Channel Myanmar

Naresh

Hero (2022) 8.2
Hero (2022) Hero (2022)IMDb-8.2/10အာဂျွန်ဆိုတဲ့လူငယ်လေးတစ်ယောက်က ဇာတ်လိုက်မင်းသား(ဟီးရိုး) ဖြစ်ဖို့အိမ်မက်တွေနဲ့ပြည့်နေတဲ့လူငယ်လေးတစ်ယောက်ပေါ့ အာဂျွန်နဲ့ ဆာ့ဘူတို့က ချစ်သူတွေပါဆလင်းဘိုင်ဆိုတဲ့ လူဆိုးဂိုဏ်းချုပ်ကြီးဟာ တစ်နေ့မှာ ရဲတစ်ယောက်ကို ရှေးဟောင်းသေနတ်တစ်လက်နဲ့ပစ်သတ်လိုက်ပြီး အဲ့ဒီသေနတ်ကို ဟိုင်ဒရာဘတ်မြို့ထဲက သူ့ရဲ့ကျေးစားလူသတ်သမား တစ်ယောက်ဆီကိုပို့ပေးလိုက်တယ်။ သူ့ရဲ့ရန်သူတော်ကြီးတစ်ယောက်ကို သတ်ခိုင်းဖို့ပေါ့။တစ်ချိန်တည်းမှာပဲ လှချင်ခန့်ချင်တဲ့ အာဂျွန်တစ်ယောက်က ဆံပင်ကျွတ်နေလို့ တီဗီမှာတွေ့တဲ့ဆံပင်ခေါင်းလိမ်းဆီကို အွန်လိုင်းကနေမှာလိုက်ရာကနေ သူ့အိမ်ရောက်လာတဲ့ပါဆယ်ထုပ်ထဲမှာကခေါင်းလိမ်းဆီမဟုတ်ဘဲ အဲ့ဒီရှေးဟောင်းသေနတ်ဖြစ်နေခဲ့ပါတယ်။ ကဲ အာဂျွန်တစ်ယောက်အဲ့ဒီသေနတ်တစ်လက်နဲ့ဘယ်လိုပြဿနာတွေရင်ဆိုင်ရဦး မလဲ။ သူ့သမီးနဲ့ကန့်ကွက်နေတဲ့လျှို့ဝှက်တဲ့ အာဂျွန့်ယောက္ခမကြီး ကကော ဒီအမှုအခင်းတွေနဲ့ ဘယ်လိုပတ်သတ်မှုရှိနေမလဲ။IMDb Rating 8.2/10 ရထားတဲ့ ဟာသ စွန့်စားခန်း ဇာတ်ကားကောင်းလေးမလို့လက်မလွတ်တမ်းကြည့်ရှုဖို့ ညွှန်းပေးလိုက်ရပါတယ်  File size…3.06GB / 1.4GB / 500MB Quality…1080p WEBDL AAC 5.1CH / 720p / 360p Format…mp4 Duration….2h 12m Subtitle….Myanmar Subtitle (hard sub) Encoder….YK Translated by Poe & HM & Eliza
movie

Hero (2022)

