Channel Myanmar

Nawazuddin Siddiqui

Lion (2016) 8.0
Lion (2016)  Lion (2016)IMDb Rating (8.0)/ Rotten Tomatoes ( 84%)Nominated for 6 Oscars. Another 59 wins & 98 nominationsဆိပ်ကမ်းမဲ့တဲ့မြစ် (Lion - 2016) ====================== အိန္ဒိယနိုင်ငံရဲ့ ကျေးလက်ဒေသလေးမှာ Saroo လို့ ခေါ်တဲ့ ငါးနှစ်သား ကလေးငယ်လေးအဖို့တော့ ဘဝဟာ ပျော်စရာအတိပါပဲ။ အကိုဖြစ်သူ Guduu နဲ့အတူ ရထားပေါ်တက်၊ကျောက်မီးသွေးတွေခိုး၊ အစောင့်တွေ့သွားရင် ရထားပေါ်က ခုန်ချ၊ မုန့်ဆိုင်ကို မီးသွေးပြန်ရောင်း၊ ရတဲ့ ငွေက မုန့်ဖိုးပဲဖိုးပေါ့။ အမေက ကျောက်ထုတ်လုပ်ငန်းတစ်ခုမှာ လုပ်တယ်။ ညီမအငယ်ဆုံးလေး တစ်ယောက်လည်း ရှိသေးရဲ့။ ဆင်းရဲပေမယ့် အရမ်းချစ်ကြတဲ့ စိတ်ချမ်းသာစရာ မိသားစုလေးပါ။ အကို Guduu က ညဘက်ဆိုလည်း ရထားဘူတာမှာ ကုန်ထမ်းတဲ့ အလုပ်,လုပ်ရသေးတယ်။ ယောကျ်ားလေးပီပီ Saroo ကလည်း အကိုနဲ့ ...
movie

Lion (2016)

2016
Costao (2025) 6.4
Costao (2025) Costao 2025 (ကော်စတောင်ဝ်)ယခုတင်ဆက်ပေးချင်တဲ့ ဇာတ်လမ်းလေးကတော့ ၁၉၉၀ခုနှစ်က ဖြစ်ခဲ့တဲ့ တရားမဝင်ရွှေသယ်မှုအကြောင်းကို ဖမ်းဆီးနိုင်ခဲ့တဲ့ အရာရှိတစ်ဦးအကြောင်း ဖြစ်ရပ်မှန်ကို ရိုက်ကူးတင်ဆက်ပြသထားတာဖြစ်ပါတယ်။လုံးဝသန့်စင်တဲ့ ရွှေဟာ တန်ဖိုးမဖြတ်နိုင်အောင် ဈေးကြီးပေမဲ့ သူ့ချည်းပဲဆိုရင် အသုံးမဝင်ဘဲ လက်ဝတ်ရတနာတွေပြုလုပ်ဖို့အတွက်ဆိုရင် တခြားပစ္စည်းတွေ ပေါင်းစပ်ဖို့ လိုအပ်ပါတယ်။ ဒီလိုပဲ အရမ်းကို တန်ဖိုးမဖြတ်နိုင်ပေမဲ့ ကမ္ဘာကြီးအတွက် သိပ်အသုံးမဝင်တဲ့သူတစ်ယောက်ရှိပါတယ်။ သူကတော့ ကော်စတောင်ဝ်ပါပဲ။သူဟာ ရာဇဝတ်မှုဆိုရင် လုံးဝကို သဘောမကျတဲ့သူတစ်ယောက်ပါ၊ ဒီအတွက်နဲ့ ရာဇဝတ်သားတွေကို လိုက်လံဖမ်းဆီးတတ်ပြီး သူ့လုပ်ရပ်အတွက်လည်း ဆုတွေအများကြီးရခဲ့ပါတယ်။ ကော်စတောင်ဝ်ဖမ်းလိုက်တဲ့ ရာဇဝတ်သားဆိုရင်သတင်းစာခေါင်းကြီးပိုင်းမှာ ပါတဲ့အထိ ကော်စတောင်ဝ်တစ်ယောက် နာမည်ကြီးပါတယ်။ သူဟာ ဆုအတွက်နဲ့ ရာဇဝတ်သားတွေကို လိုက်လံဖမ်းဆီးနေတာမဟုတ်ဘဲ သူ့အတွက်သူ ဖမ်းတာလို့လည်း ပြောတတ်ပါသေးတယ်။ဒီလိုနဲ့ သူတာဝန်ကျတဲ့နယ်မြေအတွင်းမှာ တရားမဝင်ရွှေသယ်ဖို့ ကြိုးစားကြတဲ့သူတွေကို ဘယ်လိုပုံစံမျိုးနဲ့ စုံစမ်းဖော်ထုတ်ပြီး ရင်ဆိုင်ဖြေရှင်းသွားမလဲဆိုတာကို ကြည့်ရှုရမဲ့ ဒရာမာဇာတ်ကားလေးဖြစ်ပါတယ်။အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size…1.4 ...
movie

Costao (2025)

Bombay Talkies (2013) 6.6
Bombay Talkies (2013) Bombay Talkies ဟာဘောလိ၀ုဒ်ရုပ်ရှင်လောကရဲ့ နှစ်တစ်ရာပြည့်အဖြစ်ပွဲထွက်ခဲ့တာဖြစ်ပြီး Karan Johar, Dibakar Banerjee, Zoya Akhtar နဲ့ Anurag Kashyap တို့ နာမည်ကျော်ဒါရိုက်တာလေးဦးရဲ့ ဇာတ်လမ်းတိုလေးပုဒ်နဲ့ဖွဲ့စည်းထားတဲ့ anthology film ဖြစ်ပါတယ်။ ဒါ့အပြင် ဒီဒါရိုက်တာလေးဦးရဲ့ anthology သုံးကားတွဲထဲက ပထမဆုံးဇာတ်ကားဖြစ်ပြီး နောက်ပိုင်းမှာ အားလုံးသိကြတဲ့ Lust Stories (2018) Ghost Stories (2020) တို့ဆက်ပြီး ထွက်ရှိထားပါသေးတယ်။ ဇာတ်လမ်းတိုတွေထဲမှာ Rani တို့လို Nawazuddin Siddiqui တို့လိုနာမည်ကျော်တွေ ပါဝင်သလို သရုပ်ဆောင်ဘက်မှာမခေတဲ့ အဲ့ဒီခေတ်အခါက တက်သစ်စတွေလည်းအင်တိုက်အားတိုက်ပါဝင်ထားပါတယ်။ Amitabh Bachchan တို့ Katrina Kaif တို့ကိုလည်း cameo နေရာမှာတွေ့မြင်ရမှာပါ။ ဘောလိ၀ုဒ်နှစ်တစ်ရာ ဂုဏ်ပြုသီချင်းဖြစ်တဲ့ အပိတ်သီချင်းမှာတော့ ပိတ်ကားပေါ်မှာ တစ်စုတစ်စည်းထဲ မြင်ရခဲတဲ့ ဘောလိ၀ုဒ်ရဲ့နာမည်ကျော် ဒိတ်ဒိတ်ကြဲ မင်းသားမင်းသမီးတွေ အများကြီးကို သီချင်းတစ်ပုဒ်ထဲမှာတွေ့မြင်ရမှာဖြစ်တဲ့အတွက် ဘောလိ၀ုဒ်ချစ်သူတွေလက်လွတ်မခံသင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်ဆိုတာတော့လက်တို့လိုက်ပါရစေ။ အညွှန်း နဲ့ ဘာသာပြန်ကတော့ Alias ပဲ ဖြစ်ပါတယ်။Genre..... ...
movie

Bombay Talkies (2013)

