီလိုနဲ့ တောတွင်းစခန်းလာချကြတဲ့ရေးတို့သားအဖနဲ့ ကြေးစားလူသတ်သမားတို့ထိပ်တိုက်တွေ့ပြီးတော့ စိတ်လှုပ်ရှားစရာကောင်းတဲ့ The Contract ဇာတ်လမ်းကြီး စတင်ပါတော့တယ်။ File size…2.74 GB / 1.01 GB / 595MB Quality…WEB-DL 1080p 5.1 CH / 720p / 480P Format…mp4 Duration….1h 36m Genre ..... Action , Adult , ...
movie

The Contract(2006)

Lords of Dogtown(2005) 7.1
Lords of Dogtown(2005) Lords of Dogtown(2005)**********************Heath Ledger ရဲ့ အလန်းကားများစွာထဲက တစ်ကားဖြစ်ပါတယ်..အားကစားတွေထဲက စကိတ်စီးတာကလည်းတစ်ခေတ်ထခဲ့သလို ခုထိလည်းရိုးမသွားသေးပါဘူး၊ ဒီဇာတ်ကားကတော့ စကိတ်ကိုရူးရူးမူးမူးစွဲလမ်းခဲ့ကြတဲ့ သူငယ်ချင်းသုံးယောက်အကြောင်းဖြစ်ရပ်မှန်လေးပါပဲ။ ဇာတ်လမ်းလေးကတော့ ပင်လယ်ကမ်းခြေမြို့လေးတစ်မြို့မှာ လူငယ်ခြေတက် ဆယ်ကျော်သက်ကောင်လေးတစ်စု ‌ရေလွှာစီးလိုက် စကိတ်စီးလိုက်ပျော်ပျော်နေကြတယ်ပေါ့လေ။ တိုနီ၊ဂျေး နဲ့ စတေဆီတို့ပါပဲ။ စကိတ်စီးတာကလည်းခေတ်ထလာတော့ စီးပွားရေးသမားတွေက ကောင်လေးတွေကိုသုံးပြီးငွေရှာဖို့ကြံ၊ ကောင်လေးတွေကလည်း စကိတ်စီးနေရရင်ပြီးရောဆိုတဲ့ ငယ်ဘဝကနေ ငွေရေးကြေးရေ၊ အချစ်ရေးတွေပါ စိတ်နှစ်ရမယ့်အရွယ်ရောက်လာခဲ့တဲ့အခါမှာတော့..... လူငယ်သဘာဝပျော်ပျော်နေတာတွေ၊ စကိတ်စီးတာတောင် သူများခြံထဲဘယ်လိုခိုးဝင်စီးခဲ့တာတွေ၊ သူငယ်ချင်းအချင်းချင်းစိတ်ဝမ်းကွဲတာတွေ၊မိသားစုလိုသံယောဇဉ်တွေကိုပါမြင်တွေ့ရမယ့် ဖြစ်ရပ်မှန်ကားကောင်းလေးပါပဲFile Size :(1.8 GB)(931 MB) and (230 MB) Quality : Blu-Ray 1080P, 720p Format…mp4 Duration…01:48:00 Genre : Biography , Drama , Sport Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

Lords of Dogtown(2005)

London(2005) 7.0
London(2005) London(2005)************နာမည်ကြီးသရုပ်ဆောင်တွေဖြစ်ကြတဲ့ Chris Evan နဲ့ Jason Statham တို့ပါဝင်သရုပ်ဆောင်ထားတဲ့Londonဆိုတဲ့ ဒီဇာတ်ကားလေးမှာတော့ ဆစ်ဒ်ဟာ သူအရမ်းချစ်ရတဲ့ အမျိုးသမီလေး Londonနဲ့ လမ်းခွဲပြတ်စဲအပြီးဆေးစွဲသူတစ်ယောက်အဖြစ် ဘဝကို ဖြစ်သလိုဖြတ်သန်းနေခဲ့ပါတယ်။တစ်နေ့မှာတော့ Londonက အဝေးကိုထွက်ခွာတော့မှာမို့ နှုတ်ဆက်ပါတီပွဲလုပ်ကြတဲ့အခါ...ဖိတ်ကြားခြင်းမခံရတဲ့ ဆစ်ဒ်ဟာလည်း နောက်ဆုံးအကြိမ်အခွင့်အရေးရလိုရငြားသူ့အတွက် ကိုကိန်းလာပို့ပေးတဲ့ ဘိတ်မန်းနဲ့အတူ ပါတီပွဲကို တက်ရောက်ခဲ့ပါတယ်။ဒီလိုနဲ့ တစ်ခါမှ မတွေ့ဖူးကြတဲ့ ဆစ်ဒ်နဲ့ ဘိတ်မန်းတို့ အစပ်အဟပ်တည့်ပြီးဆေးတွေ ရှူ.. ဒဿနတွေပြောကြရင်း Londonသူငယ်ချင်းတွေဆီကနေသူတောင်မသိတဲ့ဇာတ်လမ်းတွေကြားသိရတဲ့အခါဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့..............     File Size : (1.4GB) and (535 MB) Quality : Blu-Ray 720p Format…mp4 Duration…01:32:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Tun Ag Kyaw Encoded by Phyo Pyae
movie