2022
Sridevi Soda Center (2021) 7.6
Sridevi Soda Center (2021) IMDb Rating (7.6)ဒီနေ့ပဲအသစ်ထွက်ရှိလာတဲ့ အိန္ဒိယတောင်ပိုင်း အချစ်အက်ရှင်ဇာတ်ကားလေးတစ်ကားကို တင်ဆက်လိုက်ပါတယ်။Suri Babu ဟာ သူ့ရွာမှာစတိတ်ခုံ မီးစတဲ့အပြင်အဆင်တွေမှာကွျမ်းကျင်သူတစ်ယောက်ဖြစ်ပြီး အဲ့ဒီအလုပ်ကို စီးပွားရေးအဖြစ်ဇောက်ချလုပ်ဖို့စဉ်းစားနေပါတယ်၊သူချစ်မိသွားတာကတော့ ဆိုဒါအရောင်းဆိုင်ပိုင်ရှင်ကြီးရဲ့သမီး မိန်းမလှလေးSrideviပဲဖြစ်ပါတယ်။ Srideviက သူ့အချစ်ကိုတုန့်ပြန်ခဲ့ပေမယ့် သူ့အဖေကတော့ ခါးခါးသီးသီးပါပဲ။သဘောမတူနိုင်ရတဲ့အကြောင်းရင်းကတော့ Suri ဟာ သူတို့ထက် ဇာတ်နိမ့်နေလို့ပါပဲ။တစ်နေ့မှာတော့ ဆူရီဟာ ရွာထဲကအကောင်ကြီးကြီးတစ်ယောက်နဲ့လူသတ်မှုတစ်ခုမှာပါဝင်ပတ်သက်မိရာကနေ ဒုက္ခကြုံရပြီး အချစ်ဇာတ်လမ်းမှာပါ အနှောင့်အယှက်တွေကြုံရဖို့ဖြစ်လာပါတော့တယ်။တစ်ခုပြီးတစ်ခု မြွေပူရာကင်းမှောင့်သလိုဖြစ်လာတဲ့ပြဿနာတွေဟာ သွေးရိုးသားရိုးဟုတ်ပါ့မလား။ သူ့အပေါ်မလိုမုန်းထားသူတွေ သူတို့ဇာတ်လမ်းအပေါ်ဖျက်လို့ဖျက်ဆီးလုပ်ချင်သူတွေ ဘယ်လောက်များမလဲ။ ဒါတွေကိုရော သူတို့နှစ်ယောက်ကြံ့ကြံ့ခံကျော်ဖြတ်နိုင်ကြမလား ဆိုတာဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။အပြင်မှာတကယ်ဖြစ်နေဆဲ ဖြစ်ခဲ့ပြီးသား အဖြစ်အပျက်တွေထဲက ဖြစ်ရပ်မှန်တစ်ချို့ကိုအခြေခံထားတာဖြစ်ပါတယ်။ ဘယ်လိုအဖြစ်မှန်တွေလဲဆိုတာကိုသိရင်တော့ ဇာတ်လမ်းပေါ့ပျက်သွားနိုင်လို့မပြောတော့ပါဘူး။ကိုယ်တိုင်ကြည့်ပြီးအဖြေရှာကြပါ။ File size…(2.2 GB) / (1.1 GB) Quality….WEB-DL HEVC 1080p / 720p Format…mkv/mp4 Duration….02:26:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Ka Naung Translated by Murphy & Alias
movie

Sridevi Soda Center (2021)

HEVC 1080p
Chalo(2018) 6.3
Chalo(2018)       Chalo (2018) -------------2018ခုနှစ်မှာ ထွက်ခဲ့တဲ့ ဒီရုပ်ရှင်လေးကImdb 6.3 / 10 User 1.1kနဲ့ အတော်လေးratingမြင့်ပြီး မင်းသမီး Rashmika ပါနေတာကြောင့််တင်ဆက်ပေးလိုက်ပါတယ်....ဇာတ်လမ်းအကျဉ်းဒီဇာတ်ကားလေးကတော့ ရွာနှစ်ခြမ်းကွဲ‌နေတဲ့ တေလဂူဘက်နဲ့ တမီလ်ဘက်က ပဋိပက္ခလေးတွေကိုဇာတ်အိမ်တည် ရိုက်ကူးထားတဲ့ကားလေး ဖြစ်ပါတယ်ဟရီဆိုတဲ့ ရန်ဖြစ်ရတာကို ဝါသနာပါနေတဲ့သူကိုမှ စည်းကျော်ရင် သတ်မယ်ဆိုပြီးအမြဲရန်ဖြစ်‌‌နေတဲ့ ရွာကိုကောလိပ်တက်ဖို့ မိဘတွေက ပို့လိုက်ပါတယ်ဟရီတစ်ယောက် ရန်မဖြစ်ပဲ ကောလိပ်မှာ ဖူးစာရှင်လေးနဲ့ဆုံသွားခဲ့ပေမယ့်တစ်ယောက်ကတမီလ် တစ်ယောက်တေလဂူဖြစ်နေတော့ ပေါင်းဖက်ဖို့က ရွာနှစ်ခြမ်းပြန်ပေါင်းမှ ဖြစ်နိုင်မှာကိုသိသွားတဲ့အခါဒီရွာနှစ်ခြမ်းက ဘယ်လိုအကြောင်းကြောင့် သွေးကွဲသွားရတာလဲဟရီတစ်ယောက် သူရဲ့အချစ်အတွက် နှစ်ပေါင်းများစွာ မတည့်ခဲ့တဲ့ဒီနှစ်ရွာကို ဘယ်လိုပြန်ပေါင်းမလဲ‌ဆိုတာကိုဆက်လက်ကြည့်ရှုပေးပါဦးရှင်...  File size…2.2Gb / 1.1GB / 643MB Quality…1080p HD RIP 5.1Ch / 720p / 480p Format…Mp4 Duration….2h 25mins Subtitle….Myanmar Subtitle ( Hard Sub) Encoder….YK Translated by Ida
movie