2013
Firaaq (2008) 7.3
Firaaq (2008) Firaaq (2008) ခွဲခြားမှုIMDb 7.3/10အချစ်အတွက်တောင်ကိုဖြိုပြခဲ့တဲ့ "The Mountain" ထဲက မင်းသားကြီး Nawazuddin Siddiqui နဲ့အတူ မင်းသားကြီးတွေဖြစ်ကြတဲ့ Paresh Rawal ၊ Nassar နဲ့ Naseeruddin Shah တို့လို နာမည်ကြီးတွေပါဝင်သရုပ်ဆောင်ထားတဲ့ဇာတ်ကားဖြစ်ပြီး 2008 ခုနှစ်စင်ကာပူမှာကျင်းပခဲ့တဲ့ Asian Festival of First Films ပွဲတော်မှာဆုသုံးခုဆု၊ နိုင်ငံတကာတစလီနီကီရုပ်ရှင်ပွဲတော်မှာ အထူးဆုနဲ့ ပါကစ်စတန်က ကာရာရုပ်ရှင်ပွဲတော်မှာ တစ်ဆုရရှိခဲ့ပြီး 56ကြိမ်မြောက် အမျိုးသားရုပ်ရှင်ပွဲတော်မှာ ဆုနှစ်ဆုဆွန်ခူးနိုင်ခဲ့တဲ့ကားပါဒီကားဟာလူမျိုးရေး sensitive ဖြစ်တဲ့ကားမို့ဂူဂျာရက်မှာပါပိတ်ခံထားရပါတယ် Firaaq ဆိုတဲ့စာလုံးဟာ အာရပ်ဘာသာစကားနဲ့‌ဆို "ခွဲခြားခြင်း" နဲ့ "စူးစမ်းရှာဖွေခြင်း" အဓိပ္ပာယ်နှစ်ခုရှိပါတယ်2002 ခုနှစ် ဂူဂျာရက်မှာဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် အထိကရုဏ်းအပြီး ရုပ်ရုပ်သဲသဲကာလအတွင်းမှာ နစ်နာသူ ကျူးလွန်သူ နဲ့ ကြားနေလူတန်းစားတွေအကြား ဒီကိစ္စကြီးရဲ့နောက်ဆက်တွဲတွေနဲ့ နေ့စဉ်လူနေမှုဘဝအပေါ်သက်ရောက်မှုတွေကိုရိုက်ကူးတင်ဆက်ထားတာပဲဖြစ်ပါတယ်လူတန်းစားခွဲခြားခြင်းနဲ့ ဒီပြဿနာကိုဘယ်လိုအဖြေရှာမလဲဆိုတာကိုကြည့်ရှုရမှာပါ(အညှန်းနဲ့ဘာသာပြန် CM Bollywood Team မှဖြစ်ပါတယ်) File size… 2.6 GB / 1.1 GB Quality…WEB DL 1080p HEVC/ 720p Format…mkv/ mp4 Duration….1h 41m Subtitle….Myanmar ...
movie

Firaaq (2008)

Ek Chalis Ki Last Local (2007) 7.3
Ek Chalis Ki Last Local (2007) Ek Chalis Ki Last Local (2007) "နောက်ဆုံးရထား"IMDb - 7.3/10 Zindagi Na Milegi Dobara (2011)မှာ လက်ပွားမင်းသားရဲ့ သူငယ်ချင်းနေရာကနေ ပါဝင်သရုပ်ဆောင်ထားပြီး အကောင်းဆုံးဇာတ်ပို့ဆုရခဲ့တဲ့ မင်းသား Abhay Deolရဲ့ ရုပ်ရှင်ကားဟောင်းကို တင်ဆက်ပေးလိုက်ပါတယ်။မင်းသမီးကတော့ 2002ခုနစ်က အိန္ဒိယမယ်စကြဝဠာဖြစ်ခဲ့တဲ့ Neha Dhupia။ မိနစ်ပိုင်းဆိုတဲ့ အချိန်လေးတစ်ခုက လူတစ်ယောက်ရဲ့ဘ၀ကို အပြောင်းလဲကြီးပြောင်းလဲစေခဲ့တာ။တိတိကျကျပြောရရင် နီလက်ရှ်ဆိုတဲ့ ကောလ်စင်တာတစ်ခုက ရုံးဝန်ထမ်းတစ်ယောက်ရဲ့ဘ၀ကိုပေါ့။ ရထားစီးဖို့ရည်ရွယ်ခဲ့ပေမဲ့ နောက်ကျသွားပြီး နောက်ဆုံးရထားကို လွတ်သွားခဲ့တဲ့ နီလက်ရှ်နဲ့ မာဒူ။သူတို့နှစ်ယောက်က ရထားမရှိတော့လို့ သုံးဘီးငှားဖို့လုပ်ရင်း သိသွားရာကစ သွားလိုရာခရီး တူနေတဲ့အတွက် နှစ်ယောက်အတူငှားဖို့ကြိုးစားနေကြချိန်။ မြို့ထဲမှာ သုံးဘီးတစ်စီးဗုံးပေါက်ကွဲရာက သုံးဘီးသမားနဲ့အတူမိသားစုပါ အဖမ်းခံထားရတဲ့အတွက် သုံးဘီးသမားတွေကလည်း ခရီးသည်မပို့ဘဲ သပိတ်မှောက်နေကြချိန်။ ညနှစ်နာရီဝန်းကျင်မှာ ဘူတာကနေထွက်လာပြီး သုံးဘီးငှားဖို့ကြိုးစားကြတဲ့ သူတို့နှစ်ဦး တွေ့ကြုံရမဲ့ အရာတွေကို မြင်တွေ့ခံစားကြရမှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ပဲဖြစ်ပါတယ်) File size… 3.45 GB / 1.7 GB Quality…WEB DL 1080p ...
movie

Ek Chalis Ki Last Local (2007)

Babumoshai Bandookbaaz (2017) 7.1
Babumoshai Bandookbaaz (2017) Babumoshai Bandookbaaz (2017)IMDb Rating -7/10 Google User - 86% Genre - Crime/Thrillerဒီတစ်ခေါက် တင်ဆက်ပေးလိုက်တဲ့ ဇာတ်ကားက ချန်နယ်မြန်မာမှာ တောင်းဆိုမှုအများဆုံးဇာတ်ကား တစ်ကားဆိုရင် မမှားပါဘူး။ အချစ်အတွက်နဲ့ တောင်ဖြိုပြခဲ့တဲ့ မြန်မာပရိသတ်တွေရဲ့ အကြိုက်မင်းသားကြီး Nawazuddin Siddiqui ရဲ့  2017 က ထွက်တဲ့ ဂန်းစတား ဘဝ သရုပ်ဖော် ဘောလိဝုဒ်ဇာတ်ကားဖြစ်ပါတယ်။သဘာဝကျတဲ့ ဇာတ်ရုပ်တွေကိုအပိုအလိုမရှိ သရုပ်ဆောင်တတ်တဲ့မင်းသားကြီးနဝဇ်ရဲ့ ကားဆိုတော့မကောင်းမှာ မပူရသလို၊ လူ့သဘာဝနဲ့ လူ့စိတ်ကို အကောင်းဆုံး ပြသပေးတဲ့ ဇာတ်ကားလည်း ဖြစ်ပါတယ်။ အပစ်အခတ် အသတ်အပုတ်တွေ ကြမ်းသလို၊ အချစ်ခန်းတွေကလည်း ကြမ်းပါတယ်။ ဒါ့အပြင် ဒီကားက မင်းသမီး Bidita Bag လက်စွမ်းပြလိုက်တဲ့ဇာတ်ကားဆိုရင်လည်း မမှားပါဘူး။ ပီပြင်လှတဲ့ သရုပ်ဆောင်ချက်တွေကို လက်ဖျားခါရပါတယ်။ဇာတ်ကားအကြောင်းအရာကို မညွှန်းတော့ပါဘူး။ တစ်ခါတစ်လေဇာတ်လမ်းအကြောင်းအရာကို ဖတ်ကြည့်တာထက်ကိုယ်တိုင်ကြည့်လိုက်တာက ပိုကောင်းလို့ပါ။ ပြောလိုတာကတော့မြင်နေကျ ဂန်းစတားတွေလိုစကားတွေအများကြီး မပြောပါဘူး။မျက်နှာတွေ ရှုံ့မပြပါဘူး။ မျက်နှာ အမူအရာတွေ ၊မျက်လုံးအကြည့်တွေ၊သီချင်းတွေနဲ့တင် မြိုင်ဆိုင်ပြည့်စုံနေတဲ့ကြေးစားလူသတ်သမား၂ယောက်ရဲ့ ကစားပွဲပါ။ ဒီကစားပွဲကို ...
movie

