Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Nadia Tereszkiewicz
Red Island (2024)
ဒီရုပ်ရှင်ကတော့ Red islandလို့ခေါ်ကြတဲ့ Madagascar ကျွန်းနိုင်ငံလေးရဲ့ ပြင်သစ်ကိုလိုနီဖြစ်ခဲ့တဲ့အချိန်တွေကိုနောက်ခံထားရိုက်ကူးထားတာဖြစ်ပါတယ် မာဒါဂတ်စကာမှာ တာဝန်ကျတဲ့ ပြင်သစ်ကိုလိုနီစစ်သားတွေထဲက စစ်သားမိသားစုတစ်စုကိုဇာတ်အိမ်တည်ထားပြီး ကိုလိုနီခေတ်ရဲ့အခြေအနေတွေနဲ့ မာဒါဂတ်စကာကျွန်းနိုင်ငံရဲ့သဘာဝအလှတရားတွေကိုပါ ကြည့်ရှုရမှာပါ လွတ်လပ်ရေးရခဲ့ပေမဲ့ ပြင်သစ်ရဲ့လွှမ်းမိုးဖိနှိပ်မှုကိုခံရဆဲဖြစ်တဲ့ မာဒါဂါစီလူမျိုးတွေရဲ့ အခက်အခဲနဲ့ ဆန့်ကျင်လှုပ်ရှားမှုတွေကိုလဲ တစေ့တစောင်းဖော်ပြထားတဲ့ ဇာတ်ကားကောင်းလေးမို့ ကြည့်ရှုအားပေးကြပါအုံးနော်File size…(1.2 GB) Quality….Webrip 720p Format…mp4 Duration….01:48:00 Genre...Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Swan Min Htet Translated by Shwe Eain Si
movie
Red Island (2024)
6.4
The Last Queen (2023)
The Last Queen (2023)~ IMDb - 6.4/10, Rotten Tomatoes - 60% ~ဒဏ္ဍာရီလိုလို ဖြစ်ရပ်မှန်လိုလို ရှိခဲ့တဲ့ အယ်လ်ဂျီးယားနိုင်ငံက မင်းသမီး ဇာဖီယာရဲ့အကြောင်းပါ။အမျိုးသမီးတွေနေရာမရတဲ့ ရှေးခေတ်မူဆလင်အသိုင်းအဝိုင်းမှာ ဘုရင်မ ဖြစ်ခဲ့တဲ့သူတစ်ယောက်ပေါ့။ သူက အယ်လ်ဂျီးယားနိုင်ငံက ဘုရင်ရဲ့ ဒုတိယမြောက်မိဖုရား၊ ပင်မနန်းတော်မှာတောင် နေခွင့်မရတဲ့သူပါ။ အယ်လ်ဂျီးယားကို စပိန်တွေ ကျူးကျော်တဲ့အချိန် ဘုရင်က ပင်လယ်ပျော် အာရုဂ်ျဘာဘာရိုဆာရဲ့ အကူအညီနဲ့ စပိန်တွေကိုတိုက်ထုတ်တယ်။ ပင်လယ်ဓားပြ အာရုဂ်ျက နန်းတော်ကို ရောက်တော့ ဘုရင်ကိုလုပ်ကြံပြီး ထီးနန်းယူဖို့ကြံတယ်။ အဲဒီအချိန်မှာ မိဖုရားခေါင်ကြီးက ထွက်ပြေးသွားပြီး ဇာဖီယာက နန်းတော်မှာကျန်ခဲ့ပြီး ပြည်သူတွေရဲ့ အချစ်ကို ရခဲ့တဲ့အတွက် ဘုရင်မဖြစ်လာပါတယ်။ဇာဖီယာက နန်းသက်သိပ်မကြာပေမဲ့ ဘုရင်မ (ဆူလ်တန်နာ) ဖြစ်ခဲ့တဲ့အကြောင်းလေးပါ။ သမိုင်းဒရာမာဖန်တွေ ကြည့်သင့်တဲ့ အယ်လ်ဂျီးယားကားကောင်းတစ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို 666 မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie
