Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nathan Jung
7.2
Big Trouble in Little China (1986)
မင်းသားကြီး Kurt Russell ရဲ့ 1986 ခုနှစ်ထွက် သဘာဝလွန် ဟာသအက်ရှင်ရုပ်ရှင်ကားကောင်းလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂျက်ခ်ဘာတန် (Kurt Russell) ဟာ ထရပ်ကားဒရိုင်ဘာတစ်ယောက်ဖြစ်ပြီးအချိန်ပြည့်လမ်းပေါ်မှာအချိန်ကုန်နေတဲ့လူစားမျိုးပါ။တစ်ညမှာတော့ ဆန်ဖရန်စစ္စကိုက ဝာရုတ်တန်းမှာ သူ့မိတ်ဆွေဝမ်ချီဆီရောက်ဖြစ်ရင်းနဲ့လေဆိပ်မှာ ဝမ်ချီရဲ့ ဇနီးလောင်းကိုသွားကြိုဖို့ လမ်းကြုံလိုက်ပို့ပေးခဲ့ပါတယ်။ဒါပေမဲ့အဆင်ပြေမသွားဘဲ ဝမ်ရဲ့ ဇနီးလောင်းကို သေခြင်းသခင်ဆိုတဲ့ ဝာရုတ်လူမိုက်ဂိုဏ်းက ဝင်ဖမ်းသွားတဲ့အတွက်မိတ်ဆွေအတွက်ဆို ဘာမဆိုစွန့်စားရဲတဲ့ ဂျက်ခ်တစ်ယောက် လိုက်ကူညီပေးရင်းသေခြင်းသခင်အဖွဲ့ရဲ့ ခေါင်းဆောင်ဖြစ်သူ လိုပန်ဆိုတဲ့ အောက်လမ်းနတ်ဆရာ ရဲ့ အောက်လမ်းမှော်အတတ်တွေနဲ့ပါ ရင်ဆိုင်ခဲ့ရပါတယ်။ဝမ်ကိုလိုက်ကူညီရင်း ဂျက်ခ်ရဲ့ ထရပ်ကားပါအခိုးခံလိုက်ရတာဖြစ်လို့ ဝမ်ရဲ့ဇနီးလောင်းနဲ့ သူ့ရဲ့ထရပ်ကားကို ပြန်ရနိုင်မလားဂျက်ခ်နဲ့ ဝမ်တို့ ဘာတွေကို ရင်ဆိုင်ဖြတ်ကျော်ကြရမလည်းဆိုတာ ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ File Size : 1.8 GB, 883 MB Quality : WEB-DL 1080p / 720p Running Time : 1hr 39min Format : Mp4 Genre : Action, ...
movie
Big Trouble in Little China (1986)
6.1
Showdown in Little Tokyo (1991)
ဒီကားကတော့ ၁၉၉၁ ခုနှစ်က ထွက်ရှိခဲ့တဲ့ အမေရိကန် အက်ရှင် ရုပ်ရှင်ကားတစ်ကား ဖြစ်ပါတယ်။ ဒီရုပ်ရှင်မှာ တွဲဘက်ညီတဲ့ ဒေသခံရဲနှစ်ယောက်က မူးယစ်ရာဇာရာကူဇာဂိုဏ်းခေါင်းဆောင်ကို ဖမ်းဆီးကြတဲ့အကြောင်း ရိုက်ကူးထားတာဖြစ်ပါတယ်ဇာတ်လမ်းအညွှန်းLos Angeles ဒေသခံရဲတစ်ယောက်ဖြစ်တဲ့ Chris Kenner ဟာ ဂျပန်မှာကြီးတဲ့ အမေရိကန်တစ်ယောက်ဖြစ်ပေ့မယ့် သူ့ဖခင်ကိုတော့ ဂျပန် ရာကူဇာဂိုဏ်းသားတစ်ဦးက လုပ်ကြံသတ်ဖြတ်ခဲ့တာကြောင့် စိတ်ဒဏ်ရာ ရနေတဲ့သူလည်း ဖြစ်ပါတယ်။ သူနဲ့ သူ့တွဲဘက် Johnny Murata တို့ ၂ယောက်ကို L.A. မြို့ကြီးရဲ့ Little Tokyo လို့ ခေါ်တဲ့ အပိုင်းမှာ တာဝန်ချထားခြင်း ခံရပြီး သံသယရှိသူကို စုံစမ်းထောက်လှမ်းရင်း ဖခင်ဖြစ်သူကို လုပ်ကြံခဲ့တဲ့ မူးယစ်ရာဇာ ရာကူဇာဂိုဏ်းခေါင်းဆောင်နဲ့ ပက်ပင်းတိုးမိတဲ့အခါ လက်စားချေဖို့ ကြိုးစားပုံကို ပုံဖေါ်ရိုက်ကူးထားပါတယ်။ဒီဇာတ်လမ်းမှာ Johnny ရဲ့ အကြံပေးချက်အတိုင်း Kenner ဟာ မူးယစ်ရာဇာရာကူဇာဂိုဏ်းခေါင်းဆောင်ကို ရဲပီပီ ...