Chalo(2018)

Maestro (2021) 8.2
Maestro (2021) IMDb Rating (8.2)အားလုံးသိကြတဲ့အတိုင်း ၂၀၁၈ တုန်းကဝက်ဝက်ကွဲအောင်မြင်ခဲ့တဲ့ အရွတ်ရှ်မန်းရဲ့ Andhadhun ကိုပြန်လည်ဖန်တီးထားတဲ့ Telugu ရုပ်ရှင်ဖြစ်ပါတယ်။ဒီနေ့ပဲထွက်ရှိလာတာပါ။ဇာတ်လမ်းအကျဉ်းကတော့ မျက်မမြင်ယောင်ဆောင်ထားတဲ့ စန္ဒရားဆရာတစ်ယောက် လူသတ်မှုတစ်ခုကို မျက်မြင်သက်သေဖြစ်သွားတဲ့နောက်ကနေ မီးခိုးကြွက်လျှောက်ပြဿနာတွေကြုံရတဲ့အကြောင်းပါပဲ။ သေတဲ့သူက နာမည်ကျော်မင်းသားဟောင်းကြီး မိုဟန်ဖြစ်ပြီး၊ သတ်တဲ့လူက သူ့ဇနီးရဲ့တိတ်တခိုးချစ်သူ ရဲအရာရှိ ဘော်ဘီပါ၊ သူ့ဇနီးဖြစ်သူ ဆီမရန်ကတော့ကြံရာပါအလောင်းဖျောက်တဲ့သူပါ။ သူကတော့ မျက်မမြင်ယောင်ဆောင်ထားတဲ့အတွက် ဒီအမှုဖြစ်စဉ်တစ်ခုလုံးကိုမမြင်ချင်ယောင်ဆောင်ထားရက်နဲ့မြင်နေခဲ့ရာကနေ အငြိမ်မနေနိုင်တဲ့အဆုံး ရဲစခန်းကိုတိုင်ချက်ဖွင့်ဖို့ သွားခဲ့ပါတယ်။ အဲ့ဒီမှာကျားရှေ့မှောက်ရက်လဲသလို အဓိကလူသတ်တရားခံဖြစ်တဲ့ ဘော်ဘီနဲ့မှ ဆိုက်ဆိုက်မြိုက်မြိုက်တိုးမိရာကနေ နောက်ဆုတ်ဖို့ခက်တဲ့အခြေအနေတွေထိ ဆိုက်ရောက်သွားပါတော့တယ်။တဘူးကြီးရဲ့ ဆီမရန်း ဇာတ်ကောင်ကို Bahubali, K.G.F တို့နဲ့ပရိသတ်ရင်းနှီးပြီးသား မင်းသမီးချောလေး Tamannaah ကအစွမ်းကုန်ကြဲထားပါတယ်။ အဓိကဇာတ်ကောင် အာရွန်းရဲ့နေရာမှာတော့နာမည်ကျော် Telegu မင်းသား Nithiin ပါဝင်ထားပြီး တစ်ခြားဇာတ်ကောင်တွေကလဲ ပရိသတ်နဲ့ မစိမ်းတဲ့သူတွေချည်းပါပဲ။မူရင်းဇာတ်ကားကိုကြည့်ပြီးတဲ့သူတွေအတွက်တောင် မူရင်းထက်မလျော့တဲ့ ရသကိုပေးနိုင်မှာ သေချာတဲ့ remake ဖြစ်ပါတယ်။ Andhadhun remake တွေမှာအစောဆုံးထွက်လာတဲ့ version ဖြစ်ပြီး နောက်ထပ် Tamil remake, malayalam remake အစရှိတာတွေ ဆက်ထွက်လာဦးမှာပါ။Rating တွေလဲမိုက်တာမို့ ...
movie

