Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Mylène Jampanoï
7.0
Carjackers (2025)
Carjackers (2025)ကားမောင်းကျွမ်းကျင်ကြတဲ့ နိုရာတို သူငယ်ချင်း ၄ ယောက်ဟာ ဟိုတယ်တွေမှာ အလုပ်လုပ်ကြပြီးဟိုတယ်မှာလာတည်းတဲ့ ဧည့်သည်တွေထဲကနေ ပစ်မှတ်ကိုရွေးပြီးတော့ ဟိုတယ်ကအပြန် လမ်းပေါ်မှာ ဓားပြတိုက်ကြတယ်။ဘယ်သူ့ကိုမှ မထိခိုက်စေရ, အဖမ်းမခံရစေဘဲ အမှားကင်းကင်းနဲ့လုပ်လာခဲ့ပေမဲ့ သူတိုတွေ နောက်ဆုံးတစ်ခေါက်အနေနဲ့ ဓားပြတိုက်ကြမယ့်အချိန်မှာတော့ဟိုတယ်ဘက်ကနေ ငှားထားတဲ့ ကြေးစားသမားတစ်ယောက်ရဲ့ရန်ကနေ လွတ်နိုင်ပါတော့မလား.. (အညွှန်းနဲ့ဘာသာပြန်ကတော့ Su ဖြစ်ပါတယ်။) File size… (6 GB) / (1.7 GB) / (900 MB) Quality…. WEB-DL 4K HEVC / 1080p HEVC / 720p Format…. mkv/mp4 Genre….Action Duration….01:37:57 Subtitle….Myanmar Subtitle (Hardsub) Encoder….Benjamin Translated by Su
movie
Carjackers (2025)
2025
4K HEVC
7.1
36th Precinct (2004)
36th Precinct(2004)*********************IMDb...7.2,,,Rotten..100%ပဲရစ်မြို့ပေါ်မှာ ဒုစရိုက်အမှုတွေ အများအပြားကျူးလွန်နေလျက်ရှိပြီး ရဲတပ်ဖွဲ့ကို အမြဲတမ်းလိုလိုဒုက္ခပေးတာကြာပြီ... ဒီမြို့မှာပဲ လီယိုဗရင့်ခ်စ် နဲ့ ဒန်းနစ်ကလီယန်ဆိုတဲ့ ရဲအရာရှိနှစ်ယောက်ဟာရာထူးတိုးအောင်အပြိုင်အဆိုင် ယှဉ်ပြိုင်နေတဲ့ ရဲနှစ်ယောက်ဖြစ်တယ် ...သူတို့မြို့က နာမည်ကြီးဆုံးလူဆိုးဂိုဏ်းအဖွဲ့ရဲ့သတင်းကိုရဖို့အတွက် နှစ်ဦးနှစ်ဖက်လုံးဟာ လူဆိုးတစ်ချို့နဲ့ပူးပေါင်းပြီး သတင်းနှိုက်ကြတယ်..၂ယောက်လုံးဟာလည်း အရည်အချင်းရှိတဲ့သူတွေ... လူဆိုးဂိုဏ်းကလည်း အဖွဲ့တောင့်တဲ့အပြင်တကယ့်လက်ရဲဇက်ရဲတွေ... သူတို့ ၂ယောက်စုံစမ်းတာအောင်မြင်မလား.... ကြားထဲမှာဘယ်လိုပြသနာပေါင်းစုံကြုံတွေ့ရမလဲဆိုတာကိုတော့ Action , Crime တွေကိုမှ ကြိုက်တဲ့သူတွေအဖို့ဒီကားက နင်းကန်လန်းတယ်လို့ သတင်းကောင်းပါးပါရစေ....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Zwel Zan Aung ဖြစ်ပါတယ်... File Size : 2.38 GB, 709 MB Quality : Blu-Ray 1080p, 720p Format…mp4 Duration…01:51:00 Genre : Action , Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Zwel Zan Aung Encoded by AHtet
movie
36th Precinct (2004)
5.4
Madame Claude (2021)