London(2005)

Runaway Jury(2003) 7.1
Runaway Jury(2003) Runaway Jury(2003) အညွှန်း*************************IMDb - 7.1 / Rotten 🍅 - 75%Money cannot buy everything လို့ ကျွန်တော်တို့ဘယ်လောက်ပဲအပြိုင်အဆိုင်ငြင်းခုန်နေကြပါစေ ပိုက်ဆံဟာ လူသားတွေကိုလိုရာခိုင်းစေနိုင်တဲ့ Mighty Godတစ်ပါး ဖြစ်နေဆဲပါပဲ။ရေများရေနိုင်သလို ငွေများငွေနိုင်တဲ့လောကကြီးမှာ ဓနရှင်တွေရဲ့လွှမ်းမိုးနိုင်မှုဟာလည်းပြောစရာမလိုတဲ့အရာတစ်ခုပါဘဲ။ အခုဒီရုပ်ရှင်လေးကတော့ သာမန်မုဆိုးမတစ်ယောက်နဲ့သေနတ်ကုမ္ပဏီသူဌေးကြီးတွေကြားက အားပြိုင်မှုကို ရိုက်ကူးထားတဲ့ ပုံမှန်နဲ့မတူ တမူထူးခြားတဲ့ ဇာတ်ကားပါ..မျက်စိမပါတဲ့သေနတ်တစ်လက် နှလုံးသားမရှိတဲ့လူတစ်ယောက်လက်ထဲ ကျရောက်သွားချိန်ဟာအဆုံးမဲ့ဝမ်းနည်းကြေကွဲမှုတွေရဲ့ကနဦးအစပါပဲ။ ဒါပေမဲ့ သေနတ်လုပ်ငန်းတွေကတော့ ဘယ်သူသေသေငတေမာရင်ပြီးရောဆိုတဲ့မူကို ဆက်လက်ကျင့်သုံးပြီး သေနတ်တွေကိုအလွယ်တကူထုတ်ရောင်းလို့ ဥပဒေနဲ့အညီရောင်းချပါသည်ဆိုတဲ့ငွေနဲ့ဖန်တီးထားတဲ့ဒိုင်းကာနဲ့ ကာထားကြပါတယ်။ ခေတ်အဆက်ဆက်တရားစီရင်မှုတွေမှာလည်း ဂျူရီအဖွဲ့ဝင်တွေဟာ ငွေရဲ့ကျေးကျွန်ဖြစ်နေတာကြောင့်သေနတ်လုပ်ငန်းတွေကို မတွန်းလှန်နိုင်ခဲ့တဲ့အပြင် ဖရန်ကင်ဖစ်ခ်ျလိုငွေမျက်နှာတစ်ခုပဲကြည့်တဲ့ ဂျူရီအတိုင်ပင်ခံ ဒါမှမဟုတ်ဂျူရီတွေရဲ့အားနည်းချက်ကိုကိုင်လှုပ်ပြီး ကြိုးဆွဲရာကခိုင်းမယ့်ဇာတ်ဆရာတွေကြောင့်သေနတ်လုပ်ငန်းဟာ အဘက်ဘက်က အသာစီးရပါတယ်။သေနတ်ပစ်ခတ်မှုမှာ ခင်ပွန်းဖြစ်သူကို ဆုံးရှုံးလိုက်ရတဲ့လူမမယ်ကလေးတစ်ယောက်နဲ့ ကျန်ရစ်ခဲ့တဲ့ ဆလက်စ်ဝုဒ်ဆိုတဲ့အမျိုးသမီးဟာရှေ့နေဖြစ်သူဝမ်‌ဒေါလ်ရိုဟာနဲ့ပေါင်းပြီးတိုက်ခိုက်ဖို့ကြိုးစားပါတော့တယ်..အဘက်ဘက်ကသာလွန်တဲ့ ဒီအင်အားကြီးတဲ့သူတွေကိုဘယ်လိုတိုက်ခိုက်ကြမလဲ..ဘယ်လိုအကွက်ဆင်ကြမလဲဆိုတာကိုတော့..John Grishamရဲ့ Runaway Juryဝတ္ထုကိုအခြေခံထားတဲ့အပြင်Gene Hackmanနဲ့ Dustin Hoffmanတို့လို Legend ...
movie

Runaway Jury(2003)