Maestro (2021)

Tuck Jagadish(2021) 6.7
Tuck Jagadish(2021)   Tuck Jagadish (2021) ----------------------------------မြန်မာပြည်ပရိသတ်တွေကြား ယင်ကောင်မင်းသားရယ်လို့ နာမည်ရခဲ့တဲ့ Nani ရဲ့ ဇာတ်ကားကောင်းလေးတစ်ကားထွက်လာလို့ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကလည်း မနှစ်ကထွက်တဲ့ V ဆိုတဲ့ ရုပ်ရှင်လိုပဲ ရသတစ်ခုခုကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဇာတ်လမ်းအကျဥ်းဘူဒေဗီပူရမ်လို့ခေါ်တဲ့ ရွာကြီးတစ်ရွာမှာ ရွာခေါင်းဆောင် အာဒီးဆာ့နိုင်ဒူးဆိုသူ တစ်ဦးရှိပြီး ၊ရွာရဲ့သာရေးနာရေး ကိစ္စအဝဝကိုသာမက ၊ ရပ်ရွာအေးချမ်းသာယာရေးအတွက်ပါ ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်နေသူဖြစ်ပါတယ်။ကိုယ်တိုင်ချမ်းသာကြွယ်ဝသူ ဖြစ်တဲ့ အလျောက် သားသမီးတွေကလည်း များပြားလှပါတယ်။သူရှိနေတုန်းက သင့်မြတ်ကြတဲ့ သားသမီးတွေဟာ သူမရှိတဲ့အချိန်ကျတော့ အမွေကိစ္စတွေကြောင့် အချေအတင်ဖြစ် ၊ပြဿနာတွေ တောက်လျောက်တက်ကုန်ရာကစပြီးအာဒီးဆာ့နိုင်ဒူးရဲ့ မယားကြီးငယ်နဲ့ရတဲ့ သားကြီးဖြစ်သူ ဘို့စ်က ဒီအမွေတွေဟာ သွားလေသူမိခင်ဘက်က ပါလာတာဆိုပြီးဖခင်အမွေအားလုံးကို မောင်ပိုင်စီးပါတော့တယ်။အမွေတွေကို မလိုချင်ဘဲ ၊ မိသားစုကို ပြန်သင့်မြတ်စေလိုတဲ့ အငယ်ဆုံးသားလေး Tuck ဂျာဒစ်ရှ်တစ်ယောက်ဒီမိသားစုအရေးကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာက ဒီဇာတ်လမ်းရဲ့ ဇာတ်အိမ်တည်ရှိရာ ဖြစ်ပါတယ်။မိသားစုပြဿနာတွေဆိုလို့ ဒရမ်မာကားသက်သက်လို့ ထင်နေဦးမယ်။တောင်ပိုင်းရုပ်ရှင်ထုံးစံအတိုင်း အချစ် ၊ အကြမ်း ၊ ...
movie

Tuck Jagadish(2021)