Madame Claude (2021)မဒမ်ကလောက် ဒါမှမဟုတ် ဖာနန်ဒီဘရူနက်လို့ ၂၀ ရာစုနှောင်းပိုင်းက အာဏာရှင်သဖွယ်ဖြစ်သွားတဲ့ အမျိုးသမီးတစ်ယောက်အကြောင်းကို ဖြစ်ရပ်မှန်ဇာတ်လမ်ပေါ် အခြေခံပြီးရိုက်ကူးထားတာဖြစ်ပါတယ်။အခု ဒီ ၂၀၂၁ ထဲမှာ ထွက်ရှိထားတဲ့ ဇာတ်ကားကတော့ နောက်ဆုံး ပြန်လည်အသက်သွင်းထားတဲ့ ဇာတ်လမ်းဖြစ်ပြီတော့ ၂၀၀၀ ခုနှစ်မပြည့်ခင်တုန်းက ထွက်ခဲ့တဲ့ OG ဇာတ်ကားလည်းရှိပါသေးတယ်။ ဇာတ်အိမ်အကျဉ်းမဒမ်ကလောက်ဟာ ၁၉၆၀ နှောင်းပိုင်းမှာ ပြည့်တန်ဆာခေါင်အဖြစ်နာမည်ကြီးခဲ့သူတစ်ယောက်ပါ။ဘယ်လောက်တောင် အာဏာရှိခဲ့လဲဆိုရင် ကျင့်ဝတ်အရ အောက်တန်းကျတယ်လို့ ဆိုနိုင်တဲ့အလုပ်ကိုလုပ်နေပေမယ့် အစိုးရပိုင်းလူကြီတွေနဲ့ပေါင်းသင်းဆက်ဆံရပြီးနောက်ကွယ်က ဖြစ်ရပ်တချို့ကို ကြိုးကိုင်ခြယ်လှယ်နိုင်တဲ့အထိ အာဏာရှိခဲ့သူတစ်ယောက်ဖြစ်ပါတယ်။ငယ်စဉ်က ဖြစ်ရပ်ဆိုးရှိခဲ့တဲ့ မဒမ်ကလောက်ဟာ ငယ်ငယ်ရွယ်ရွယ်နဲ့ လမ်းပေါ်ရောက်သွားခဲ့တဲ့အချိန် ခေတ်ကာလရေစီးကြောင်းအရလည်း ကမ္ဘာစစ်ဖြစ်ပြီး သွေးအေးစစ်ပွဲ ဒါမှမဟုတ်တိုင်းပြည်တွေပြည်လည်နာလည်ထူခါစ စစ်အေးကာလမှာ ယောက်ျားသားတွေရဲ့ ရမ္မက်ကြီးပုံကို အရသာတွေ့သွားပြီ အဲဒီကနေ အမြတ်ထုတ်ရာကနေ အာဏာတဖြည်းဖြည်းရလာခဲ့ပါတယ်။ဒီဇာတ်လမ်းထဲမှတော့ သူရဲ့ ဘဝအစ သူ့ရဲ့သက်တမ်းတစ်လျှောက် နောက်ကွယ်နေ ပြည့်တန်ဆာလောကကို ဘယ်လိုကြိုးကိုင်ခြယ်လှယ်ခဲ့လဲ၊ဒါ့အပြင်နောက်ဆုံးမှာ ရာဇဝတ်မှုကြီးတွေရဲ့ ဖြစ်မြဲဓလေ့အတိုင်း ဘယ်လိုလုံးပါးပါးသွားလဲဆိုတာကို ဖြစ်ရပ်မှန်သဖွယ် ...
movie
Madame Claude (2021)
2021
Crimson Rivers II: Angels of the Apocalypse (2004)
နာမည်ကြီးရုပ်ရှင် Leon: The Professional ထဲက မင်းသား Jean Reno ခေါင်းဆောင်ပါဝင်တဲ့ ပြင်သစ်စကားပြော လျှို့ဝှက်သည်းဖို/မှုခင်းရုပ်ရှင်လေးပဲ ဖြစ်ပါတယ် ပြင်သစ်ဘုရားကျောင်းတစ်ခုရဲ့နံရံထဲမှာ အလောင်းတစ်လောင်းရှာတွေ့ပြီးနောက် ရဲအုပ်နီးမန်းစ်နဲ့ စုံထောက်ရီဒိုနှစ်ယောက် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်ပါတော့တယ်။ဒီလူသတ်မှုက ကွင်းဆက်လူသတ်မှုဖြစ်ပြီး ယေရှုရဲ့တမန်တော်တွေဆိုတဲ့ လူ ၁၂ နှစ်ယောက် တစ်ယောက်ပြီးတစ်ယောက်အသတ်ခံလိုက်ရတယ်။ အဲဒီအချိန်မှာပဲ ဘာသာရေးသိပ္ပံပညာရှင်မလေး မာရီတစ်ယောက် စုံစမ်းဖို့ပူးပေါင်းလာပါတော့တယ်။ လျှို့ဝှက်နက်နဲလွန်းတဲ့ ဒီအရှုပ်အထွေးမှာ တကယ်ပဲ အဖြေမှန်ပေါ်သွားမှာလား ပြင်သစ်ရုပ်ရှင်တို့ရဲ့ ထုံးစံအတိုင်း မညှာစတမ်း အနိဌာရုံတို့ကို ပေါ်ပေါ်လွင်လွင် ဒီကားမှာ မြင်တွေ့ရမှာပါFile size…(1.9 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:37:00 Genre... Action, Thriller , Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sike Tan
movie
Crimson Rivers II: Angels of the Apocalypse (2004)
6.5
Hereafter (2010)