Babumoshai Bandookbaaz (2017)

2017
Rautu ka Raaz (2024) 6.5
Rautu ka Raaz (2024) Rautu Ka Raaz 2024 မရဏအလွန်ကအမှန်တရားIMDb -6.5/10မင်းသားကြီးNawazuddinရဲ့ မှုခင်းဇာတ်လမ်းကို မျှော်နေကြသူလေးတွေအတွက် မှုခင်းဇာတ်လမ်း အသစ်စက်စက်လေးကို တင်ဆက်ပေးလိုက်ပါပြီ။ မှုခင်းသီးသန့်မဟုတ်ဘဲ Bollywood ဆန်ဆန် အာဏာလှည့်ကွက်တွေနဲ့ ဒရာမာလေးတွေလည်းပါဦးမှာမလို့ ရှုစားကြည့်ရအောင်ပါ။အတိတ်က နာကျည်းချက်တွေနဲ့အတူ အိမ်ကိုဆယ်စုနှစ်တစ်ခုကြာပစ်ထားခဲ့တဲ့ အင်စပက်တာဒီပါ့ခ်နီဂီတစ်ယောက် အလုပ်ပဲဦးစားပေးပြီး အလုပ်မှာအရာရာမြှုပ်နှံထားသူပေါ့။ ဒီလိုနဲ့တစ်နေ့မှာ ရဲစခန်းကိုဖုန်းဝင်လာပြီး ဆယ်ဗာဒမ်ကျောင်းက အဆောင်မှူးကို သေဆုံးလျက်တွေ့ရှိပါတယ်ဆိုပြီး တိုင်ကြားလာပါတယ်။သဘာဝအတိုင်းသေဆုံးတာဆိုပြီး ကျောင်းအုပ်က အမှုပိတ်ချင်နေပေမဲ့ ကျောင်းအုပ်လက်ထောက်က စခန်းကိုအကြောင်းကြားလိုက်တာမလို့ ရဲတွေပါဝင်လာပြီး အခြေခံစစ်ဆေးမှုတွေနဲ့အတူ အလောင်းကိုရင်ခွဲစစ်ဆေးမယ်ဆိုပြီး လုပ်တော့တာပေါ့။ ဒါပေမဲ့ ရင်ခွဲရုံပို့ထားချိန်မှာ အထက်ကထူးဆန်းစွာနဲ့ အလောင်းကိုပြန်အပ်ပြီး သေမှုသေခင်းနဲ့ အမှုပိတ်ဖို့ ဖိအားပေးလာတဲ့အခါ....တစ်ဖက်က ဒီမြို့လေးက ဩဇာညောင်းတဲ့သူနဲ့ အဆောင်မှူးရဲ့ပတ်သက်မှုကို သတင်းပေးလာသူကလည်းရှိ၊ အလောင်းကိုရုတ်တရက် ပြန်အပ်ခိုင်းတာကလည်း သံသယဖြစ်စရာဖြစ်နေလို့ အလောင်းကို တိတ်တဆိတ်စစ်ကြည့်ရာက သံသယဖြစ်ဖွယ်သေဆုံးမှုဆိုပြီး အဖြေထွက်လာချိန်မှာတော့....အင်စပက်တာတစ်ယောက် ဒီအမှုကိုစုံစမ်းရင်း အမှုမှန်ကိုရော ကိုယ့်ရဲ့အတိတ်ကမေးခွန်းတွေရဲ့အဖြေကိုပါ ရှာဖွေနိုင်မလားဆိုတာ ကြည့်ရှုခံစားလိုက်ရအောင်ပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Teamမှပဲဖြစ်ပါတယ်) File size…1.7GB / 941MB Quality…WEB DL 1080p / 720p Format…mp4 Duration….1h 54m Subtitle….Myanmar Subtitle ...
movie

Rautu ka Raaz (2024)

2024
Sarfarosh (1999) 8.1
Sarfarosh (1999) Sarfarosh (1999) "တာဝန်" IMDb - 8.1/10ဒီတစ်ခါမှာဆိုရင် ၁၉၉၉ က ထွက်ရှိခဲ့တဲ့ နာမည်ကြီး ရိုမန့်/အက်ရှင်ကားလေးကို ပရိသတ်ကြီးခံစားနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ဝါရင့်သရုပ်ဆောင် Naseeruddin Shah, အားလုံးသိကြတဲ့ မင်းသား Aamir Khan နဲ့ တစ်ချိန်က မင်းသမီးချော Sonali တို့ ပါဝင်ထားပြီး အမြတ်ငွေ လေးဆပြန်ရခဲ့တဲ့ ခေတ်ဟောင်းကားလေးပါအိန္ဒိယနိုင်ငံမှာ လက်နက်မှောင်ခိုမှုတွေ ဖြစ်ပွားစဥ် အကြမ်းဖက်မှုတွေများလာတာကြောင့် အစိုးရက မွန်ဘိုင်းအထူးစုံစမ်းရေးကို တာဝန်ပေးနေရတဲ့ အချိန် ကောလိပ်ကျောင်းသား အဂျေး (အမီခန်း)ရဲ့အဖေက အကြမ်းဖက်တစ်ယောက်ကို ဆန့်ကျင်ထွက်ဆိုဖို့အသွား ပြန်ပေးဆွဲခံလိုက်ရပြီးအကြမ်းဖက်တွေလက်ချက်နဲ့ သူ့အစ်ကိုကြီးကိုဆုံးရှုံးလိုက်ရတဲ့အပြင် အဖေကပါ စကားမပြောနိုင်တော့ဘူး ဖြစ်သွားတဲ့အခါ အဂျေးတစ်ယောက် ရဲတပ်ဖွဲ့ထဲဝင်ဖို့ ဆုံးဖြတ်လိုက်တယ်လူတိုင်းလေးစားရသူလဲဖြစ်၊ အဂျေးနဲ့ ချစ်သူကောင်မလေး ဆီမာတို့ အရမ်းသဘောကျတဲ့ ဂီတစာဆို ဂူဖမ်ဟာဆန်ဆိုသူမှာ ဘယ်သူမှမထင်မှတ်ထားတဲ့ လျှို့ဝှက်ချက်တစ်ခု ရှိနေတဲ့အခါမှာဆိုရင်တော့ .....အက်ရှင်ခန်းတွေသာမက ချစ်ခန်းကြိုက်ခန်းတစ်လှည့်စီ အရောင်အသွေးစုံလင်တဲ့ ဒီခေတ်ဟောင်းလက်ရာလေးကို ပရိသတ်ကြီးက ခံစားကြည့်ရှုပေးပါဦးအညွှန်းနဲ့ ဘာသာပြန်ကတော့ CM Bollywood Team က ဖြစ်ပါတယ် File size…3.4GB ...
movie

Sarfarosh (1999)