movie
Showdown in Little Tokyo (1991)
5.7
Joshua Tree (aka) Army of One (1993)
ပြစ်မှုကျူးလွန်သူအဖြစ် မှားယွင်းစွပ်စွဲ ထောင်ချခံရတဲ့ ဆန်တီဟာ အကျဉ်းထောင်ကူးပြောင်းနေတဲ့ လမ်းခုလတ်မှာပဲ ထွက်ပြေးခဲ့ပြီး မရက်ခ်အမည်ရှိတဲ့ အမျိုးသမီးတစ်ဦးကို ဓားစာခံအဖြစ် ဖမ်းခေါ်သွားခဲ့ပါတယ်။အဲဒီအမျိုးသမီးဟာ သမာသမတ်ကျတဲ့ ဒုလက်ထောက်ရဲအရာရှိဖြစ်တာကြောင့် ဒီအခြေအနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းမလဲ၊ ဆန်တီကရော ဘာအကြောင်းကြောင့်စွပ်စွဲခံရလဲ၊ နောက်ကွယ်က လက်မည်းကြီးက ဘယ်သူဖြစ်မလဲဆိုတာကို တစ်ဆင့်ချင်းခံစားကြည့်ရှုရမယ့် ဇာတ်ကားကောင်းလေးတစ်ခုပါ။ File size…(2.1 GB)/(1.2 GB) Quality….Blu-Ray 1080p / 720p Format…mp4 Duration….01:46:00 Genre... Action, Adventure, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Tina
movie
Joshua Tree (aka) Army of One (1993)
6.0
The Shadow (1994)
The Shadow (1994) =============== IMDb Rating - 6.0Beetlejuice, The Cat in the Hat , Pearl Harbor တို့ထဲက မင်းသား Alec Baldwinနဲ့ The Last Emperor , M. Butterfly တို့ရဲ့ မင်းသား John Lone နဲ့ ဂန္တဝင်ကြီး Ian McKellenတို့ ပါဝင် သရုပ်ဆောင်ထားတဲ့ ဒီရုပ်ရှင်ဟာ Action/Adventureကားဖြစ်ပြီး စူပါဟီးရိုးဆန်ဆန်ကားလို့ ပြောလို့ရပါတယ်။ဇာတ်လမ်းကတော့ အရိပ်လို့ခေါ်တဲ့ သဘာဝလွန်သူရဲကောင်းတစ် ယောက်က ကမ္ဘာကိုဖျက်ဆီးချင်နေတဲ့ ဂျင်ဂစ်ခန်ရဲ့မျိုးဆက်သစ်နဲ့ ထိပ်ဆိုက်ရင်ဆိုင်ရတဲ့ ဇာတ်ပါ။ မှော်အစွမ်းတွေ အက်ရှင်တွေမနည်း ပါတာမို့ အက်ရှင်ပရိသတ်တွေ အကြိုက်တွေ့မယ့် ရုပ်ရှင်ပါပဲ။ ဂျွန်လုံး ကလည်း ဗီလိန်အဖြစ်ပြောင်မြောက်အောင် သရုပ်ဆောင်ပေးထား သလို ဇာတ်က ထူးထူးခြားခြားဟီးရိုးဇာတ်မို့ စူပါဟီးရိုးကားကိုမှ အရမ်း ကြီးပါဝါတွေမပြဘဲ စုံထောက်ဆန်ဆန်ကြည့်ကောင်းနေတဲ့ကားကို ကြည့် ချင်ရင်တော့ ဒီကားကိုရွေးသင့်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ WiRa Aung ဖြစ်ပါတယ်)File Size..........(3.4 GB) / ...
movie
The Shadow (1994)
1994
5.6
Beverly Hills Ninja (1997)
Beverly Hills Ninja (1997)90s born တို့ရဲ့ တစ်ချိန်က အသည်းစွဲ သဘောကျခဲ့ရတဲ့ နင်ဂျာဝတုတ်ကားလေး CMကို ရောက်ရှိလာပါပြီ။နင်ဂျာတွေ တစ်ခေတ်စားစဉ်အခါက နင်ဂျာလို့ ပြောလိုက်တာနဲ့ သိုသိုသိပ်သိပ် ဖျတ်ဖျတ်လတ်လတ် ပိန်ပိန်ပါးပါးလေးတွေကိုပဲ မြင်ယောင်မိကြမှာပါ။ ဒီဇာတ်ကားလေးမှာတော့ ဂျပန် ဒဏ္ဍာရီပုံပြင်အရ တိုင်းတစ်ပါးသားကလေးတစ်ယောက်က ထူးမြတ်တဲ့ အဖြူရောင်နင်ဂျာလေးအဖြစ် ကြီးပြင်းလာမယ်လို့ ဆိုထားပါတယ်။ နင်ဂျာမျိုးနွယ်စုဆီကို ကလေးပေါက်စလေး သောင်တင်လာချိန်မှာတော့ ခေါင်းဆောင်က သူပဲဖြစ်ရမယ်ဆိုပြီး သေချာပြုစုပျိုးထောင် သားတစ်ယောက်လို စောင့်ရှောက်ခဲ့ပေမယ့် တက်တက်စင်အောင် တလွဲတွေအမြဲလုပ်တဲ့ မင်းသား ဟာရု... နောက်တစ်ယောက်ကတော့ ဆရာကြီးရဲ့ တပည့်တွေထဲ အတော်ဆုံး နင်ဂျာဖြစ်တဲ့ ဂိုဘေး...ဟာရုတစ်ယောက် ဒိုဂျိုမှာ တစ်ယောက်ထဲကျန်ခဲ့ချိန် အန္တရာယ်များတဲ့ မစ်ရှင်တစ်ခုကို လက်ခံရရှိလိုက်ပါတော့တယ်... အလုပ်လာအပ်တဲ့ မိန်းကလေးကို သဘောကျမိပြီး အမေရိကားအထိ လိုက်ကယ်တင်ဖို့ ဖြစ်လာတဲ့အခါမှာ တော့ ဟာရု ပေါက်ကရလုပ်လွန်းလို့ အမြင်ကတ်ပေမယ့်လည်း ဆရာကြီးကောင်းမှုနဲ့ ဂိုဘေးလည်း ဟာရုရဲ့ အရိပ်အဖြစ် ...
movie
Beverly Hills Ninja (1997)
1997