The Last Queen (2023)
2023
7.0
Rosalie (2023)
အမျိုးသမီးတစ်ယောက်ကို မုတ်ဆိတ်မွှေးကြီးတွေနဲ့လို့မြင်ယောင်ကြည့်လိုက်ရင် တော်တော်ကြည့်ရဆိုးပြီး တစ်မျိုးကြီးဖြစ်နေမှာတော့အမှန်ပါပဲ။အဲ့ဒါဆိုရင် အဲ့လိုအသွင်အပြင်မျိုးတကယ်ဖြစ်နေတဲ့ မိန်းမတစ်ယောက်ကိုရောမြင်ယောင်ကြည့်လိုက်ပါ။မယုံနိုင်လောက်အောင်ဆိုးဝါးတဲ့ ဝေဖန်ခြင်းတွေ ပြစ်တင်ရှံ့ချခြင်းတွေကိုခံရပြီး ခေါင်းတောင်မဖော်နိုင်လောက်အောင်ရှက်နေရမှာအတိအကျပါပဲ။ဒါပေမယ့် ပတ်ဝန်းကျင်ကလူတွေဘာပြောပြော ဘာလုပ်လုပ်အသွင်အပြင်ကအရေးမကြီးပဲစိတ်ထားလှလှထားပြီး ကိုယ့်ရဲ့ဘ၀နေ့ရက်တွေကိုပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းသွားနိုင်ဖို့ပညာပေးထားတဲ့ IMDb Rating 6.8 အထိရရှိထားတဲ့ Rosalie ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ဇာတ်ကားနာမည်အတိုင်းပဲ ရိုစလီဆိုတဲ့ကောင်မလေးကအလွန်တရာမှချောမောလှပပေမဲ့ သူ့မှာမွေးရာပါခန္ဓာကိုယ်အမွေးအမျှင်များတဲ့ ပြဿနာတစ်ခုရှိနေတာကတော့ဝမ်းနည်းစရာကောင်းလှပါတယ်။အဲ့ဒီအကြောင်းကို အဖေဖြစ်သူက ဘယ်သူမှမသိအောင်လျှို့ဝှက်ထားခဲ့ပေမဲ့လည်းအရွယ်ရောက်လာတဲ့အခါမှာ အိမ်ထောင်ပြုဖို့မဖြစ်မနေလိုအပ်လာပါတော့တယ်။ဒါပေမယ့်သူ့အခြေအနေကြောင့်ရှေ့မှာတွေ့ခဲ့တဲ့ အိမ်ထောင်ဖက်တွေတစ်ယောက်မှ သူ့ကိုလက်မခံခဲ့ကြပေမဲ့ အဖေဖြစ်သူကလက်မလျှော့ပဲ အက်ဘယ်ဆိုတဲ့ကဖီးဆိုင်ပိုင်ရှင်တစ်ယောက်နဲ့ သမီးဖြစ်သူကိုပေးတွေ့ခဲ့ပါတော့တယ်။ဒါပေမယ့်သမီးဖြစ်သူရဲ့အခြေအနေကို မပြောပြဘဲ လိမ်လည်ထားခဲ့ပြီး အက်ဘယ့်လက်ထဲမှာ ရိုစလီ့ကိုအပ်ထားခဲ့ပါတော့တယ်။လင်မယားနှစ်ယောက်ကြားမှာ ဒီလိုကိစ္စမျိုးဆိုတာဖုံးဖိထားလို့မရတဲ့အတွက် သိပ်မကြာခင်မှာပဲ အက်ဘယ်သိသွားခဲ့ပြီး မောင်းထုတ်ပေမဲ့ အရာရာစွန့်လွှတ်အနစ်နာခံတတ်တဲ့ရိုစလီကြောင့် အက်ဘယ်စိတ်လည်လာခဲ့ပြီး သူတို့နှစ်ယောက်ဘ၀မှာဘယ်လို စိတ်ဝင်စားစရာတွေဆက်ဖြစ်လာမယ်ဆိုတာကို ကြည့်ရှုရမဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.82GB / 849MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 55m Genre ….. Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw ...