2021
Rang De (2021) 7.2
Rang De (2021) Rang De 2021အချစ်ဟာ ဆန်းကြယ်တဲ့ ဆိုတဲ့ စကားကို ရှေ့တန်းတင်ရင် အားလုံးအတွက် ရယ်စရာဖြစ်မလား မသိဘူး။ ဝေးနေပေမဲ့၊ အပြင်မှာ မတွေ့ဖူးပေမဲ့ အရမ်းချစ်ရတဲ့အခါ ရှိတယ်။ ဘယ်သူနဲ့ ဘာတွေ လုပ်နေမလဲဆိုပြီး တွေးတောပူဆွေးရင်း တနေကုန်ငိုနေရတဲ့အခါ ရှိသလိုနီးကပ်၊ထိစပ်နေပေမဲ့ အချစ်စိတ် မဖြစ်ဘဲ သူငယ်ချင်းထက် မပိုနိုင်တဲ့ သံယောဇဉ်တွေလည်း ကြုံဖူးမှာပါ။နှစ်ယောက်လုံးက ချစ်စိတ်မဝင်ကြရင် နေသာသေးတယ်ဗျ၊ နှစ်ယောက်မှာ တစ်ယောက်က တစ်ဖက်သတ်ချစ်နေရမယ်ဆို မခက်ပေဘူးလား။ ---------------တေလဂူးတို့က အချစ်ကားလေးတွေမှာ တော်တော်လေး ကြည့်ကောင်းနေတာ အားလုံး အသိပါပဲ။ခုဇာတ်ကားကတော့ တေလဂူးပရိသတ်တို့ ရင်းနီးပြီးသားဖြစ်တဲ့ Nithiinနဲ့ Keerthyတို့ရဲ့ အိမ်နီးချင်း ဇာတ်လမ်းလေးပါပဲ။Nithiinဖြစ်တဲ့ အာဂျွန်ကတော့ ငယ်ငယ်ကတည်းက Keerthy ဖြစ်တဲ့ အာနူးရဲ့ ဒုက္ခပေးနည်းပေါင်းစုံကို ခံယူခဲ့ရသူတစ်ဦးပေါ့။အာနူးက အာဂျွန် ဝယ်လာသမျှ စားမယ် သောက်မယ်။ မရင် အာဂျွန် အဖေ့ကို တိုင်မယ်။ အတန်းမှာလည်း အတန်းမှာမို့၊ အိမ်မှာလည်း အိမ်မှာမို့နဲ့ အာဂျွန်ကတော့ တော်တော် စိတ်ပျက်နေသူပေါ့။ဒါကိုတော့ အာနူးရဲ့ စိတ်ထဲမှာ ကြည်နူးစရာလို့ သတ်မှတ်ထားတယ်။ အမြဲလိုလို သူ့အပေါ် ဂရုစိုက်တတ်တဲ့ အာဂျွန်ကလွဲပြီး သူ့အတွက်တော့ အားကိုးစရာမရှိဘူး။ငယ်ရွယ်စဉ်မှာ အမြဲလိုလို သည်းခံကြ၊ အနိုင်ယူကြနဲ့ အဆင်ပြေပေမဲ့ အရွယ်ရောက်လာတဲ့အခါမှာတော့....----------------------ကဲဒီလောက်ဆို အားလုံးလည်း ...
movie

Rang De (2021)

2021
Miss India 2020 4
Miss India 2020 ဘ၀မှာယောကျာ်းသားတွေရဲ့အကူအညီမပါပဲအောင်မြင်မှုကိုအရယူချင်တဲ့မိန်းကလေးတွေအတွက် အကြီးအကျယ် motivateဖြစ်စေမဲ့ ဇာတ်ကား Miss India ဟာ အရမ်းကောင်းတဲ့အိန္ဒိယဇာတ်ကားလေးတစ်ကားပါ အဓိကဇာတ်ဆောင်ဖြစ်တဲ့ မာနာဆာဆမ်မျူ့သာဟာ အိန္ဒိယနိုင်ငံရဲ့ပြည်နယ်လေးတစ်ခုက သာမန်လူတန်းစားမိသားစုလေးကပါ ငယ်စဥ္ကတည်းကစီးပွားရေးကို၀ါသနာပါပီး ချစ်ရတဲ့အဘိုးရဲ့ဆုံးမစကားတွေအောက် မှာကြီးပြင်းလာခဲ့ရသူဖြစ်ပါတယ် နောက်ပိုင်းမှာ ဆမ်မျူ့သာရဲ့အဖေက အယ်ဇိုင်းမားရောဂါရပီးအိမ်စီးပွားရေးအခြေအနေအလှည့်အပြောင်းဖြစ်ပီး USကို ရွှေ့ပြောင်းရပါတော့တယ် USရောက်ပီး နေယာနာနဲ့ ပရီတီဆိုတဲ့သူငယ်ချင်း၂ယောက်နဲ့စနောက်ရင်း ဗီဂျေးလို့ခေါ်တဲ့ကောင်လေးနဲ့စတင်တွေ့ဆုံခဲ့ပေမဲ့ ဘ၀မှာအောင်မြင်မှုမရှိသေးပဲလက် မထပ်ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကြောင့်လမ်းခွဲခဲ့ရပါတယ် စီးပွားရေးလုပ်ချင်တဲ့အိပ်မက ်ကြောင့်အိမ်ကနေထွက်ပီး ဘ၀ကိုတစ်ယောက်ထဲရုန်းကန်ပီးနောက်ဆုံးမှာ Miss Indiaဆိုတဲ့ လက်ဖက်ရည်brandကို USမှာအခြေချနိုင်ခဲ့ပါတယ် အရင်ကတည်းကနာမည်ကြီးခဲ့တဲ့ KSK ကော်ဖီကုမ္ပဏီပိုင်ရှင်သူဌေးကိုင်လက်ရှ်နဲ့စီးပွားပြိုင်တွေဖြစ်လာပီး နောက်ဆုံး ကိုင်လက်ရှ်က သူမရဲ့သူငယ်ချင်းနေယာနာနဲ့ပေါင်းပီး စီးပွားကျဆင်းအောင်ကြံစည်ကြပါတယ် ဒါပေမဲ့ သူဒီအခက်အခဲကရုန်းထွက်နိုင်အောင်ဘယ်လိုကြိုးစားပီးအောင်မြင်မှုကိုထိန်းသိမ်းနိုင်မလဲဆိုတာ စိတ်၀င်တစားစောင့်ကြည့်ရမှာဖြစ်ပါတယ် File size… 1.4 Gb / 700 Mb Quality… webrip 720p Format…mp4 Duration….02:16:00 Genre … Drama Subtitle….Myanmar Subtitle (Hardsub) Translated by Zora Yang
movie

