Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Naim Daniel
6.9
Kahar: Kapla High Council (2024)
Kahar: Kapla High Council (2024)"တိုက်ပွဲ" =================================2024 ခုနှစ်မှာထွက်ရှိခဲ့ပြီး Fight scenes တွေရော ဇာတ်လမ်းရော ရေလည်မိုက်တဲ့ မလေးရှားရုပ်ရှင်လေးကို ပရိသတ်တွေအတွက် တင်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်ကိုတော့ ၂၀၀၅ ခုနှစ်မှာ စပြီး ဇာတ်အိမ်တည်ထားတာပါ။ကူဒရတ်ဆိုတဲ့ ကောလိပ်ရဲ့ စည်းမျဉ်းတွေက ထူးခြားပါတယ်။ အဲဒီကောလိပ်မှာ တက်တဲ့ ကျောင်းသားတွေကို ဟယ်ရီပေါ်တာထဲကလို House တွေခွဲထားပြီး House တစ်ခုကို ကိုယ်စားပြုခွင့်ရတဲ့ကျောင်းသားက အထက်ကောင်စီဆိုတဲ့အဖွဲ့ထဲကို ဝင်ခွင့်ရပါတယ်။ကိုယ့်ရဲ့ House ရဲ့ ကိုယ်စားပြုချင်တဲ့ ကျောင်းသားတွေဟာ လက်ရုံးရည်ချင်းယှဉ်ပြိုင်ရတာဖြစ်ပြီး ကိုယ်စားပြုဖြစ်ခွင့်ရရင် အခွင့်အရေးတွေလည်း အများကြီးရပါတယ်။ဒီရုပ်ရှင်ရဲ့ ဇာတ်လိုက် ကာဟာကတော့ အဲဒီကောလိပ်ကို သူ့ဆန္ဒမပါဘဲရောက်လာတဲ့ ခပ်အေးအေးကျောင်းသားလေးပါ။ကာဟာက ဘာမှမထူးချွန်ပေမဲ့ သူ့ရဲ့ အဖေနဲ့ အစ်ကိုကတော့ အဲဒီကောလိပ်ရဲ့သမိုင်းမှာအထူးချွန်ဆုံးကျောင်းသားတွေဖြစ်ခဲ့ကြသူတွေပါ။ အဲဒီလို အဖေရဲ့ဖိအားတွေ အစ်ကိုရဲ့ဖိအားတွေကို ထမ်းပိုးထားရတဲ့ကာဟာတစ်ယောက် သူ့ရဲ့ခံနိုင်ရည်ကိုကျော်လွန်သွားချိန်မှာတော့ ထိန်းချုပ်မှုတွေလွတ်သွားပြီး လုံးဝမတူတဲ့သူတစ်ယောက်အဖြစ် ပြောင်းလဲသွားပုံ၊ နောက်ဆက်တွဲကိစ္စွတွေကြုံတွေ့ရပုံတွေကို ဒီရုပ်ရှင်ထဲမှာမြင်တွေ့ကြရမှာဖြစ်ပါတယ်...။(ဒီရုပ်ရှင်ကိုတော့ V, ToMo နဲ့ Zwe Yan တို့က ဘာသာပြန်တင်ဆက်ပေးထားပါတယ်။) File size… 1.5 GB / 777 MB Quality…WEB ...
movie
Kahar: Kapla High Council (2024)
6.2
Siapa Tutup Lampu? (2021)
Siapa Tutup Lampu? (2021)2021 ကိုဗစ်ကာလတုန်းကထွက်ရှိခဲ့တဲ့မလေးရှားဇာတ်ကားကောင်းလေးတင်ဆက်ပေးလိုက်ပါတယ်။ မလေးရှားဇာတ်ကားတွေ နောက်ပိုင်းထွက်လာခဲ့တာ သူတို့လဲနောက်ပိုင်းထိုင်းဇာတ်ကားတွေကို အမှီလိုက်ဖို့ကြိုးစားလာကြပုံပါပဲ။ ထိုင်းကားတွေက အတိုင်းတာတစ်ခုအထိ အနုပညာပိုင်းမှာကောင်းမွန်လာပြီး လူတွေကိုဆွဲဆောင်လာနိုင်တာ လူတိုင်းအသိပါပဲ။ ဒါပေမဲ့ မလေးရှားကားတွေကိုတော့ သိပ်သတိမထားမိကြပါဘူး။ ဒီအတွက် မလေးရှားဇာတ်ကားတွေထဲကမှ ဇာတ်လမ်းလေးကောင်းတဲ့ဇာတ်ကားလေးမို့ တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ မလေးရှားမှာရှိတဲ့ သူငယ်ချင်းငါးယောက် ကျောင်းတူတူတက်ပြီး လူ့ဘဝကြီးကိုရင်ဆိုင်ပြီး တိုးတက်အောင်ကြိုးပမ်းနေကြတဲ့ သူငယ်ချင်းတွေပေါ့။ တစ်နေ့သူငယ်ချင်းတွေက စီးပွားရေးအိုင်ဒီယာပြိုင်ပွဲလေးတစ်ခုတွေ့လာတဲ့အခါမှာ သူငယ်ချင်းတွေစုပြီးပြိုင်ပွဲဝင်ကြပါတော့တယ်။ ဒါပေမဲ့လဲ လူဆိုတာက ကိုယ်စီအခက်ခဲတွေဒုက္ခတွေနဲ့ အကျပ်အတည်းတွေ ရှိကြတာပေါ့။ သူငယ်ချင်းတစ်ယောက်ဆီရဲ့မိသားစုဘဝတွေ လူမှုရေးဘဝတွေကြောင့် တစ်ယောက်နဲ့တစ်ယောက်ထုတ်မပြောကြပေမဲ့ အကုန်အဆင်ပြေနေသလိုဟန်ဆောင်ခဲ့ကြတာပေါ့။ ဒါပေမဲ့တစ်နေ့မှာတော့ သူငယ်ချင်းငါးယောက် စုပြီးတော့ခရီးထွက်ဖို့အကြောင်းဖန်လာပါတော့တယ်။ ဒါပေမဲ့မတော်တဆဖြစ်ပြီး သူတို့သူငယ်ချင်းတစ်ယောက် ဆုံးသွားတဲ့အခါမှာတော့ သူတို့သူငယ်ချင်းအပေါ်မှားခဲ့တဲ့အပြစ်တွေကိုဝန်ခံခဲ့ကြရင်းနဲ့မှ အပြစ်တွေဆိုတာ ကြာကြာဖုံးထားလေ ကြာမှနောင်တရလာလေဆိုတာကို သဘောပေါက်လာခဲ့ကြပေမဲ့ အချိန်နှောင်းသွားပြီဆိုတာကိုသိခဲ့ရတဲ့နောက်မှာတော့ ....(အညွှန်းနဲ့ဘာသာပြန်ကတော့ Saii Thurein Lynn ဖြစ်ပါတယ်)Genre.....Horror, Mystery, Thriller Quality…. 1080p WEB-DL | 720p WEB-DL File size… 919MB | 473MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar Subtitle (Hardsub) Translator ..... ...
movie
Siapa Tutup Lampu? (2021)