1999
Saindhav (2023) 6.2
Saindhav (2023) Saindhav (2024) IMDb - 6.2/10ဒီတစ်ခေါက်မှာတော့ အက်ရှင်ဒရာမာကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးလိုက်ပါတယ် အခုခေတ်လူငယ်တွေဟာ PUBG လို ဂိမ်းမျိုးကို ကစားပြီးတော့ လက်နက်တော်တော်များများနဲ့ ရင်းနှီးကျွမ်းဝင်မှုရှိနေကြပါတယ်။ဒီကိစ္စကို အခွင့်ကောင်းယူပြီးတော့ Cartelအုပ်စုက လူငယ်လေးတွေ (အထူးသဖြင့် မိဘမဲ့ကလေးတွေ)ကို စုဆောင်း လေ့ကျင့်ရေးပေးပြီးတော့ အကြမ်းဖက်မှုတွေကို ပြုလုပ်ဖို့ ကြိုးစားနေပါတော့တယ်။ ဒီလို ကလေးတွေကို လေ့ကျင့်ပေးပြီးတော့ သေနတ်တွေကိုင်ခိုင်းပြီး သူတို့ရဲ့ ဖောက်သည်တွေဆီကို ရောင်းချဖို့လုပ်နေပါတယ်။ဒီအုပ်စုရဲ့ခေါင်းဆောင်ဟာ ခြင်သတ်တာကမှ လူသတ်တာကမှ ပိုခက်ခဲနေပါဦးမယ်ဆိုသလိုမျိုး သူ့သားရဲ့၂၅နှစ်မြောက်မွေးနေ့မှာတောင် သူ့ရဲ့အယောက်၅၀မြောက်လူကို သတ်ပြီးတော့ မွေးနေ့လက်ဆောင်ပေးတဲ့ အကောင်ကြီးကြီးလူမျိုးပါ။ စိုင်းဒါ့ဗ်လို့ခေါ်တဲ့ အရင်ကအတိတ်ကိုမေ့ပျောက်ထားပြီးတော့ ချစ်စရာသမီးလေးနဲ့အတူ ဇာတ်မြှုပ်ထားတဲ့သူတစ်ယောက်၊ ဒီလိုလူနဲ့ Cartelအုပ်စုနဲ့ ဘယ်လိုတွေ ဆုံမိသွားကြမလဲ …….Cartelအဖွဲ့အစည်းကရော ဘယ်လိုအကြမ်းဖက်မှုတွေ လုပ်ဆောင်သွားမလဲ ……. ဆိုတာတွေကို ကြည့်ရှူခံစားရမှာပဲ ဖြစ်ပါတယ်။ (အညွှန်းနဲ့ ဘာသာပြန်ကတော့ Zwe Yan~V~ToMo~BpL~Yunni တို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link ...
movie

Saindhav (2023)

2023
4K HEVC
Bajrangi Bhaijaan (2015) 8.1
Bajrangi Bhaijaan (2015) Bajrangi Bhaijaan (2015) ------------------------------ မေတ္တာတရားဟာ စကြဝဠာရဲ့ ဘာသာတရားအဖြစ်ရပ်တည်နေပုံ ၊ ကရုဏာတရားဟာလည်းလူမျိုးမခွဲခြားပုံတို့ကို ဒီဇာတ်ကားလေးညွှန်းဆိုထားပုံက  ရင်ထဲမှာတသသကျန်ရှိစေပါတယ်။  IMDb Rating  8.1 ထိရရှိထားပြီး ရိုက်ကူးရေးဘက်ဂျက် ရူပီးကုဋေ ၉၀ ခန့်သာရှိခဲ့ပေမယ့် ရုံတင်ဝင်ငွေ ရူပီးကုဋေ ၉၀၀ ကျော် ပြန်လည်ရရှိတဲ့အထိ အောင်မြင်ခဲ့တဲ့ရုပ်ရှင်ကားကြီးဖြစ်ပါတယ်။ မင်းသားကြီးဆယ်မန်ခန်း၊နဝါးဇ်၊မင်းသမီး ကရီးနာကပူးတို့မှအဓိကပါဝင်ထားကြပါတယ်။ဇာတ်လမ်းအကျဉ်းအိန္ဒိယနိုင်ငံဒေလီမြို့မှာပွဲတော်ကြီးကျင်းပချိန်ပေါ့။ ပဝန်(ဆလက်မန်ခန်း)ဟာလည်း ပါဝင်ဆင်နွှဲပြီးစားသောက်ဖွယ်ရာတွေကိုမြိန်မြိန်စားနေတဲ့အခိုက်အတန့်မှာ ပဝန်သတိထားမိတာက သူ့အားစိုက်ကြည့်နေတဲ့ ၆နှစ်အရွယ်ကလေးမ။ ပဝန်ဟာ ကရုဏာသက်မိရင်း ကလေးမလေးကိုအစားအစာတွေကျွေးမွေးခဲ့တယ်။ ပဝန်အိမ်ပြန်တော့လည်းကလေးမလေးဟာ နောက်ကတကောက်ကောက်လိုက်နေခဲ့ပါတယ်။ ဒီလိုနဲ့နာမည်လည်း မေးမရ စကားလည်းမပြောတတ်သောကလေးအား ထားမရစ်နိုင်သည့်အဆုံး ပဝန်ဟာသူ့ယောက္ခမဆီခေါ်လာခဲ့ပါတော့တယ်။ပဝန်ဟာကလေးမလေးရဲ့နေရပ်လည်းမသိ သူ့မိဘတွေကိုလည်းမသိပေမဲ့ စိတ်ထားဖြူစင်မှုအရင်းခံနဲ့ ကလေးမလေးကို သူ့မိဘဆီပြန်ပို့နိုင်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်။ကလေးမလေးကို မွန်နီလို့အမည်မှည့်ပေးလိုက်ပါတယ်။ တစ်နေ့မှာတော့ ဖန်သားပြင်ထက်က ခရစ်ကတ်ကစားပွဲမှာ အိန္ဒိယနဲ့ပါကစ္စတန်တို့အပြိုင်အဆိုင်ကစားနေကြပြီး အိန္ဒိယအမှတ်သာလျှင် မွန်နီလေးမှာမပျော်သလိုဖြစ်ပြီး ပါကစ္စတန်နိုင်လျှင် ဝမ်းသာလျက်ရှိနေပါတယ်။ အဲ့အချိန်က အိန္ဒိယနဲ့ပါကစ္စတန်တို့ဟာ စစ်ရေးအရတစ်ဖက်နဲ့တစ်ဖက်မတည့်ကြပါ။ပဝန်တို့မိသားစုတို့ကလည်း ဘာသာရေးအရဟိန္ဒူဘုန်းကြီးမျိုးနွယ်ဝင်တွေဖြစ်တာကြောင့် ပါကစ္စတန်သူမွတ်စလင်ဖြစ်သူ မွန်နီအားလက်မခံသင့်ကြောင်း၊ပါကစ္စတန်နိုင်ငံသို့ပြန်ပို့သင့်ကြောင်း ပဝန်ကိုတိုက်တွန်းကြပါတယ်။ ပဝန်လဲ ပါကစ္စတန်သံရုံးဆီ မူနီကို သွားရောက်ပို့ပေးပေမယ့် သံရုံးမှာ အိန္ဒိယနိုင်ငံသားတို့ဆန္ဒပြနေတာနဲ့ ကြုံတွေ့ခဲ့ရပြီး သံရုံးရဲ့စာရင်းသမားက မှောင်ခိုလမ်းကနေ ပြန်ပို့ဖို့ ပဝန်ကို အကြံပေးလိုက်ပါတယ်။ ပဝန်ကလဲ ယုံစားမိပြီး မွန်နီကို ချန်ထားခဲ့ပါတော့တယ်။ လမ်းတစ်ဝက်ရောက်ခါမှ ကစားစရာဝယ်ရင်း မွန်နီကို ပေးရန်ပြန်အလှည့်မှာတော့ မွန်နီလေးရောင်းစားခံရမှန်းသိလိုက်ရပါတော့တယ်။ အဲ့ဒီနောက်မှာတော့ပဝန်ဟာ ...
movie

Bajrangi Bhaijaan (2015)