Miss India 2020

Bheeshma (2020) 6.9
Bheeshma (2020) ဒီကားထဲက မင်းသား Nithiinကို အိန္ဒိဇာတ်ကားချစ်သူတွေ သိပ်မသိလောက်ပေမယ့် အပြုံးလှလှပိုင်ရှင်လေးဖြစ်တဲ့မင်းသမီးချောလေး Rashmika Mandanna ရဲ့ ဇာတ်ကားမို့ ကြည့်စေချင်တဲ့ စေတနာနဲ့ ဘာသာပြန် တင်ဆက်လိုက်တာပါ။မူရင်း အင်္ဂလိပ်စာဖိုင်မှာ အင်္ဂလိပ်လိုပြောတဲ့နေရာတွေမှာ စာမပါတဲ့အတွက် အတတ်နိုင်ဆုံး နားထောင်ပြီး အပြည့်စုံဆုံးဖြစ်အောင် ကြိုးစားပေးလိုက်တာပါ။ဇာတ်ကားအကြောင်း နည်းနည်းပြောရမယ်ဆိုရင်... ရုတ်တရတ်ကြည့်ရင်တော့ ဒီဇာတ်ကားကဝန်ကြီးချုပ်မင်းသားလို့ခေါ်တဲ့ Mahesh Babu ရဲ့ ဝန်ကြီးချုပ်ဇာတ်ကား(Bharat Ane Nenu)နဲ့ Maharshi ဇာတ်ကားကိုinspiration ယူပြီး ရိုက်ကူးထားတယ်လို့တောင် ထင်ချင်စရာပါပဲ။ဒါပေမယ့်လည်း ကွဲလွဲနေတာတွေတော့ အများကြီးရှိပါတယ်။ဒီကားထဲကမင်းသားဟာ တေလေဂျပိုး ၊ ကောလိပ်ကနေ အထုတ်ခံလိုက်ရတဲ့သူ။ဘ၀မှာ ကံဆိုးတတ်သူမို့ ဂေါ်မစွံလူပျိုဘ၀နဲ့ သူပြောတဲ့စကားထဲကလို IAS (I Am Single) ဖြစ်နေသူ။မိန်းကလေးတစ်ယောက်ကို ပြန်ပေးဆွဲပါတယ်ဆိုပြီး ရဲစခန်းရောက်အပြစ်တွေကို အေစီပီအရာရှိလက်အောက်မှာ ဆေးကြောရင်း အေစီပီ့သမီးကိုချစ်ကြိုက်မိရာကနေ သူ့ဘ၀ ပြောင်းလဲလာတယ်လို့ ဆိုရမှာပါပဲ။ဘာတွေ ဘယ်လိုပြောင်းလဲမလဲဆိုတာကတော့ ကိုယ့်ဘာသာ ခံစားလိုက်ပါတော့။ဒီကားထဲမှာ ...
movie