movie
Rosalie (2023)
6.6
The Crime Is Mine (2023)
The Crime is Mine (2023)၂၀၂၃ မှာ ထွက်ရှိလာတဲ့ Drama/ Comedy အမျိုးအစား ပြင်သစ်ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေးချင်ပါတယ်။ IMDb rating 6.6 နဲ့ Rotten Tomatoes 100% ရရှိထားတာပါ။ တကယ်လည်း ရယ်ရသလို၊ တော်တော်လည်း ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လေးမို့လို့ အချိန်ပေးရကျိုးနပ်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ပေါ်လင်းနဲ့ မက်ဒလိန်းတို့ဟာ ဘဝကို ရုန်းကန်နေရတဲ့ သူငယ်ချင်း နှစ်ယောက်ပါ။ တိုက်ခန်းကျဉ်းကျဉ်းလေး ငှားနေရင် ငှားခလည်းမပေးနိုင်၊ အကြွေးတွေလည်း တင်နေတာမို့ အကြွေးရှင်တွေကလည်း ပတ်ပတ်လည်ဝိုင်းနေပါတယ်။ မက်ဒလိန်းကတော့ နာမည်မကြီးတဲ့ သရုပ်ဆောင် မင်းသမီးတစ်ယောက်ပါ၊ ပေါ်လင်းကတော့ ရှေ့နေမလေးပါ။ မက်ဒလိန်းကို နာမည်ကြီး ထုတ်လုပ်သူ တစ်ယောက်ဖြစ်တဲ့ မွန်ဖဲအ်ဟုန်က ပြဇာတ်မှာ ဇာတ်ကောင်တစ်နေရာ ပေးမယ်ဆိုပြီး သူ့အိမ်ကိုခေါ်ကာ မတော်တရားလုပ်ဖို့ ကြံပါတာမို့ မက်ဒလိန်းလည်း ထွက်ပြေးခဲ့ရပါတယ်။ နောက်တစ်နေ့မှာ မက်ဒလိန်း ထွက်ပြေးပြီးမကြာခင် မွန်ဖဲအ်ဟုန် အသတ်ခံလိုက်ရကြောင်း သူတို့ သိသွားခဲ့ပါတယ်။ နာမည်ကြီးအောင်လို့ သူငယ်ချင်း ၂ ယောက်ပေါင်းပြီး ...
movie
The Crime Is Mine (2023)
2023
7.0
Only the Animals 2019
ဒီဇာတ်ကားက ၂၀၁၉ မှာထွက်ရှိတဲ့ French-African thrillerဇာတ်ကားတစ်ကားပါ စိတ်ပိုင်းဆိုင်ရာဆန်းပြားရှုပ်ထွေးမှုတွေပြည့်နေတဲ့ကားပါ ဇာတ်လမ်းအစမှာတော့ အာဖရိကနိုင်ငံ အာဘစ်ဂျန်မြို့မှာ ဆိတ်ကိုဂုတ်ပေါ်ထမ်းပီးစက်ဘီးစီးနေတဲ့ လူမည်းလေးကိုတွေ့ရမှာပါ ပြီးတော့ ချက်ချင်းပဲ settingက ပြင်သစ်အလယ်ပိုင်းကနှင်းဖုံးနေတဲ့နေရာကိုရောက်သွားပါတယ် အ့ဒီနေရာမှာထူးဆန်းစွာပျောက်ဆုံးသွားတဲ့အမျိုးသမီးတစ်ယောက်ရဲ့ကားကိုသာတွေ့ရပါတယ် အ့ဒီ့အမျိုးသမီးရဲ့ပျောက်ဆုံးမှုကဘယ်သူဘယ်၀ါကြောင့်လို့တပ်အပ်မပြောနိုင်သေးပဲ သံသယဖြစ်ဖွယ်လူတွေကိုသတိထားကြည့်ရင်း နောက်ပိုင်း ဒီ mysteryတစ်ခုလိုဖြစ်နေတဲ့အမျိုးသမီးရဲ့ပျောက်ဆုံးမှုကို နောက်ပိုင်းမှာ အချိတ်အဆက် မိမိ ကြည့်ရှုရမှာဖြစ်ပါတယ် thrillerကြည့်ရှုရတာနှစ်သက်သူတွေအတွက် စိတ်လှုပ်ရှားစရာ စိတ်၀င်စားစရာကောင်းတဲ့ဇာတ်ကားတစ်ပုဒ်ပါ File Size : 600 Mb and 300mb Quality : webrip 720p/480p Format…mp4 Duration…1hr 57min Genre : Crime, Drama, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Nyein Lai Wai Encoded by Littleneo
movie
Only the Animals 2019