1080p Untouched
Paan Singh Tomar (2012) 8.2
Paan Singh Tomar (2012) Paan Singh Tomar (2012) ============== IMDb Rating (8.2/10) / Rotten Tomatoes (89%)ဒီရုပ်ရှင်ကားကြီးကတော့ မင်းသားကြီးအီရ်ဖားန်ခန်း Irrfan Khan အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရခဲ့ပြီး မင်းသားကြီးနဝါ့ဇ်နဲ့အခြားသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားတဲ့ အီရ်ဖားန်ခန်းရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ တကယ်ရှိခဲ့တဲ့ ပန်းဆင်းဂ်တိုမရ်ဆိုတဲ့ အိန္ဒိယစစ်သား အားကစားသမား သူပုန်ကြီးတစ်ယောက်ရဲ့အတုပ္ပတ္တိကို အခြေခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ဘတ်ဂျတ်သန်းခုနစ်ဆယ်သာသုံးပြီးရိုက်ကူးခဲ့ပေမယ့် သန်းနှစ်ရာကျော်ပြန်ရခဲ့တဲ့ထိ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။ပန်းဆင်းဂ်တိုမရ်ဆိုတာ အိန္ဒိယစစ်သားတယောက်ပါ။ ၁၉၅၀ခုနှစ်နဲ့ ၁၉၆၀ခုနှစ်တွေကြားက အတားအဆီးဖြတ်ကျော် အပြေးပြိုင်ပွဲတွေမှာ ခုနစ်ကြိမ်တိုင်ချန်ပီယံဆုဆွတ်ခူးခဲ့သူပေါ့။ ၁၉၅၈ အာဆီယံဂိမ်းမှာ အိန္ဒိယကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ မိခင်နိုင်ငံက ထောက်ပံ့ပေးမှုအားနည်းတာရယ် လေ့ကျင့်တုန်းကပြိုင်ရတဲ့ဖိနပ်နဲ့ တကယ်တမ်းပြိုင်တော့စီးရတဲ့ဖိနပ်နဲ့မတူညီတာကြောင့်ဆုမရရှိခဲ့ပါဘူး။စစ်သားတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ရင်း အသုံးမကျတဲ့အရာရှိက ပေးလာတဲ့အမိန့်ကိုတော့လက်မခံပါဘူးလို့ ဆိုဝံ့သူ။ သူထူးချွန်တဲ့ အားကစားနဲ့ နိုင်ငံ့ဂုဏ်ဆောင်ရင်း ရွှေတံဆိပ်ဆုတွေဆွတ်ခူးပေးခဲ့သူ။ သူဟာ ရှေ့တန်းထွက်ဖို့ အခွင့်အရေးဆုံးရှုံးတဲ့အခါ ရဲရဲတင်းတင်းပဲ သူထူးချွန်တဲ့ အားကစားကိုစွန့်လွှတ်ခဲ့ပေမယ့် သူ့ရဲ့ ဆန္ဒတွေ မပြည့်ဝခဲ့ပါဘူး။ဒီလိုနဲ့ အိန္ဒိယစစ်တပ်ကနေအငြိမ်းစားယူပြီး မိသားစုနဲ့အေးအေးချမ်းချမ်းတောင်ယာလုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ သူတို့ရွာမှာမြေယာအငြင်းပွားမှုကနေ ပိုင်ရာဆိုင်ရာလူတစ်စုက အားနည်းသူတွေကို တရားလက်လွတ် ခြေလွန်လက်လွန်လုပ်ဆောင်လာတဲ့အခါ... နိုင်ငံအတွက်ကျရာတာဝန်တွေကို ထမ်းဆောင်ပေးခဲ့ပေမယ့် ...
movie

Paan Singh Tomar (2012)

Haddi (2023) 8.5
Haddi (2023) Haddi (2023) IMDb - 8.5/10ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင်နဲ့ သရုပ်ဆောင်နိင်တဲ့ မင်းသားကြီးနဝါးဇ်ရဲ့ဇာတ်လမ်းအသစ်ကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီနှစ်ထဲမှာပဲ သိပ်ချစ်တတ်တဲ့ဂေါင်းတစ်ယောက်အဖြစ် သရုပ်ဆောင်ထားတဲ့ Tiku Weds Sheru(2023)ထွက်ပြီးပြီ။ အခုလည်းလိင်ပြောင်းအမျိုးသမီးကြီးအဖြစ်နဲ့ ပီပြင်စွာပါဝင်ထားပါတယ်။ဘယ်လောက်ပဲတိုးတက်ပါတယ်ဆိုဆို လိင်ပြောင်းဆိုတာနဲ့ လူလူချင်း အထင်သေးခံရမှုတွေ အနှိမ်ခံရ အနိုင်ကျင့်ခံရမှုတွေတော့ ရှိတတ်ကြစမြဲပါပဲ။ ဒီကားထဲမှာလည်း ဟာဒီဆိုတဲ့ Transgender အကြောင်း ဦးတည်ရိုက်ကူးထားပါတယ်။ပရာယာဂါ့ဂ်ျဆိုတဲ့ ဒေသမှာ ရဲတွေ အလစ်ဝင်ဖမ်းရတဲ့အထိ ဆိုးဝါးနေပါတယ်။ အကြောင်းကတော့ အလောင်းတွေပျောက်လို့ပါ။ ဟုတ်ပါတယ် သေပြီးနာရီပိုင်းအတွင်း အတွင်းကလီစာတွေပုပ်တတ်ပေမဲ့ ကာလရှည်ကြာနေတဲ့ ရင်ခွဲရုံကအလောင်းတွေကအစ ပျောက်နေတော့ ရဲတွေဖို့ အတော်ခေါင်းစားရတဲ့အမှုပေါ့။ ကိုယ်တွင်းကလီစာနဲ့မသက်ဆိုင်လို့ ကျွမ်းကျင်သူတွေက အတည်ပြုလေတော့ အလောင်းတွေပျောက်နေတာ ဘာကြောင့်များလဲ...ဟာဒီဆိုတာက ဒီလိုအလောင်းကုန်ကူးမှုထဲ ပါဝင်ချင်နေသူတစ်ယောက်။အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ဒေလီမြို့ကိုတက်လာခဲ့ပြီး မိန်းမလျာတွေဖွဲ့စည်းထားတဲ့အဖွဲ့ထဲ ပါဝင်ဖို့ကြိုးစားပါတော့တယ်။ သူ့ရဲ့တကယ့်ရည်ရွယ်ချက်ကဘာလဲ။ အလောင်းကုန်ကူးတဲ့ထဲ ဝင်ပါချင်တာကလည်း ဖုံးကွယ်ထားတဲ့ ကလဲ့စားတစ်ခုကြောင့်လားဆိုတာ....။ (အညွှန်းနဲ့ ဘာသာပြန်တွေကတော့ Yunni~Zwe~V~Moon~BpL တို့ပဲဖြစ်ပါတယ်) File size…4.8GB / 2.39GB / 1.2GB Quality…4k HEVC ZEE5 WEB DL / ...
movie

Haddi (2023)