Bheeshma (2020)

2020
Disco Raja (2020) 6.9
Disco Raja (2020) Spoiler Alert!၀ူဟန်ကာကွယ်ဖို့အတွက် အိမ်မှာနေရင်းပျင်းနေကြတဲ့ အိန္ဒိယကားပရိတ်သတ်တွေအတွက် ယနေ့ တင်ဆက်ပေးလိုက်တဲ့ အသစ်စက်စက် ဇာတ်ကားလေးပါ။ဒီလထဲမှာထွက်ရှိတဲ့ အိန္ဒိယဇာတ်ကားတွေထဲမှာ အကြိုက်တွေ့မိတဲ့ဇာတ်ကား နည်းနေပေမယ့် ပရိတ်သတ်ကြိုက်မယ်ထင်တဲ့ ဇာတ်ကားတွေကို ရွေးထုတ် တင်ဆက်ပေးနေတာမို့....ကောင်းသည် မကောင်းသည်ကို ယတိပြတ် မပြောလိုပါဘူး။ကိုယ့်အကြိုက်နဲ့ကိုက်ညီရင် ကောင်းပြီး ကိုယ့်အကြိုက်နဲ့ မကိုက်ညီရင် မကောင်းဘူးလို့ပဲ ဆိုရမှာပါ။ဒီဇာတ်ကားကတော့ တောင်ပိုင်းကားတွေရဲ့ ထုံးစံအတိုင်း အိုဗာအက်ရှင်တွေ ဘာတွေ ဖောဖောသီသီ ပါဝင်သလို နည်းနည်းလည်း စိတ်ကူးယဉ်လည်း ဆန်ပါတယ်။တစ်နေ့က ထွက်တဲ့ Bloodshot ဆိုတဲ့ ဟောလိ၀ုဒ်ဇာတ်ကားနဲ့တောင် အစပိုင်းမှာ ခပ်ဆင်ဆင် ရိုက်ကူးထားတာပါ။အကြမ်းဖျင်းအားဖြင့် ပြောရရင် မင်းသားဟာ ဇာတ်လမ်းစစချင်းမှာသေသွားတယ်။သိပ္ပံပညာရှင်တစ်စုက မင်းသားကို သိပ္ပံနည်းနဲ့ သေရွာကနေ ပြန်ခေါ်တယ်ပေါ့။ဒီနောက်တော့ သူဟာသူ့အတိတ်ကို လိုက်စုံစမ်းရင်း ရိုးရိုးသေတာ မဟုတ်ပဲအသတ်ခံလိုက်ရတယ်ဆိုတာကို ...
movie

Disco Raja (2020)

2020
Prati Roju Pandaage (2019) 6.3
Prati Roju Pandaage (2019) (Unicode)ဒီတစ်ပတ်မှာတော့ တေလဂူး(Telugu) မိသားစုကားလေး တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။မင်းသားနဲ့ မင်းသမီးကတော့ တေလဂူးပရိသတ်တွေ ရင်းနှီးပြီးသားမို့ အထူးတလည်မိတ်ဆက်စရာမလိုပါဘူး။ဇာတ်လမ်းအကျဉ်းကို တစ်ချက်လောက် ချပြရရင် အမေရိကမှာ အခြေချနေတဲ့ မင်းသားတို့မိသားစုရယ်၊ အိန္ဒိယမှာပဲ အလုပ်အကျွေးပြုစုသူ တစ်ယောက်နဲ့ အတူနေတဲ့ မင်းသားရဲ့ အဘိုးရယ်ပေါ့။တစ်နေ့မှာတော့ အဘိုးဟာ ကျန်းမာရေးအရ ဆေးစစ်ချက်သွားယူရာကနေ သူ့မှာ အဆုတ်ကင်ဆာ ရှိနေတယ်ဆိုတဲ့အကြောင်းကို သိလိုက်ရပါတယ်။သားသမီးတွေနဲ့ ဝေးရာမှာ နေရာသူဖြစ်တော့ သားသမီးတွေဆီ ဖုန်းဆက်အကြောင်းကြားတယ်။အဘိုးမှာ ရောဂါအဆင့်က ကျွမ်းနေပြီမို့ အချိန်က ၅ပတ်ကာလပဲ ရှိတော့တယ်။တစ်ဖက်မှာလည်း အလုပ်၊ တစ်ဖက်မှာလည်း မိဘဖြစ်တော့ အလုပ်ကို ဦးစားပေးတတ်ကြတဲ့ သားသမီးတွေဟာ အဖေဖြစ်သူဆီ ပြုစုစောင့်ရှောက်ဖို့ လောလောဆယ် မသွားနိုင်ကြပါဘူး။ဒါပေမဲ့ အဘိုးကို အရမ်းချစ်တဲ့ မြေး(မင်းသား)ကတော့ ဒီသတင်းကို ကြားကြားချင်း လိုက်သွားခဲ့ပါတယ်။အိန္ဒိယကိုရောက်ပြီး ...
movie