[17+] Blonde (2022) 6.2
[17+] Blonde (2022) Blonde (2022)=========== IMDb Rating - 6.2/10ကဲ Biography ဒရာမာရုပ်ရှင်လေးကြည့်ရအောင်။ နာမည်ကျော် ရုပ်ရှင်မင်းသမီး မယ်ရီလင် မွန်ရိုးရဲ့အကြောင်းပါပဲ။ မွန်ရိုးဟာ သမိုင်း တလျှောက် နာမည်အကြီးဆုံး လွှမ်းမိုးမှုအရှိဆုံး ရုပ်ရှင်မင်းသမီးတွေ ထဲကတစ်ယောက်ပါပဲ။ ၁၉၅၀-၆၀ ကာလများရဲ့ လိင်ဆွဲဆောင်မှုအရှိဆုံး အမျိုးသမီးအဖြစ်လည်း သတ်မှတ်ကြပါတယ်။မွန်ရိုးဟာ နာမည်ကျော်ကြားသလောက် ဘဝအစမလှပခဲ့သလို ဘဝ ဇာတ်သိမ်းလည်းမလှပခဲ့ပါဘူး။ မိဘမဲ့ဂေဟာကနေ အနုပညာလောက ထဲကိုဝင်လာပြီး ၁၆ နှစ်နဲ့အိမ်ထောင်ကျခဲ့တယ်။ အိမ်ထောင်သုံးဆက်အထိ ရှိခဲ့ပြီး။ ကြားထဲမှာလည်း အမေရိကန်သမ္မတ ဂျွန် အက်ဖ် ကနေဒီနဲ့ အပါအဝင် မရေတွက်နိုင်တဲ့ ကောလဟာလတွေ အများကြီးရှိခဲ့သူလည်းဖြစ်ပါတယ်။အဲဒီတုန်းက မွန်ရိုးဟာ တစ်နိုင်ငံလုံးရဲ့ အိပ်မက်မင်းသမီးဖြစ်ခဲ့တာပါ။ သူ့ရဲ့ ဂါဝန်လေးလေလွင့်နေတဲ့ပုံဟာလည်း သမိုင်းဝင်လောက်အောင်ကို ကျော်ကြား ခဲ့တာပါ။ မွန်ရိုးဟာ အသက် ၃၆ နှစ်အရွယ်မှာ ဆေးလွန်သေဆုံးခဲ့ပြီး ဒါကို မတော်တဆမှုအဖြစ်ဖော်ပြခဲ့ပေမဲ့ လူပေါင်းများစွာက ကိုယ့်ကိုယ်ကိုယ်သတ် သေတယ်လို့ ယူဆခဲ့သလို လုပ်ကြံခံရတယ်ဆိုတဲ့ ထင်ကြေးတွေလည်းပေါ် ပေါက်ခဲ့ပါတယ်။ ဒါပေမဲ့ သူကို ဟောလိဝုဒ်ရွှေခေတ်ရဲ့ အကျော်ကြားဆုံး မင်းသမီးစာရင်းမှာ နံပါတ်-၆ နေရာမှာ သတ်မှတ်ထားခဲ့တုန်းပါပဲ။ နံပါတ်တစ် ကတော့ ...
movie

[17+] Blonde (2022)

2022
Father Stu (2022) 6.7
Father Stu (2022) Father Stu(2022)Mark Wahlberg နဲ့ Mel Gibson တို့ရဲ့ Father Stu လာပါပြီဗျာ။Father Stu ဆိုတာကတော့ ထိုးဖို့ ကြိတ်ဖို့ သတ်ဖို့ ပုတ်ဖို့ပဲ စိတ်ဝင်စားတဲ့ လက်ဝှေ့သမား အဖြစ်ကနေ လူတွေကို ပျက်စီးရာပျက်စီးကြောင်းကနေ အဖတ်ဆယ် ကယ်တင်ပေးသူ ခရစ်ယာန်ဘုန်းတော်ကြီး ဖြစ်လာတဲ့ Stuart Long အကြောင်း ဖြစ်ရပ်မှန်ကို အခြေခံပြီး ရိုက်ကူးထားတဲ့ ဇာတ်ကားပါStuart Long ဟာ ဆိုးသွမ်းတဲ့ ဖခင်ဒဏ်ကို ခံရပြီး ကြမ်းကြမ်းတမ်းတမ်း ကြီးပြင်းလာရတဲ့ လက်ဝှေ့သမားတစ်ယောက်ပါလက်ဝှေ့ထိုးနေရင်း ဆိုးဝါးတဲ့ မေးရိုးရောဂါကြောင့် လက်ဝှေ့သမားအဖြစ်ကနေ နှုတ်ထွက်ခဲ့ရပြီး သရုပ်ဆောင် လုပ်မယ်ဆိုပြီး LA ကို ထွက်လာခဲ့ပါတယ်LA က စူပါးမားကတ်မှာ အလုပ်လုပ်ပြီး သရုပ်ဆောင်လုပ်ဖို့ ကြိုးစား ရုန်းကန်ရပုံတွေ စူပါမားကတ်ကို စျေးဝယ်လာတဲ့ ကတ်သလစ်ဘာသာဝင် မိန်းကလေးတစ်ယောက်ကို သဘောကျမိရာက ဘုရားကျောင်းရောက်သွားပြီး ဖာသာဘဝကို ရောက်ခဲ့ရပုံတွေ စတာတွေကို သဘာဝကျကျ ရိုက်ကူးတင်ဆက်ထားတာပါIMDb rating 6.8 အထိ ...
movie

Father Stu (2022)

2022