2023
4K HEVC
The Lunchbox (2013) 7.8
The Lunchbox (2013) IMDb Rating (7.8) / Rotten Tomatoes (97%)အိန္ဒိယအပြင် အာရှ ရုပ်ရှင်ဆုပေါင်း ၂၈ ခုနဲ့ ဆန်ခါတင်စာရင်းတွေမှာ ၄၈ကြိမ်ပါဝင်ခဲ့တဲ့ လွန်လေသူ မင်းသားကြီး Irrfan Khan ရဲ့ ရုပ်ရှင်လှလှလေးပဲဖြစ်ပါတယ်။ ရုပ်ရှင်နာမည်က The Lunchbox ထမင်းဘူးလေးတဲ့။ ရုပ်ရှင်တစ်ခုလုံးကို ဒီအပေါ်မှာပဲ ဇာတ်အိမ်တည်သွားတယ်။သွေးအေးနေတဲ့ခင်ပွန်းသည်အတွက် ထမင်းဘူးထည့်ပေးတဲ့ အိမ်ထောင်ရှင်မတစ်ယောက် သူထည့်ပေးလိုက်တဲ့ ထမင်းချိုင့်က တခြားသူတစ်ယောက်ဆီမှားပြီးရောက်သွားရာကနေစလို့ ဒီဇာတ်လမ်းလေး စတင်ပါတယ်။ကိုယ်နဲ့တစ်ခါမှမမြင်ဖူးတဲ့ သူစိမ်းတစ်ယောက်နဲ့ စာလေးတွေကတဆင့် အဖြူရောင်သံယောဇဉ်ကြိုးတစ်ချောင်း ချည်နှောင်တဲ့အခါမှာ ထမင်းချိုင့်လေးက ကြိုးသီသူလေးတစ်ဦးဖြစ်ခဲ့တာပေါ့။သူတို့ ၂ ယောက်က ဒီနေ့ဟင်းတော့ ဆားငန်တယ် ဒီနေ့ဟင်းကတော့ အစပ်များတယ် ဆိုတာက‌စလို့ ကိုယ့်ရဲ့ခံစားချက်တွေ အမှတ်တရတွေကိုပါ ထမင်းချိုင့်ထဲ စာလေးထည့်ပြီးပြောပြကြတဲ့အထိ ရင်းနှီးသွားခဲ့ကြပါတယ်။တစ်ကိုယ်တည်းနေတဲ့ ဖာနန်ဒက်နဲ့ အီလာတို့နှစ်ယောက်ကြား ပို့တဲ့စာလေးတွေကိုဖတ်ရင်း သူတို့ကြားက ထုတ်မပြောတဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို တွေ့ရတယ်။ ချစ်ခြင်းမေတ္တာဟာ ပုံစံအမျိုးမျိုးနဲ့တည်ရှိနိုင်ပြီး ဖွင့်ဟလို့ရတဲ့နည်းလမ်းတွေအများကြီးရှိကြောင်း ဒီရုပ်ရှင်လေးက သက်သေပါပဲ။ ဒီရုပ်ရှင်မှာ ...
movie

The Lunchbox (2013)

Tiku Weds Sheru (2023) 3.7
Tiku Weds Sheru (2023) Tiku Weds Sheru (2023) IMDb-3.7/10 ဘောလီးဝုဒ်လောကမှာ ပွဲရှာတာနာမည်ကြီးတဲ့ မင်းသမီးကန်ဂနားထုတ်ပေးခဲ့ပြီး Cameoပါဝင်ထားတဲ့ နဝါးဇ်ရဲ့ရှားရှားပါးပါး Drama/Romanceကားလေးပါ။ ဇာတ်လမ်းလေးကလည်း မဲပြာပုဆိုးတွေက ကွဲထွက်နေတဲ့ ပိုးပုဆိုးလေးလို ထူးထူးခြားခြားဇာတ်လမ်းဇာတ်ကွက် အလန်းလေးမို့ အားလုံးပဲ သဘောကျလိမ့်မယ်လို့ ထင်ပါတယ်မင်းသားကြီးနဝါးဇ်ကဒီကားထဲမှာ ဒါရိုက်တာ ဇာတ်ညွှန်း သရုပ်ဆောင်ရူး ပြောရရင် ကိုယ်ပိုင်ဇာတ်ကားရိုက်ချင်နေတဲ့ သရုပ်ဆောင်ရူးလေးပါ ..အကြွေးတွေကလဲတပုံတပင်နဲ့ ဘာမဆို စိတ်နှစ်ပြီးလုပ်တတ်တယ်ဆိုတဲ့ ဆရာကြီးရဲ့တကယ့်အလုပ်ကတော့ ရွှေကြာချိတ်ဆက်ရေးပါ.. ရုပ်ရှင်တွေထဲမှာ ဖြတ်လျောက်လည်းလုပ်တယ်..လုပ်တိုင်းလည်း ခိုင်းသလိုငြိမ်ငြိမ်မနေပဲ တောင်ပြောဝင်ပြောလုပ်လို့ ကန်ထုတ်ခံရပါတယ် အဲ့အချိန်မှာအိမ်ကပေးစားတဲ့ |ရှော်တီလေးကို ပိုက်ဆံလဲရမိန်းမချောချောလေးရဆိုပြီး သပိတ်ဝင်အိတ်ဝင်လက်ထပ်လိုက်ပါတယ်မွမ်ဘိုင်းမြို့ကြီးက အိမ်မက်မြို့တော်လို့ တင်စားခေါ်ဝေါ်ကြတယ် ညတွင်းချင်းတောင် ဘဝတစ်ခုကို ပြောင်းလဲတိုးတက်စေနိုင်တယ်တဲ့ တီကူးတစ်ယောက် သူ့အိမ်မက်တွေ ပြည့်ဝနိုင်ဖို့ ချစ်ရသူကိုမျှော်ကိုးရင်း စောင့်နေခဲ့တာ ကြာပါပြီ ‌တစ်နေ့မှာ မွမ်ဘိုင်းသားကြီးက အိမ်ကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာတဲ့အခါ အိမ်မက်တွေ အကောင်အထည်ဖော်ဖို့ မွမ်ဘိုင်းမြို့ကြီးကို လိုက်ရဖို့ကြံပြီး ကိုနဝါးဇ်(ရှယ်ရူး)နဲ့လက်ထပ်ဖို့ ခေါင်းညိတ်လိုက်ပါတယ်ဇာတ်လမ်းနာမည်အတိုင်း တီကူးနဲ့ရှယ်ရူးတို့ညားကြလေသည်ပေါ့တယောက်နဲ့တယောက်အကြောင်း သေချာမသိဘဲယူလိုက်ကြတဲ့နှစ်ယောက် တယောက်အရှုပ်အထုပ်တွေကို တယောက်ကသိပြီး အချင်းချင်းဘယ်လိုညှိနှိုင်းအဖြေရှာကြမလဲဆိုတာတော့....။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Saii~BpL~V~ThaikSanတို့ပဲဖြစ်သည်) File size… 2.45GB /  1.01GB Quality…1080p WEB DL /720p Format…mp4 Duration….1h 52m Subtitle….Myanmar Subtitle (Hard ...
movie

Tiku Weds Sheru (2023)