Prati Roju Pandaage (2019)

2019
Aravindha Sametha Veera Raghava (2018) 8.2
Aravindha Sametha Veera Raghava (2018) IMDb ratings:8.1/10 Google Users:91%"Aravinda Sametha Veera Raghava(သို့မဟုတ်)၅ရူပီးရန်ကြွေးရှင်းတမ်း"ဒီတစ်ခါတော့ တောင်ပိုင်းရုပ်ရှင်တွေနဲ့ရင်းနှီးပြီးသားသူတွေသိမယ့် Jr.N.T.R Rama Rao ရဲ့ အက်ရှင်၊ဒရမ်မာ ဇာတ်ကားကောင်းတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းက ရိုးရိုးလေးနဲ့ ဖိုက်တင်တွေကို လိုအပ်သလောက်ပဲ သုံးပြီးပြောသွားတဲ့ ဒိုင်ယာလော့တွေ၊ကြည့်ရှုသူကို ပေးချင်တဲ့ မက်ဆေ့တွေကကောင်းလွန်းလို့ပါ။ရာဂါးဗားဟာ နိုင်ငံခြားမှာ ပညာသင်ပြီး အိမ်ကို ပြန်လာတဲ့အခါမသင့်မမြတ် ဖြစ်နေတဲ့ ရွာနှစ်ရွာရဲ့ ရန်ကြွေးတွေအရရာဂါးဗားနဲ့ သူ့အဖေရဲ့ လူယုံတော်တွေ လမ်းမှာ လုပ်ကြံခံရပါတယ်။သူ့ကိုပါ ဒီရန်ကြွေးတွေကြားထဲ ဝင်ပါဖို့ခေါ်နေသလိုပါပဲ။ဒါပေမဲ့ ခေတ်ပညာတတ် ရာဂါးဗားဟာပညာတတ်တစ်ယောက် ပီသစွာ တုန့်ပြန်ခဲ့ပါတယ်။ပြီးတော့ အချစ်နဲ့ တွေ့တဲ့အခါလူတိုင်းက သတ္တိခဲဖြစ်လာတတ်ကြသလိုအချစ်ကြောင့်ပဲ ကြည်နူးပျော်ရွှင်သွားတတ်တာကိုလည်းဖော်ပြထားပါတယ်။သူ့ကြောင့်ပဲ ငါဟာ ပထမဦးဆုံးပြုံးဖူးတာပါတဲ့ ။ဒါပေမဲ့ ကံကြောင်းမလှချင်တော့.....တည်ငြိမ်သွေးအေးတဲ့ ဇာတ်ရုပ်မှာပီပြင်သလို ရက်စက်ပြီဟေ့ဆိုရင်နှစ်ယောက်မရှိတဲ့ ဗီရား ရာဂါးဗားဆိုတဲ့ဇာတ်ရုပ်ကို Jr.N.T.R Ramarao ကအံဝင်ခွင်ကျဖြစ်အောင် သရုပ်ဆောင်ထားသလိုသူနဲ့ တွဲဖက် သရုပ်ဆောင်တဲ့ မင်းသမီးကနာမည်ကျော်ဇာတ်ကားတွေဖြစ်တဲ့Hritik Roshan ရဲ့Mohenjo Daro ...
movie


2018