Hereafter (2010)ဒီကားလေးကတော့ Fantasy Romance အမျိုးအစား ဒရာမာကားကောင်းလေးပါ။ Director ကလည်း စွယ်စုံရ အကျော်အမော်တစ်ပါးဖြစ်တဲ့ Clint Eastwood ဖြစ်ပါတယ်။ အဓိက သရုပ်ဆောင်ကလည်း Matt Damon ဖြစ်တဲ့အပြင်ကို အော်စကာမှာလည်း CGI ဆု ဆန်ခါတင်ဝင်ခဲ့သေးတာမို့ အရွေးမမှားစေမယ့်ကားကောင်းတစ်ကားပါပဲ။ဇာတ်လမ်းလေးက တမလွန်အကြောင်းကိုအခြေခံရိုက်ကူးထားတာပါ။ တမလွန်ဆိုတဲ့အရာကို လူတိုင်းပြောဖို့ကြောက်လန့်ကြတယ် ဆန့်ကျင်ကြတယ်တဲ့။ ဒီကားထဲမှာတော့ တမလွန်ကို ဆိတ်ငြိမ်အေးချမ်းတဲ့ ဗလာနယ်လို တင်ဆက်ထားပါတယ်။ဇာတ်လမ်းကိုတော့ တစ်နိုင်ငံစီမှာနေနေကြတဲ့ တမလွန်ကိုဆက်သွယ်နိုင်တဲ့အမေရိကန်တစ်ယောက်ရယ်၊ လတ်တလောမှ သေရွာကနေပြန်လာနိုင်ခဲ့တဲ့ ပြင်သစ်သတင်းကြေညာသူရယ်၊ အမြွာအစ်ကိုကိုဆုံးရှုံးထားခါစ လန်ဒန်ကကောင်လေးတစ်ယောက်ရယ် သူတို့သုံးယောက်ကိုအခြေတည်ထားပြီး မျဥ်းပြိုင်လိုဖြစ်နေတဲ့ သူတို့တွေရဲ့ဘ၀တွေက ဘယ်နေရာမှာဆုံစည်းကြမလဲ... ဘာအကြောင်းကြောင့်လဲ... ဆိုတာ စိတ်၀င်တစားကြည့်ရှုရမှာပါ။(ဒီဇာတ်ကားနဲ့အညွှန်းကို Soe Thiri Swe မှ ပြန်ဆို ရေးသားထားပါတယ်)Size - 2.55GB, 1.2GB Quality - 1080p, 720p IMDb Rating - ...
movie
Hereafter (2010)
2010
7.0
Martyrs (2008)
သေဆုံးခြင်းနောက်ကွယ်က တမလွန်ဘဝဟာ ဘယ်လိုရှိမယ်ဆိုတာ မိတ်ဆွေတို့ တွေးကြည့်ဖူးကြလားခင်ဗျ။ ဘာသာတိုင်းမှာ သေလွန်ပြီးရင် ရောက်ရှိမယ့် နိဗ္ဗာန်၊ ကောင်းကင်ဘုံ၊ ငရဲ၊ နတ်ပြည်၊ ဗြမ္မာပြည် အစရှိသဖြင့် ဘုံအမျိုးမျိုးရှိကြပါတယ်။ ဒါပေမဲ့ တစ်ကယ်တမ်းတွေးကြည့်ရင် သေခါနီးအသက်ငင်နေချိန်မျိုးမှာ လူတွေဘာမြင်ရမလဲ သေဆုံးခြင်းက အဆုံးသတ်လား၊ ဒါမှမဟုတ် စတင်ခြင်းလား ဆိုတဲ့မေးခွန်းတွေပေါ်လာပါတယ်။ဒီဇာတ်ကားအစမှာတော့ လူစီဆိုတဲ့ကလေးမလေးဟာ ဒဏ်ရာဒဏ်ချက်ဗရပွနဲ့ ဆောက်လုပ်ရေးဆိုဒ်တစ်ခုကနေ ထွက်ပြေးလာပြီး လူတွေက တွေ့ရှိရာကနေ စတင်ထားပါတယ်။ သူမကို မုဒိန်းကျင့်ထားတာမျိုးတော့မရှိပေမယ့် ခန္ဓာကိုယ်တစ်ခုလုံးကို စုတ်ပြတ်သပ်နေအောင် နှိပ်စက်ထားပါတယ်။ ဒီလိုနှိပ်စက်မှုမျိုးကြောင့် စိတ်ဒဏ်ရာရရှိသွားတဲ့ လူစီဟာ တစ်ကယ်မရှိတဲ့သရဲလိုလိုအကောင်ကို မြင်နေရပြီးတော့ သူ့ကိုယ်သူ ဒဏ်ရာရအောင်လုပ်တာမျိုးတွေ ရှိလာပါတယ်။ဒီလိုနဲ့ သူမကို တွေ့ရှိပြီးတဲ့နောက်မှာ မိဘမဲ့ဂေဟာတစ်ခုကို ပို့လိုက်တဲ့အခါမှာ အန်နာဆိုတဲ့ကောင်မလေးနဲ့ ခင်မင်သွားပါတော့မယ်။ ဆယ့်ငါးနှစ်အကြာမှာတော့ လူစီဟာ သူမကိုနှိပ်စက်ခဲ့တဲ့လူကို ခြေရာခံနိုင်ခဲ့ပြီး တစ်မိသားစုကို သေနတ်နဲ့ ပစ်သတ်ခဲ့ပါတယ်။ ပြီးတာနဲ့ သူဟာ အန်နာကို ...
movie
Martyrs (2008)