2023
Afwaah (2023) 5.2
Afwaah (2023) Afwaah (2023) ********************* IMDb-5.2/10Netflixကနေ ထုတ်လွှင့်ခဲ့တဲ့ Drama/Thrillerအမျိုးအစား ဟင်ဒီစကားပြောဘောလိ၀ုဒ်ဇာတ်ကားဖြစ်ပြီး အမြတ်ငွေ ကုဋေ၃၀ထိရရှိခဲ့ပါတယ်။ပရိတ်သတ်အချစ်တော် မင်းသားကြီးနဝါးဇုဒ္ဒီးန် ဆစ်ဒီကီကအဓိကသရုပ်ဆောင်ထားပါတယ်။သဘာ၀မင်းသားကြီးလို့ချစ်စနိုးခေါ်ကြတာလည်းမပြောနဲ့ သူ့ရုပ်နဲ့သူ့သရုပ်ဆောင်ချက်တွေက သဘာ၀ကျကျ ပီပြင်လွန်းတာကြောင့် သူပါတဲ့ကားတိုင်းနီးပါး ပေါက်ခဲ့တာတွေချည်းပါ။မင်းသမီးကလည်းToilet: Ek Prem Katha(2017)မှာ အရှေးရဲ့ဇနီးဖြစ်သူနေရာကနေ ပါဝင်ခဲ့တဲ့ မင်းသမီးဘူမီပဒ်နေကရ်။Afwaah ဆိုတာက ကောလဟလလို့အဓိပ္ပါယ်ရပါတယ်။ ဒီဇာတ်လမ်းထဲမှာ ကောလဟလတစ်ခုကြောင့် လူနှစ်ယောက်ရဲ့ဘ၀ ဘယ်လိုဇောက်ထိုးမိုးမျှော်တွေဖြစ်မလဲဆိုတာ တွေ့ရမှာပါ။ဇာတ်လမ်းအကျဉ်း ပြည်နယ်ရွေးကောက်ပွဲအတွက် အမတ်လောင်းဗစ်ကီတစ်ယောက် မဲဆွယ်စည်းရုံးပွဲမှာ သူ့လူယုံရဲ့လက်ချက်နဲ့ လူတစ်ယောက်သေသွားတဲ့ဗီဒီယိုက ဆိုရှယ်မီဒီယာမှာပျံ့နှံ့သွားခဲ့ပါတယ်။ဒါကို ဇနီးလောင်းဖြစ်တဲ့ နီဗီက မနှစ်မြို့ခဲ့တဲ့အပြင် နီဗီအဖေကလည်း ဒီကိစ္စတွေရဲ့ခေါင်းဆောင်ဖြစ်နေတယ်။ဒီလိုအရှုပ်တွေကြားမှာ မနေချင်တဲ့ နီဗီတယောက် ရုတ်တရက်အိမ်ကထွက်ပြေးပါတော့တယ်။အဲဒီအချိန်မှာပဲ အမေရိကားပြန် စီးပွားရေးလုပ်ငန်းရှင် နဝါးဇ်က အိမ်ပြေးနီဗီကို ဝင်ကယ်ရင်း သူပါရောယောင်ဒုက္ခရောက်ပါတော့တယ်။တိုင်းပြည်အကျိုးပြုလုပ်ငန်းတွေ လုပ်မယ်ဆိုပြီး ပြန်လာခဲ့တဲ့နဝါးဇ်နဲ့ နိုင်ငံရေးကို ကိုယ်ကျိုးအတွက်အသုံးချနေကြတဲ့ခင်ပွန်းလောင်းနဲ့အဖေကြားဗျာများရတဲ့ နီဗီတို့နှစ်ယောက် သူတို့ရဲ့ရဲရင့်တဲ့စိတ်နဲ့ ဒီအရှုပ်အထွေးကြီးကိုရင်ဆိုင်နိုင်ပါ့မလားဆိုတာ.....။ (အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ V,Zwe,Moon,BpL,ThaikSanတို့ပဲဖြစ်ပါတယ်) File size…1.78GB / 800MB Quality…1080p NF WEB DL /720p Format…mp4 Duration….2h 2m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by V~Zwe~Moon~BpL~ThaikSan
movie

Afwaah (2023)

2023
Haraamkhor (2015) 6.3
Haraamkhor (2015) Haraamkhor (2015)ဒီတစ်ခါမှာတော့ သဘာဝမင်းသားကြီးနဝါဇ်ရဲ့ ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။ဒီဇာတ်ကားလေးက အရွယ်မရောက်သေးတဲ့ မိန်းကလေးတွေ စိတ်ကစားတဲ့အရွယ်မှာ မမှားသင့်တာ မမှားအောင် မီးမောင်းထိုးပြထားတဲ့ဇာတ်ကားလေးဆိုရင်လည်း မမှားပါဘူး....ဒီဇာတ်ကားမှာ နဝါဇ်က ကျောင်းဆရာကြောင်သူတော် စာဖားကြီးနေရာကနေသရုပ်ဆောင်ထားတယ်... အိမ်ထောင်လည်းရှိတယ်...စာမရတဲ့ကျောင်းသူလေးတွေဆို အိမ်အထိလိုက်ကြပ်မတ်ပေးတဲ့ စားဖားကြီးဆိုပါတော့.... တစ်ရက် ကျောင်းသူလေးတစ်ယောက်နဲ့ငြိရင်း.....။ အဲ့ဒီကျောင်းသူလေးကလည်း ရဲအရာရှိတစ်ယောက်ရဲ့သမီးဖြစ်နေတယ်.... မိန်းမကသိမှာလည်းစိုး....။ |ဆိုတော့ စိတ်လှုပ်ရှားစွာ အားပေးလို့ရပါပြီနော် File size…2.69GB / 900MB Quality…1080p NF WEBDL / 720p Format…mp4 Duration….1h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor
movie

Haraamkhor (2015)

2015
Heropanti 2 (2022) 4.6
Heropanti 2 (2022) (ရုံတင်ခိုးရိုက်ဗားရှင်းမဟုတ်ပဲ ရုပ်ထွက်ကြည်လင်ပြတ်သားပြီးအသံထွက်အကောင်းဆုံး 1080p WEB DL 5.1CH ဗားရှင်းကို တင်ဆက်ပေးထားပါတယ်)အခုတစ်ခါတင်ဆက်ပေးမယ့် ကားလေးကတော့ တိုက်ဂါးရှရော့ဖ်ရဲ့ Heropanti 2 ဆိုတဲ့ကားလေးပါနံပါတ် ၁ ကတော့ ၂၀၁၄ ကထွက်ထားပြီး အချိတ်အဆက်မရှိလို့ ပြန်မကြည့်လည်းရပါတယ်Heropanti ကို မြန်မာလိုပြန်လိုက်ရင် ဟီးရိုးဝင်လုပ်တယ်ဆိုပါတော့....ကားနာမည်အတိုင်းပဲ ဒီကားက တိုက်ဂါးရဲ့အက်ရှင်သက်သက်ကား...ဇာတ်လမ်းကိုပြောရမယ်ဆိုရင်အိနိဒယနိုင်ငံသားတွေဆီကနေ လုယက်ချင်နေတဲ့ လူတစ်ယောက်ရှိတယ်ဟက်ကာတစ်ယောက်ဆိုပါတော့ လွန်စွာရက်စက်တဲ့ ဆိုက်ကိုမျက်လှည့်ဆရာတစ်ယောက်လည်းဖြစ်သေးတယ်သူကနိုင်ငံသား​တွေအခွန်ဆောင်ရမယ့်နေ့မှာ အားလုံးရဲ့အကောင့်ထဲကငွေတွေကို လှမ်းဟက်ပြီး အပိုင်စီးချင်နေတာပေါ့မင်းသားက သူ့ထက်နှာတဖျားသာတဲ့ ဟက်ကာ...ဆိုတော့ ဒီအဖြစ်ကိုတားဆီးဖို့ ထောက်လှမ်းရေးကမင်းသားကို သူ့အဖွဲ့ထဲဝင်ပြီး ဒေတာတွေ ပြန်ဟက်ခိုင်းတဲ့အခါ....ဖြစ်လာမယ့်စွန့်စားခန်းတွေနဲ့ တိုက်ဂါးရဲ့အက်ရှင်တွေကို တဝကြီးကြည့်ရှုခံစားရမှာပါအော် မင်းသမီးကလည်း Student of the Year 2 ထဲက မင်းသမီးချောလေး တာရားဆိုတော့သူမရဲ့ဝတ်စားဆင်ယင်ပုံအလန်းတွေကို အပိုထပ်ဆောင်းအနေနဲ့ မျက်စိပါအစာကြွေးနိုင်မှာပါ.... File size…8GB / 4GB / 1.8GB Quality…1080p True WEB DL AAC5.1CH ...
movie

Heropanti 2 (2022)

2022
4K HEVC Web-DL
Raees (2017) 7.4
Raees (2017)  IMDb Rating (7.0)မင်းသားကြီးရှရွတ်ခန်းကို  မှောင်ခိုဂိုဏ်းခေါင်းဆောင်အဖြစ် တမူထူးခြားစွာ မြင်ရမှာပါ။အိန္ဒိယနိုင်ငံ ဂူဂျာရတ်ပြည်နယ်ဆိုတာ အရက်ကင်းစင်တဲ့နယ်မြေအဖြစ်သတ်မှတ်ထားပြီး အရက်ရောင်းဝယ်ရင် ထောင်ဒဏ် ၁၀ နှစ်ထိ ပြစ်ဒဏ်ချမှတ်ထားပါတယ်....ဒီလိုအခြေအနေတွေကြောင့် အရက်မှောင်ခိုရောင်းဝယ်ရေးလုပ်ငန်းတွေ ကြီးထွားလာပါတော့တယ်....ဒီလိုဖြစ်လာရတာကလဲ ဂူဂျာရတ်ပြည်နယ်က ရာအီးစ်ဆိုတဲ့ ဒုစရိုက်သမားတစ်ယောက်ကြောင့်ဖြစ်လာတာ။အချိန်က ၁၉၈၀ နဲ့ ၁၉၉၀ ကြားကာလ ...ငယ်ငယ်ကတည်းက မှောင်ခိုလောကနဲ့ ရင်းနှီးပြီး ရာအီးစ်ဟာ အရွယ်ရောက်လာတဲ့အခါမှာလည်း မှောင်ခိုလောကမှာ လုပ် ငန်းအကြီးအကျယ်လုပ်ကိုင်သူ တစ်ယောက်ဖြစ်လာပါတယ်...သူများနဲ့မတူ ထူးခြားတာက သူဘယ်လောက်ပဲဆိုးသွမ်းပါစေ ဒေသခံတွေကတော့ သူ့ကို သဘောကျကြပါတယ်။ ဘာကြောင့်လဲဆိုရင် သူက သူ့မွေးရပ်မြေကို ထောက်ပံ့ကူညီမှုတွေပေးထားလို့ပဲ ဖြစ်ပါ တယ်။ရာအီးစ်ရဲ့ လုပ်ရပ်တွေကို ဖော်ထုတ်မယ့်သူကတော့ ရဲအရာရှိ ဂျိုင်ဒီးပ်အမ်ဘာလာမက်မူဒါ ဖြစ်ပြီး သူကတော့ အမှုမှန်ပေါ်ပေါက်ရေးအတွက် လူဆိုးဂိုဏ်းသားတွေကို အမှန်အကန်ဖော်ထုတ်ဖမ်းဆီးသူ ဖြစ်ပါတယ်။ မှောင်ခိုရာဇာ ရာအီးစ်က ပြည်နယ်အုပ်ချုပ်မှုပိုင်းမှာပါ ဝင်ဖို့ကြိုး ပမ်းလာတဲ့အခါမှာ ရဲအရာရှိဂျိုင်ဒီးပ်နဲ့ ရာအီးစ်တို့ ထိပ်တိုက်တွေ့ ...
movie

Raees (2017)

2017
Gangs of Wasseypur – Part 2 (2012) 8.6
Gangs of Wasseypur – Part 2 (2012) လမ်းမတော်ဖိုးတုတ်တို့လို လူမိုက်ဇာတ်လမ်းတွေကြိုက်တယ်ဆိုရင် ဒီဇာတ်ကားက အနှစ်ပါပဲ။ဘောလိဝုဒ်ရဲ့အကောင်းဆုံးဇာတ်ကားများစာရင်းကိုပြုစုမယ်ဆိုရင် Gangs of Wasseypur က မပါမဖြစ်ပါ။မှတ်မှတ်ရရဆိုရရင် Oscar ရထိုက်သော Bollywoodကားများ စာရင်းထဲမှာလည်း GOW ဟာ ထိပ်ဆုံးက ပါဝင်နေတာပါ။IMDB 8.6/10 နဲ့Rotten Tomatoes 96% ထိ ရရှိထားပါတယ်။2012လိုခုနှစ်မျိုးမှာ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကြားထဲကမှ မျက်နှာသစ်အများစုနဲ့ပွဲထုတ်ခဲ့ပြီး အမှန်အကန် အောင်မြင်မှုတွေရရှိခဲ့ကာ Bollywood ရုပ်ရှင်လောကကို တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။အဲ့တုန်းက မျက်နှာသစ်သရုပ်ဆောင်တွေဟာ GOW ရဲ့ အောင်မြင်မှုအရှိန်နဲ့အစလိုက်ပြုလိုက်တာ ခုချိန်မှတော့ အောင်မြင်တဲ့သရုပ်ဆောင်တွေအဖြစ် ရပ်တည်နိုင်ခဲ့ကြပါပြီ။ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ပိုင်းတွေ၊ ဇာတ်လမ်းအသွားအလာတွေ နောက်ခံသီချင်းတွေ၊ သွေးအေးအေးနဲ့ လူသတ်ရဲတဲ့ အက်ရှင်ခန်းတွေ၊ အထူးသဖြင့် Casting ပိုင်းပေါ့======================================================1942 ကနေ 2004 ခုနှစ်ထိ အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်က Wasseypur မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အကောင်းဆုံး ပုံဖေါ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံအတိုင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ ကျောက်မီးသွေးတွေက အဓိကသွင်းအားစုဖြစ်နေတဲ့ အချိန် နေရာတကာမှာ ကျောက်မီးသွေးလုပ်ငန်းတွေ ...
movie

Gangs of Wasseypur – Part 2 (2012)

2012
Gangs of Wasseypur – Part 1 (2012) 8.6
Gangs of Wasseypur – Part 1 (2012) လမ်းမတော်ဖိုးတုတ်တို့လို လူမိုက်ဇာတ်လမ်းတွေကြိုက်တယ်ဆိုရင် ဒီဇာတ်ကားက အနှစ်ပါပဲ။ဘောလိဝုဒ်ရဲ့အကောင်းဆုံးဇာတ်ကားများစာရင်းကိုပြုစုမယ်ဆိုရင် Gangs of Wasseypur က မပါမဖြစ်ပါ။မှတ်မှတ်ရရဆိုရရင် Oscar ရထိုက်သော Bollywoodကားများ စာရင်းထဲမှာလည်း GOW ဟာ ထိပ်ဆုံးက ပါဝင်နေတာပါ။IMDB 8.6/10 နဲ့Rotten Tomatoes 96% ထိ ရရှိထားပါတယ်။2012လိုခုနှစ်မျိုးမှာ ဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေကြားထဲကမှ မျက်နှာသစ်အများစုနဲ့ပွဲထုတ်ခဲ့ပြီး အမှန်အကန် အောင်မြင်မှုတွေရရှိခဲ့ကာ Bollywood ရုပ်ရှင်လောကကို တစ်ဆင့်မြှင့်တင်ပေးနိုင်ခဲ့တယ်လို့ပဲ ပြောရပါမယ်။အဲ့တုန်းက မျက်နှာသစ်သရုပ်ဆောင်တွေဟာ GOW ရဲ့ အောင်မြင်မှုအရှိန်နဲ့အစလိုက်ပြုလိုက်တာ ခုချိန်မှတော့ အောင်မြင်တဲ့သရုပ်ဆောင်တွေအဖြစ် ရပ်တည်နိုင်ခဲ့ကြပါပြီ။ဒီဇာတ်လမ်းမှာ သရုပ်ဆောင်ပိုင်းတွေ၊ ဇာတ်လမ်းအသွားအလာတွေ နောက်ခံသီချင်းတွေ၊ သွေးအေးအေးနဲ့ လူသတ်ရဲတဲ့ အက်ရှင်ခန်းတွေ၊ အထူးသဖြင့် Casting ပိုင်းပေါ့======================================================1942 ကနေ 2004 ခုနှစ်ထိ အိန္ဒိယနဲ့ဘင်္ဂလားနယ်စပ်က Wasseypur မြို့မှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်မှန်ကို အခြေခံထားပြီး အကောင်းဆုံး ပုံဖေါ်ခဲ့တာဖြစ်ပါတယ်။ကမ္ဘာမီးလောင် သားကောင်ချနင်းဆိုတဲ့ စကားပုံအတိုင်း အင်္ဂလိပ်အစိုးရလက်ထက်မှာ ကျောက်မီးသွေးတွေက အဓိကသွင်းအားစုဖြစ်နေတဲ့ အချိန် နေရာတကာမှာ ကျောက်မီးသွေးလုပ်ငန်းတွေ ...
movie

Gangs of Wasseypur – Part 1 (2012)

2012